4

1.6K 96 9
                                    

အိပ်ရာစိမ်းဖြစ်နေသည်ဟု ထင်သည်။ရှောင်းကျန့် ညက တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။

" ကျန့်ကော..နိုးပြီလား။ "

" ဟုတ် နိုးပါပြီ။အလုပ်သွားတော့မလို့လား တိတိ "

" ဟုတ်တယ်လေ..ကျန့်ကော လိုက်ခဲ့မလို့လား။ကျွန်တော် ဒီနေ့ Band ပဲတီးမှာလေ။ကျန့်ကောက သီချင်းလိုက်ဆိုရင် ဆိုပေါ့..ယွမ် ၁၀၀၀ လောက်တော့ ရမှာပါ ဘာလို့ဆို ကျန့်ကောက ချောလည်းချောတယ်လေ"

အင်္ကျီကို သေချာပြင်ကာ ဂျယ်လူးထားတဲ့ဆံပင်ကို တစ်ချက်ပြန်ပြင်ရင် ဖြေလာသည်။

" မဟုတ်တာဗျာ...တိတိလောက် ဘယ်ချောပါ့မလဲ။ကောလည်း လိုက်ခဲ့မယ် "

" ဟုတ်ပြီဗျာ..ကျွန်တော် အပြင်မှာစောင့်နေမယ် "

ရှောင်းကျန့် ခေါင်းသာငြိမ့်ပြလိုက်သည်။မနေ့ညကမှ စသိတဲ့သူတွေဆိုပေမယ့် သဘောကောင်းစွာပဲ သူ့ကို ကုတင်ပေါ်မှာ အိပ်ခိုင်းပြီး တိတိက ကြမ်းပြင်မှာ အခင်းနဲ့အိပ်တယ်။

သူ့ရဲ့ဇရီး ရှင်းရှင်းကတော့ တစ်ခန်းသပ်သပ်နေတာမို့ စိတ်ပူစရာမလို။အခုလည်း နိုးလာတော့ သွားတိုက်တံက အစ အဝတ်အစားအဆုံး အသစ်ကလေးတွေ စားပွဲပေါ်မှာ တင်ပေးထားပြန်တယ်​။

" ကျေးဇူးပါ..ကျွန်တော် ကျေးဇူးပြန်ဆပ်မှာပါ "

စားပွဲပေါ်မှာရှိတဲ့ ကြွပ်ကြွပ်အိတ်အထုပ်လေးကို ကိုင်
င်း ခပ်တိုးတိုးကျေးဇူးတင်မိသည်။

​" အချစ်ရေ..ကိုယ်တို့ သွားတော့မယ်နော်။ "

" နေဦးနေဦး..ရော့ ဒါယူသွား "

ရှောင်းကျန့်အပြင်ထွက်လာတော့ တိတိက အိမ်ထဲက ဇနီးဖြစ်သူကို လှမ်းအော်ပြောလိုက်သည်။

တိတိအသံကြားတော့ ရှင်းရှင်းက ဗူးလေးတစ်ခုနဲ့အတူ ပြေးထွက်လာသည်။ထို့နောက် တိတိရဲ့ ပါးပြင်အား တစ်ချက် ပြွတ်ခနဲမြည်အောင် နမ်းလိုက်သေးသည်။

ထိုအဖြစ်အပျက်ကို ကြည့်နေရတဲ့ ရှောင်းကျန့်က ရင်နာလာသလို ဝမ်းနည်းလာသည်။

* မောင်ရယ်..လွမ်းလိုက်တာ *

" အချစ်ကလည်း..ဒီမှာ ကျန့်ကောရှိနေတာကို... "

🍂 မောင် 🍂Where stories live. Discover now