PETRICHOR || VMIN

由 Yimmy95

86.7K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... 更多

နိဒါန်း
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20(Final)
PETRICHOR
Extra
Extra (Bonus Chapter)
Hello!!!
🌨️🌿

17

2.6K 473 20
由 Yimmy95

Unicode

မြင်နေရသမျှ မြင်ကွင်းတို့ဟာ ပြာရီမှုန်ဝါးလာကာ နှလုံးသားတစ်ခုလုံး မွန်းကြပ်ဆို့နင့်ပြီး မောဟိုက်လာရ၏။ အခုသူ့ရှေ့မှာ ရပ်နေတာသည်မှာ ကင်မ်မီဆောမည်သော အမျိုးသမီးစစ်စစ်ပင်။

"ယောင်း . . . ယောင်းမလားဟင်"

ရှေ့က အမျိုးသမီး၏ အသံကိုကြားကြားချင်း သူ့မျက်ဝန်းများမှာ မည်သည့်အချိန်က စတင်ဝေ့ဝဲလာမှန်းမသိရသည့် မျက်ရည်တို့ အိုင်ထွန်းလာသည်။ မျက်ရည်ကြည်တို့ဖြင့် ဝေဝါးလာသာ မြင်ကွင်းထဲတွင် သူသည်ရှေ့က မိန်းကလေးတစ်ယောက်ကိုသာ မြင်တော့သည်။

ထပ်မံ၍ သစ္စာအဖောက်ခံလိုက်ရသလို ခံစားချက်မျိုးပင်လား။ နောင်တ တရားပင်လား မသဲကွဲသော ခံစားချက်များက နှလုံးသားတစ်ခုလုံး ပြည့်သိပ်လာစေသည်။

ထိုတဒင်္ဂတွင် အနှီအမျိုးသမီးဟာ သူ့ရှိရာသို့ ခပ်ဖြည်းဖြည်းလျှောက်လို့လာသည်။

"ယောင်း . .  ဒီကို . . "

နားထဲသို့ တဝီဝီမြည်လာသော လေသံများကြောင့် စကားသံတို့အား ပြတ်တောင်းပြတ်တောင်းသာ ကြားနေရပြီး သူ့ခေါင်းထဲ၌ ထုံကျင်ကိုက်ခဲလာတော့၏။

***

ကင်မ်မျိုးရိုး၏ တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သူ
ကင်မ်ထယ်ယောင်း။

မိဘတွေ ကိုယ်တိုင်ဦးစီးသည့် ဆိုးလ်မြို့ရှိနာမည်ကြီးဆေးရုံကြီး၌ပင် ဆေးကျောင်းပြီးကတည်းက အလုပ်ဝင်ခဲ့သည်။ ​မိသားစုထဲမှာ တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သည့်အလျှောက် အားလုံးက ဂရုစိုက်အလေးပေးကာ သဲသဲလှုပ်ချစ်ကြ၏။

ငယ်ငယ်ကတည်းက သည်အသိုင်းအဝိုင်းထဲမှ ရုန်းထွက်ခွင့်မရခဲ့သည့် ထယ်ယောင်းက တစ်နေ့မှာ ဆေးရုံကိုလာပြသည့် လူနာအဒေါ်ကြီးတစ်ယောက်၏ သမီးဖြစ်သူနှင့် စတင်ချစ်ကျွမ်းဝင်ခဲ့သည်။ ထိုအမျိုးသမီးနာမည်က ကင်မ်မီဆော။

ပထမဆုံးအကြိမ်အဖြစ် အချစ်ကို ထိတွေ့မိခြင်းဖြစ်ပြီး၊ အနှီမိန်းကလေးနှင့်မှ သာမန်လူတန်းစားတွေ၏ ဘဝအကြောင်းအား နားလည်လာရသည်​မို့ ဆင်းရဲလွန်းလှသည့် ဆောအပေါ် ကာကွယ်စောင့်ရှောက်ပေးချင်စိတ်လေးတွေ ဖြစ်တည်လာခဲ့သည်။

သို့ပေသောကြောင့် မိဘ၊ ဆွေမျိုးများနှင့် ဆန့်ကျင်ကာ ဆောနှင့် ထယ်ယောင်းတို့ ခိုးပြေးခဲ့ကြသည်။ မိုးနံ့သင်းသော နေ့လယ်ခင်းလေးမှာ နယ်ဘုရားကျောင်းလေးတစ်ခု၌ နှစ်ဦးသား လက်ထပ်ခဲ့ကြသည်။

ထယ်ယောင်း၏အသိုင်းအဝိုင်းများနှင့်ဝေးရာ။ ဆော၏ဆင်းရဲဒုက္ခတွေနှင့်ဝေးရာ။
ချစ်ခြင်းအသိုက်အမြုံလေးမှာ သူတို့နှစ်ဦး ပျော်ရွှင်ခဲ့ကြ၏။

မိုးရွာရင်မကြိုက်ဘဲ မိုးစိုမှာကို အလွန်မုန်းတတ်သည့် ထယ်ယောင်းအား ဆောက မိုးကိုချစ်တတ်လာအောင် သင်ပေးခဲ့သည်။ ရင်ခုန်စရာမိုးညတွေအား နှစ်ယောက်အတူတူဖန်တီးခဲ့ကြသည်။ မိုးရနံ့နှင့်တူသော ဆော၏ ကိုယ်သင်းရနံ့လေးကို ထယ်ယောင်း မြတ်နိုးခဲ့သည်။ မိုးကိုမုန်းသည့် ကောင်လေးက ချစ်ရသူနှင့်အတူ မိုးရွာထဲ ထီးမပါဘဲ လမ်းလျှောက်ရသည်ကို နှစ်သက်ခဲ့ပါသည်။

သို့သည့်တိုင် မိုးသက်လေ​​ပြည်တို့ အလွန်မှာလေပြင်းမုန်တိုင်းဆိုတာလည်း ရှိတတ်သေးသည် မဟုတ်ပါလား။

ထိုနေ့။

အရင်က ထယ်ယောင်းသည် အမဖြစ်သူ စကားတွေအား မယုံခဲ့။ သို့သော် အဲ့သည်နေ့က သူကိုယ်တိုင် သူ့အမျိုးသမီးနှင့် တခြားအမျိုးသားတစ်ယောက်တို့ နမ်းနေကြသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။

ပြာရီမှိုင်းသော ဝန်းကျင်ဟာ သဲသဲမဲမဲရွာသွန်းနေသော မိုးကြောင့် အရာအားလုံးမှုန်ဝါးဝါးရယ်။ ကြမ်းတမ်းလှသော လေပြင်းဒဏ်အား လမ်းပေါ်က ကားနှစ်စီးသုံးစီးဟာ အလူးအလဲခံနေရသည်။ ထယ်ယောင်းနှင့် ဆောတို့ စီးလာကြသည့် ကားလည်း အပါအဝင်ပင်။

"ယောင်း ဆောကိုမယုံတာလာ"

"ဆောကိုယုံတယ်၊ မဟုတ်ဘူး  . .
ယုံပေးခဲ့တယ်လေ ဒါပေမဲ့ ကိုယ် ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ခဲ့တာကို . . . . "

နှစ်ယောက်လုံး နာကျင်နေရတာပါပဲ ။
နှစ်ယောက်လုံး ငိုနေရတာပဲ။
မချစ်ကြတာလည်း မဟုတ်ဘဲနဲ့ ဆောက ဘာကြောင့် သူ့ကိုသစ္စာဖောက်ရတာလဲ။

"ယောင်းရယ် ဆော မှားသွားပါတယ်နော် ယောင်းကို ဆော မချစ်လို့မဟုတ်ပါဘူး"

ဘာလဲ။ ဝန်ခံလိုက်တာလား။ ဆောက သူဖောက်ပြန်တယ်ဆိုတာ ဝန်ခံလိုက်တာပေါ့။

"ကင်မီဆော!!!"

ယောင်းတစ်ခါမှ တစ်ပါးသူအပေါ်ကို အဲ့သည်လောက် ဒေါသမထွက်ခဲ့ဖူးပါ။

သူ့ အသက်ထက် မြတ်နိုးချစ်ခင်ရပြီး အရာအားလုံးနှင့်လဲခဲ့ရသည့် မိန်းကလေးဟာ သူ့အပေါ် လွယ်လွယ်နှင့် သစ္စာဖောက်ရက်သည်ကြောင့်သာ။

သေလောက်အောင် နာကျင်နေပြီး ဆောက်တည်ရာမရစွာ မျက်ရည်တို့ ကျဆင်းနေကြသော်လည်း ထယ်ယောင်းက ကားကို လုံးဝမရပ်သေးဘဲ ဆက်မောင်းနေ၏။ သူတို့ မည်သည်ကို ဦးတည်နေပြီး မည်သို့ရှေ့ဆက်ကြရမည်ဆိုတာ နှစ်ဦးသားလုံး မတွေးချင်တော့။

နှစ်ဦးကြားရှိ လေထုမှာ အေးစက်လာပြီး စကားသံတို့ ခေတ္တတိတ်ဆိတ်သွားခဲ့သည်။

ရှိုက်သံတိုးတိုးဟာ ဆောဆီကလား
ယောင်းဆီကလား မသိရပေမဲ့။
နှစ်ယောက်လုံးဆီကလည်း ဖြစ်နိုင်တာပဲ။

အပြင်၌ နှစ်ဦးသား နှစ်သက်ခဲ့ရသည့်
မိုးဒေဝါဟာ သဲကြီးမဲကြီး ရွာသွန်းမြဲ။
အတန်ကြာအောင် တိတ်ဆိတ်ပြီးနောက်။

"ကွာရှင်းကြတာပေါ့"

တုန်ရီအက်ကွဲစွာ ထွက်လို့လာသော ထယ်ယောင်း၏ အသံဟာ တိုးဖျော့လွန်းနေသည်။

"မရဘူးနော် ယောင်း
ဒီလောက်အမှားလေးနဲ့ ကွာရှင်းစရာလား
ဆောတို့ အေးဆေးစကားပြောရအောင် လမ်းဘေးကို ကားရပ်လိုက်ပါလားနော်"

ကားစီယာတိုင်ပေါ်က ထယ်ယောင်း၏ အကြောပြိုင်းပြိုင်းထနေသော လက်များဟာ ကားရပ်မည့် အရိပ်အယောင်မတွေ့ရ။

"နော် . . လုပ်ပါယောင်းရယ်"

အတင်းဆွဲနေသော ဆော၏ လက်များအား လွန်ဆန်နေရင်းမှ ရုန်းရင်းဆန်ခတ် ဖြစ်လာကြသည်။

သည်လိုအခြေအနေဟာ သိပ်ကို အန္တရာယ်များမှန်း ထယ်ယောင်းသိ၏။ သို့ပေသိ ယောင်း၏ မသိစိတ်ထဲကပါ ကားမှောက်သွားပါစေ။ နှစ်ယောက်လုံး သေလိုက်ပါရစေဟု အထပ်ထပ် ဆုတောင်းနေမိခဲ့သည်ပင်။

မကြာလိုက်ပါဘဲ ဝုန်းခနဲ မြည်သွားသော ကျယ်ကျယ်လောင်လောင် အသံနက်ကြီးနှင့်အတူ ထယ်ယောင်း၏ အတွေးအာရုံများဟာ ခဏတာ ဗလာနတ္တိဖြစ်သွားလေသည်။

ကိုက်ခဲနာကျင်နေသော မျက်လုံးအိမ်တို့အား မိုးစက်များကြားမှ အားတင်းဖွင့်ကြည့်မိသည့်အခါ သွေးအိုင်ထဲလဲနေသည့် ဆောအား သူတွေ့လိုက်ရသည်။

ဤသည်မှာ ဆောအား ထယ်ယောင်း တွေ့ခဲ့ရသည့် နောက်ဆုံးသောအကြိမ်သာ ဖြစ်ချေတော့သည်။

ထယ်ယောင်း ဆုတောင်းတွေပြည့်ခဲ့၏။

ို့သော် သူ့နှလုံးသားက သေမတတ်နာကျင်နေစဲ။

ပင်ပန်းလာသော စိတ်နှလုံးကြောင့် ခေတ္တမျှ မှေးစက်ရန် ကြံရွယ်လိုက်သည်။ သူ့ ကိုယ်ပေါ်သို့ မိုးစက်မိုးပေါက်များဟာလည်း အဆက်မပြတ် ကျဆင်းလျက်။

***

ဆေးရုံအခန်းငယ်တစ်ခု။

ထိုအခန်းလေး၏ ပြတင်းပေါက်နားတွင် အဖြူရောင် လီလီပန်းတို့ထိုးထားသည့် ပန်းအိုးလေးတစ်လုံးရှ်ိ၏။ နလန်ပြန်ထူလာကာစ လူနာတစ်ယောက်က လဲလျောင်းရင်းမှ အနှီလီလီပန်းတစ်ပွင့်အား လက်ဖြင့် အသာထိကြည့်နေမိသည်။ ချိုချိုအီအီ ပန်းအနံ့ကြီးကို သူ အတော်မုန်းလှပါရဲ့။

သူ သတိရလာတာ နှစ်ပတ်မြောက်ရှိပြီ။
အမေတို့ပြောသည်မှာ ကားမှောက်ကတည်းက ကိုမာဝင်သွားတာ တစ်နှစ်လောက် ကြာသွားသည်တဲ့လေ။

ဟက် . . . သေသွားရမှာကို

ရယ်သွမ်းသွမ်းဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သော်ငြား မျက်ဝန်းအိမ်မှာတော့ မျက်ရည်တို့ဖြင့်။ သို့သော် ကျဆင်းမလာပါ။

ဆော ဆုံးသွားပြီး သူကတော့ အသက်ရှင်နေသေးတယ်တဲ့လေ။ ရယ်စရာ မကောင်းပေဘူးလား။

နောက်ဆက်တွဲ ပြစ်ဒဏ်အနေနှင့် သူရလိုက်သည်က မိုးရွာတိုင်း ချွေးစေးများပြန်လာရပြီး မူးဝေလာတတ်သည့် ဒုက္ခ။ သည်လိုနှင့် မိုးက သူ့ကို ဒုက္ခအမျိုးမျိုးပေးတော့တာပါပဲ။

အဖြစ်အပျက်တွေ အားလုံးအပြီး တစ်နှစ်ခွဲလောက်အကြာမှာ ထယ်ယောင်း ဆော၏ အုပ်ဂူကို နှုတ်ဆက်ပြီး ဘူဆန်နားက နယ်မြို့လေးဆီ အဖေ့အကူအညီနှင့် ပြောင်းရွှေ့ခဲ့သည်။ တစ်နှစ်လောက် ပြိုလဲနေခဲ့သည့် သူက အလုပ်ပြန်လုပ်ချင်သည်ဟု တောင်းဆိုလိုက်သည်ကြောင့် မိသားစုက မငြင်းဆန်ရက်ကြဘဲ နယ်မြို့လေးသို့ လွှတ်ပေးလိုက်ကြတော့သည်။

သို့ကြောင့်မို့ သူသိထားသည်မှာ
ဆောက သေဆုံးသွားခဲ့ပြီ။ ဤသည်မှာလည်း သူ့ကြောင့်သာပင်။

YIMMY

*****

ဒါကနောက်ကြောင်းပြန်တဲ့အပိုင်းလေးပါ။ နောက်ကြောင်းပြန်ပြီးတာတောင် မြုပ်ကွက်တွေချန်ခဲ့တဲ့ yimmyပါလေ😅

ယော်တောဘွန်းတို့ စနေနေ့ပြန်တွေ့ကြမယ်။

Zawgyi

ျမင္ေနရသမွ် ျမင္ကြင္းတို႔ဟာ ျပာရီမႈန္ဝါးလာကာ ႏွလုံးသားတစ္ခုလုံး မြန္းၾကပ္ဆို႔နင့္ၿပီး ေမာဟိုက္လာရ၏။ အခုသူ႕ေရွ႕မွာ ရပ္ေနတာသည္မွာ ကင္မ္မီေဆာမည္ေသာ အမ်ိဳးသမီးစစ္စစ္ပင္။

"ေယာင္း . . . ေယာင္းမလားဟင္"

ေရွ႕က အမ်ိဳးသမီး၏ အသံကိုၾကားၾကားခ်င္း သူ႕မ်က္ဝန္းမ်ားမွာ မည္သည့္အခ်ိန္က စတင္ေဝ့ဝဲလာမွန္းမသိရသည့္ မ်က္ရည္တို႔ အိုင္ထြန္းလာသည္။ မ်က္ရည္ၾကည္တို႔ျဖင့္ ေဝဝါးလာသာ ျမင္ကြင္းထဲတြင္ သူသည္ေရွ႕က မိန္းကေလးတစ္ေယာက္ကိုသာ ျမင္ေတာ့သည္။

ထပ္မံ၍ သစၥာအေဖာက္ခံလိုက္ရသလို ခံစားခ်က္မ်ိဳးပင္လား။ ေနာင္တ တရားပင္လား မသဲကြဲေသာ ခံစားခ်က္မ်ားက ႏွလုံးသားတစ္ခုလုံး ျပည့္သိပ္လာေစသည္။

ထိုတဒဂၤတြင္ အႏွီအမ်ိဳးသမီးဟာ သူ႕ရွိရာသို႔ ခပ္ျဖည္းျဖည္းေလွ်ာက္လို႔လာသည္။

"ေယာင္း . .  ဒီကို . . "

နားထဲသို႔ တဝီဝီျမည္လာေသာ ေလသံမ်ားေၾကာင့္ စကားသံတို႔အား ျပတ္ေတာင္းျပတ္ေတာင္းသာ ၾကားေနရၿပီး သူ႕ေခါင္းထဲ၌ ထုံက်င္ကိုက္ခဲလာေတာ့၏။

***

ကင္မ္မ်ိဳးရိုး၏ တစ္ဦးတည္းေသာ သားေယာက္်ားေလးျဖစ္သူ
ကင္မ္ထယ္ေယာင္း။

မိဘေတြ ကိုယ္တိုင္ဦးစီးသည့္ ဆိုးလ္ၿမိဳ႕ရွိနာမည္ႀကီးေဆး႐ုံႀကီး၌ပင္ ေဆးေက်ာင္းၿပီးကတည္းက အလုပ္ဝင္ခဲ့သည္။ ​မိသားစုထဲမွာ တစ္ဦးတည္းေသာ သားေယာက္်ားေလးျဖစ္သည့္အေလွ်ာက္ အားလုံးက ဂ႐ုစိုက္အေလးေပးကာ သဲသဲလႈပ္ခ်စ္ၾက၏။

ငယ္ငယ္ကတည္းက သည္အသိုင္းအဝိုင္းထဲမွ ႐ုန္းထြက္ခြင့္မရခဲ့သည့္ ထယ္ေယာင္းက တစ္ေန႕မွာ ေဆး႐ုံကိုလာျပသည့္ လူနာအေဒၚႀကီးတစ္ေယာက္၏ သမီးျဖစ္သူႏွင့္ စတင္ခ်စ္ကြၽမ္းဝင္ခဲ့သည္။ ထိုအမ်ိဳးသမီးနာမည္က ကင္မ္မီေဆာ။

ပထမဆုံးအႀကိမ္အျဖစ္ အခ်စ္ကို ထိေတြ႕မိျခင္းျဖစ္ၿပီး၊ အႏွီမိန္းကေလးႏွင့္မွ သာမန္လူတန္းစားေတြ၏ ဘဝအေၾကာင္းအား နားလည္လာရသည္​မို႔ ဆင္းရဲလြန္းလွသည့္ ေဆာအေပၚ ကာကြယ္ေစာင့္ေရွာက္ေပးခ်င္စိတ္ေလးေတြ ျဖစ္တည္လာခဲ့သည္။

သို႔ေပေသာေၾကာင့္ မိဘ၊ ေဆြမ်ိဳးမ်ားႏွင့္ ဆန့္က်င္ကာ ေဆာႏွင့္ ထယ္ေယာင္းတို႔ ခိုးေျပးခဲ့ၾကသည္။ မိုးနံ႕သင္းေသာ ေန႕လယ္ခင္းေလးမွာ နယ္ဘုရားေက်ာင္းေလးတစ္ခု၌ ႏွစ္ဦးသား လက္ထပ္ခဲ့ၾကသည္။

ထယ္ေယာင္း၏အသိုင္းအဝိုင္းမ်ားႏွင့္ေဝးရာ။ ေဆာ၏ဆင္းရဲဒုကၡေတြႏွင့္ေဝးရာ။
ခ်စ္ျခင္းအသိုက္အၿမဳံေလးမွာ သူတို႔ႏွစ္ဦး ေပ်ာ္႐ႊင္ခဲ့ၾက၏။

မိုး႐ြာရင္မႀကိဳက္ဘဲ မိုးစိုမွာကို အလြန္မုန္းတတ္သည့္ ထယ္ေယာင္းအား ေဆာက မိုးကိုခ်စ္တတ္လာေအာင္ သင္ေပးခဲ့သည္။ ရင္ခုန္စရာမိုးညေတြအား ႏွစ္ေယာက္အတူတူဖန္တီးခဲ့ၾကသည္။ မိုးရနံ႕ႏွင့္တူေသာ ေဆာ၏ ကိုယ္သင္းရနံ႕ေလးကို ထယ္ေယာင္း ျမတ္နိုးခဲ့သည္။ မိုးကိုမုန္းသည့္ ေကာင္ေလးက ခ်စ္ရသူႏွင့္အတူ မိုး႐ြာထဲ ထီးမပါဘဲ လမ္းေလွ်ာက္ရသည္ကို ႏွစ္သက္ခဲ့ပါသည္။

သို႔သည့္တိုင္ မိုးသက္ေလ​​ျပည္တို႔ အလြန္မွာေလျပင္းမုန္တိုင္းဆိုတာလည္း ရွိတတ္ေသးသည္ မဟုတ္ပါလား။

ထိုေန႕။

အရင္က ထယ္ေယာင္းသည္ အမျဖစ္သူ စကားေတြအား မယုံခဲ့။ သို႔ေသာ္ အဲ့သည္ေန႕က သူကိုယ္တိုင္ သူ႕အမ်ိဳးသမီးႏွင့္ တျခားအမ်ိဳးသားတစ္ေယာက္တို႔ နမ္းေနၾကသည္ကို မ်က္ဝါးထင္ထင္ ျမင္ခဲ့ရ၏။

ျပာရီမွိုင္းေသာ ဝန္းက်င္ဟာ သဲသဲမဲမဲ႐ြာသြန္းေနေသာ မိုးေၾကာင့္ အရာအားလုံးမႈန္ဝါးဝါးရယ္။ ၾကမ္းတမ္းလွေသာ ေလျပင္းဒဏ္အား လမ္းေပၚက ကားႏွစ္စီးသုံးစီးဟာ အလူးအလဲခံေနရသည္။ ထယ္ေယာင္းႏွင့္ ေဆာတို႔ စီးလာၾကသည့္ ကားလည္း အပါအဝင္ပင္။

"ေယာင္း ေဆာကိုမယုံတာလာ"

"ေဆာကိုယုံတယ္၊ မဟုတ္ဘူး  . .
ယုံေပးခဲ့တယ္ေလ ဒါေပမဲ့ ကိုယ္ ကိုယ္တိုင္ မ်က္ဝါးထင္ထင္ျမင္ခဲ့တာကို . . . . "

ႏွစ္ေယာက္လုံး နာက်င္ေနရတာပါပဲ ။
ႏွစ္ေယာက္လုံး ငိုေနရတာပဲ။
မခ်စ္ၾကတာလည္း မဟုတ္ဘဲနဲ႕ ေဆာက ဘာေၾကာင့္ သူ႕ကိုသစၥာေဖာက္ရတာလဲ။

"ေယာင္းရယ္ ေဆာ မွားသြားပါတယ္ေနာ္ ေယာင္းကို ေဆာ မခ်စ္လို႔မဟုတ္ပါဘူး"

ဘာလဲ။ ဝန္ခံလိုက္တာလား။ ေဆာက သူေဖာက္ျပန္တယ္ဆိုတာ ဝန္ခံလိုက္တာေပါ့။

"ကင္မီေဆာ!!!"

ေယာင္းတစ္ခါမွ တစ္ပါးသူအေပၚကို အဲ့သည္ေလာက္ ေဒါသမထြက္ခဲ့ဖူးပါ။

သူ႕ အသက္ထက္ ျမတ္နိုးခ်စ္ခင္ရၿပီး အရာအားလုံးႏွင့္လဲခဲ့ရသည့္ မိန္းကေလးဟာ သူ႕အေပၚ လြယ္လြယ္ႏွင့္ သစၥာေဖာက္ရက္သည္ေၾကာင့္သာ။

ေသေလာက္ေအာင္ နာက်င္ေနၿပီး ေဆာက္တည္ရာမရစြာ မ်က္ရည္တို႔ က်ဆင္းေနၾကေသာ္လည္း ထယ္ေယာင္းက ကားကို လုံးဝမရပ္ေသးဘဲ ဆက္ေမာင္းေန၏။ သူတို႔ မည္သည္ကို ဦးတည္ေနၿပီး မည္သို႔ေရွ႕ဆက္ၾကရမည္ဆိုတာ ႏွစ္ဦးသားလုံး မေတြးခ်င္ေတာ့။

ႏွစ္ဦးၾကားရွိ ေလထုမွာ ေအးစက္လာၿပီး စကားသံတို႔ ေခတၱတိတ္ဆိတ္သြားခဲ့သည္။

ရွိုက္သံတိုးတိုးဟာ ေဆာဆီကလား
ေယာင္းဆီကလား မသိရေပမဲ့။
ႏွစ္ေယာက္လုံးဆီကလည္း ျဖစ္နိုင္တာပဲ။

အျပင္၌ ႏွစ္ဦးသား ႏွစ္သက္ခဲ့ရသည့္
မိုးေဒဝါဟာ သဲႀကီးမဲႀကီး ႐ြာသြန္းၿမဲ။
အတန္ၾကာေအာင္ တိတ္ဆိတ္ၿပီးေနာက္။

"ကြာရွင္းၾကတာေပါ့"

တုန္ရီအက္ကြဲစြာ ထြက္လို႔လာေသာ ထယ္ေယာင္း၏ အသံဟာ တိုးေဖ်ာ့လြန္းေနသည္။

"မရဘူးေနာ္ ေယာင္း
ဒီေလာက္အမွားေလးနဲ႕ ကြာရွင္းစရာလား
ေဆာတို႔ ေအးေဆးစကားေျပာရေအာင္ လမ္းေဘးကို ကားရပ္လိုက္ပါလားေနာ္"

ကားစီယာတိုင္ေပၚက ထယ္ေယာင္း၏ အေၾကာၿပိဳင္းၿပိဳင္းထေနေသာ လက္မ်ားဟာ ကားရပ္မည့္ အရိပ္အေယာင္မေတြ႕ရ။

"ေနာ္ . . လုပ္ပါေယာင္းရယ္"

အတင္းဆြဲေနေသာ ေဆာ၏ လက္မ်ားအား လြန္ဆန္ေနရင္းမွ ႐ုန္းရင္းဆန္ခတ္ ျဖစ္လာၾကသည္။

သည္လိုအေျခအေနဟာ သိပ္ကို အႏၲရာယ္မ်ားမွန္း ထယ္ေယာင္းသိ၏။ သို႔ေပသိ ေယာင္း၏ မသိစိတ္ထဲကပါ ကားေမွာက္သြားပါေစ။ ႏွစ္ေယာက္လုံး ေသလိုက္ပါရေစဟု အထပ္ထပ္ ဆုေတာင္းေနမိခဲ့သည္ပင္။

မၾကာလိုက္ပါဘဲ ဝုန္းခနဲ ျမည္သြားေသာ က်ယ္က်ယ္ေလာင္ေလာင္ အသံနက္ႀကီးႏွင့္အတူ ထယ္ေယာင္း၏ အေတြးအာ႐ုံမ်ားဟာ ခဏတာ ဗလာနတၱိျဖစ္သြားေလသည္။

ကိုက္ခဲနာက်င္ေနေသာ မ်က္လုံးအိမ္တို႔အား မိုးစက္မ်ားၾကားမွ အားတင္းဖြင့္ၾကည့္မိသည့္အခါ ေသြးအိုင္ထဲလဲေနသည့္ ေဆာအား သူေတြ႕လိုက္ရသည္။

ဤသည္မွာ ေဆာအား ထယ္ေယာင္း ေတြ႕ခဲ့ရသည့္ ေနာက္ဆုံးေသာအႀကိမ္သာ ျဖစ္ေခ်ေတာ့သည္။

ထယ္ေယာင္း ဆုေတာင္းေတြျပည့္ခဲ့၏။

ို႔ေသာ္ သူ႕ႏွလုံးသားက ေသမတတ္နာက်င္ေနစဲ။

ပင္ပန္းလာေသာ စိတ္ႏွလုံးေၾကာင့္ ေခတၱမွ် ေမွးစက္ရန္ ႀကံ႐ြယ္လိုက္သည္။ သူ႕ ကိုယ္ေပၚသို႔ မိုးစက္မိုးေပါက္မ်ားဟာလည္း အဆက္မျပတ္ က်ဆင္းလ်က္။

***

ေဆး႐ုံအခန္းငယ္တစ္ခု။

ထိုအခန္းေလး၏ ျပတင္းေပါက္နားတြင္ အျဖဴေရာင္ လီလီပန္းတို႔ထိုးထားသည့္ ပန္းအိုးေလးတစ္လုံးရွ္ိ၏။ နလန္ျပန္ထူလာကာစ လူနာတစ္ေယာက္က လဲေလ်ာင္းရင္းမွ အႏွီလီလီပန္းတစ္ပြင့္အား လက္ျဖင့္ အသာထိၾကည့္ေနမိသည္။ ခ်ိဳခ်ိဳအီအီ ပန္းအနံ႕ႀကီးကို သူ အေတာ္မုန္းလွပါရဲ႕။

သူ သတိရလာတာ ႏွစ္ပတ္ေျမာက္ရွိၿပီ။
အေမတို႔ေျပာသည္မွာ ကားေမွာက္ကတည္းက ကိုမာဝင္သြားတာ တစ္ႏွစ္ေလာက္ ၾကာသြားသည္တဲ့ေလ။

ဟက္ . . . ေသသြားရမွာကို

ရယ္သြမ္းသြမ္းျဖင့္ တစ္ကိုယ္တည္း ေရ႐ြတ္လိုက္ေသာ္ျငား မ်က္ဝန္းအိမ္မွာေတာ့ မ်က္ရည္တို႔ျဖင့္။ သို႔ေသာ္ က်ဆင္းမလာပါ။

ေဆာ ဆုံးသြားၿပီး သူကေတာ့ အသက္ရွင္ေနေသးတယ္တဲ့ေလ။ ရယ္စရာ မေကာင္းေပဘူးလား။

ေနာက္ဆက္တြဲ ျပစ္ဒဏ္အေနႏွင့္ သူရလိုက္သည္က မိုး႐ြာတိုင္း ေခြၽးေစးမ်ားျပန္လာရၿပီး မူးေဝလာတတ္သည့္ ဒုကၡ။ သည္လိုႏွင့္ မိုးက သူ႕ကို ဒုကၡအမ်ိဳးမ်ိဳးေပးေတာ့တာပါပဲ။

အျဖစ္အပ်က္ေတြ အားလုံးအၿပီး တစ္ႏွစ္ခြဲေလာက္အၾကာမွာ ထယ္ေယာင္း ေဆာ၏ အုပ္ဂူကို ႏႈတ္ဆက္ၿပီး ဘူဆန္နားက နယ္ၿမိဳ႕ေလးဆီ အေဖ့အကူအညီႏွင့္ ေျပာင္းေ႐ႊ႕ခဲ့သည္။ တစ္ႏွစ္ေလာက္ ၿပိဳလဲေနခဲ့သည့္ သူက အလုပ္ျပန္လုပ္ခ်င္သည္ဟု ေတာင္းဆိုလိုက္သည္ေၾကာင့္ မိသားစုက မျငင္းဆန္ရက္ၾကဘဲ နယ္ၿမိဳ႕ေလးသို႔ လႊတ္ေပးလိုက္ၾကေတာ့သည္။

သို႔ေၾကာင့္မို႔ သူသိထားသည္မွာ
ေဆာက ေသဆုံးသြားခဲ့ၿပီ။ ဤသည္မွာလည္း သူ႕ေၾကာင့္သာပင္။

YIMMY

*****

ဒါကေနာက္ေၾကာင္းျပန္တဲ့အပိုင္းေလးပါ။ ေနာက္ေၾကာင္းျပန္ၿပီးတာေတာင္ ျမဳပ္ကြက္ေတြခ်န္ခဲ့တဲ့ yimmyပါေလ😅

ေယာ္ေတာဘြန္းတို႔ စေနေန႕ျပန္ေတြ႕ၾကမယ္။

继续阅读

You'll Also Like

223K 27.3K 38
Cover presented by @Alexandrine_Kim "ကကြိုး‌ရုပ်တွေရဲ့ ဖြစ်တည်မှုကို ခင်ဗျားသိလား။" "ကႀကိဳးရုပ္ေတြရဲ့ ျဖစ္တည္မႈကို ခင္ဗ်ားသိလား..။" 📆Start - 21.9.20...
284K 29.3K 34
ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ႐ုပ္ဆိုးဆိုး အစခံ အႏိုင္က်င့္ခံ ေကာင...
33.2K 3.6K 26
ပန်းဆိုပေမယ့် ဆူးဖက်တဲ့အနွယ်ဝင်...။ ဒီယောက်ျားကို ကျွန်တော် ROSEလို့နာမည်ပေးထားတယ်....။🌹 စတင်သည့်အချိန်- October 13. 2021 ပြီးဆုံးသည့်အချိန်-Novembe...
242K 7.6K 29
Yuri wakes one morning in the bed of one Victor Nikiforov after getting drunk at a club the evening before. However, their one-night stand would not...