THE END

1.8K 89 5
                                    

" ဝမ်ရိပေါ်..ထ!! "

ရှောင်းကျန့် ခြေသလုံးကို အတင်းဖက်တွယ်လာတဲ့ ဝမ်ရိပေါ်...ဆေးပုလင်းချိတ်ထားတာကို အတင်းပြေးထွက်လာတော့ အပ်တွေလွတ်ထွက်ကုန်ကာ လက်ဖမိုးနုနုမှာ သွေးတွေက အကြောင်းလိုက်။

" ကျန့်ကော..မောင် တောင်းပန်ပါတယ်။ထားမသွားပါနဲ့။မောင်..မောင် ကျန့်ကော မကြိုက်တာတွေ မလုပ်တော့ဘူး..ကတိပေးပါတယ် "

" မောင်..ငါ မောင့်ကို စိတ်မဆိုးပါဘူး။ "

မောင် ဆိုသော နာမ်စားသုံးလိုက်သည်နှင့် ရိပေါ်က မျက်ရည်အဝဲသားနဲ့ ရှောင်းကျန့်အား ဖက်တွယ်လာသည်။

" ကျန့်ကော..မောင် တောင်းပန်ပါတယ်..နောက်တစ်ခါ မဟုတ်ဘူး တစ်သက်လုံး မောင်အသက်ရှင်နေသမျှ ကာလပတ်လုံး ကျန့်ကော စိတ်ညစ်ဖို့၊ စိတ်ဆိုးဖို့ ဘာမှမလုပ်ဘူး..ကတိပေးတယ် "

" ရပါတယ်..မောင်သာ ငါ့ကိုထားမသွားနဲ့။အခုတော့ ထ..လက်က နာနေပြီမှတ်လား "

ရှောင်းကျန့်လည်း ပြန်လည်ဖက်လိုက်ပြီး ခန္ဓာကိုယ်ချင်းပြန်ခွာကာ ထူပေးလိုက်သည်။

" ရတယ်..မောင် မနာဘူး။ကျန့်ကော ရှိနေလို့ "

" အမလေး!!! ငါရှိနေသေးတယ်နော်..အားနာပါဦး။"

လင်လင်နှစ်ယောက် ကြည်နူးနေသည့်အခိုက် ကုတင်ဇောင်းကနေ အော်ကြီးဟစ်ကျယ်နဲ့ ဆူပုတ်နေတဲ့ နာနတ်သီး ဝမ်ဟဲ့တိ။

" တိတိ..ကော အဆင်ပြေတာမို့ ပြန်လိုက်တော့နော်။ ရှင်းရှင်းကိုလည်း နောက်ကျရင် လာလည်မယ်လို့ ပြောလိုက်ပါ။ "

ရိပေါ်ကို တွဲခေါ်ကာ ဆေးရုံကုတင်ပေါ်တင်ပေးရင် တိတိအား ပြောတော့ တိတိက ရိပေါ်ကို မျက်စောင်းထိုးသည်။

" အဲ့ကောင်က မယုံရဘူး..ကျန့်ကော။ဒီတစ်ခါ ထပ်ဖြစ်ရင် ကျန့်ကောကို ပြန်မလွှတ်ဘူး "

" အင်းပါ..အင်းပါ အခုတော့ ရှင်းရှင်းဆီသွားတော့.. "

ရှောင်းကျန့် တိတိ ပုခုံးကိုပုတ်ကာပြောတော့ တိတိက ရိပေါ်ကိုတစ်လှည့် ရှောင်းကျန့်ကိုတစ်လှည့်ကြည့်သည်။ထို့နောက် ရှောင့်ကျန့်အား ခေါင်းညိတ် ပြုံးပြကာထွက်သွားသည်။

🍂 မောင် 🍂Where stories live. Discover now