5💥

2K 266 14
                                    

Men Tables တွေအကုန်နူတ်ဆက်ပြီးနောက်မှတော့ Jisoo သက်ပြင်း ချမိတော့သည်....

အခု မိန်းကလေးတွေရဲ့ Tables တွေကို နူတ်ဆက်ရမယ်ဆိုရင် ဘာပဲ ဖြစ်ဖြစ်ပိုသက်သာမိလို့ တွေးမိခြင်းကြောင့်...

"ဒါက အခုနာမည်ကြီးနေတဲ့ Jisoo ဆိုတဲ့သူပေါ့..."

Black Dress နဲ့ မိန်းမတစ်ယောက်ဟာ သူ့နားလျှောက်လာပြီး ခပ်တည်တည်နဲ့ သူ့ကိုမှီသလိုလုပ်ကာ နား နားကပ်ပြီး ခပ်တိုးတိုးဖြင့်...

"Jennie ကိုတောင် အပိုင်သိမ်းနိုင်ပုံထောက်ရင်တော့ တော်တော်သန်မယ့်ပုံပဲ.. စမ်းကြည့်ချင်လို့ အချိန်အားရင် ခေါ်လိုက်နော်.."

Ph noပါတဲ့ Card ကိုဘောင်းဘီ အိတ်ထဲ ထည့်ပါပေးတဲ့ ထိုမိန်းမရဲ့ ရဲတင်းတဲ့ အပြုအမူကို Jisoo မှာအံ့သြနေမိတော့သည်...

"အတူတူ တစ်ခွက်လောက် သောက်ကြရအောင်.."

Jisoo ကိုဝိုင်ခွက်ကမ်းပြီး သောက်ခိုင်းတော့ Jennie ဘက်ကိုတစ်ချက် လှည့်ကြည့်တော့လည်း သူ့အနား မိန်းကလေးတွေဝိုင်းလို့..

Jennie ရဲ့ နောက်လိုက်တွေရောက်လာပြီး...

"Argashi... သူတို့တွေမူးနေလို့ အနားယူဖို့ အခန်းထဲခေါ်သွားလိုက်ပါ့မယ်.."

သူတို့လောကမှာ မိန်းကလေးတွေလည်း မလွယ်ပါလား ဆိုပြီး Jisoo တွေးမိလိုက်သေးသည်....

~

~

~

~

~

ပွဲထဲ လူနဲနဲရှင်းသွားတော့ Jennie ရဲ့ ဆွေမျိူးတွေနဲ့ စကားပြောဖြစ်ကြသည်...

"Jisoo မလား?"

All Black နဲ့ အကောင်းစား Brand ဝတ်ဆင်ထားတဲ့ အဖြူရောင်ဆံပင်တွေနဲ့ Jennie အမျိူးလို့ထင်ရတဲ့ ယောက်ကျားတစ်ယောက်..

"Smart ကျသားပဲ... အဲ့ဒါမို့ ကိုယ်တွေရဲ့ Princess ပါသွားတာ မအံ့သြတော့ပါဘူး Ha Ha.. နဲနဲလောက် Uncle နဲ့သောက်ကြမလား.."

သူရယ်ရင်းပြောကာ ရှန်ပိန်တစ်ခွက်ကို ကုန်အောင်သောက်လိုက်သည်..

"ဒီမှာ Arga(ကလေး)... ကောင်းကောင်းမှတ်ထားပေး.. Wori Princess က မာကျောသလိုထင်ရပေမယ့် ဖန်ခွက်လေး တစ်လုံးလိုပဲ.. ထိရှလွယ်တယ်.."

Sweet Mistake🍯Where stories live. Discover now