Extra

763 59 5
                                    

Unicode***

(ဒါလေးကextraဆိုတာထက် one sideပုံစံသွားကြည့်ချင်လို့ ရေးလိုက်တာပါ)

အမှောင်ချထားတဲ့အခန်းထဲတွင်
တော့တစ်စတစ်စလွင့်ပျံလာတဲ့တီလုံးသံအပြင် တစ်ခြားသံဟူ၍မရှိ...

ဒီဘဝတော့အစ်ကို့ကိုပိုင်ရမယ်လို့တွေးပေမဲ့ သူကိုကအချစ်ခံရမဲ့ကံမပါလို့လားမသိ....

ဒီတစ်ခါလဲအစ်ကို့ကသူ့ကိုမရွေးချယ်လေဘူး..မငြင်းပေမဲ့အစ်ကို့မျက်နှာကိုအရိပ်တကြည့်ကြည့်ငေးကြည့်နေရတဲ့ကျွန်တော်ကအစ်ကို့ထက်အစ်ကို့ကိုပိုနားလည်နေခဲ့တယ်လေ

သူတို့တွေ့ဆုံခြင်းကပဲနောက်ကျနေလားဆိုပြီးသူအကုန်ကြိုးစားအစ်ကိုရှိတဲ့နေရာထိရောက်အောင်လာပြီးအစ်ကို့ဘေးရှိနေခဲ့ပေမယ် အစ်ကိုချစ်တဲ့ရင်ခုန်တဲ့သူကသူမဟုတ်ပဲတစ်ခြားသူချည်းဖြစ်ခဲ့တာ

အသက်ငါးနှစ်အရွယ်ကလေးတစ်ယောက်က
ကိုယ့်သေဆုံးပုံကိုခနခနအိပ်မက်အဖြစ်မက်ရင်းသေလူတစ်ယောက်လိုနေခဲ့ရတာတွေက အခုချိန်အစ်ကို့ကိုသွားပြောရင်းဟာသလိုများဖြစ်နေမလား

သူအကုန်လုံးကိုမှတ်မိလာတာကအစ်ကို့ဆီကိုမရောက်ခင်နှစ်လအလိုလောက်ကဖြစ်သည်

သို့သော်လည်းဘယ်မှာရှာရမှန်းမသိတဲ့သူက
အရင်ကအစ်ကို့ကိုမသိအောင်ခိုးရိုက်ခဲ့ဖူးတဲ့ပုံတွေကိုစဥ်းစားမိပြီးလိုက်ရသည်

တွေ့မဲ့တွေ့တော့အစ်ကိုကသူသဘောကျရတဲ့အဖြူရောင်ဂျူတီကုတ်လေးကိုဝတ်ဆင်ရင်းတူညီတဲ့တာဝန်နဲ့ပဲတည်ရှိနေတုန်းဖြစ်သည်

ဒါကြောင့်အစ်ကိုရှိတဲ့ကျောင်းကိုပြောင်းသည်
ဒီအတိုင်းကောင်းသောတွေ့ဆုံခြင်းမျိုးနဲ့အစ်ကို့ကိုတွေ့ချင်ပေမဲ့လဲ တစ်ခြားသူပြောင်းလာတဲ့ကျောင်းကတစ်ချို့နဲ့ပြဿနာတက်ရင်း
ခြေထောက်ကွဲသွားတာမို့ အစ်ကို့ဆီသူရောက်ရသည်

အစ်ကိုဆူတဲ့ပုံစံကအရမ်းကြည့်ကောင်းတာပဲ
အရင်ကသူဒီလိုပုံစံမျိုးမမြင်ဖူးပေမဲ့အခုအစ်ကို့ပုံစံကပိုပွင့်လင်းသလို အင်း...ယှဥ်ကြည့်ရင်တော့နှစ်ယောက်လုံးကသူချစ်တဲ့အစ်ကိုပါပဲ....

I Want Is To Be Yours(Z+U)Where stories live. Discover now