Part-1

2.1K 113 4
                                    

Unicode***

(A/N-ဒီစာကိုမရေးခင်Allieကြိုပြောပါမယ်နော် ဒီဟာလေးကစဈပှဲကိုအခှခေံပှိီးရေးထားတာမို့ သဘောမကျတဲ့သူမကြိုက်တဲ့သူရှိရင်အခုတည်းကကြိုဖတ်စရာမလိုအောင်ပြောပြပေးတာပါ
ပြန်လည်ကူးယူဖော်ပြခွင့်လဲမပြုပါဘူးရှင့်
Allieကိုယ်တိုင်ကလဲဘယ်စာကိုမှကူးယူဖော်ပြထားချင်းမရှိသလို translateလဲလုံးဝမလုပ်ပါဘူး ဒါကြောင့်တူညီတဲ့အတွေးတစ်စွန်းတစပါခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ်Thanks for giving your time for me )

1986 ခုနှစ် မေလ 14ရက် !

'ချလပ်'

ဂျူတီကုတ်ကိုလက်ထဲမချသေးပဲ အိမ်ထဲဝင်ရန်ချိတုံချိတုံဖြစ်နေတဲ့ကျွန်တော့်ကို တစ်ဦးဦးကဓာတ်ပုံရိုက်လိုက်သည်မို့ အလန့်တကြားအိတ်ကိုပစ်ချမိသည် ..

" ဆောရီး အစ်ကို့ကိုကြည့်ရတာ အမှောင်ထဲမှာတောင်အရမ်းလှနေလို့_"

လက်ထဲမှအသေးစားကင်မရာတစ်လုံးကိုကိုင်ထားရင်းပြုံးစိစိဆိုလာသည့်ကောင်လေး ထိုကင်မရာလေးကအသေးစားဆိုသော်လည်းတော်ရုံအသိုင်းအဝိုင်းကကိုင်နိုင်ရုံလောက်အထိဈေးကြီးတာမျိုးမဟုတ်မှန်းလဲသူခန့်မှန်းမိပါသည် ဝတ်ထားသည့်ယူနီဖောင်းကိုတောင်မချွတ်ရသေးပဲတစ်နေရာရာကအမောတကောပြေးလာရသလိုပင် နဖူးထက်သီးနေသည့်ချွေးစတို့နှင့်ကြေမွနေဟန်ရှိသည့်ဖရိုဖရဲအင်္ကျီတို့ကသက်သေပင်

ဒါတောင်သူကဓာတ်ပုံရိုက်နိုင်သေးတာလား?ဒါမှမဟုတ်ငါ့လိုပဲ ဒီကိုအဆင့်ခေါ်ခံရတာလား!?

ဆော့ဂျင်းအခုရောက်နေသည်မှာ ဗိုလ်ချုပ်ကင်မ်၏အိမ်တော် 1985တည်းကသိမ်းထားခြင်းကိုခံထားရသည့် တောင်ကိုရီးယားနိုင်ငံသည် ဆန္ဒပြသူအများအပြားရှိနေသော်လည်း မငြိမ်းချမ်းသေးပဲပို၍အုံကြွလာသည်..
လူအများကအစပိုင်းတွင်တော်လှန်နိုင်ကြသော်လည်း အချိန်ကြာလာတဲ့အချိန်မှာတော့ ထိခိုက်ရသည်မှာမိမိတို့သားစုပဲဆိုတာသိလာကြသည့်အခါမှာတော့
ဒီအုပ်ချုပ်မှုအားမချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုပဲ မုန်းပြီးသဘောမကျပေမဲ့လည်း မတတ်နိုင်တာမို့ငြိမ်နေကြသည်
နောက်ပိုင်းကြာလာတဲ့အချိန်မှာတော့ လူတိုင်းက သေသေရှင်ရှင်ဂရုကိုမစိုက်ကြတော့ပေ သို့သော်လည်း ဟိုတစ်စဒီတစ်စ တိုက်ခိုက်သူများကတော့ရှိနေဆဲ!တနည်းဆိုဒီထဲမှာဆော့ဂျင်းသူကိုယ်တိုင်လဲအပါအဝင်ပဲလေ

I Want Is To Be Yours(Z+U)Where stories live. Discover now