I ONLY WANT YOU

14 1 0
                                    

Unicode

" မင်းမိသားစုကလွဲလို့ မင်းချစ်တဲ့သူ​တွေအကုန်
မင်းဘေးနားက​နေထွက်ခွာသွား​စေရမယ် ...
မင်းအချစ်​တွေကိုငါဆိုတဲ့သူကပဲပိုင်ဆိုင်ရမယ် ...
ဘယ်သူကမှပိုင်ဆိုင်ခွင့်မရ​စေရဘူး ...

ငါကအတ္တကြီးတယ်တဲ့လားအာ့ဆိုငါ့ကိုပဲချစ်​လေ...
ငါ့ကိုပဲမှီခို​လေ...ငါ့...ငါ့ကိုပဲကြည့်​နေ​လေ
ငါ့ဘဝမှာလုံးဝလက်မလွှတ်ချင်ဆုံးက
မင်းတစ်​ယောက်တည်းပဲ...ငါ့ရဲ့အနက်ရှိုင်းဆုံး​မှာ
​နေရာယူထားတာနင်တစ်​ယောက်တည်းပဲ ...ငါ့ရဲ့
အရာတိုင်း ​နေရာတိုင်းကမင်းလွှမ်းမိုးထားတာချည်းပဲ

မင်းကိုချစ်လွန်းလို့ပါ မင်းတစ်​ယောက်တည်းကိုပဲ
ချစ်လွန်းလို့ပါ သူ့ကိုပဲချစ်မ​နေပါနဲ့
ငါ့တစ်​ယောက်တည်းကိုပဲချစ်လို့ ငါ​ပြောခဲ့တယ်
မင်းမှမနာခံခဲ့တာ ငါ့စကားကိုအတည်မှမယူခဲ့တာ ​
ငါ​ပြောသလိုမှမ​နေနိုင်တာ ...

​​နောက်ဆုံး​တော့လည်း ဟိုအ​ကောင်မင်းဆီက
ထွက်သွားပြီမလား ​ဟားဟားဟားးးး
သူကမင်း​ဘေးနားမှာမရှိနိုင်​တော့ဘူး ဟားဟား
မင်းတစ်​ယောက်တည်းဖြစ်သွားပြီ​လေ

အဲ့ဒါဘယ်သူလုပ်ခဲ့တယ်လို့ထင်လဲ ဘယ်သူလို့ထင်လဲ
မင်းခန့်မှန်းပြီးသားဖြစ်မှာပါ ဟုတ်တယ်မလား
ငါလုပ်ခဲ့တာ ငါသူ့ကိုဖမ်းပြီး​အရှင်လတ်လတ်
​မြေမြှုပ်လိုက်ပြီ​လေ သူမရှိ​တော့ဘူး​လေ

အခုငါ့ကိုပဲချစ်လိုက်ပါ​တော့ မင်းလိုချင်တာအကုန်
ငါဖြည့်ဆည်း​ပေးမယ် ကားလား အိမ်လား
ပိုက်ဆံလား အချစ်လား ငါမင်းကိုအကုန်​ပေးမယ်
ငါ့ကိုပြန်ချစ်နိုင်ရုံ​လေးပဲ​လေ "

ထို​ကောင်​လေးဟာ​ကောင်မ​လေး၏ဓါတ်ပုံကို
ကိုင်ရင်းရူးနှမ်းစွာ​အော်ဟစ်​နေသည်...
သူအခုဘယ်​ရောက်​နေလဲဆိုတာကိုသူမသိဘူး...
ဓါတ်ပုံထဲက​ကောင်မ​လေးကသာသူ့ရဲ့ဘဝ
သူ့ရဲ့အရာအားလုံးဖြစ်ခဲ့တယ်

အရူး​ထောင်အခန်းထဲမှာ​ကောင်​လေးဟာ
ရယ်လိုက်ငိုလိုက်နဲ့​အော်ဟစ်​နေ​လေရဲ့
ဘယ်အရာမှသူဂရုမစိုက်နိုင်ခဲ့ဘူး ဓါတ်ပုံထဲက
​ကောင်မ​​လေးကိုပဲစွဲနေခဲ့တယ် သူ့ဆီက
အချစ်​တွေကိုပဲလိုချင်ခဲ့တယ် သူရဲ့အချစ်​တွေကလည်း
သူ့ကိုပြစ်မှု​တွေကျူးလွန်​စေတဲ့အထိရူးသွပ်​စေခဲ့တယ်

One Shots Where stories live. Discover now