2💥

2.3K 286 48
                                    

"Unnieee!!!"

"Chae Young yahh!!တိုးတိုး.. နင့် Unnie ဆေးသောက်ဖို့ ပြင် နေတယ်... "

Mr. Kim ဟာသူ့သမီး အကြီး Jen ဆေးသောက်နေတာကို တံခါးနားကနေ စောင့်ကြည့်ပြီး ပြောလိုက်သည်..

"အဲ့ဒီလူကို တွေ့ပြီလား? Chaeng လှုပ်ရှားရမလား??"

"ခုထိ တော့မတွေ့သေးဘူး... ဒါပေမယ့် Appa အမိန့်ပေးထားတယ်.. တစ်နာရီအတွင်း မှမရှာနိုင်ရင် Kim Jisoo ဆိုတဲ့ နာမည် မှန်သမျှဆယ်ကျော်သက်တိုင်းကို သတ်ပစ်လို့... !!"

အံကြိတ်ပြီးပြောနေတဲ့ Mr. Kim ဟာ ဒေါသတွေအရမ်းထွက်နေပုံ ရတာမို့ Chae ကဘာမှဆက်မပြောတော့...

-----Flash Back-----

Jennie နိုးလာတော့ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ခါးအောင့်ပိုင်းက အဆိုးဆုံး ခံစားနေရတာမို့ ထဖို့ခက်နေတော့သည်...

မရင်းနှီးတဲ့ အခန်းဟာလည်း စုတ်ချာနေသလို.. သူ့ရဲ့ ရင်ဘတ်ကအစ ချပ်ရပ်နေတဲ့ ဗိုက်သားတွေကအစ Kiss Marks တွေညိုမဲစွဲလို့ ...

"What The Hell... ကျွတ်စ်"

ဘယ်သူမှန်းတောင် သတိမရပေမယ့် ဒေါသထွက်ဖို့ကလည်း ခက်နေတော့သည်...

Body Guards တွေလှမ်းခေါ်ပြီး အိမ်ကိုပြန်တော့ သူ့ကို ဖူးဖူးမှုတ်မှုတ်ထားတဲ့ Mr. Kim တစ်ယောက် ရူးရူးရှဲရှဲ ကိုဖြစ်လို့....

လည်ပင်းရော နူတ်ခမ်းတွေရော ယောင်ကိုင်းနေတဲ့ သူ့သမီးကို ကြည့်ရင်း သတ်မယ်ဖြတ်မယ်တကဲကဲနှင့်သာ....

"Appa ဒေါသထိန်းပါဦး.. သွေးတိုးဦးမယ်... Jen အမှားပါ.. ဆေးမိသွားတာနဲ့ ဖြစ်သွားတာ.."

Jen အေးအေးလူလူ ပြောနေတာကို Mr. Kim မှာ နားကိုမလည်နိုင်တော့...

"ဘာပဲ ဖြစ်ဖြစ်.. ဆေးမိတဲ့သူကို ဒီလောက်ထိအခွင့်ရေးယူစရာလား.. ဘယ်ခွေးသားက...."

"Yor Ja yaa... သူက.. "

"အဲ့ဒါဆို ဘယ်ခွေးမက...."

Sweet Mistake🍯Where stories live. Discover now