1

567 46 2
                                    

""ချွမ်ရွေ့ မင်းကို ကိုကိုဘာပြောလဲ အဲ့ကလေးနဲ့မနှောင့်ယှက်နဲ့လို့""

ဂျီဝွန်းတစ်ယောက် စိတ်ပေါက်ပေါက်နဲ့ တစ်ဖက်လူကို ဆူလိုက်သည်။ပုံမှန်ဆို နာမည်အရင်းတွေ သူမခေါ်ပေ။ဒီနေ့တော့ တော်တော့်ကိုစိတ်တိုလို့သာ။ဆိုဖာပေါ်ကလူကတော့ အကြောင်းအရာဟာ သူနှင့်မဆိုင်သည့်အလား ဂိမ်းဆော့ရာက မော့ပင်မကြည့်။နားမှာလည်း နားကွင်းတွေနားဆွဲတွေစုံလင်စွာဖြင့် အမြင်ကပ်ဖို့ကောင်းစွာ အဝါရောင်ဆံပင်ဟာဂုတ်ထောက်နေသည့်အပြင် လည်ပင်းက Romodelဆိုတဲ့တတ်တူးဟာခန့်ခန့်ထည်ထည်တည်ရှိနေသည်။ထိုကလေးက ငယ်စဥ်တုန်းကနှင့်မတူဘဲ ဒေါင်းပျိုတစ်ကောင်လိုချောမောလာသည်။သူ့ကိုဆန့်ကျင်တတ်သည့် အကျင့်တချို့ကိုသာပြင်လိုက်ရင် ပိုအဆင်ပြေမယ်ထင်သည်။ဟိုအရင်က ကျနော့်ရဲ့ချစ်လှစွာသောဂျီဟွန်းဟျောင်းဟုဆိုကာကပ်တွယ်တတ်သည့်ကောင်လေးဟာ ဘယ်ရောက်သွားလဲမသိတော့။အခုလည်း တစ်ဖက်က ကလေးက သူ့ကိုလာတောင်းပန်သည်အထိ။

""စီနီယာရဲ့ညီလေးကို ကျနော့်ကိုလာမနှောင့်ယှက်ပါနဲ့လို့ထိန်းပေးပါ"""

ကြည့်ဦး အုပ်ထိန်းသူတစ်ယောက်အနေနဲ့ သူဘယ်လောက်အရှက်ရရလဲ။တစ်ဖက်က ပညာရေးကိုသာစိတ်ဝင်စားပြီး အမြဲအဆင့်တစ်ရနေသည့်ကလေးဆိုတာ သူ့ဂျူနီယာမို့ သူသိပြီးသား။Rickyက သူ့ဝမ်းကွဲညီမို့လို့သာဆိုတယ် အကောင်းကြိုက်ပုံကတော့သူနဲ့တူတယ်။လူကသာ တေလေပေပွနေပြီး ပြိုင်ကားစီးလိုက် ဆိုင်ကယ်စီးလိုက်နဲ့လက်ယားလက်ယားလုပ်နေတာ ကြိုက်လိုက်တော့ဟိုးထိပ်ဆုံးက အဆင့်တစ်ကျောင်းသားကိုမှ။

""မင်းဘာသာ ကြိုက်ချင်တဲ့သူကိုကြိုက်နော် သူ့ဘာသာအေးဆေးနေတဲ့ကလေးကိုတော့ သွားမနှောင့်ယှက်ပါနဲ့ ငါတောင်းပန်ပါတယ်ရစ်ခီရယ်""

""အကိုကလဲဗျာ""

""အကိုကကျတော့ ချစ်ပြီးကျနော့်ကျတော့မချစ်နဲ့တဲ့ တရားသလား ကျနော့်နှလုံးသားက ကိုကိုနဲ့တွေ့မှခုန်လာတာပါဆို ဘာလို့မယုံရတာလဲ""

""မင်း""

Jiwoong သူ့ရဲ့ဇတ်ကိုသာ ကိုင်လိုက်တော့သည်။ဒီကလေးရဲ့မျက်လုံးထဲကပြတ်သားမှုကို သူမြင်လိုက်ရသောကြောင့်သာ။ရစ်ခီက ဘာမှမလုပ်ချင်လို့သာမလုပ်တာ  သူဆုံးဖြတ်ထားတဲ့ကိစ္စဆို ဘယ်သူတားတားမရဘူး။သူ့အဖေက သူ့ဝါသနာတွေကိုတားမြစ်လို့ သူ့အမေတားသည့်ကြားမှ ဒီအိမ်ကိုမအောင်မြင်မခြင်း တစ်သက်လုံးပြန်မလာဘူးကြွေးကြော်ကာ သူ့အိမ်ပေါ်ဆင်းလာတာသာကြည့်။တော်ပါသေးရဲ့ ညီလေးတစ်ယောက်ပဲသူ့မှာရှိလို့။ဆယ့်ငါးယောက်လောက်များရှိရင် စောစော အသက်တိုလိုက်မယ့်ဖြစ်ခြင်း။

I lay my love on youWhere stories live. Discover now