Unicode
2018 New Year မှာ သူနဲ့ကျွန်တော်စတွဲခဲ့တယ်
ဘာ့ကြောင့်ရယ်မဟုတ်ဘဲ ဂိမ်းရှုံးလို့တွဲခဲ့တာ
မြင်မြင်ချင်းကြိုက်သွားတာမျိုးလည်းမဟုတ်ဘူး
သူနဲ့ကျွန်တော် 1 နှစ်တွဲပြီး 2019 New Year မှာ
ပြန်လမ်းခွဲဖို့သဘောတူညီခဲ့ကြတယ်
သူဟာအရမ်းသရုပ်ဆောင်ကောင်းတာပဲ...
သူငယ်ချင်းတွေရှေ့မှာရော Online ပေါ်မှာရော
ကျွန်တော့်ကိုအရမ်းဂရုစိုက်တဲ့ပုံစံလုပ်ပြတယ်
ကျွန်တော်တောင်ချစ်ကျွမ်းဝင်မတော့မလို့ပဲဗျ...
တကယ်တမ်းလက်တွေ့ မှာရောဒီလိုပဲလားမဟုတ်ဘူး...လုံးဝကွဲပြားတယ်...ကျွန်တော့်ကို
ဟန်ဆောင်ထားတဲ့သူတစ်ယောက်လိုပဲဆက်ဆံတယ်
ကျွန်တော်လိုချင်တာရှိရင်သူချက်ချင်းဝယ်ပေးတယ်
ကျွန်တော်လုပ်ချင်တာတွေလည်းလုပ်ခိုင်းတယ်
ဘယ်တော့မှမငြီးငြူတတ်ဘူး တစ်ခါဆို
ကျွန်တော့်ကိုလူတစ်ယောက်ကဖွင့်ပြောခဲ့တယ်
ဒါပေမယ့်သူကသဝန်တိုခြင်းအလျှင်းမရှိဘူး
ဟုတ်တာပေါ့ စိတ်ရင်းနဲ့တွဲခဲ့တာမှမဟုတ်တာ...ကျွန်တော်အမြဲတမ်းအပြင်မှာပဲနေချင်ခဲ့တယ်
သူဟန်ဆောင်တာမှန်းသိပေမယ့်လည်း
သူဂရုစိုက်တာကိုထပ်လိုချင်ခဲ့တယ်
သူနဲ့ပျော်စရာကောင်းတဲ့နေရာတွေအများကြီး
လျှောက်လည်ခဲ့တယ်...စားကောင်းတာတွေလည်း
အတူတူစားခဲ့တယ်...အမှတ်တရတွေလည်း
အများကြီးရှိခဲ့တယ်...ဒါပေမယ့်သူ့အတွက်တော့
ဟန်ဆောင်မှုတစ်ခုပဲ သူတကယ်ချစ်တဲ့သူရှိတယ်တဲ့
ဒီဟန်ဆောင်မှုတွေကသူ့မာနအတွက်တဲ့...
ကျွန်တော်လုံးဝနားမလည်ဘူးဒီနေ့သူနဲ့တွဲတာ တစ်နှစ်ပြည့်ပြီ...
သူနဲ့လမ်းခွဲဖို့အချိန်ရောက်ပြီ...
ဘာပဲဖြစ်ဖြစ် 1 Year Anniversary တော့
လုပ်သွားသင့်တယ်မလား...သူ့အိမ်မှာစောင့်ရင်း
ကိတ်မုန့်တွေလည်းပြင်ဆင်ထားတယ်...
ဖယောင်းတိုင်လေးတွေဝိုင်ခွက်လေးတွေနဲ့ပေါ့...
Romantic ဆန်ဆန်လမ်းခွဲချင်ခဲ့မိတယ်...
ကျွန်တော်ရူးသွားတာပဲ...ကျွန်တော်တကယ်ကြီး
သူ့ကိုချစ်မိသွားခဲ့တယ်လေ...အဲ့ဒါကြောင့်လည်း
သူ့ကိုလက်မလွှတ်နိုင်တဲ့ပုံစံမျိုးဖြစ်နေတာထင်တယ်
YOU ARE READING
One Shots
Short StoryUnicode & Zawgyi စိတ်ထဲပေါ်လာတဲ့ Fic အတိုလေးတွေ စာသားလေးတွေ အချို့ True Story လေးတွေ အပျော်တင်ထားတာပါ Starts - 20.12.2021 #Coverpic_From_Pinterest #Phyu_520 #Owncreation စိတ်ထဲပေါ်လာတဲ့ Fic အတိုလေးတွေ စာသားလေးတွေ အချို့ True Story လေး...