Oct

877 161 6
                                    

Unicode

ဘာလိုလိုနဲ့ တစ်ပတ်။

Octoberလရဲ့ ၇ရက်ခန့်ဟာ ကုန်ဆုံးသွားခဲ့ပြီ။ အနောက်ကနေ အတင်းလိုက်လိုက်ကပ်တဲ့ နီခီ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပေမယ့် နီခီမရှိတော့ရင်လဲ ဟာတာတာဖြစ်နေပြန်သည်။ သို့သော် စိတ်ထဲ သိပ်မထားထား ၊ ဘဝထဲ ဝင်လာတဲ့လူဖြစ်ဖြစ် ထွက်သွားတဲ့ လူဖြစ်ဖြစ် ဘယ်သူ့ကိုမှ စိတ်မဝင်စားပေ။ ဟာတာတာဖြစ်လဲ တစ်ရက်လောက်ဆို သက်သာသွားမှာပါလေ။

ညဉ့်နက်ခံနီး ပင်လယ်ကမ်းစပ်နားက ကြားနေရသည့် ရေလှိုင်းသံတို့ကို နားထောင်ရင်း စိတ်အပန်းဖြေနေမိသည်။ခုနနေ ဒီရေတက်တော့မှာ သိသော်လည်း စိတ်မဝင်စားပေ။သရဲဆိုတာလဲ ကြောက်ရမှာတောင် မေ့သည်။ လူတွေနဲ့ ဝေးရာမှာ နေချင်ပြီး လူတွေကို
မမြင်ချင်တာကြောင့် ညဖက်တစ်ယောက်တည်း နေနေတာဖြစ်သည်။သေချာတွေးကြည့်တော့ အသက်ရှင်ရတာ ပျော်စရာမကောင်းဘူးပဲ ၊ ဒါပေမယ့် နီခီက သူ့ကိုဘာလို့ ကူညီနေတာလဲတော့ သိချင်သေးသည်။

"ဆောနူ"

ဟော...လာပြီပဲ။ တစ်နေ့ခင်းလုံးကျ ဘယ်ပျောက်နေမှန်းတောင်မသိဘူး။

"ကျွန်တော့်ကို ကြည့်ပါဦး"

အနွေးထည် အနက်ရောင်ကို ဘောင်းဘီ အဖြူရောင်ဖြင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။ ထို့နောက် ဆံနွယ်ရွှေရောင်တွေကို နှဖူးပေါ်ချထားပြီး ကလေးတစ်ယောက်လို ဖြစ်နေသည်။

"ကျွန်တော် ဒီနေ့ဘာပြောင်းလဲနေတယ် ထင်လဲ"

ကလေးကလားတွေ မေးတဲ့ နီခီ့ကြောင့် စိတ်ပျက်စွာဖြင့်

"ဆံပင်"

"မှန်တယ်"

ဘေးနားဝင်ထိုင်ရင်း သူဝတ်ထားသော အနွေးထည်အနက်ရောင်ကို ချွတ်နေသည်။ နေပါဦး ရုပ်ရှင်တွေထဲကလို ခြုံပေးမလို့များလား။
သူခန့်မှန်းတာ သေချာပေါက်မှန်သည်။ နီခီသည် အနွေးထည်ကို အနောက်ကနေ ခြုံပေးရင်း ပြုံးပြလေသည်။

မပြုံးပြနဲ့ ၊ သံယောဇဉ်တွယ်တယ်။

"ကြယ်တွေကို ရေရအောင် ကောင်းကင်ကြီးကို ကြည့်"

We fell in love in OctoberHikayelerin yaşadığı yer. Şimdi keşfedin