အခန်း ၀၀၃ ။ အခန္း ၀၀၃

35K 668 9
                                    

Unicode

အခန်း ၀၀၃ ။ စာသင်ခန်းထဲ၌လူအများရှေ့လေ့ကျင့်ပေးခြင်း

စီနီယာကုသည် အမှန်တကယ်ကို လူကြီးလူကောင်း ဆန်ပါပေ၏။

နူးညံ့ခါးဆိမ့်သည့် ချောကလက် အရသာက သူမ ခံတွင်းထဲ၌ ပျော်ဝင်သွားခဲ့သည်။ ထွက်သွားပြီဖြစ်သည့် ကုကျီကျိုး၏ ကျောပြင်အား တောက်ယွမ်တစ်ယောက် ကြည့်မိလိုက်သော အခါတွင်မူ သူမခံတွင်းထဲမှ အခါးဓာတ်ကပင် ပိုကဲသွားသယောင်ယောင် ခံစားလိုက်ရလေသည်။

ကုကျီကျိုးတွင် ရည်းစားရှိမနေလျှင်လည်း အကောင်းသား။ ထိုအခါကျ သူမတွင် ကြိုးစားခွင့် ရှိလာနိုင်သည်လေ။

ထို့နောက် သူမ ခေါင်းကို ရမ်းလိုက်ကာ အခုက ထိုကိစ္စစဉ်းစားရန် အချိန်ကောင်း မဟုတ်သေးဘူးဟု တွေးလိုက်မိသည်။ လောလောဆယ်တွင် ဓာတ်ပုံ ဘယ်က ရခဲ့သလဲနှင့် ဘာတွေဖြစ်နေလဲ ဆိုသည်ကို သူမ စစ်ဆေးရဦးမည်။

တောက်ယွမ်သည် ကျောင်းဆေးခန်းသို့ သွားကာ တာဝန်ကျ ဆရာဝန်မလေးအား အသေးစိတ် မေးမြန်းစုံစမ်းကြည့်သော်လည်း မည်သည့်သဲလွန်စမျှ မရခဲ့ချေ။

ဆရာဝန်ကပင် ကိစ္စတစ်ခုခု ရှိနေလို့လားဟူ၍ ပြန်မေးခွန်း ထုတ်လာတော့သည်။

တောက်ယွမ်က သူမ တိတ်တဆိတ် ဓာတ်ပုံအရိုက်ခံခဲ့ရသည့် ကိစ္စအား မည်သူ့ကိုမှ မပြောပြချင်ခဲ့။

နောက်ဆုံးမှာတော့ တောက်ယွမ်တစ်ယောက် ဆေးခန်းမှ စိတ်ပျက်လက်ပျက်နှင့် ပြန်ထွက်လာခဲ့ရတော့သည်။

ယနေ့အဖို့ သူမအနေနှင့် မည်သည့်messageကိုမှ လက်မခံရသေး။ သူမ ပိုပိုကာ မချင့်မရဲ ဖြစ်လာတော့သည်။

သူမဘာလုပ်သင့်လဲ?

ထိုကဲ့သို့ မချင့်မရဲ ဖြစ်ရခြင်းက သူမအား အတန်းလစ်ရန် ဆုံးဖြတ်ချက်အား ဖြစ်ပေါ်စေသည်။

အရင်ဦးဆုံး ကန်တင်းကိုသွားပြီး နေ့လယ်စာ စားမယ်.. ပြီးရင်အဆောင်ပြန်မယ်။

သို့သော် တွေး၍ မဆုံးခင်မှာပင် သူမ ကိုယ်ကတော့ စာသင်ခုံပေါ် မှောက်လျက် အိပ်ပျော်သွားခဲ့လေပြီ။

ကိုယ်မင်းကိုဖာ့ခ်ချင်တယ် / ကိုယ်မင်းကိုဖာ့ခ်ချင်တယ် 〘ဘာသာပြန်〙Tempat cerita menjadi hidup. Temukan sekarang