🍓Part 5🚬

980 94 3
                                    

Unicode//

Jiminနိုးလာတော့ ‌အောက်ပိုင်း၏နာကျဉ်မှုဒဏ်ကြောင့်မျက်မှောင်ကျုံ့မိသည်...မျက်လုံးကိုသေချာဖွင့်ကာနေရာအနှံ့ဝေ့ဝိုက်ကြည့်မိတော့ ကုတင်ထောင့်စွန်းမှာဘောင်းဘီကိုသာပြန်ဝတ်ထားပြီးအပေါ်ပိုင်းဗလာနှင့်သူ့ကိုကျောပေးလျက်ထိုင်နေသောYoongi.....

ညကအကြောင်းအရာတွေခေါင်းထဲတန်းစီကာဝင်လာတော့ Jiminနှုတ်ခမ်းတွန့်ရုံမျှပြုံးမိသည်နှုတ်ခမ်းအားလျှာဖြင့်အသာသပ်ကြည့်တော့စီးကရက်အရသာရနေတာမို့ သူ့နှုတ်ခမ်းပေါ်မှာတစ်စုံတစ်ဦးကအချိန်အကြာကြီးခိုနားခဲ့ပုံပေါ်သည်  သူလိုက်လျောပေးခဲ့ပေမဲ့တော်တော်‌တော့ခံလိုက်ရတယ် ကျေနပ်ပါတယ် ချစ်တဲ့သူနဲ့အတူရှိရလို့ပျော်တယ်

Jiminဖြည်းဖြည်းချင်းထထိုင်ကာ ကျောပေးထားတဲ့Yoongiနားတရွေ့ရွေ့နှင့်သွားလိုက်သည် နောက်ကနေခါးကိုသွယ်ဖက်လိုက်ပြီးကျောပြင်ကျယ်၌ပါးကိုကပ်လိုက်တော့YoongiကJiminရဲ့လက်ကလေးကိုဆုပ်ကိုင်လာသည်

"နိုးပြီလား ကိုယ်မနက်စာမှာထားတယ်"

"အွန်း ခန ဒီတိုင်းလေးနေချင်လို့"

Jiminကနောက်ကျောကနေပိုတိုးဖက်လာတာမို့Yoongiလည်းနောက်ကိုလှည့်ကာပြန်ဖက်တွယ်ပေးလိုက်သည်...
ခနကြာတော့Jiminမျက်နှာသစ်ရေချိုးပြီးYoongiမှာပေးထားတဲ့မနက်စာကိုစားလိုက်သည်

"Yoongi"

"အင်း"

"ဒါလေး"

Jimin လက်ခလယ်မှာစွပ်ထားသည့်လက်စွပ်လေးကိုချွတ်လိုက်သည်

"ဒီလက်စွပ်လေးကလေကျွန်တော်တန်ဖိုးအထားရဆုံးပစ္စည်းလေး ငယ်ငယ်တည်းကနေအခုချိန်ထိတစ်ခါမှမချွတ်ဖူးသေးဘူး အခုဒီလက်စွပ်ကိုဂရုစိုက်ပေးဖို့ခင်များကိုတာဝန်ပေးလိုက်မယ်"

ထိုလက်စွပ်ကိုYoongi၏လက်ခလယ်၌စွပ်ပေးလိုက်သည် ပြီးနောက်Yoongiလက်ကလေးကိုင်ကာလက်စွပ်လေးကိုကြည့်ရင်း

"အပိုင်ပေးတာမဟုတ်ဘူးနော် ကျွန်တော်တို့ပြန်‌တွေ့တဲ့အခါကျ ဒီလက်စွပ်ကိုပြန်ယူမှာ ပြီးတော့ ခင်များကိုယ်တိုင်ကျွန်တော့်လက်သူကြွယ်မှာပြန်ဝတ်ပေးရမယ်"

🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now