စာကြောင်းအမျိုးအစား Part-3(U/Z)

635 133 24
                                    

(3)ဘာရည်ရွယ်ချက်နဲ့ဒီစာကြောင်းကိုရေးမှာလဲ

နောက်ထပ်မှားတာက စာကြောင်းအရမ်းရှည်ပြီး ဆိုလိုရင်းပျောက်သွားတာပါ။ဘယ်နှစ်ခေါက်ဖတ်ပါစေ …စာရေးသူက ကိုယ့်ကိုဘာပြောပြချင်မှန်းမသိတဲ့စာကြောင်းတွေပေါ့။

ဥပမာ-  သူရင်ဆိုင်နေရတဲ့အခက်ခဲတွေနဲ့သူနှလုံးသားထဲက ဒဏ်ရာတွေက မြင်လိုက်တာနဲ့ ခက်ခဲနက်နဲနေတယ်ဆိုတာသိသာလောက်အောင် သူမျက်နှာမှာ ပေါ်လွင်နေသည်။

ပြောချင်တာကို သိတော့သိလိုက်တယ်။နည်းနည်းတော့ ရှုပ်သလိုပဲ ဟုတ်တယ်မလား။ပေးချင်တဲ့messageကို ဒီထက်ရှင်းလင်းပြီးမြင်သာတဲ့စာကြောင်းမျိုးနဲ့ ရေးကြည့်ရအောင်နော်။

ဥပမာ၁-သူ့နှလုံးသားမှ နက်ရှိုင်းသောဒဏ်ရာများနှင့် အခက်ခဲများသည် မျက်နှာပေါ်တွင် စာရေးထားသလိုပေါ်လွင်နေအောင်ပင် သိသာလှသည်။

ဥပမာ၂-  နက်ရှိုင်းသော နာကျင်မှုဒဏ်ရာများသည် အချိန်နှင့်အမျှ သူ၏နှလုံးသားကို တရစ်ပြီးတရစ် ရစ်ပတ်တုတ်နှောင်လာခဲ့သည်။သူရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲများ၏ကြမ်းတမ်းမှုသည်လည်း သူမျက်နှာပေါ်မှ အကြည်ဓာတ်ကိုဖယ်ရှားလိုက်ဟန်။သူပင်ပန်းနေသည်မှာ သိသာလှသည်။

ဒီဆိုလိုရင်းကို ရေးတာပါပဲ။စာ (၃)ကြောင်းလုံးမှာ ရလိုက်တဲ့ ရသ Level တော့မတူဘူးပေါ့ ။ဥပမာ(၂)ကတော့ ဒီ၃ကြောင်းထဲမှာ အကောင်းဆုံးဖြစ်တယ်။

အဲတော့ပြောချင်တာက ဒီစာတစ်ကြောင်းက

ကာရိုက်တာရဲ့ဘဝကြမ်းတမ်းမှုက်ုဖော်ပြမှာလား။

ဘဝကြမ်းတမ်းမှုကြောင့် မျက်နှာမှာပင်ပန်းနေတာကို ဖော်ပြမှာလား။

ဒါကိုသေချာသိပါ။ကိုယ်ဘာကိုရေးချင်တာလဲ။သေချာသိမှ တိကျစွာပုံဖော်ထားတဲ့စာကြောင်းလှလှလေးတွေက ထွက်လာမှာပါ။

ကိုယ်က ကားမောင်းပုံကိုပြချင်တာဆိုရင် ကားမောင်းတဲ့ပုံကို ဦးစားပေးရေးပါ။ပြီးမှအလှထပ်ဆင်ပါ။

ညစာစားပုံကိုပြချင်တာဆိုရင် ညစာစားပုံကို ဦးစားပေးရေးပါ။ပြီးမှအလှထပ်ဆင်ပါ။

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now