အခန်း [ ၇ ]

1.7K 376 3
                                    

• ကိုယ့်ကိုလက်ထပ်

ကျိန့်ယွီမှာကြည့်ကောင်းပြီး သူရဲကောင်းဆန်သော်ငြား ထိုသည်မှာ သူ့နှုတ်အားဖွင့်မဟသည့်အချိန်တွင်သာ ဖြစ်သည်။ဒီလူ နှုတ်ကိုဖွင့်ဟပြီး ပြုံးလိုက်သည့်အချိန်တွင် သူ့ကြည့်ရသည်မှာ အတော်လေးချစ်ဖို့ကောင်းပုံပေါ်ပြီး ရူးကြောင်ကြောင်လဲနိုင်လှ၏။

စားချင်သူက သခင်ဖြစ်သော်ငြား နေ့တိုင်းဆိုင်ကိုသွားပြီး ဝယ်ပေးရသူမှာ သူဖြစ်လာခဲ့သည်။ကျိန့်ယွီသည် အကြောင်းပြချက်ကိုမသိသော်လည်း သခင်ဖြစ်သူ၏အမိန့်ကို မဖီဆန်ရဲပါချေ။လုံ့လရှိစွာဖြင့် တစ်လလောက် သွားလိုက်၊လာလိုက် လုပ်ပြီးသွားသောအခါ ‌ကျိန့်ယွီမှာ ကျောက်ဟွိုင်မျှော်မှန်းထားသည့်အတိုင်း ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့ပြီး မိန်းမငယ်လေး၏နှလုံးသားကို အရယူနိုင်ခဲ့၏။

အချစ်ငှက်နှစ်ကောင်မှာ လက်ထပ်ဖို့အတွက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။မင်္ဂလာဆောင်သည့်နေ့တွင် ကျောက်ဟွိုင်မှာ ကိုယ်တိုင်ပွဲတက်ရောက်ခဲ့ရုံသာမက မသိလျှင် ယနေ့ကသူ့၏သမီးဖြစ်သူ မင်္ဂလာဆောင်သည့်အတိုင်း ပျော်ရွှင်နေပုံရကာ ကြီးမားပြီးလေးလံသည့် အနီရောင်စာအိတ်ကြီးကိုပါ ယူဆောင်သွားခဲ့၏။

ကျောက်ဖေးရွှမ်းသည် အနီရောင်စာအိတ်ကြီးကို အားကျလွန်းသည့် အကြည့်များဖြင့်ကြည့်နေသည်မှာ သူ့မျက်လုံးများပင် ကျွတ်ကျတော့လုမတတ်ပင်။

"ကျွန်တော်လက်ထပ်တဲ့အချိန်ကျရင်ရော လက်ဖွဲ့ငွေအတူတူပဲရမှာလား"

"မင်းမရဘူး"

ကျောက်ဟွိုင်၏မျက်နှာက ချက်ချင်းငြိမ်ကျသွားသည်။

"ဘာလို့လဲ"

ကျောက်ဖေးရွှမ်းမှာ အလွန်စိတ်မကောင်းဖြစ်သွားရသော်ငြား ညှိနှိုင်းဖို့ကြိုးစားနေဆဲပင်။

"ကျွန်တော်အဲ့လောက်အများကြီးမလိုပါဘူး၊ တစ်ဝက်လောက်ဆိုတော်ပါပြီ"

"မရဘူးဆိုမရဘူးပဲ"

ကျောက်ဟွိုင်က ငြီးတွားလာသည်။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now