Oct

801 139 11
                                    

Unicode

"ဆောနူ ဘာဖြစ်လာတာလဲ"

အားကိုးတကြီး ပြေးရှာမိတာ နီခီ။
ခက်ခဲနေတိုင်း ပြေးရှာမိတာ နီခီ..။
အားတင်းထားဖို့ အကြောင်းပြချက်
ပြေးရှာမိတာ နီခီ။
စကားလုံးလှလှလေးတွေ ကြားချင်လို့ ပြေးရှာမိတာ နီခီ။

သူ့ရဲ့ နေ့ရက်တိုင်းကို နီခီကစိုးမိုးနေခဲ့သည်။

"မင်းရော ငါ့ကိုမုန်းလား ငါ့ကို မုန်းလားလို့"

"ဘာကိစ္စနဲ့ မုန်းရမှာလဲ မမုန်းပါဘူး သဘောကျတာ"

"မင်း..ဒီကိစ္စနဲ့ပတ်သက်ပြီး မလိမ်ရင်ကောင်းမယ်..."

"မလိမ်ဘူး..သဘောကျတယ် ကင်မ်ဆောနူကို သဘောကျတယ်"

ထို့နောက် နီခီ့ရင်ခွင်ထဲ ပြေးဝင်လိုက်ရင်း တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူ့ကိုပြန်ဖက်ထားသည့် လက်တစ်စုံကြောင့် နီခီ့ရင်ဘတ်အား မျက်နှာကပ်ထားရင်း မျက်ဝန်းထဲမှ အရည်ကြည်လေး ကျဆင်းသွားခဲ့သည်။

သူသေချာပေါက် သိလိုက်ပြီ။ သူနီခီမရှိရင် မနေနိုင်..၊ သဘောကျသည်။ နီခီနှင့်သူ တစ်နေရာရာကို ထွက်ပြေးချင်သည်။ အတူတူနေချင်ပြီး နီခီ့ကို  သူ့အနားမှာပဲ ရှိစေချင်သည်။

•••

နိုဝင်ဘာ၏ လကုန်ရက်များသည် ချမ်းစိမ့်စိမ့် ဖြစ်စေသည့်အပြင် ဆောင်းဦး လေအေးအေးလေးများ ဝင်လာသည့် အချိန်လည်းဖြစ်သည်။ သဲသောင်ပြင်ပေါ် ထိုင်နေရင်း ဘေးက နီခီ့ကို ကြည့်မိသည်။

မှဲ့နက်လေးတွေကို ဘေးတိုက်မြင်ရတာကို သူ သဘောကျသည်။

"ဆောနူ ရေကူးတတ်လား"

နီခီ့စကားကြောင့် သူအ ထစ် ထစ် ဖြင့် ပြန်ဖြေမိသည်။
သူ ခိုးကြည့်နေတာ လူမိသွားတာကို...။

"ကူး..ကူး တတ်တာပေါ့"

"ရေထဲ ဆင်းကြမလား"

"ရူးနေလား ၁၀လပိုင်းကြီးကို"

"လာပါ ဆောနူကလဲ"

သူ့ကို ကလေးတစ်ယောက်လို ပွေ့ချီလိုက်တဲ့ နီခီကြောင့် သူ့လက်တွေသည် နီခီ့ပုခုံးပေါ် အလိုအလျောက် နေရာယူပြီးသားဖြစ်လျက်။ ထို့နောက် နီခီသည် ရေလှိိုင်းပြာလေးထဲ သွားလျက် သူဟာ နီခီ့ကို ပိုတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

We fell in love in OctoberWhere stories live. Discover now