3💥

2K 262 25
                                    

တော်တော်ကျယ်တဲ့ အခန်းထဲ ပိတ်ခဲ့တော့ သူ့မှာငုတ်တုပ်ကိုမေ့လို့....

"အဲ့နေ့က ဒီအတိုင်းထားခဲ့ရင်ပြီးရောဟာကွာ..."

မျက်နှာရူံ့မဲ့ စွာအကြံတွေထုတ်ရင်း အပြင်ဘက် တံခါးကို တဝုန်းဝုန်း နှင့်ထုကာ...

"လူရှိလား... လူရှိလားး!!!"

ရုတ်တရက်တံခါးပွင့်လာပြီး  အနက်ရောင်Suit အပြည့်နဲ့ လူနှစ်ယောက်လောက်ဝင်လာသည်...

"Argashi... ဘာများအလိုရှိလို့ပါလဲ??"

"Mr. Kim ကိုခေါ်ပေး.. Chaw ကပြောစရာရှိတယ်လို့..."

Kim Jennie နဲ့ပတ်သက်တဲ့လူမို့လို့ ထိုသူတွေဟာ သူ့အပေါ်တော့ အပိုးကျိူးစွာတော့ ဆက်ဆံပါသည်...

"အဲ့တာက.. "

"ဟေ့ကောင်.. သူက အကိုကြီးရဲ့ ချွေးမဖြစ်လာမယ့်သူကွ.. သွားမြန်မြန်သာ သွားခေါ်ပေးလိုက်.."

ဘာမှ မပတ်သက်ရသေးခင်တောင် သူ့ကို လေးစားသမှုထားတဲ့ အပြုအမှုဟာကြေးစား လူဆိုးတွေမဟုတ်တဲ့အတိုင်းပင်...

မိနစ် 20 လောက် ကြာတော့ Jennie Appa ရောက်လာတော့သည်...

"ရှာတယ်ဆို... ဘာမှ ဥာဏ်များမယ်မကြံနဲ့နော်.. မင်းရဲ့အမေနဲ့ ညီမလေးကငါ့လက်ထဲမှာ..."

"သူတို့နဲ့မဆိုင်ပဲ သူတို့ကို ဘာမှထိစရာမလိုဘူးနော်.."

အမေနဲ့ ညီမလေးတစ်ခုခုဖြစ်မှာ တွေးပူစိတ်နဲ့Jisoo ေဒါသထွက်မိတော့သည်...

"မပူပါနဲ့.. Wedding ကိုဖိတ်ရုံလေးပါပဲ.. မနက်ဖန် သူတို့နဲ့ တွေ့ပေးမှာမို့ အခု ငြိမ်ငြိမ်လေးအခန်းထဲမှာနေလိုက်ပေါ့..."

Jennie အဖေလှည့်ထွက်သွားဖို့လုပ်တော့..

"ခနလေး Mr Kim!!!Chaw ကကျောင်းမပြီးသေးဘူးလေ.. Chaw အတန်းတက်ဖို့လိုတယ်.. ထွက်မပြေးပါဘူးလို့ တကယ် ကတိပေးပါတယ်.. ကျောင်းတော့ သွားပါရစေ Mr Kim.."

"အဲ့ဒါက...."

မေးစေ့ကို ပွတ်ပြီး စဥ်းစားနေဟန်လုပ်နေတဲ့ Mr Kim ကို သူ့မှာမျှော်လင့်တကြီးနဲ့ မျက်နှာငယ်လေးနှင့်သာ ကြည့်နေမိတော့သည်...

"Hmm... မင်းကို ကျောင်းပို့ပေးပြီး စောင့်ကြည့်ဖို့ လူနဲနဲထည့်ပေးလိုက်မယ်.. ဒီအတိုင်း မင်းကို ကာကွယ်ပေးလို့ရအောင်ပေါ့.. အခုက သတင်းပြန့်သွားတော့ လူတော်တော်များများက မင်းကိုတော်တော်စိတ်ဝင်စားနေကြလို့..."

Sweet Mistake🍯Where stories live. Discover now