Part-3

482 64 9
                                    

Unicode***

ကျောင်းခန်းကော်ရစ်တာတစ်လျောက်သူ့ကိုငေးနေကြတဲ့ကျောင်းသူတစ်ချို့ကို ဂျောင်ကုလျစ်လျူရှု့ထားသည် သို့သော်လည်း သူ့ညီမကတော့အဲ့လိုမဟုတ် သူ့မအစ်ကိုပါဆိုတာကိုကြွားချင်သေးတဲ့ပုံ...

အင်းလေ ဒါကပထမဆုံးမေမေပြီးသူ့ဆီကိုလာတဲ့သူဖြစ်တဲ့အပြင်သူ့ရဲ့ချောမောတဲ့အစ်ကိုကြွားချင်သေးတာမို့ ရုံးခန်းကိုသွားတဲ့အနီးဆုံးလမ်းကိုတောင်မရွေးပဲဒီကလာတာတဲ့လေ..

တစ်နေရာရာကိုနီးလေ တည်ငြိမ်မနေတဲ့သူ့နှလုံးသားကဘာဖြစ်နေတာပါလိမ့်...

ကျောင်းဆေးပေးခန်းဆိုတဲ့နေရာကိုတောင်သူတို့ကျော်လာရသေးသည်...
ဒီနေရာကသွားရင်ရုံးခန်းကတော်တော်ဝေးတယ်လို့သူတွေးမိလိုက်သည်..

"နောက်ဆိုသတိထားနေနော်..ဘယ်နှယ့် ဒီနေ့မှကျောင်းပြောင်းတယ်ဒီနေ့ပြဿနာရှာတယ်"

အသံလာရာဂျောင်ကုလှည့်ကြည့်တော့အဖြူရောင်ဂျူတီကုတ်နှင့်တစ်ယောက်က ကျောင်းသားလေးနှစ်ယောက်ကိုဆူနေပုံပင်..
အေးလေး..ဒီခေတ်ဆယ်ကျော်သက်လေးတွေကပြောရဆိုရလက်ပေါက်ကပ်ပုံပင်..
ဘာလိုလိုနဲ့အဲ့ဒေါက်တာလေးနဲ့တောင်ဂျောင်ကုအကြည့်ဆုံသွားသေးသလိုပဲ..

'လွရက္လိုက္တာ အညိုရောင်မျက်ဝန်းလေးက'

ဒါဖြတ်ခနဲဝင်လာတဲ့သူ့ရဲ့စိတ်အတွေး..
ပြတင်းတံခါးကနေတိုးဝှေ့လာတဲ့လေကသူ့ပါးပြင်ကိုရိုက်ခတ်သည်

ဒုတ်ဒုတ်! !...ဒုတ်ဒုတ်! !

တည်ငြိမ်စမ်းဂျွန်ဂျောင်ကု ဆယ်ကျော်သက်လေးလဲမဟုတ် လေတိုက်တိုင်းရင်ခုန်နေရအောင်...

ချက်ချင်းထိုဒေါက်တာလေးက သူ့ကိုအကြည့်လွှဲရင်းကျောင်းသားတွေကိုဆက်ဆူသည်

သူတို့အကြည့်ချင်းရှောင်လိုက်ချိန်တော့ လေညှင်းကသယ်ဆောင်လာသည့်လေသံတစ်ချို့...လူသုံးယောက်၏ရင်မှလာသောစကားသံတို့ပင်

ငါကမောင့်ရဲ့ပါးပြင်ကငါ့ကြောင့်ရတဲ့အဲ့ဒဏ်ရာလေးကိုမှတ်ထားမှာနော်...

-နှုတ်ဆက်တယ်နော်မောင်..!

-မောင်ကတော့ဘေးကင်းပါစေ..!

I Want Is To Be Yours(Z+U)Where stories live. Discover now