part-2🌸🤍

922 95 2
                                    

"ရှင်းမ်ဂျယ်ယွန်း ဘယ်ကပြန်လာတာလဲ"

"အလုပ်သွားရှောက်တာလေ အမေရဲ့"

"ဟုတ်လား အခြေအနေဘယ်လိုလဲ"

အလုပ်သွားရှောက်တာဆိုတော့ အသံကချက်ချင်းပြောင်းသွားတယ် ကောင်းကြပါတယ်...

"ခန့်လိုက်ပြီ အဲ့ပတ်ဆောင်းဟွန်းပေါ့ ဘာမို့လို့ခန့်တာလဲမသိဘူး"

"အော် ဒီကောင်လေးတော့ ငါလုပ်လိုက်ရ ကိုယ့်ကျေးဇူးရှင်ကိုအဲ့လိုပြောရသလား"

"အမေတို့ကလည်း ပတ်ဆောင်းဟွန်းဘက်ချည်းပဲ သူ့အကြောင်းမသိသေးလို့ပါ ဟွန့် ကျောင်းမှာတုန်းကဘယ်လိုတွေအကျင့်ယုတ်ထားလဲမသိလို့"

Flash back~~~

ပတ်ဆောင်းဟွန်းက ရှင်းမ်ဂျယ်ယွန်းကို ချစ်ခွင့်ပေးနေတာတဲ့

Romantic ဆန်လိုက်တာ~~

အားး ငါသာရှင်းမ်ဂျယ်ယွန်းနေရာဆို ချက်ချင်းလက်ခံလိုက်မှာ

ငါ့ရဲ့shipလေး လက်ခံလိုက်ပါ ရှင်းမ်ဂျယ်ယွန်းရယ်

ရှင်းမ်ဂျယ်ယွန်းက မူနေတာ~

အဲ့လို တစ်စတစ်စ အသံလေးတွေ ထွက်နေကြပေမဲ့ ရှင်းမ်ဂျယ်ယွန်းခေါင်းထဲမှာ ပန်းစည်းကို ကိုင်ထားတဲ့ပတ်ဆောင်းဟွန်းကိုသာမြင်နေမိတယ်။

"ဂျယ်ကို ကိုယ်သဘောကျတယ် လက်ခံပေးနိုင်မလား ဂျယ်?"

"........."

"ဂျယ် က ကိုယ့်ကို မချစ်ဘူးလား"

"ဟင့်.အင်း အရမ်းချစ်တယ်"

"အားဂူး အသဲယားစရာလေးကွာ"

ဆိုပြီး အာဘွားအတင်းလာပေးတဲ့ ပတ်ဆောင်းဟွန်း

"ဟာ ဘယ်လိုဖြစ်နေတာလဲ ခုမှစတွဲတာနော် အခုpublicကြီးမှာ လူတွေရှိတယ်"

"အာ့ဆို မpublicတဲ့နေရာသွားရအောင်"

"ဘယ်လိုလဲကွာ."

ဒီလိုနဲ့ဆိုပတ်ဆောင်းဟွန်းနဲ့တွဲလာတာ 1နှစ်ရှိပြီ။စာမေးပွဲနောက်ဆုံးရက်လို့လဲပြောနိုင်တယ်

ဂျယ်ယွန်းတစ်ယောက်စိတ်ပူနေမိသည်။ ပတ်ဆောင်းဟွန်း အခုထိမလာသေးတာကို စာမေးပဲွဲဖြင့် နောက်10မိနစ်တွင်စတော့မယ် ခုထိမလာသေး

"ဂျယ်ယွန်းရာ မင်းကောင်ကြီးလဲလာမှာပါ စိတ်မပူနေစမ်းပါနဲ့"

"ဟင့်အင်း စိတ်ပူတယ် သူကအရင်တုန်း​က အမြဲတမ်းကျောင်းကိုအစောကြီးရောက်နေကြ ဒီနေ့မှဘယ်လိုဖြစ်လို့ အီးဟီး ဂျေးငါဘယ်လိုလုပ်ရမလဲ

"ဟာ တိတ်တိတ် ငိုမနေနဲ့ လာဖက်ထားပေးမယ်"

ဂျေးဆီကအပြည့်အဝ comfort ရပြီးတော့မှ စာမေးပွဲခန်းထဲပြန်ဝင်လာတယ်

"စိတ်မပူနဲ့ စာကိုသာအာရုံစိုက် ပြီးရင် ပတ်ဆောင်းဟွန်းဆီသွားကြမယ်"

"အင်း"














"ဒီအိမ်ရော ဟုတ်ရဲ့လား ဂျယ်ယွန်း"

"သေချာတာပေါ့ ဘာလို့တံခါးတွေပိတ်ထားတာလဲ"

"ဂျေးရားး သူငါ့ကိုထားခဲ့ပြီလား မသိဘူး"

"နေပါဦး အိမ်ဘေးကအန်တီကြီးတွေကိုမေးကြည့်ဦးမယ်"

"ဟိုကောင်လေးနှစ်ယောက် အဲ့အိမ်မှာလူမရှိဘူးလေ မနက်စောစောက အထုပ်အပိုးတွေနဲ့ သွားကြပြီ"

"ဘယ်ကိုသွားတာလဲခဗျ"

"ငါကြားတာတော့ paris ကိုတဲ့"

"ဟုတ် ဟုတ်ကျေးဇူးပါနော်"

"ဂျေး ငါဘယ်လိုလုပ်ရမလဲ"

"ဖုန်းဆက်ကြည့်ပါလား"

"ဟင့်အင်း မကိုင်ဘူး"

"ထားခဲ့ပြီ ဂျေးရား"

"ငိုမနေပါနဲ့ သူသေချာပေါက်ပြန်လာပါမှာနော် ဂျယ်ယွန်းရဲ့"

Flash back end~

အဲ့တုန်းကအဖြစ်ကိုသာကြည့်လိုက်ရင် ပတ်ဆောင်းဟွန်းဘယ်လောက် ရက်စက်လဲဆိုတာ ခဗျားတို့အသိဆုံး! အကြောင်းမကြားပဲ parisကိုထွက်သွားတယ် အခုကြတော့ ပြန်ပေါ်လာတယ် ပတ်ဆောင်းဟွန်းက ဘာလဲကွာ?

𝗟𝗢𝗩𝗘 𝗠𝗔𝗭𝗘 💌 ✨ // Completed Onde histórias criam vida. Descubra agora