part-8

616 57 5
                                    

ဂျယ်ယွန်းမျက်လုံးလဲဖွင့်လိုက်ရော မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှော့ရသွားတယ်..

ဂျယ်ယွန်းသည် ဆောင်းဟွန်းရဲ့ရင်ခွင်ထဲတွင်အိပ်ပျော်နေခြင်းသာဖြစ်သည်။

"အဟက် အချစ်ရှုံးသွားပြီနော်"

"မရှုံးပါဘူး"

"ညစ်တာပဲ"

"Bruh"

"ကိုယ့်ကိုပြောင်နေတယ်ပေါ့ ရတယ်လေ လာစမ်း အချစ်ကိုမိလို့ကတော့ အာဘွားတွေကြီးပဲ နေရာစုံမှာပေးပစ်မယ်"

"မိအောင်အရင်ဖမ်းလေ ဟားး လေပွားမနေနဲ့"

သူတို့ရဲ့မနက်ခင်းလေးကိုဒီလိုနဲ့စတင်လိုက်တယ်..

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

"အချစ်ကဘယ်သွားမို့ရေချိူးတာလဲ"

"ရုံးသွားရမယ်လေ"

သူတို့ရုံးက စနေနေ့တစ်ရက်ထဲပိတ်ခြင်းသာဖြစ်သည်။

"အချစ်ကို ကိုယ်အလုပ်ထုတ်လိုက်ပြီ ဒါကြောင့် ကိုယ့်အိမ်မှာပဲနေ တံခါးကိုသော့ခတ်ထား ဘယ်သူလာလာမဖွင့်ပေးနဲ့ အချစ်တွက် ကိုယ်မုန့်တွေများရီးဝယ်လာပေးမယ် မီးဖိုချောင်မှာလဲမုန့်တွေရှိတယ် အဓိကအချက်က အပြင်လုံးဝမထွက်နဲ့"

"သိပါပီလို့ အာမညောင်းဘူးလားမသိဘူး သူ့မယားများကျနေတာပဲ"

"ဟုတ်တယ်လေ မယားမို့လို့"

"တော်ပါ သွားတော့"

"အပြင်မသွားနဲ့နော်"

"သိပါပြီ သွားသွား"

"မသွားချင်ဘူး အချစ်ရာ"

"ပိုကိုပိုလွန်းတယ် သွား"

"အွန်း"

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

"ဟွန်းးး ပျင်းစရာရီး အပြင်လဲမထွက်ရဘူး မုန့်တွေလဲရှိတော့ဘူး"

ဂျယ်ယွန်း ​နေ့ခင်းတည်းက TVကြည့်လိုက်မုန့်စားလိုက်ဂိမ်းဆော့လိုက်အိပ်လိုက်နဲ့အလုပ်တွေရှုပ်နေပါတယ်။

ဂျယ်ယွန်းနာရီကြည့်လိုက်ရော 6နာရီထိုးနေပြီ

"ရေသွားချိူးတော့မယ် ဒီကအမှိုက်ပုံကျတော့ ပတ်ဆောင်းဟွန်းလာရင်ရှင်းခိုင်းလိုက်မယ်"

At 6:30 p.m

"အချစ်ရေ ကိုယ်ပြန်လာပြီ"

ဆောင်းဟွန်းစစခြင်းဝင်လာတော့ ဂျယ်ယွန်းကိုမတွေ့ပဲ သူ(ဂျယ်ယွန်း)ဖွခဲ့တဲ့အမှိုက်ပုံသာတွေ့သည်။

ဆောင်းဟွန်းအမောတောင်စို့သွားချင်သွားသည်။သူ့အိမ်မှဟုတ်ရဲ့လားပေါ့။အရင်တုန်းကဆောင်းဟွန်းက အမြဲသပ်သပ်ရပ်ရပ်နေထိုင်တတ်တယ်။အခုကျတော့.....

ဆောင်းဟွန်းလဲဘာမှပြောမနေတော့ပဲ ရှင်းလိုက်တယ် အွန်းလေ သူ့အချစ်လေးဖွထားတာကို မညည်းငြူရက်ပါဘူး

အဲ့ချိန်

"ဝါးးးး"

"အမလေး အချစ်ရယ်လန့်လိုက်တာ ဘယ်တွေပျောက်နေတာလဲ"

"ရေသွားချိူးတာလေ ဒါနဲ့ဘယ်လိုဝင်လာတာလဲ"

"ကိုယ့်မှာသော့အပိုရှိတယ်လေ"

"အော်..."

"ဒါနဲ့ ဒါတွေက အချစ်ဖွထားတာလား"

"ဟုတ်ဘူး ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ကောင်လေး"

"အာ အချစ်မဟုတ်ဘူးပေါ့"

"ဟုတ်ဘူး"

ဟုဆိုကာ နှုတ်ခမ်းလေးကိုထော်လိုက်တယ်

"ပြွတ်စ်"

"အားး ပတ်ဆောင်းဟွန်းရှုးနေပြီလား ဘာလို့ငါ့လာနမ်းတာလဲ"

"ချစ်စရာလေးလေ စိတ်ထိန်းမနိုင်တော့လို့"

"အသားအရမ်းယူတာပဲ"

"အချစ်မို့လို့လေ လာပါဦးနောက်တစ်ခေါက်"

နောက်တစ်ခေါက်ဆိုပြီး အတင်းkissလာပေးတဲ့သူပါ

"တော်ပြီလို့ ပတ်ဆောင်းဟွန်း အရှုးကောင်"

𝗟𝗢𝗩𝗘 𝗠𝗔𝗭𝗘 💌 ✨ // Completed Where stories live. Discover now