Unicode
အခန်း ၀၀၄ ။ သံသယ
"ဘန်း!!"
အသံကျယ်ကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
တောက်ယွမ်သည်လည်း ဆတ်ခနဲဆိုသလို အိပ်မက်မှ လန့်နိုးလာခဲ့ကာ ချက်ချင်းပင် ခါးမတ်လျက် အနေအထား ဖြစ်သွားတော့သည်။
"အို.. တောက်ယွမ်က အိပ်ငိုက်နေတာလား?"
သူမ၏ နောက်ထပ် အခန်းဖော် တစ်ယောက်ဖြစ်သည့် ကုရှောင်က အမေးစကားနှင့်အတူ အားနေနေဟန်နှင့် သူမဆီ လျှောက်လာလေသည်။"ဆောရီးနော်.. ငါတို့ နင်အိပ်ပျော်နေမှန်း မသိဘဲ အသံအရမ်းကျယ်သွားမိတယ်"
ကုရှောင်နောက်မှ ပါလာသည့် လျောင်ထောင်းထောင်းကလည်း တောင်းပန်လာသည်။တောက်ယွမ်သည် ခေါင်းလေးသာ ပြန်ရမ်းပြလိုက်လေသည်။
"ဘာလို့နင့်မျက်နှာက အရမ်းဖြူလျော်နေရတာလဲ? အိပ်မက်ဆိုးတွေ မက်နေလို့လား?" ကုရှောင်က အနားကပ်လာကာ တောက်ယွမ်၏ နဖူးအား လက်နှင့်ကပ်လျက် စိုးရိမ်တကြီး မေးလေသည်။
တောက်ယွမ်က ကုရှောင်၏ လက်လေးအား ပြန်ဆွဲထားလိုက်ကာ အပြုံးယဲ့ယဲ့နှင့် ပြန်ဖြေလိုက်၏။ "ငါအဆင်ပြေပါတယ်. နှိုးပေးတဲ့အတွက် ကျေးဇူး.."
မဟုတ်လျှင် သူမတကယ် ထပ်ပြီး မဒိန်းကျင့်ခံနေရလောက်ပြီ။
"တစ်ခုခုဖြစ်လို့လား? ပြဿနာ တစ်ခုခုရှိရင် ငါတို့ကို ရင်ဖွင့်လို့ ရတယ်လေ..." ကုရှောင်က သူမလက်ကလေးအား ဖျစ်လျက် အားပေးလာသည်။
တောက်ယွမ်သည် ကုရှောင်၏ အကြင်နာအား စိတ်ရင်းနှင့် နားလည်ပါသော်ငြား သူမဖြစ်အင်ကို မည်သည့်နေရာမှ စပြောပြရမှန်းမသိ ဖြစ်နေသည်။
သူမဘာပြောသင့်လဲ?
သူမရဲ့ မိန်းမကိုယ် ပုံရိပ်ကို ထင်ထင်ရှားရှား ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က သူမထံ ညစ်ညမ်းတဲ့ စာတိုတွေ ဆက်တိုက် ပို့နေတဲ့ အကြောင်းလား? ဒါမှမဟုတ် နှစ်ကြိမ်ဆက်တိုက် အဖြစ်မှန်လိုမျိုး အိပ်မက်တွေထဲမှာ နိုင့်ထက်စီးနင်း အလုပ်ခံခဲ့ရတဲ့ အကြောင်းလား?
YOU ARE READING
ကိုယ်မင်းကိုဖာ့ခ်ချင်တယ် / ကိုယ်မင်းကိုဖာ့ခ်ချင်တယ် 〘ဘာသာပြန်〙
Fantasyကလေးများဝင်မကြည့်ရ။ ကေလးမ်ားဝင္မၾကည့္ရ။