🍓❌Part 15❌🚬

1.3K 89 30
                                    


မီးဖိုချောင်၌ အေပရွန် ဝတ်ကာ Jiminတစ်ယောက်အလုပ်များနေသည်

ဒီနေ့ကYoongiမွေးနေ့ဖြစ်တာကြောင့် Yoongiအလုပ်မှပြန်မလာခင်ပြင်ဆင်နေခြင်းဖြစ်သည်....စားကောင်းသောက်ဖွယ်တွေကိုအစုံအလင်ပြင်ဆင်ပြီး ကိတ်မုန့်ကိုလည်းကိုယ်တိုင်လုပ်နေသည်...Yoongiကသူ့လက်ရာဆိုအရမ်းကြိုက်သည်မဟုတ်ပါလား....

အားလုံးကိုပြင်ဆင်ပြီးသွားတော့ အစားအသောက်တွေကို စားပွဲပေါ်၌ နေရာချလိုက်ပြီးနောက် သက်တမ်းရင့်ဝိုင်နီတစ်ပုလင်းကလည်း မပါမဖြစ်...

Yoongiပြန်လာချိန်နီးပြီဖြစ်တာကြောင့်
ရေချိုးပြင်ဆင်ပြီး ကိတ်မုန့်ကိုမီးညှိကာ မီးအားလုံးကိုပိတ်လိုက်သည်...
အဆင်သင့်ထွက်လာလို့ရအောင် နေရာတစ်နေရာကိုရွေးပြီး ကိတ်မုန့်ကိုကိုင်ထားလိုက်သည်။

*ဂျောက်!* *ကျွီ!...*

ခနကြာတော့ Yoongiပြန်လာပြီးအိမ်တံခါးကိုဖွင့်လိုက်သည်...
တစ်အိမ်လုံးမှောင်မည်းနေတာကြောင့်
အထူးအဆန်းဖြစ်နေသည်
ဘေဘီဘယ်သွားနေတာလဲ..
ညမိုးချုပ်နေပြီမို့လို့ ဘေဘီ့ကိုစိတ်ပူမိသည်

ထို့နောက် မီးခလုတ်ကိုစမ်းကာ မီးတွေကိုဖွင့်လိုက်သည်...

"🎵생일..축하..합니다🎶..
(Happy Birthday to you)

🎶생일..축하..합니다🎵...
(Happy Birthday to you)

🎵🎶사랑하는...우리 윤기🎶🎵..
(My Love.. Dear Yoongi)

🎶생일..축하..합니다🎵..
(Happy Birthday to you)...

မီးညှိထားသည့် ကိတ်မုန့်တစ်လုံးအားကိုင်ကာ သူ့အားမွေးနေ့ဆုတောင်းပေးနေသော
ဘေဘီကြောင့် အံ့ဩသွားရသည်..
ဒီနေ့သူ့မွေးနေ့ဆိုတာကို တကယ်‌သတိမရတာ ဘေဘီကပြင်ဆင်ပေးထားလေသည်

"Surprise!!..မွေးနေ့မှာပျော်ရွှင်ပါစေ ကို"

"ကျေးဇူးပါ ဘေဘီ ကိုယ်တကယ်မေ့နေတာ"

"ထင်သားပဲ..အာ့ကြောင့် ပြင်ဆင်ပေးထားတာ...လာခဲ့ မီးမှုတ်ရအောင်"

စားပွဲဆီကိုခေါ်ကာ ကိတ်မုန့်ကိုစားပွဲပေါ်တင်လိုက်သည်...

"ကဲ အရင်ဆုတောင်းမယ်"

Jiminပြောလိုက်တော့ Yoongiကမျက်လုံးမှိတ်ကာ တစ်ခုခုအားအလေးအနက်ဆုတောင်းနေသည်..ပြီးနောက် ကိတ်မုန့်အားမီးမှုတ်လိုက်‌တော့Jiminကဘေးကနေလက်ခုပ်တီးပေးသည်

🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now