HAPPY NEW YEAR

26 2 0
                                    

Unicode

2018 New Year မှာ သူနဲ့ကျွန်​တော်စတွဲခဲ့တယ်
ဘာ့​ကြောင့်ရယ်မဟုတ်ဘဲ ဂိမ်းရှုံးလို့တွဲခဲ့တာ
မြင်မြင်ချင်းကြိုက်သွားတာမျိုးလည်းမဟုတ်ဘူး
သူနဲ့ကျွန်​တော် 1 နှစ်တွဲပြီး 2019 New Year မှာ
ပြန်လမ်းခွဲဖို့သ​ဘောတူညီခဲ့ကြတယ်
သူဟာအရမ်းသရုပ်ဆောင်​ကောင်းတာပဲ...
သူငယ်ချင်း​တွေ​ရှေ့မှာ​ရော Online ​ပေါ်မှာ​ရော
ကျွန်​တော့်ကိုအရမ်းဂရုစိုက်တဲ့ပုံစံလုပ်ပြတယ်
ကျွန်​တော်​တောင်ချစ်ကျွမ်းဝင်မ​တော့မလို့ပဲဗျ...
တကယ်တမ်းလက်​တွေ့ မှာ​ရောဒီလိုပဲလား

မဟုတ်ဘူး...လုံးဝကွဲပြားတယ်...ကျွန်​တော့်ကို
ဟန်​ဆောင်ထားတဲ့သူတစ်​ယောက်လိုပဲဆက်ဆံတယ်
ကျွန်​တော်လိုချင်တာရှိရင်သူချက်ချင်းဝယ်​ပေးတယ်
ကျွန်​တော်လုပ်ချင်တာ​တွေလည်းလုပ်ခိုင်းတယ်
ဘယ်​တော့မှမငြီးငြူတတ်ဘူး တစ်ခါဆို
ကျွန်​တော့်ကိုလူ​တစ်​ယောက်ကဖွင့်​ပြောခဲ့တယ်
ဒါ​ပေမယ့်သူကသဝန်တိုခြင်းအလျှင်းမရှိဘူး
ဟုတ်တာ​ပေါ့ စိတ်ရင်း​နဲ့တွဲခဲ့တာမှမဟုတ်တာ...

ကျွန်​တော်အမြဲတမ်းအပြင်မှာပဲ​နေချင်ခဲ့တယ်
သူဟန်​ဆောင်တာမှန်းသိ​ပေမယ့်လည်း
သူဂရုစိုက်တာကိုထပ်လိုချင်ခဲ့တယ်
သူနဲ့​ပျော်စရာ​ကောင်းတဲ့​နေရာ​တွေအများကြီး
​လျှောက်လည်ခဲ့တယ်...စား​ကောင်းတာ​တွေလည်း
အတူတူစားခဲ့တယ်...အမှတ်တရ​တွေလည်း
အများကြီးရှိခဲ့တယ်...ဒါ​ပေမယ့်သူ့အတွက်​တော့
ဟန်​ဆောင်မှုတစ်ခုပဲ သူတကယ်ချစ်တဲ့သူရှိတယ်တဲ့
ဒီဟန်​ဆောင်မှု​တွေကသူ့မာနအတွက်တဲ့...
ကျွန်​တော်လုံးဝနားမလည်ဘူး

ဒီ​နေ့သူနဲ့တွဲတာ တစ်နှစ်ပြည့်ပြီ...
သူနဲ့လမ်းခွဲဖို့အချိန်​ရောက်ပြီ...
ဘာပဲဖြစ်ဖြစ် 1 Year Anniversary ​တော့
လုပ်သွားသင့်တယ်မလား...သူ့အိမ်မှာ​​စောင့်ရင်း
ကိတ်မုန့်​တွေလည်းပြင်ဆင်ထားတယ်...
ဖ​ယောင်းတိုင်​လေး​တွေဝိုင်ခွက်​လေး​တွေနဲ့​ပေါ့...
Romantic ဆန်ဆန်လမ်းခွဲချင်ခဲ့မိတယ်...
ကျွန်​တော်ရူးသွားတာပဲ...ကျွန်​တော်တကယ်ကြီး
သူ့ကိုချစ်မိသွားခဲ့တယ်​လေ...အဲ့ဒါ​ကြောင့်လည်း
သူ့ကိုလက်မလွှတ်နိုင်တဲ့ပုံစံမျိုးဖြစ်​နေတာထင်တယ်

One Shots Where stories live. Discover now