အခန်း ၀၀၅ ။ အခန္း ၀၀၅

30.3K 687 10
                                    

Unicode

အခန်း ၀၀၅ ။ ပထမဆုံးသဲလွန်စပေါ်သွားခြင်း?

ကုကျီကျိုးသည် နူးညံ့ငြင်သာသည့်အပြင် စိတ်ရှည်သည်းခံတတ်မှုကလေးပါ ထပ်ဆောင်း အပိုပါလိုက်သေး၏။ သူမအား လက်ကိုင်ပဝါ ကမ်းပေးခဲ့ရုံသာမက အဆောင်ထိပါ ကိုယ်တိုင်ကိုယ်ကျ ပြန်လိုက်ပို့ပေးခဲ့လေသည်။

"ဟိုဟာ.. ကျွန်မ တောင်းပန်ပါတယ်..."

ကုကျီကျိုး၏ အလွန်အမင်း ရိုးဖြောင့်လွန်းသော ပုံစံအား မြင်ပြီးနောက်တွင် တောက်ယွမ်တစ်ယောက် အသိစိတ် ပြန်ကပ်ပြီး ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်ဝင်မိတော့သည်။

သူမဘာသာ အတွေးလွန်ပြီး ထင်မိထင်ရာ လျှောက်ထင်နေမိတာပဲ။ စီနီယာကုက ဒီလောက်ရိုးဖြောင့်တဲ့ဥစ္စာ ဘယ်လိုလုပ် သူမ အိပ်မက်ထဲက နှာဘူးကောင် ဖြစ်ရမှာလဲ?

"ရပါတယ်.." ကုကျီကျိုးက နွေးထွေးသည့် အပြုံးတစ်ခုနှင့် ပြန်တုံ့ပြန်လာခဲ့၏။
"နောက်ကျနေပြီ.. အထဲဝင်တော့လေ"

"ဟုတ်.. ကျေးဇူး...."
တောက်ယွမ်တစ်ယောက် အဆောင်ထဲဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ ထိုအချိန်မှာပင် လမ်းထောင့်မှ ဆိုင်ကယ်တစ်စီးက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

"သတိထား!" ကုကျီကျိုးက တောက်ယွမ်အား လက်မောင်းရင်းမှ အမြန်လှမ်းဆွဲလိုက်၏။ တောက်ယွမ်ကိုယ်လုံးလေးက ကုကျီကျိုး ရင်ခွင်ထဲ၌ အံဝင်တကျ။

တောက်ယွမ်ခမျာတော့ သေးသေးလေးပင် မလှုပ်ရဲရှာတော့။ သူမ၏ နှလုံးခုန်သံများကလည်း ရုတ်ချည်း မြန်ဆန်လာလျက်။

"မင်းအဆင်ပြေရဲ့လား?"

တောက်ယွမ်သည် ကျောက်ရုပ်အလား ရုပ်မြဲရပ်လျက်။

"တောက်ယွမ်?"
ကုကျီကျိုးက ထပ်ခေါ်လိုက်ပြန်သည်။

ထိုအခါမှ တောက်ယွမ်တစ်ယောက် အသိပြန်ဝင်လာပြီး ရှက်ရှက်နှင့် နောက်သို့ခြေတစ်လှမ်း ပြန်ဆုတ်သွားတော့သည်။

အမှတ်မထင် ကုကျီကျိုး၏ ဘယ်ဘက်လည်ပင်း ဘေးအစပ်နားလေးတွင် ရှိနေသည့် ခပ်မှိန်မှိန် မှဲ့လေးအား တွေ့ပြီးနောက်မှာတော့ တောက်ယွမ်တစ်ယောက် စက္ကန့်ပိုင်းမျှ မင်သက်စွာ ကြောင်ကြည့်နေမိတော့သည်။

ကိုယ်မင်းကိုဖာ့ခ်ချင်တယ် / ကိုယ်မင်းကိုဖာ့ခ်ချင်တယ် 〘ဘာသာပြန်〙Where stories live. Discover now