[Unicode]".........."
ဖြစ်ပေါ်နေတဲ့အခြေအနေကို လင်းရှောင်အာတစ်ယောက် နားမလည်နိုင်ဖြစ်နေတယ်။ သူ့ခါးကိုဖက်ထားတဲ့လက်ကို ကြောင်ကြည့်မိနေလို့ ရုန်းဖို့တောင်မေ့နေတယ်။ ဒါကို သူဝန်ခံဖို့ရှက်နေတာဖြစ်မယ်လို့ ရှုယွမ်က ထင်နေလေရဲ့...။ ရှုယွမ် နှစ်ထောင်းအားရကြီးစွာဖြစ်ပြီးသကာလ ပိုတိုးလို့ဖက်ထားလိုက်ပြီး သူ့နားရွက်ကို မထိတထိကိုက်လို့ တိုးတိုးလေးဆိုတယ်။
"မင်းခါးလေးက သေးပြီးသွယ်နေတာပဲ။ ကိုယ် သိပ် သဘောကျတယ်"
ဘယ်လို အခြေအနေကြီးလဲ! သူ့နားထဲကို ဝင်လာတဲ့ အသက်ရှုငွေ့နွေးနွေးနဲ့အတူ ညှို့ဓာတ်ပြင်းလွန်တဲ့အသံရဲ့အောက်မှာ လင်းရှောင်အာခန္ဓာကိုယ်တစ်ခုလုံး ချိနဲ့သွားပြီး မတ်တပ်တောင် သေချာမရပ်နိုင်တော့ဘူး။ ဒါBL ဇာတ်ကားတွေနဲ့ တူမနေဘူးလား။ သူစိတ်ကူးယဉ်ခဲ့ရတဲ့ အထက်ပုဂ္ဂိုလ်ရဲ့အသံနဲ့ တစ်ပုံစံတည်း!
လင်းရှောင်အာနားရွက်တွေ ရဲဗလောင်းခတ်သွားတယ်။ အသံညှို့ဓာတ်ပြင်းသလောက် လူကိုပါ မထိတထိစနေလို့ သူ့နှလုံးခုန်သံတွေ မမှန်ချင်တော့ဘူး။ နောက်ဆုံးမှာတော့ ရှိသမျှအားအင် အစအနလေး အကုန်စုပြီး စကားတစ်ခွန်း ပြောလိုက်တယ်။
"ရှု...ရှုယွမ်...မနောက်ပါနဲ့ကွာ"
ရှုယွမ် နောက်နေတယ်လို့ သူထင်တာကိုး...။
ကိုယ့်ကိုယ်ကိုယ်လည်း အားတင်းပြီး ရှုယွမ်လက်ထဲက စရုန်းပါတော့တယ်။
ရှုယွမ်က ပိုတင်းတင်းကျပ်ကျပ် ဖက်လာပြီး တီးတိုးလေး ထပ်ပြောပြန်တယ်။
"ကိုယ်သိပြီးပြီ"
ဘာသိတာလဲ။ လင်းရှောင်အာ ခုထိဘာမှမသိသေးဘူး။ ရုတ်တရက် ၁၈၀° လှည့်ခံလိုက်ရပြီး ရှုယွမ်ရဲ့သန်မာတဲ့လက်ဖဝါးတွေ သူ့ခေါင်းနောက်ဘက်ကို လာကိုင်တယ်။ သူတို့နှုတ်ခမ်းချင်း ထိစပ်သွားကြပြီ။
လင်းရှောင်အာ အံ့ဩလွန်းလို့ မျက်လုံးတွေအပြူးသား...။ သူ့ပါးစပ်ထဲ ဝင်ရောက်လာတဲ့ ချွဲကျိကျိအရာက ကျွမ်းကျင်ပိုင်နိုင်လိုက်တာ။ နေရာလပ်မကျန်ကို ထိတွေ့နေတော့တယ်။ သူတို့လျှာအချင်းချင်း ပူးကပ်စေပြီး ရမ္မက်ဆန်ဆန် လှည့်ပတ်စေခိုင်းနေတာ။ အနမ်းတွေရဲ့ အားပြင်းမှုကြောင့် လင်းရှောင်အာ အသက်တောင်မရှုနိုင်တော့...
လင်းရှောင်အာ နှလုံးသား ထိန်းမရအောင် ခုန်နေပြီ။ ဒီနောက်မှာ ရှုယွမ်ကို သူတွန်းထုတ်လိုက်ပြီး ရေနစ်နေတဲ့လူလို အသက်ကိုအငမ်းမရ ရှုနေတယ်။ သူ့မျက်ဝန်းတွေ ဂနာမငြိမ်ဘူး။ ဒေါသလည်းထွက်သွားတယ်။
" မင်း...ဒါဘာလုပ်တာလဲ"
ရှုယွမ် သူ့နှုတ်ခမ်းတွေကို ဟန်ပါပါ လျက်လိုက်တယ်။ မြေခွေးဟန် သူ့မျက်ဝန်းတွေဟာ ပြုံးနေသယောင်...
"သိပ်ချိုတာပဲ...ဘာလဲ...ကိုယ်နမ်းတာ မကြိုက်လို့လား"
"........"
လင်းရှောင်အာ အရမ်းရှက်သွားတယ်။
ခေါင်းထဲလည်း အတွေးတစ်ခု ဝင်လာတယ်...
ငလူး, ရှုယွမ်က ဂေးလား။ မဖြစ်နိုင်ပါဘူးနော်!?
ဒါ သူ နှစ်ဆယ့်လေးနှစ်တာ တယုတယထိန်းသိမ်းလာခဲ့ရတဲ့ ပထမဆုံးအနမ်းလေကွာ...အား!!!
လင်းရှောင်အာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်နဲ့ သူဌေးတွေဘာတွေလည်း ဂရုမစိုက်နိုင်တော့ဘဲ သူ့ကိုထိုးလိုက်ပါတော့တယ်။
" မသာကောင်! မင်းက ဘာကိုသိ၊ တတ်နေတာလဲ...မင်းက Laoziမို့လား?!
(T/N: Laozi ဟာ ရှေးတရုတ်အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်)
တော်ရုံသိပ်မအံ့ဩတတ်တဲ့ရှုယွမ်တောင် ခုအခြေအနေကို အအံ့ဩကြီး အံ့ဩနေမိတယ်။ လင်းရှောင်အာ လက်မောင်းတွေက သေးပေမယ့် ဒေါသတွေကြောင့်လားမသိ အားပြင်းချက်။ ခေါင်းပေါ်တည့်တည့်ကျလာမယ့် လက်သီးကိုတော့ သူရှောင်လိုက်နိုင်တယ်။ ပြီးတော့ သိချင်စိတ်ကြောင့် မေးလိုက်မိတယ်။
"ဘာဖြစ်နေတာလဲ။ မင်း ငါ့ကိုမကြိုက်ဘူးလား"
သူ့ဘက်က ကြိုက်တာ လုံးဝသေချာနေပေမယ့် တစ်ဖက်လူကတော့ မသေချာတဲ့ပုံပဲ...
လင်းရှောင်အာ ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေပါပြီ။
"ဘယ်သူတုံး, ဘယ်သူလဲ။ ဘယ်သူက မင်းကိုကြိုက်တာလဲ...ဟမ်?"
"......"
ရှုယွမ် ဘယ်လိုပြန်ပြောရမှန်း မသိဘူး။ ဒါပေမယ့် အမြဲအေးအေးလူလူနေတတ်တဲ့ လင်းရှောင်အာရဲ့ ရှားရှားပါးပါး သွေးဆူနေတဲ့ပုံစံက ချစ်စရာကောင်းသားပဲလို့ သူထင်နေမိတယ်။ ဒါကြောင့် ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်တယ်။
"ဝန်ခံဖို့ ရှက်မနေပါနဲ့ကွာ။ ငါတွေ့ပြီးသွားပြီဟာကို"
"......"
လင်းရှောင်အာ ထိတ်လန့်သွားပြီး နောက်ကိုလည်း ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။ လက်ထဲလည်း အကြော်ဒယ်အိုးကို ကိုင်ထားပြီး...
"ရှေ့တိုးမလာနဲ့! မင်း ဘာကိုတွေ့သွားတာလဲ"
ရှုယွမ် ခနဲ့ပြုံး ပြုံးလိုက်တယ်။ လည်ချောင်းဟန့်ပြီး ခပ်ကျယ်ကျယ်ပြောလိုက်တယ်။
" ခုထိ ဝန်မခံချင်သေးဘူးလား? ငါ့အသံတွေကို လျှို့ဝှက်အသံဖမ်းထားပြီး ဂီတသံတွေနဲ့ ပြန်ပေါင်းထားတာလေ...ဒါကိုတောင် ငါ့ကိုမကြိုက်ဘူးလို့ ငြင်းချင်သေးတာလား?"
"..."
လင်းရှောင်အာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ်။ ပြိုကျလာမယ့်မျက်ရည်တွေကိုထိန်းပြီး အားတင်းပြောရှာတယ်။
"ငါက လိင်တူကြိုက်သူ မဟုတ်ဘူး..."
"..."
ရှုယွမ် အံ့ဩလွန်းလို့ ဘာပြောရမှန်းမသိတော့ဘူး။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူမေးလိုက်တယ်။
" ဒါဆို ဘာလို့ ငါ့ကို နေ့တိုင်း ငေးကြည့်၊ ခိုးကြည့်နေတာလဲ။ အသံဖမ်းတာကရော ဘာလို့လဲ"
လင်းရှောင်အာ နံရံထဲသာ ပြေးဝင်ပျောက်ကွယ်သွားချင်တော့တယ်။ နေ့တစ်ဝက်နီးပါးလောက် ချိတုံချတုံဖြစ်ပြီးနောက်မှာတော့ သူဘက်က စကားစလိုက်တယ်။
"ငါ, ငါ မင်းအသံကိုပဲကြိုက်တာ..."
လင်းရှောင်အာ သူ့အရှက်သိက္ခာတွေကို ခဝါချပစ်ပြီး ကွန်ပျူတာဖွင့်လိုက်တယ်။ အသံဖမ်းဘောပင်ကို ထုတ်လိုက်ပြီး အသံတည်းဖြတ်ဆော့ဖ်ဝဲလ်ကိုပါဖွင့်လိုက်တယ်။ အသံတွေကို စွဲလမ်းတတ်တဲ့သူ့အခြေအနေကို ရှုယွမ်သိအောင် အသေးစိတ်ရှင်းပြပြီး အသံဇာတ်လမ်းတွေအကြောင်းပါ ပြောပြလိုက်တယ်။ ပြသာနာထပ်ဖြစ်မှာကြောက်လို့ ခပ်ဝေးဝေးကပဲနေပြီး ရှင်းပြဖြစ်တယ်။
သူရှင်းပြနေတာတွေကို သေချာနားမလည်ပေမယ့် ခပ်ခွာခွာနေတဲ့လင်းရှောင်အာပုံစံက ရှုယွမ်အတွက်တော့ စိမ်းကားမှုကို ဖြစ်စေတယ်။ အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ရှုယွမ်မေးလာတယ်။
"ဒီတော့ ငါနဲ့အပြင်ထွက်လည်ဖို့ သဘောတူတာက ငါ့အသံကိုဖမ်းဖို့ တစ်ခုတည်းအတွက်ပေါ့? တခြားကိစ္စမပါဘူးပေါ့?"
ရှုယွမ် သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေတယ်။ လင်းရှောင်အာ အပြစ်ရှိသလို ခံစားလိုက်ရပြီး အရမ်းလည်း စိတ်မကောင်းဖြစ်မိလို့ ရှုယွမ်ကို ပြန်မကြည့်ရဲဘူး။
ရှုယွမ်မျက်နှာကြီး နီရဲသွားပြီး အလိုမကျမှုကြောင့် ညည်းမိတယ်။
"ဟာကွာ"
ဒီတော့မှ နားလည်မှုလွဲအောင် လုပ်မိသွားပြီဖြစ်ကြောင်း လင်းရှောင်အာ သဘောပေါက်သွားတယ်။ ပြီးတော့ အားတင်းပြီးပြောလိုက်တယ်...
"ဒီမှာမှားတဲ့သူက ငါပါပဲ...ပြီးတော့ ငါကအဖြောင့်ပါ။ ရေမရောတဲ့ ယောကျာ်းစစ်စစ် အဖြောင့်ပါ!"
ရှုယွမ်ကို ကွေးနေမယ်လို့ သူတကယ်မထင်ခဲ့တာ...
ရှုယွမ် ခပ်ပါးပါးလေးပြုံးတယ်။ ပြီးတော့ ဘာခံစားချက်မှမပါတဲ့အသံနဲ့...
"အိုကေလေ၊ ငါသဘောပေါက်ပါပြီ"
ပြီးတာနဲ့ အပေါ်ကုတ်အင်္ကျီယူပြီး နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်သွားတော့တယ်။
သူ့နောက်ကျောကိုငေးရင်း လင်းရှောင်အာကျန်ခဲ့တယ်။ တစ်ခုခုပြောမလိုနဲ့ ပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမှန်း မသိခဲ့ဘူး။ စိတ်ညစ်ညစ်နဲ့ ခေါင်းအောက်စိုက်ပြီး ဖုန်းကိုပဲ တွေတွေကြီး ငေးကြည့်နေတယ်။ စိတ်ပျက်တာတွေရော၊ စိတ်ရှုပ်တာတွေရော မျိုးစုံဖြစ်ပြီး ခေါင်းကို စားပွဲနဲ့ တိုက်နေမိတယ်။ ထူးဆန်းတာက အခုသူ့ခေါင်းထဲတွေးနေမိတာ ရှုယွမ်အသံမဟုတ်ဘူး။ ရှုယွမ် မျက်လုံးတွေ...ခပ်အေးအေးပြောသွားပေမယ့် နာကျင်မှုတွေ အထင်းသားပေါ်နေတဲ့ မျက်ဝန်းအစုံ...
အဲဒီညက လင်းရှောင်အာလည်း ရင်ကွဲခဲ့ရတာပါပဲ။ ရှုယွမ်အသံတွေအကုန်လုံးလည်း ဖျက်လိုက်တယ်။ ဒီတစ်လျှောက်လုံး သူနဲ့အဖော်ပြုပေးခဲ့တဲ့ အသံတွေ...ဖုန်းထဲကရော ကွန်ပျူတာထဲကပါ တစ်ခုချင်းစီ လိုက်ဖျက်နေတယ်။ နောက်ဆုံးအသံဖိုင်အရောက်မှာတော့...ဒါ ရှုယွမ်ဆိုထားတဲ့ သီချင်းလေး...လင်းရှောင်အာ အသည်းကွဲသလို ခံစားနေရပါတယ်။ လက်တွေတုန်နေတာ လက်ကတုန်ကယင်ရောဂါရှိနေတဲ့ သူတွေအတိုင်းပဲ။ "အတည်ပြုမည်" ခလုတ်နှိပ်ဖို့ အချိန်အတော်ယူလိုက်ရပါတယ်။
စိတ်ညစ်ညစ်နဲ့ ခေါင်းအုံးထဲ ပစ်ဝင်လိုက်တယ်။ ဒီအသံစွဲလမ်းတဲ့စိတ်ကိုလည်း ဖျောက်ပစ်ရမယ်လို့ သံန္နိဌာန်ချလိုက်တယ်။
[Zawgyi]".........."
ျဖစ္ေပၚေနတဲ့အေျခအေနကို လင္းေရွာင္အာတစ္ေယာက္ နားမလည္ႏိုင္ျဖစ္ေနတယ္။ သူ႔ခါးကိုဖက္ထားတဲ့လက္ကို ေၾကာင္ၾကည့္မိေနလို႔ ႐ုန္းဖို႔ေတာင္ေမ့ေနတယ္။ ဒါကို သူဝန္ခံဖို႔ရွက္ေနတာျဖစ္မယ္လို႔ ရႈယြမ္က ထင္ေနေလရဲ႕...။ ရႈယြမ္ ႏွစ္ေထာင္းအားရႀကီးစြာျဖစ္ၿပီးသကာလ ပိုတိုးလို႔ဖက္ထားလိုက္ၿပီး သူ႔နား႐ြက္ကို မထိတထိကိုက္လို႔ တိုးတိုးေလးဆိုတယ္။
"မင္းခါးေလးက ေသးၿပီးသြယ္ေနတာပဲ။ ကိုယ္ သိပ္ သေဘာက်တယ္"
ဘယ္လို အေျခအေနႀကီးလဲ! သူ႔နားထဲကို ဝင္လာတဲ့ အသက္ရႈေငြ႕ေႏြးေႏြးနဲ႔အတူ ညႇိဳ႕ဓာတ္ျပင္းလြန္တဲ့အသံရဲ႕ေအာက္မွာ လင္းေရွာင္အာခႏၶာကိုယ္တစ္ခုလုံး ခ်ိနဲ႔သြားၿပီး မတ္တပ္ေတာင္ ေသခ်ာမရပ္ႏိုင္ေတာ့ဘူး။ ဒါBL ဇာတ္ကားေတြနဲ႔ တူမေနဘူးလား။ သူစိတ္ကူးယဥ္ခဲ့ရတဲ့ အထက္ပုဂၢိဳလ္ရဲ႕အသံနဲ႔ တစ္ပုံစံတည္း!
လင္းေရွာင္အာနား႐ြက္ေတြ ရဲဗေလာင္းခတ္သြားတယ္။ အသံညႇိဳ႕ဓာတ္ျပင္းသေလာက္ လူကိုပါ မထိတထိစေနလို႔ သူ႔ႏွလုံးခုန္သံေတြ မမွန္ခ်င္ေတာ့ဘူး။ ေနာက္ဆုံးမွာေတာ့ ရွိသမွ်အားအင္ အစအနေလး အကုန္စုၿပီး စကားတစ္ခြန္း ေျပာလိုက္တယ္။
"ရႈ...ရႈယြမ္...မေနာက္ပါနဲ႔ကြာ"
ရႈယြမ္ ေနာက္ေနတယ္လို႔ သူထင္တာကိုး...။
ကိုယ့္ကိုယ္ကိုယ္လည္း အားတင္းၿပီး ရႈယြမ္လက္ထဲက စ႐ုန္းပါေတာ့တယ္။
ရႈယြမ္က ပိုတင္းတင္းက်ပ္က်ပ္ ဖက္လာၿပီး တီးတိုးေလး ထပ္ေျပာျပန္တယ္။
"ကိုယ္သိၿပီးၿပီ"
ဘာသိတာလဲ။ လင္းေရွာင္အာ ခုထိဘာမွမသိေသးဘူး။ ႐ုတ္တရက္ ၁၈၀° လွည့္ခံလိုက္ရၿပီး ရႈယြမ္ရဲ႕သန္မာတဲ့လက္ဖဝါးေတြ သူ႔ေခါင္းေနာက္ဘက္ကို လာကိုင္တယ္။ သူတို႔ႏႈတ္ခမ္းခ်င္း ထိစပ္သြားၾကၿပီ။
လင္းေရွာင္အာ အံ့ဩလြန္းလို႔ မ်က္လုံးေတြအျပဴးသား...။ သူ႔ပါးစပ္ထဲ ဝင္ေရာက္လာတဲ့ ခြၽဲက်ိက်ိအရာက ကြၽမ္းက်င္ပိုင္ႏိုင္လိုက္တာ။ ေနရာလပ္မက်န္ကို ထိေတြ႕ေနေတာ့တယ္။ သူတို႔လွ်ာအခ်င္းခ်င္း ပူးကပ္ေစၿပီး ရမၼက္ဆန္ဆန္ လွည့္ပတ္ေစခိုင္းေနတာ။ အနမ္းေတြရဲ႕ အားျပင္းမႈေၾကာင့္ လင္းေရွာင္အာ အသက္ေတာင္မရႈႏိုင္ေတာ့...
လင္းေရွာင္အာ ႏွလုံးသား ထိန္းမရေအာင္ ခုန္ေနၿပီ။ ဒီေနာက္မွာ ရႈယြမ္ကို သူတြန္းထုတ္လိုက္ၿပီး ေရနစ္ေနတဲ့လူလို အသက္ကိုအငမ္းမရ ရႈေနတယ္။ သူ႔မ်က္ဝန္းေတြ ဂနာမၿငိမ္ဘူး။ ေဒါသလည္းထြက္သြားတယ္။
" မင္း...ဒါဘာလုပ္တာလဲ"
ရႈယြမ္ သူ႔ႏႈတ္ခမ္းေတြကို ဟန္ပါပါ လ်က္လိုက္တယ္။ ေျမေခြးဟန္ သူ႔မ်က္ဝန္းေတြဟာ ၿပဳံးေနသေယာင္...
"သိပ္ခ်ိဳတာပဲ...ဘာလဲ...ကိုယ္နမ္းတာ မႀကိဳက္လို႔လား"
"........"
လင္းေရွာင္အာ အရမ္းရွက္သြားတယ္။
ေခါင္းထဲလည္း အေတြးတစ္ခု ဝင္လာတယ္...
ငလူး, ရႈယြမ္က ေဂးလား။ မျဖစ္ႏိုင္ပါဘူးေနာ္!?
ဒါ သူ ႏွစ္ဆယ့္ေလးႏွစ္တာ တယုတယထိန္းသိမ္းလာခဲ့ရတဲ့ ပထမဆုံးအနမ္းေလကြာ...အား!!!
လင္းေရွာင္အာ ရွက္လည္းရွက္၊ ေဒါသလည္းထြက္နဲ႔ သူေဌးေတြဘာေတြလည္း ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ သူ႔ကိုထိုးလိုက္ပါေတာ့တယ္။
" မသာေကာင္! မင္းက ဘာကိုသိ၊ တတ္ေနတာလဲ...မင္းက Laoziမို႔လား?!
(T/N: Laozi ဟာ ေရွးတ႐ုတ္အေတြးအေခၚပညာရွင္နဲ႔ စာေရးဆရာတစ္ဦးျဖစ္ပါတယ္)
ေတာ္႐ုံသိပ္မအံ့ဩတတ္တဲ့ရႈယြမ္ေတာင္ ခုအေျခအေနကို အအံ့ဩႀကီး အံ့ဩေနမိတယ္။ လင္းေရွာင္အာ လက္ေမာင္းေတြက ေသးေပမယ့္ ေဒါသေတြေၾကာင့္လားမသိ အားျပင္းခ်က္။ ေခါင္းေပၚတည့္တည့္က်လာမယ့္ လက္သီးကိုေတာ့ သူေရွာင္လိုက္ႏိုင္တယ္။ ၿပီးေတာ့ သိခ်င္စိတ္ေၾကာင့္ ေမးလိုက္မိတယ္။
"ဘာျဖစ္ေနတာလဲ။ မင္း ငါ့ကိုမႀကိဳက္ဘူးလား"
သူ႔ဘက္က ႀကိဳက္တာ လုံးဝေသခ်ာေနေပမယ့္ တစ္ဖက္လူကေတာ့ မေသခ်ာတဲ့ပုံပဲ...
လင္းေရွာင္အာ ေဒါသမီးေတြ ဟုန္းဟုန္းေတာက္ေနပါၿပီ။
"ဘယ္သူတုံး, ဘယ္သူလဲ။ ဘယ္သူက မင္းကိုႀကိဳက္တာလဲ...ဟမ္?"
"......"
ရႈယြမ္ ဘယ္လိုျပန္ေျပာရမွန္း မသိဘူး။ ဒါေပမယ့္ အၿမဲေအးေအးလူလူေနတတ္တဲ့ လင္းေရွာင္အာရဲ႕ ရွားရွားပါးပါး ေသြးဆူေနတဲ့ပုံစံက ခ်စ္စရာေကာင္းသားပဲလို႔ သူထင္ေနမိတယ္။ ဒါေၾကာင့္ ေရွ႕တစ္လွမ္းတိုးၿပီး ေျပာလိုက္တယ္။
"ဝန္ခံဖို႔ ရွက္မေနပါနဲ႔ကြာ။ ငါေတြ႕ၿပီးသြားၿပီဟာကို"
"......"
လင္းေရွာင္အာ ထိတ္လန႔္သြားၿပီး ေနာက္ကိုလည္း ေျခတစ္လွမ္းဆုတ္လိုက္မိတယ္။ လက္ထဲလည္း အေၾကာ္ဒယ္အိုးကို ကိုင္ထားၿပီး...
"ေရွ႕တိုးမလာနဲ႔! မင္း ဘာကိုေတြ႕သြားတာလဲ"
ရႈယြမ္ ခနဲ႔ၿပဳံး ၿပဳံးလိုက္တယ္။ လည္ေခ်ာင္းဟန႔္ၿပီး ခပ္က်ယ္က်ယ္ေျပာလိုက္တယ္။
" ခုထိ ဝန္မခံခ်င္ေသးဘူးလား? ငါ့အသံေတြကို လွ်ိဳ႕ဝွက္အသံဖမ္းထားၿပီး ဂီတသံေတြနဲ႔ ျပန္ေပါင္းထားတာေလ...ဒါကိုေတာင္ ငါ့ကိုမႀကိဳက္ဘူးလို႔ ျငင္းခ်င္ေသးတာလား?"
"..."
လင္းေရွာင္အာ ကူကယ္ရာမဲ့သလို ခံစားလိုက္ရတယ္။ ၿပိဳက်လာမယ့္မ်က္ရည္ေတြကိုထိန္းၿပီး အားတင္းေျပာရွာတယ္။
"ငါက လိင္တူႀကိဳက္သူ မဟုတ္ဘူး..."
"..."
ရႈယြမ္ အံ့ဩလြန္းလို႔ ဘာေျပာရမွန္းမသိေတာ့ဘူး။ အတန္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ သူေမးလိုက္တယ္။
" ဒါဆို ဘာလို႔ ငါ့ကို ေန႔တိုင္း ေငးၾကည့္၊ ခိုးၾကည့္ေနတာလဲ။ အသံဖမ္းတာကေရာ ဘာလို႔လဲ"
လင္းေရွာင္အာ နံရံထဲသာ ေျပးဝင္ေပ်ာက္ကြယ္သြားခ်င္ေတာ့တယ္။ ေန႔တစ္ဝက္နီးပါးေလာက္ ခ်ိတုံခ်တုံျဖစ္ၿပီးေနာက္မွာေတာ့ သူဘက္က စကားစလိုက္တယ္။
"ငါ, ငါ မင္းအသံကိုပဲႀကိဳက္တာ..."
လင္းေရွာင္အာ သူ႔အရွက္သိကၡာေတြကို ခဝါခ်ပစ္ၿပီး ကြန္ပ်ဴတာဖြင့္လိုက္တယ္။ အသံဖမ္းေဘာပင္ကို ထုတ္လိုက္ၿပီး အသံတည္းျဖတ္ေဆာ့ဖ္ဝဲလ္ကိုပါဖြင့္လိုက္တယ္။ အသံေတြကို စြဲလမ္းတတ္တဲ့သူ႔အေျခအေနကို ရႈယြမ္သိေအာင္ အေသးစိတ္ရွင္းျပၿပီး အသံဇာတ္လမ္းေတြအေၾကာင္းပါ ေျပာျပလိုက္တယ္။ ျပသာနာထပ္ျဖစ္မွာေၾကာက္လို႔ ခပ္ေဝးေဝးကပဲေနၿပီး ရွင္းျပျဖစ္တယ္။
သူရွင္းျပေနတာေတြကို ေသခ်ာနားမလည္ေပမယ့္ ခပ္ခြာခြာေနတဲ့လင္းေရွာင္အာပုံစံက ရႈယြမ္အတြက္ေတာ့ စိမ္းကားမႈကို ျဖစ္ေစတယ္။ အတန္ၾကာတိတ္ဆိတ္သြားၿပီးေနာက္ ရႈယြမ္ေမးလာတယ္။
"ဒီေတာ့ ငါနဲ႔အျပင္ထြက္လည္ဖို႔ သေဘာတူတာက ငါ့အသံကိုဖမ္းဖို႔ တစ္ခုတည္းအတြက္ေပါ့? တျခားကိစၥမပါဘူးေပါ့?"
ရႈယြမ္ သူ႔ကို စူးစူးရဲရဲစိုက္ၾကည့္ေနတယ္။ လင္းေရွာင္အာ အျပစ္ရွိသလို ခံစားလိုက္ရၿပီး အရမ္းလည္း စိတ္မေကာင္းျဖစ္မိလို႔ ရႈယြမ္ကို ျပန္မၾကည့္ရဲဘူး။
ရႈယြမ္မ်က္ႏွာႀကီး နီရဲသြားၿပီး အလိုမက်မႈေၾကာင့္ ညည္းမိတယ္။
"ဟာကြာ"
ဒီေတာ့မွ နားလည္မႈလြဲေအာင္ လုပ္မိသြားၿပီျဖစ္ေၾကာင္း လင္းေရွာင္အာ သေဘာေပါက္သြားတယ္။ ၿပီးေတာ့ အားတင္းၿပီးေျပာလိုက္တယ္...
"ဒီမွာမွားတဲ့သူက ငါပါပဲ...ၿပီးေတာ့ ငါကအေျဖာင့္ပါ။ ေရမေရာတဲ့ ေယာက်ာ္းစစ္စစ္ အေျဖာင့္ပါ!"
ရႈယြမ္ကို ေကြးေနမယ္လို႔ သူတကယ္မထင္ခဲ့တာ...
ရႈယြမ္ ခပ္ပါးပါးေလးၿပဳံးတယ္။ ၿပီးေတာ့ ဘာခံစားခ်က္မွမပါတဲ့အသံနဲ႔...
"အိုေကေလ၊ ငါသေဘာေပါက္ပါၿပီ"
ၿပီးတာနဲ႔ အေပၚကုတ္အက်ႌယူၿပီး ေနာက္ျပန္မလွည့္ၾကည့္ဘဲ ထြက္သြားေတာ့တယ္။
သူ႔ေနာက္ေက်ာကိုေငးရင္း လင္းေရွာင္အာက်န္ခဲ့တယ္။ တစ္ခုခုေျပာမလိုနဲ႔ ပါးစပ္ဟလိုက္ေပမယ့္ ဘာေျပာရမွန္း မသိခဲ့ဘူး။ စိတ္ညစ္ညစ္နဲ႔ ေခါင္းေအာက္စိုက္ၿပီး ဖုန္းကိုပဲ ေတြေတြႀကီး ေငးၾကည့္ေနတယ္။ စိတ္ပ်က္တာေတြေရာ၊ စိတ္ရႈပ္တာေတြေရာ မ်ိဳးစုံျဖစ္ၿပီး ေခါင္းကို စားပြဲနဲ႔ တိုက္ေနမိတယ္။ ထူးဆန္းတာက အခုသူ႔ေခါင္းထဲေတြးေနမိတာ ရႈယြမ္အသံမဟုတ္ဘူး။ ရႈယြမ္ မ်က္လုံးေတြ...ခပ္ေအးေအးေျပာသြားေပမယ့္ နာက်င္မႈေတြ အထင္းသားေပၚေနတဲ့ မ်က္ဝန္းအစုံ...
အဲဒီညက လင္းေရွာင္အာလည္း ရင္ကြဲခဲ့ရတာပါပဲ။ ရႈယြမ္အသံေတြအကုန္လုံးလည္း ဖ်က္လိုက္တယ္။ ဒီတစ္ေလွ်ာက္လုံး သူနဲ႔အေဖာ္ျပဳေပးခဲ့တဲ့ အသံေတြ...ဖုန္းထဲကေရာ ကြန္ပ်ဴတာထဲကပါ တစ္ခုခ်င္းစီ လိုက္ဖ်က္ေနတယ္။ ေနာက္ဆုံးအသံဖိုင္အေရာက္မွာေတာ့...ဒါ ရႈယြမ္ဆိုထားတဲ့ သီခ်င္းေလး...လင္းေရွာင္အာ အသည္းကြဲသလို ခံစားေနရပါတယ္။ လက္ေတြတုန္ေနတာ လက္ကတုန္ကယင္ေရာဂါရွိေနတဲ့ သူေတြအတိုင္းပဲ။ "အတည္ျပဳမည္" ခလုတ္ႏွိပ္ဖို႔ အခ်ိန္အေတာ္ယူလိုက္ရပါတယ္။
စိတ္ညစ္ညစ္နဲ႔ ေခါင္းအုံးထဲ ပစ္ဝင္လိုက္တယ္။ ဒီအသံစြဲလမ္းတဲ့စိတ္ကိုလည္း ေဖ်ာက္ပစ္ရမယ္လို႔ သံႏၷိဌာန္ခ်လိုက္တယ္။