2

1.9K 117 7
                                    

" အချစ်ရေ..ဧည့်သည် ပါလာတယ်ဟေ့။ "

" ရှင် ဘာမဟုတ်တာတွေ သယ်လာပြန်တာ...ဟယ် ချောလိုက်တာ "

အဲ့လိုပါပဲ။ကျုပ်ရဲ့ အချစ်က ကျုပ်​ရှေ့မှာတောင် သူများကို လိုက်ကြည့်တတ်တဲ့သူမျိူး။ဟော..ကျုပ်သာ အဲ့လိုလိုက်ကြည့်ရင်တော့ အဲ့သည့်နေက ကျုပ်အတွက် ထမင်းငတ်တဲ့အပြင် အိမ်ခြေရာပါမဲ့ရောဗျာ။

" ဒါဘယ်သူတုန်း.. "

" မသိပါဘူးကွာ..ကိုယ်က သူတော်စင်လေးဆိုတော့ လမ်းမှာမေ့လဲနေတာနဲ့ ခေါ်လာလိုက်တာ "

" ခြေနှစ်ချောင်းမကယ်ကောင်းဘူးတဲ့ ရှင် မကြားဖူးဘူးလား။ဒါမဲ့ ချောတာကတော့ တစ်ကယ်ချောတာ "

ဟုတ်သည်။ထိုလူကို ဝမ်ဟဲ့တိ အိမ်ခေါ်လာခဲ့ပါသည်။ ကိုယ့်အိမ်အခြေအနေကလည်း အရမ်းအကောင်းကြီးထဲ ပါမနေပေမယ့် မြင်နေရတာမသင့်တော်တော့ ကူညီရပြန်တာပါပဲ။

" ကဲပါ အချစ်ရာ..ခေါ်လာပြီးပြီပဲ။သတိရလာမှ မေးကြတာပေါ့.. "

" ပြီးတာပါပဲ..လာလာ "

ဝမ်ဟဲ့တိတို့က ရပ်ကွက်ခပ်သေးသေးတစ်ခုမှာ အိမ်ငှားနေတာဖြစ်သည်။ဝမ်ဟဲ့တိက သီချင်းလိုက်ဆိုတယ်။တစ်ခါတစ်လေကျရင် Band အဖြစ်နဲ့ပဲ လိုက်ဖျော်ဖြေတယ်။

အမ်း...အရမ်းအဆိုးကြီးထဲတော့ မပါပါဘူး။ဝမ်ဟဲ့တိ ရဲ့ အချစ် ယွီရှူးရှင်း ကတော့ အိမ်မှာပဲ အိမ်ရှင်မ လုပ်တယ်။

တစ်နေ့တာ ရလာတဲ့ ပိုက်ဆံတွေကို စာရင်းအင်းနဲ့ သေချာကိုင်တွယ်တယ်။တစ်ကယ်တော့ ရှင်းရှင်းက သူဌေးမလေးပေါ့။ဝမ်ဟဲ့တိ နဲ့ တွေ့ကာမှ အိမ်နဲ့ပါ အတိုက်အခံလုပ်ပြီး ဒီလို အတူတူ ဒုက္ခလာခံနေတော့တာပဲ။

" အချစ်ရေ..မောတယ်ကွာ အာဘွားပေး "

ကောင်လေးကို ဧည့်ခန်းက ဆိုဖာလေးမှာ အသာချကာ မီးဖိုချောင်မှာ ညစာချက်နေတဲ့ အချစ်ရဲ့အနောက်ကနေ ခါးကို အသာဖက်ပြီး အာဘွားတောင်းနေသည့် ဝမ်ဟဲ့တိ။

" ဒါ ဘာလဲသိလား "

" အယ်အယ်..သိတယ်လေ အဲ့တာ ဒယ်ပြားကြီး "

အချစ်ဆီက အာဘွားလိုချင်သော်ငြား အာဘွားအစား ဒယ်ပြားစားရမည့် အဖြစ်ကိုတော့ မလိုလားတာမို့ အသာ အနောက် ပြန်ဆုတ်လိုက်ရသည်။

🍂 မောင် 🍂On viuen les histories. Descobreix ara