October

1.1K 167 7
                                    

"အဲ့ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

နေဝင်ခံနီးစဲစဲဖြစ်နေသည့် အချိန်ဖြစ်သည့်
အတွက် လူရှင်းနေပြီး ပျံသန်းနေသည့် ဌက်လေးများကလဲ အိမ်ပြန်နေကြပြီဖြစ်သည်။ နီရဲနေသည့် လိမ္မော်ရောင် နေလုံးကြီးကလဲ ပင်လယ်ထဲ တစ်ဝက်ဝင်နေသည့် သယောင် ပေါ်နေသည်။သဲဖြူဖြူလေးတွေထဲ နှစ်ယောက်သား ဘေးချင်းကပ်လျက် လမ်းလျှောက်နေပြီး စကားတွေရှည်ရှည်ဝေးဝေးမပြောဖြစ်ခဲ့ကြပေ။

"ဘာမှမလုပ်ချင်ဘူး အိမ်ပြန်တော့မယ်"

"ရည်းစားက ပျော်စရာမကောင်းဘူးပဲ"

"တစ်ရက်တာ ရည်းစားလေးကလဲ ပျော်စရာမကောင်းပါဘူး"

"တစ်ရက်တာလို့ မသတ်မှတ်ထားဘူး"

ရုပ်တည်ဖြင့် ပြောနေသော ကောင်လေးသည် အတည် စိတ်ရင်းဖြင့် ပြောနေသည့်ပုံပေါ်သည်။ ဖြူဖွေးနေသည့် အသားအရောင်ပေါ်တွင် ထင်းနေသည့် မှဲ့နက်များအပြင် လေတိုက်ခတ်ရာထဲ လှုပ်ရှားနေသည့် ရွှေရောင်ဆံနွယ် ပိုင်ရှင် မျက်နှာကို စိုက်ကြည့်လိုက်သည်။ မဲနက်နေပြီး အရည်ရွှမ်းနေသည့် မျက်ဝန်းများသည် စိတ်ရင်းဖြစ်ကြောင်း ခန့်မှန်းမိသည်။

"ဒါဆို ငါကမင်းနဲ့ Octoberတစ်လလုံး တွဲရမှာလား"

ခနဲ့တာလဲ မဟုတ်သလို ထိတ်လန့်သွားတာလဲ မဟုတ်။ခုနက ဒီအတိုင်း နမ်းပြီးရင် ပြန်မတွေ့ရတော့မည့် လူလို့ သတ်မှတ်လိုက်သော်လည်း တစ်ဖက်လူက ပြုံးနေလျက် သူ့ကို တော်တော် မျှော်မှန်းထားသည့်
ပုံစံပေါ်လွင်နေသည်။

"အင်း ကျွန်တော်က ဒီတစ်လလုံး အနားမှာရှိနေပေးမယ် ဒီတစ်လလုံး ဘာကိစ္စပဲရှိရှိ ကျွန်တော် ထားမသွားပါဘူး"

ဒါဆို ဒီကောင်လေးက Octoberလကုန်ရင် သူ့အနားက ထွက်သွားမယ်နဲ့ တူတယ်...။ ဒါကိုတော့ ထုတ်မပြောခဲ့။

"အားနာပေမယ့် ငါလူတွေကိုမယုံဘူး"

"ပြီးတော့ ငါတို့အချင်းချင်း စသိတာ နာရီပိုင်းပဲ ရှိသေးတယ်"

"ဘာလို့ လူတွေကိုမယုံတာလဲ"

သူ့ကို မကြည့်နေပဲ သဲတွေထဲကို ကန်နေရင်း မေးသည်။

We fell in love in OctoberWhere stories live. Discover now