🍓Part 10🚬

850 85 3
                                    

Unicode//

Jiminကိုအခုတလော အတွေးပေါင်းစုံကနှိပ်စက်နေလေသည်
ဟိုတနေ့ကပင် သူ့ကိုYoongiနဲ့ပက်သက်ပြီးအတွေးများစေတဲ့ကိစ္စတွေကတန်းစီပြီးရောက်လာခဲ့သည်မဟုတ်လား....

CEOနှင့်ရင်းနှီးအောင်လုပ်ပြီးနှစ်ယောက်အေးဆေးတွေ့ချင်ပေမဲ့ အခုလက်ရှိမှာ CEOရောသူရောအလုပ်တွေများနေတာကြောင့် နှစ်ယောက်တွေ့ဖို့ကမဖြစ်နိုင်
ဒါ့အပြင် မေးထူးခေါ်ပြောလောက်ပဲရှိသေးပြီးသူ့ဘာသာသူနေတဲ့CEOကိုသွားပြီး Yoongiလားလို့သွားမေးလို့ကလည်းမဖြစ်ပေ

Jimin..သူဘယ်လိုလုပ်ရင်ကောင်းမလဲ....

CEOကို သူသိချင်တာမေးနိုင်ဖို့ အရင်ရင်းနှီးဖို့လိုဦးမည်.....
ဒါ့ကြောင့် Jiminလည်းNamjoon hyungရဲ့အကူအညီကိုယူကာCEOနှင့်ပိုရင်းနှီးစေ‌ဖို့ဆုံးဖြတ်လိုက်သည်.....



"hyung!? ဘယ်သွားမလို့လဲ"

Jimin ‌Vocalကျင့်ဖို့အသွား Namjoon hyungနှင့်တွေ့လိုက်ရသည်

"အော် Sugaဆီပါ သူတောင်းထားတာသွားပေးမလို့"

"ဒါဆို ကျွန်တော်ရောလိုက်ခဲ့လို့ရမလား"

"ရပါတယ် လိုက်ခဲ့လေ"

"ဟုတ်"

Jimin....hyungနှင့်အတူ CEO Sugaဆီအတူသွားလိုက်ကြသည်

"မင်းဘာလုပ်စရာရှိလို့လဲ"

"ဗျာ"

"Sugaနဲ့ဘာပြောစရာရှိလို့လဲလို့"

"အာ..မရှိပါဘူး ဒီတိုင်း မသိတာတွေရှိရင်တစ်ခါတည်းမေးချင်လို့"

"အော် အေးပါ"

ခနကြာတော့ Sugaရုံးခန်းဆီရောက်လာခဲ့သည်
တံခါးခေါက်ပြီးဝင်သွားလိုက်တော့ သူ့စားပွဲပေါ်မှာစာရွက်ပေါင်းစုံနဲ့ အလုပ်ရှုပ်နေဟန်ပေါ်သည်။

"ဟျောင့်! Suga!"

"အော် အေး လာလေ"

"ဒီမှာ မင်းတောင်းထားတာတွေ"

"အေး ကျေးဇူး Jiminပါ ပါလာတာလား"

"ဟုတ်ကဲ့ ကျွန်တော်လည်းနားမလည်တာတွေရှိရင်မေးလို့ရအောင်လို့ပါ"

"အေးအေး ရတယ် မေးနော် အားမနာနဲ့"

"ဟုတ်ကဲ့"

🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now