part-11

887 47 7
                                    

"ဟဲ့ ပတ်ဆောင်းဟွန်း"

"ဟင် ဘယ်လိုခေါ်လိုက်တာအချစ်"

"အာ မှားသွားလို့ ကိုကိုလို့ခေါ်တာ"

"အချစ်ကမနူးညံ့လိုက်တာ ကိုယ့်ကိုများ ဟဲ့ တဲ့"

"တောင်းပန်တယ်လို့ ဟွန့်"

"သူများကောင်မလေးတွေဆို ကိုကိုတို့မောင်တို့အရမ်းနူးည့ံတာ အချစ်လဲအဲ့လိုဖစ်အောင်လုပ်ကြည့်ပါလား"

အောင်မာအောင်မာ လူကိုများ အရိုင်းအစိုင်းလို့ပြောနေတယ်!!

"ဟုတ်ပါပြီ ကိုကို😊"

"ဘယ်လိုလေသံကြီးတုန်း ရွဲ့ပြောနေတာလား အချစ်က ငြိုငြင်တာလား"

"ကိုကို.."

ရုံးပတေသီးလို့ချွဲပစ်ပြတော့မှ..

"ဒါမှ ကိုယ့်ကိုအချစ်လေးကွ အာဘွား-...."

"ဟိုးးစတော့ပစ် ဒီနေရာကိုသေချာပြန်ကြည့် ရုံးခန်းကြီးမှာနော်"

ဟုတ်သားပဲ သူတို့ရောက်နေတဲ့နေရာ ရုံးခန်းမှာလေ

"အာ့ဆိုလာ ကိုယ့်ပေါင်ပေါ်လာ"

"မလာပါဘူး အလုပ်ကိုသာအာရုံစိုက်"

"လာပါ ဘယ်သူမှမမြင်ပါဘူး ကိုယ်ပြောထားတယ် ရုံးခန်းထဲဝင်လာရင်တံခါးခေါက်ပြီးမှလို့"

"အရမ်းကိုလွန်လွန်းတယ်"

ဂျယ်ယွန်းလဲပြန်မပြောနေတော့ပဲ သွားထိုင်လိုက်တော့တယ်...

"ကိုယ့်စကားကိုနားထောင်ပါအချစ်ရဲ့"

ဆောင်းဟွန်းလဲအဲ့လိုတစ်ခွန်းသာပြောပြီး အလုပ်ကိုဆက်လုပ်နေလိုက်တယ်

မိနစ်20ကြာပြီးနောက်...

"ပေါင်တွေနာလိမ့်မယ် ဆင်းတော့မယ်"

"မနာပါဘူး ကိုယ့်ကသန်မာပါတယ် အချစ်လို့သေးသေးလေးမှမဟုတ်တာ"

"နှိမ်တာလား"

"မဟုတ်ပါဘူးဗျ ချစ်စရာလေးကို"

"အာ့ဆို ချစ်လား"

"ဟင် ရုတ်တရက်ကြီး အချစ်..."

"ချစ်လားမချစ်ဘူးလား"

"ဒီညနေသိရလိမ့်မယ်....."

".............."

💌 💌 💌 💌 💌 💌 💌 💌 💌 💌

"ဘယ်ကိုခေါ်လာတာလဲဟင်"

"လိုက်ခဲ့ အချစ်"

6မိနစ်လောက်ကားမောင်းပြီးနောက်

"မင်းငါ့ကိုပြန်ပေးဆွဲလာတာလား မှောင်မဲနေရောပဲ နေရာကြီးက-"

ရုတ်တရက်မီးလင်းသွားရော...

Marry Meဆိုပြီးစာတန်းကြီးပေါ်လာတယ်

ထို့နောက် ပန်းစီးကိုကိုင်ပြီးသူ့ရှေ့ရှေ့တည့်တည့်လျှောက်လာတဲ့သူတစ်ယောက်...

ထိုလူကအားလုံးသိတဲ့အတိုင်း ပတ် ေဆာင်း ဟွန်း

ဂျယ်ယွန်းစိတ်ထဲမှတွေးမိနေတယ်။ဘုရား ဘုရား ငါ ငါလက်ထပ်ခွင့်တောင်းခံရတော့မှာလား ပတ်ဆောင်းဟွန်း ဆီကလေ?!! အားး နှလုံးပေါက်ထွက်တော့မယ် ကယ်ပါဦးး

"အချစ် ကိုယ့်ကိုလပ်ထက်နိုင်မလား?"

"ဟင့်"

"ဟာ အချစ်ဘာလို့ငိုတာလဲ"

"ဘာလို့ ဘာလို့ အခုမှလဲ အရင်တုန်းက ကျထားသွားပြီးတော့"

"အဲ့လိုမဟုတ်ပါဘူး အချစ်ရဲ့"

"အာ့ဆိုဘယ်မှာလဲလက်စွပ် ဝတ်ပေးလေ"

ဆိုပြီး လက်ကိုအရှေ့ထုတ်ပြနေလေသည်။အသဲယားဖို့ကောင်းတာပဲ

"Haha ဟုတ်ပါပြီ ရော့"

"ချစ်တယ်နော် အချစ်"

"အွန်းး ငါ​ရောပဲ ဒါပေမဲ့ငါကမင်းထက်ပိုတယ်!! အဲ့ဒါကိုမြဲမြဲမှတ်ထား"

"အင်း ရင်ဘက်ထဲမှာရော ခေါင်းထဲမှာရော မှတ်ထားပါ့မယ်"

The end~~💌

[ ပြီးခဲ့ပါပြီရှင့် short story လေးလိုပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ အဆုံးသတ်လိုက်ပါတယ်နော်...နောက်stoyလေးတွေလဲလာဦးမှာပါနော် အဲ့storyကနည်းနည်းရှည်မယ်နဲ့တူတယ် ဟဲဟဲ>.<]

You've reached the end of published parts.

⏰ Last updated: Jun 11, 2022 ⏰

Add this story to your Library to get notified about new parts!

𝗟𝗢𝗩𝗘 𝗠𝗔𝗭𝗘 💌 ✨ // Completed Where stories live. Discover now