Part-4

512 68 9
                                    

Unicode***

ထုံးစံအတိုင်းဂျွန်အိမ်တော်၏မနက်ခင်းထမင်းဝိုင်းကတိတ်ဆိတ်မြဲ...

အရင်ကအတိုင်းဆိုဂျွန်ဂျောင်ကုစားပြီးသည်နှင့်ထသွားလိုက်မှာဆိုပေမဲ့ အခုထိမလှုပ်သေးပဲမိန့်မိန့်ကြီးထိုင်နေတဲ့သူ့ကိုအထူးအဆန်းဖြင့် ကြည့်လာတဲ့အိမ်သားသုံးဦးကတော့..

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ပင်

အင်း..သူလဲမေးဖို့တော့မမျှော်လင့်ပါဘူး..
ခပ်တည်တည်ဖြသ်နေတဲ့သူ့ရဲ့မျက်နှာကိုမြင်တော့တော်ရုံမမေးကြ ထိုအထဲမှာတော့ သူ့ညီမဖြစ်သူတော့မပါချေ

"ကိုကို!?"

လက်ဖက်ရည်ခွက်ကိုဖြေးဖြေးလေးလှည့်
နေရင်းသူ့ညီမကိုပြန်ဖြေလိုက်သည်။

"အင်း ဆူဂယောင်း "

"အခုစားပြီးပြီကို ကုမ္ပဏီမသွားသေးဘူးလား?? မန်နေဂျာဂူကိုစောင့်နေတာဆိုရင်လဲမနက်ကအစောကြီးလာပြီးနှုတ်ဆက်သွားတယ် အခုလောက်ဆိုကိုကို့ကိုစောင့်နေလောက်ပြီ "

"အင်း..ကိုကိုသိတယ်! သူ့ကိုကုမ္ပဏီတစ်ခါတည်းသွားခိုင်းလိုက်ပြီ "

"ဪ..."

နောက်ထပ် ထပ်မမေးတော့ပဲငြိမ်ကျသွားသည့်သူ့ညီမကိုစိတ်မရှည်တော့...

ထပ်မေးလေ!ဒါမှမဟုတ်လဲ အစောကြီးရှိသေးတာ မသွားသေးရင် ညီမလေးကိုလိုက်ပို့ပါလားတို့ဘာတို့..

တကယ်ဆိုသူတွေးထားတာက ဒီနေ့သူ့ညီမကပူဆာလို့ကျောင်းကိုလိုက်ပို့ပေးရပြီး လမ်းကြုံသလိုနဲ့ဆေးပေးခန်းကိုဝင်မယ်လို့လေ

အခုတော့သူ့ညီမလေးကသူ့စိတ်ကိုဘာလို့လုံးဝမသိရတာလဲ!?

နောက်ဆုံးတော့မနေနိုင်တဲ့သူကပဲ..

"ဒီနေ့လဲစောနေသေးတော့ ကိုကိုကျောင်းလိုက်ပို့မယ်နော် "

"ဟင်...အဟွတ်..အဟွတ်!!"

" ကိုကို!!!"

"ဪ..ဘေးမှာရှိပါတယ်ဆူဂယောင်းရယ် "

"ဘယ်တုန်းကလိုက်ပို့ဖူးလို့..ပြီးတော့အဖေပြောတာဒီနေ့နိုင်ငံခြားကုမ္ပဏီနဲ့ချိတ်ဆက်အစည်းအဝေးပွဲရှိတယ်ဆို."

I Want Is To Be Yours(Z+U)Where stories live. Discover now