ရသ (9)မျိုးနှင့်ရသစာပေ

1.6K 116 48
                                    

Zawgyi

မြန်မာစာကျွမ်းကျင်သူတွေကတော့ ရသ(9)မျိုးအကြောင်းအရှည်ကြီးရှင်းပြကြပေမဲ့ ကိုယ်ကတော့ wattpad ဇာတ်လမ်းတွေနဲ့ဆက်စပ်တဲ့ရသရေးနည်းအကြောင်းကိုပဲ ဇောင်းပေးပြီးရှင်းပြပါမယ်။
(ပျင်းစရာကောင်းမယ်။နည်း၂သည်းခံဖတ်နော်)

"ရသ" ဆိုတဲ့စကားလုံးဟာ ပါဠိစကားလုံးဖြစ်တယ်။မြန်မာလို "အရသာ" လို့အဓိပ္ပါယ်ရတယ်။ဒီနေရာမှာ ပြောတဲ့အရသာဟာ လျှာပေါ်မှာခံတဲ့ အရသာမဟုတ်ဘူး။စိတ်အာရုံပေါ်မှာ ခံစားရတဲ့ အရသာဖြစ်တယ်။

ဒါကြောင့် ရသမြောက်တဲ့ဇာတ်လမ်းဆိုတာ

"စာဖတ်သူ၏စိတ်အာရုံမှာ အရသာထိမိစွာခံစားမိခြင်း"

ကိုပြောခြင်းဖြစ်တယ်။

ရသ(9)မျိုး
-----------

၁။ချစ်        =သိင်္ဂါရ ရသ /ဝစ္ဆရသ
၂။ရွှင်        =ဟဿ ရသ
၃။သနား    =ဂရုဏာ ရသ
၎။တည်ကြည် ရောင့်ရဲ ကြည်နူး=သန္တ ရသ
၅။ကြမ်းကြုတ်=ရုဒ္ဓ ရသ
၆။စက်ဆုပ်  =ဝိဘစ္ဆ သ
၇။ကြောက်ရွံ့ = ဘယာနက ရသ
၈။ရဲဝံ့    =ဝီရ ရသ
၉။အံ့သြ  =အဗ္ဘုတ ရသ

၁။ချစ် (သိင်္ဂါရ ရသ/ဝစ္ဆရသ)

အချစ်အကြောင်းကို ခံစားနိုင်အောင် ရေးနိုင်ရင် ချစ်ခြင်းရသ  (သိင်္ဂါရ ရသ/ဝစ္ဆရသ) မြှောက်တယ်။1500အချစ်ဆို သိင်္ဂါရ ရသပေါ့ကွာ။မိဘ သားသမီး သူငယ်ချင်းတွေကြားက ချစ်ခြင်းဆိုရင် ဝစ္ဆရသမြောက်ပါတယ်။

    အဲတော့ wattpad writerတွေကို အကြံပြုပါရစေ။1500အချစ်ကိုပဲ အားကြီးမရေးကြပါနဲ့။တခါတလေများ

Ukeလေးနဲ့ အဖေနဲ့ကြားက့ချစ်ခြင်းကို ရေး

ukeနဲ့semeကြားကအချစ်ကိုရေး

တခါ ukeက အဖေနဲ့semeထဲက တစ်ယောက်ကို ရွေးရတော့မယ်အခြေနေဆိုရင် ဇာတ်လမ်းလေးက ဘယ်လောက်ရင်ဖိုစရာကောင်းမလဲနော်။ဟုတ်တယ်မလား။

(ဒီနေရာမှာ သတိထားရမှာက ukeနဲ့အဖေကြားက ချစါခြင်းကို ပေါ်အောင်ဇာတ်ကို ပျိုးထားခဲ့ရမှာပါ။chemistryမိအောင်ရေးရမှာပါ။အချစ်အမျိုးအစား ၂ ခုလုံးက စာဖတ်သူရင်ထဲမှာ အားကောင်းနေရမှာပါ။တစ်ခုခုကအားပျော့နေရင် ရေးအလကားပါပဲ)

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now