စာကြောင်းအမျိုးအစား Part-2 (U/Z)

633 148 32
                                    

2.စာကြောင်းရေးသည့်အခါ ထည့်စဉ်းစားရမည့်အကြောင်းများ

(1)ကာရိုက်တာကိုနားလည်ပါ

ပြောရတာရယ်ဖို့ကောင်းပင်မဲ့ ကိုယ်ဖန်တီးထားတဲ့ကာရ်ုက်တာကို နားမလည်ဘဲရေးတာတွေတွေ့နေရတယ် အများကြီးပဲ ပြီးတော့တစ်ခု မှတ်ထားရမှာက

ကာရိုက်တာကို စမိတ်ဆက်တဲ့စာပုဒ်ပြီးရင် ပြီးသွားတာ မဟုတ်ဘူး စာကြောင်းတိုင်း ဒိုင်ယာလော့တိုင်းက ကာရိုက်တာရဲ့စရိုက်ကို ပုံဖော်ပေးနေတယ်ဆိုတာ သိရမှာ

ကိုယ့်ဇာတ်ကောင်ကိုထက်မြက်တယ်လို့ ပြောထားပြီးမှ ကလေးကစအသိနိုင်တဲ့အဖြေကို မသိပါဘူးလို့အတင်းလုပ်ရေးလို့မရဘူး။ ကိုယ့်ဦးလေးမိသားစုက အမွေအုပ်စီးချင်လို့ မိဘတွေဆုံးပြီးနောက်ပိုင်း ကိုယ့်ကိုနှိပ်စက်နေတာကို နှစ်ရှည်လများအတူနေလာခံစားလာရတဲ့သူက ထက်မြက်တယ်ဆိုရင် သေချာပေါက်ရိပ်မိရမှာပေါ့ ဟုတ်တယ်ဟုတ်။ဒါကို ထက်မြက်တဲ့ကာရိုက်တာဆိုပြီး

"ဘာလို့ ငါ့ကိုနိပ်စက်နေကြတာလဲ ဦးလေးတို့အပေါ်ကောင်းပေးရက် …"  တယ် ငါလေ အဲလိုရေးနေတဲ့သူကို ခေါင်းသာခေါက်လိုက်ချင်တယ်။ ဒါဒီလိုမရေးရဘူး။ ဒီလိုရေးဟ ဆိုပြီးပေါ့။ချစ်စနိုးနဲ့ပါ။ဒါပေမဲ့အပြင်မှာမပြောဖြစ်ပါဘူး။ဝိုင်းဆဲခံရမှာကြောက်တယ် ဟဲ ဟဲ။

တကယ်တော့ စာရေးတဲ့အလုပ်နဲ့ရုပ်ရှင်သရုပ်ဆောင်အလုပ်နဲ့က အတူတူပါပဲ။သရုပ်ဆောင်မဲ့သူက သူဝင်ရမဲ့ကာရိုက်တာကို နားလည်ရမှာဖြစ်သလို စာရေးမဲ့သူက ကိုယ်ကိုင်တဲ့ကာရိုက်တာအကြောင်းကို သေချာပေါက် သိရမှာဖြစ်ပါတယ်။ဒါကချွင်းချက်မရှိဘူး။စာရေးတာ တိုးတက်ချင်ရင်ပေါ့။

ကာရိုက်တာတွေမှာ တစ်ခုသိထားရမှာရှိတယ်။ဒီကာရိုက်တာဆိုရင် လုံးဝမလုပ်တဲ့အချက်ဆိုပြီး သပ်သပ်ကိုရှိတယ်။ပြောချင်တာကကွာ။

semeမာဖီးယားကိုရေးတယ်မလား။ကိုယ့်မာဖီးယားက တကယ်ကို ဟိတ်တွေဟန်တွေနဲ့ ကြွေဆင်ကြီးကို ရေးမှာ။ဟိုသွေးကြောင်ပြီးအရေးကြောင်းဆိုပုန်းနေမဲ့ မာဖီးယားမဟုတ်ဘူးပေါ့ကွာ။ရှေ့မှာလည်း တဒိုင်း ဒိုင်းနဲ့ လူတွေသတ်ပြ စောက်ရမ်းအလန်းစား ဘဲကြီး။နို့ ukeနဲ့တွေ့တာမှာ ၁ရက် ၂ရက်ရှိသေး ukeက အရေးမစိုက်လို့ ပျာယာခတ်ပြ တချို့ဆို မျက်ရည်လေးတောင် ဝေ့တာတွေ ကျတာတွေကရေးသေး။

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now