Unicode
"လူလေးအမောပြေ သံပုရည်လေးသောက်လိုက်အုံး"
ဉီးလေးဆီကဖျော်ရည်ခွက်ကိုယူပြီးတစ်ဝက်ကျော်ကျော်လောက်သောက်လိုက်တယ်။
"ဉီးလေးနာမည်က အောင်ထွန်းပါ
ဒီမှာခြံစောင့်လုပ်တယ်ဒါကဉီးလေးဇနီးမိလုံး သူကဒီကအိမ်ထမင်းချက်၊အိမ်သန့်ရှင်းရေး
လုပ်တယ်"
"မိလုံးဒါသားစိုင်းကိုစောင့်ရှောက်မယ့်သူနာပြုသငယ်လေးနေခွန်းသစ်တဲ့"
ဉီးလေးကအပြန်အလှန်မိတ်ဆက်
ပေးတော့ ကျနော်လည်းပြန်နှုတ်ဆက်လိုက်တော့ဉ်ီးလေးမိန်းမက
"သား စားချင်တာရှိရင်ဒေါ်လေးလုံးကိုပြော အားမနာနဲ့နော်"
ဒေါ်လေးလုံးကဖောဖောရွေရွေပြောသည်။
"ဟုတ်ဒေါ်လေးလုံး"
ဒေါ်လေးလုံးကိုပြန်ဖြေရင်းဉီးလေးအောင်ဘက်လှည့်ကာ...
"ဉီးလေးအောင်ကျနော့်ကို ကိုစိုင်းသူရိန်အခန်းလိုက်ပို့ပေးပါလား
နှုတ်ဆက်ချင်လို့"
"ဉီးလေးလိုက်ပို့ပေးမယ် သားစိုင်းအခန်းကအပေါ်ထပ်မှာ အထုပ်တွေထား ထားခဲ့"
.............................................
ဉီးလေးအောင်သွားတဲ့နောက်ကိုလိုက်ရင်းအပေါ်ထပ်ရောက်တော့....
အခန်း၃ခန်းရှိပြီးညာဖက်မှာတစ်ခန်း
ဘယ်ဘက်မှာနှစ်ခန်း....
ဉီးလေးအောင်အခုသွားနေတာကဘယ်ဘက်ခြမ်းရဲ့ ဒုတိယမြောက်
အခန်း။
အခန်းရှေ့ရောက်တော့ဉီးလေးအောင်ကရပ်လိုက်ပြီး တံခါးခေါက်လိုက်တယ်...........
"သားစိုင်း ဉီးလေးအောင်ပါ"
"လော့မချထားဘူး"
အခန်းထဲမှမတိုးလွန်းမကျယ်လွန်းသောအသံတစ်ခုထွက်လာပြီး......
ဉီးလေးအောင်ကအခန်းထဲကိုဝင်သွားတော့ ခွန်းသစ်ပါလိုက်ဝင်လိုက်သည်။
ဝင်ဝင်ခြင်းဝှီးချဲလ်ပေါ်မှာထိုင်းနေပြီး
အနောက်ကမြင်ရတဲ့ကျော်ပြင်တစ်ခု၊
ဂျင်းဘောင်းဘီအရှည်တစ်ထည်နှင့် တီရှပ်အဖြူရောင်ကိုဝတ်ထားသည်။ဆံပင်တွေက ဂုတ်လောက်ထိရှည်နေပြီး နီကျင့်ကျင့်အရောင်သို့ပြောင်းနေတယ်........
"သားစိုင်းဒါကမောင်ထင်သော်လွှတ်လိုက်တဲ့ သူနာပြုလူလေး"
"ဟုတ်ကဲ့ ကျနော့်နာမည်နေခွန်းသစ်ပါ ကိုစိုင်းသူရိန်ကိုစောင့်ရှောက်"
"ဉီးလေးအောင် ကျနော်သူနဲ့နှစ်ယောက်တည်းစကားပြောချင်တယ်"
ခွန်းသစ်စကားပင်ဆုံးအောင်မပြောလိုက်ရ၊ စကားဖြတ်ပြောလာတော့
ဉီးလေးအောင်လည်း အလိုက်တသိနဲ့
အခန်းထဲကထွက်သွားတယ်.......
အခုကျနော်နဲ့သူနဲ့အခန်းထဲမှာနှစယောက်ဘဲကျန်တယ်......
မျက်နှာကိုလည်းမလှည့်ဘဲကျောခိုင်းထားတုန်း......
"ဘယ်ဘက်ခြမ်းကမီးခံ သေတ္တာထဲမှာပိုက်ဆံတွေရှိတယ် မင်းကြိုက်သလောက်ယူသွား"
"ပြီးရင်အလုပ်ထွက်လိုက်"
အမိန့်မမည်သောစကားကိုအမိန့်လိုပြောလာသူ။
လူကိုပိုက်ဆံမက်တယ်များထင်နေလားမသိဘူး။
လူကနည်းနည်းတော့ဒေါသထွက်ချင်လာတယ်၊ဒါပေမယ့် ဒေါသတွေကိုပြန်မြိုချရင်း.....
"ကျနော့်အလုပ်လစာကို ဉီးထင်သော်ကပေးပြီးပါပြီ။ဒီပိုက်ဆံတွေကိုလည်း
ကျနော်မယူပါဘူး"
"ဘာလို့ဆို ကျနော်အလုပ်ထွက်မှာမဟုတ်လို့"
ကျနော်ပြောလိုက်တော့ဝှီးချဲလ်ဘီးကိုလက်နဲ့လှည့်ကာ ကျနော့်ဘက်ကိုလှည့်လာသူ၊ပြီးတော့ ဒေါသမီးတောက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ......
"မင်း......"
"ကျနော်နောက်နေ့ကစပြီး ကိုစိုင်းသူရိန်ကိုစောင့်ရှောက်မှာဖြစ်ပြီး အခုတော့ကျနော်ခရီးပန်းလာလို့နားပါတော့မယ်"
ခွန်းသစ်လိုရင်းသာပြောပြီးအခန်းထဲကထွက်လာလိုက်သည်။သူဆက်ပြောရင်လည်းအဆင်မပြေဖြစ်မှာသိသည်။
ကိုစိုင်းသူရိန် အကြောင်းကိုသူ့အဖေ
ဉီးစိုင်းထင်သော်ဆီကသိခဲ့ပြီးပြီ။
"တောက်!"
တံခါးဝရောက်ခံနီးကြားလိုက်ရတဲ့တောက်ခေါက်သံကြောင့် ခွန်းသစ်ကိုယ်လေးတစ်ချက်တုန်သွားသည်။
"ဟင်း....."
အခန်းပြင်ရောက်တော့
ခွန်းသစ်သက်ပြင်းအရှည်ချတစ်ခုရင်း......
ငါဒီလူနဲ့ဘယ်လိုများခရီးဆက်ရပါ့မလဲနော်........
စိုင်းသူရိန်သည် အဖေဖြစ်သူနှင့်စကားမပြောသည်မှာ၂နှစ်ကျော်ကြာခဲ့ပြီ။အကြောင်းအရင်းမှာ.....
.............................................
လွန်ခဲ့သော၂နှစ်ကျော်သို့<<<<<<
"အဖေ ကျနော်နဲ့နွယ်ကိုသဘောတူပေးပါ"
သူရိန်တစ်ယောက်သူ့ချစ်သူနွယ်နှင့်သဘောတူရန်
ဖခင်ဖြစ်သူဉီးထင်သော်ထံတောင်းဆိုနေသည်။
"ငါမင်းတို့ကိုသဘောမတူနိုင်ဘူးလို့ပြောပြီးပြီလေ"
"နွယ်က ဆင်းရဲနေလို့လား"
ဉီးထင်သော်သည်ကျောပေးပြီး
ပြောနေရာမှ သူရိန်ဘက်လှည့်လာပြီး.......
"ပိုက်ဆံရှိတာမရှိတာကို ငါဂရုမစိုက်ဘူး အဓိက ကပညာတတ်တာဘဲ
ငါတို့မျိုးရိုးဂုဏ်ကိုမင်းထည့်မတွက်
တော့ဘူးလား"
ဉီးထင်သော်သည် ပြိုင်ဘက်ကင်းစီးပွားရေးတစ်ယောက်ဖြစ်ပြီး၊
ဆော်ဘွားမျိုးနွယ်လည်းဖြစ်သည်။
အခုဟာကလည်းကိုယ့်ခြံမှာအလုပ်လုပ်တဲ့သူရဲ့သမီး၊
သူ့မှာငွေကြေးပြည့်စုံတယ်၊
တစ်ချိန်ကျရင် ဒါတွေကသူ့သား
သူရိန်ပိုင်ဆိုင်ရမှာဖြစ်သည့် အတွက်
သူရိန်ကြိုက်သည့်မိန်းကလေးသည်
ဉစ္စာပေါ၊ရုပ်ချောဖို့မလို ဒါပေမယ့်ပညာတတ်ဖို့တော့လိုတယ်။
"အဖေသဘောမတူလဲ ကျနော်ကတော့နွယ့်ကိုရအောင် လက်ထက်မှာဘဲ"
သူရိန်ပြောပြီးကားသော့ဆွဲကာထွက်လာခဲ့သည်။
ကျန်ခဲ့တဲ့ဉီးထင်သော်ကတော့ ဖုန်းထုတ်ကာ သူ့တပည့်တစ်ယောက်အား ဆက်လိုက်သည်။
"အခုသူရိန်ဘယ်သွားလဲ လိုက်ကြည့်ပြီးရင်ငါ့ကိုချက်ချင်းပြန်ပြော"
"ဟုတ်ကဲ့ပါသူဠေး ကျနော်လိုက်ကြည့်လိုက်ပါ့မယ်"
သူရိန်မင်းကငါ့သားပါမင်းဘယ်ခြေလှမ်း လှမ်းနေလဲဆိုတာငါသိတယ် သူရိန်......
.............................................
ညနေ၅နာရီ>>>>>>
သူရိန်ကားလေးရဲ့ဉီးတည်ရာကတော့
နွယ်ဆိုတဲ့သူ့ကောင်မလေးအိမ်..
"နွယ် နွယ်!"
အိမ်ထဲမှာမြန်မာရင်ဖုံးဝတ်ဆုံခပ်နွမ်းနွမ်းနှင့် ဆံပင်မှာကျောလယ်လောက်ရှိပြီး
သနပ်ခါးကို လှပစွာလိမ်းထားသည့်
နွယ်နွယ်လေး ထွက်လာတယ်.....
"အစ်ကို ဉီးလေးနဲ့တွေ့တာအဆင်ပြေလား"
နွယ်သည်မျှော်လင့်ချက်မျက်ဝန်းများနှင့်မေးလားတော့ သူရိန် နွယ့်လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ကာ
"နွယ်အစ်ကိုပြောတာသေချာနားထောင်နော်............. "
"ဟုတ်အစ်ကိုပြောပါ"
"အစ်ကို့ကိုချစ်လား"
"ဉီးလေးကနွယ်တို့ကိုသဘောမတူလို့လား"
"နွယ် အစ်ကိုမေးတာကိုဘဲဖြေပေးပါ"
"အင်း နွယ်အစ်ကို့ကိုချစ်တယ်"
"ဒါဆိုအစ်ကိုတို့ခိုးပြေးကြမယ်
နွယ်အစ်ကို့ကိုယုံတယ်မလား"
နွယ်အစ်ကို့ကိုမော့ကြည့်ရင်းခေါင်းငြိမ့်ပြလိုက်သည်။
သူရိန်နွယ့်လက်ကိုဆွဲကာ ကားပေါ်တက်ပြီးမောင်းထွက်လာခဲ့သည်။
................................................
အနက်ရောင်ရှပ်အပြည့်နဲ့လူ၃ယောက်ထဲကတစ်ယောက်ကဖုန်းကိုထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်...
"သူဠေးအစ်ကိုလေးက မိန်းကလေးတစ်ယောက်လက်ကိုဆွဲပြီး
ကားမောင်းထွက်သွားပါတယ်"
"အေးမင်းတို့အဲ့ကားနောက်အမှီလိုက်ပြီးသားကိုငါ့ဆီပြန်ခေါ်လာခဲ့"
"ဟုတ်ကဲ့သူဠေး"
...........................................
ညအချိန်ကြောင့်အလင်းရောင်မရှိသလောက်မှိန်ပျပျဖြစ်နေပြီး
အဝေးပြေးလမ်းမပေါ်၌ သူရိန်တို့ကားရဲ့မီးအရောင်တစ်ခုသာရှိသည်။
သူရိန်လက်တစ်ဖက်ကနွယ်ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း တစ်ဖက်လက်ကစီယာတိုင်ကိုကျွမ်းကျင်စွာ
ကိုင်ကာ မောင်းနေသည်။
"အစ်ကိုနောင်တရသေးလား"
"အစ်ကိုကဘာကိုနောင်တရရမှာလဲ
နွယ့်ကိုခိုးလာတာဆိုရင်တော့ အစ်ကိုဘယ်တော့မှာနောင်တမရဘူး နွယ်"
နွယ်သည်သူရိန်စကားဆုံးတော့တော့နွယ့်မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်ဖြစ်ကာ သူရိန်ပုခုံးပေါ်ခေါင်းလေးမှီလိုက်သည်။
ထိုအချန်ဘယ်ကမှန်းမသိတဲ့ ကားအနက်ရောင်တစ်စီးသူရိန်တို့ကားရှေ့ပိတ်ရပ်တော့ သူရိန်ထိုကားကိုရှောင်
တော့လွတ်သွားပေမယ့် ဟိုဘက်ကလာတဲ့ ကုန်တင်ကားကြီးနှင့်တိုက်မိသွားသည်။
သူရိန်တို့ကားသည်သုံးလေးဘက်လောက်လိမ့်သွားကာ နွယ်နွယ်လေးက ကားတံခါးပွင့်ပြီးပြုတ်ကျလာသည်။
နွယ်ကတော့ပွဲချင်းပြီးဆုံးသွားပြီး
သူရိန်ကတော့ဆေးရုံမှာ တစ်လလောက်မေ့နေခဲ့တယ်၊သူရိန်နိုးလာတော့ ခြေထောက်တွေကအကြောသေပြီးလှုပ်လို့မရတော့ဘူး။
သူရိန်ဆေးရုံမှာခြေထောက်အသားကျအောင် တစ်ပတ်နေပြီး
ပြင်ဉီးလွင်မှာသူတို့ဘိုးဘွားပိုင်အိမ်ကြီးမှာပြောင်းနေခဲ့သည်။
ခြံစောင့်ဉီးလေးအောင်တို့လင်မယားရှိတော့အဆင်ပြေသည်။
__________________________________________________________________________♥
Zawgyi
"လူေလးအေမာေျပ သံပုရည္ေလးေသာက္လိုက္အုံး"
ဉီးေလးဆီကေဖ်ာ္ရည္ခြက္ကိုယူၿပီးတစ္ဝက္ေက်ာ္ေက်ာ္ေလာက္ေသာက္လိုက္တယ္။
"ဉီးေလးနာမည္က ေအာင္ထြန္းပါ
ဒီမွာၿခံေစာင့္လုပ္တယ္ဒါကဉီးေလးဇနီးမိလုံး သူကဒီကအိမ္ထမင္းခ်က္၊အိမ္သန့္ရွင္းေရး
လုပ္တယ္"
"မိလုံးဒါသားစိုင္းကိုေစာင့္ေရွာက္မယ့္သူနာျပဳသငယ္ေလးေနခြန္းသစ္တဲ့"
ဉီးေလးကအျပန္အလွန္မိတ္ဆက္
ေပးေတာ့ က်ေနာ္လည္းျပန္ႏႈတ္ဆက္လိုက္ေတာ့ဥ္ီးေလးမိန္းမက
"သား စားခ်င္တာရွိရင္ေဒၚေလးလုံးကိုေျပာ အားမနာနဲ႕ေနာ္"
ေဒၚေလးလုံးကေဖာေဖာေ႐ြေ႐ြေျပာသည္။
"ဟုတ္ေဒၚေလးလုံး"
ေဒၚေလးလုံးကိုျပန္ေျဖရင္းဉီးေလးေအာင္ဘက္လွည့္ကာ...
"ဉီးေလးေအာင္က်ေနာ့္ကို ကိုစိုင္းသူရိန္အခန္းလိုက္ပို႔ေပးပါလား
ႏႈတ္ဆက္ခ်င္လို႔"
"ဉီးေလးလိုက္ပို႔ေပးမယ္ သားစိုင္းအခန္းကအေပၚထပ္မွာ အထုပ္ေတြထား ထားခဲ့"
.............................................
ဉီးေလးေအာင္သြားတဲ့ေနာက္ကိုလိုက္ရင္းအေပၚထပ္ေရာက္ေတာ့....
အခန္း၃ခန္းရွိၿပီးညာဖက္မွာတစ္ခန္း
ဘယ္ဘက္မွာႏွစ္ခန္း....
ဉီးေလးေအာင္အခုသြားေနတာကဘယ္ဘက္ျခမ္းရဲ႕ ဒုတိယေျမာက္
အခန္း။
အခန္းေရွ႕ေရာက္ေတာ့ဉီးေလးေအာင္ကရပ္လိုက္ၿပီး တံခါးေခါက္လိုက္တယ္...........
"သားစိုင္း ဉီးေလးေအာင္ပါ"
"ေလာ့မခ်ထားဘူး"
အခန္းထဲမွမတိုးလြန္းမက်ယ္လြန္းေသာအသံတစ္ခုထြက္လာၿပီး......
ဉီးေလးေအာင္ကအခန္းထဲကိုဝင္သြားေတာ့ ခြန္းသစ္ပါလိုက္ဝင္လိုက္သည္။
ဝင္ဝင္ျခင္းဝွီးခ်ဲလ္ေပၚမွာထိုင္းေနၿပီး
အေနာက္ကျမင္ရတဲ့ေက်ာ္ျပင္တစ္ခု၊
ဂ်င္းေဘာင္းဘီအရွည္တစ္ထည္ႏွင့္ တီရွပ္အျဖဴေရာင္ကိုဝတ္ထားသည္။ဆံပင္ေတြက ဂုတ္ေလာက္ထိရွည္ေနၿပီး နီက်င့္က်င့္အေရာင္သို႔ေျပာင္းေနတယ္........
"သားစိုင္းဒါကေမာင္ထင္ေသာ္လႊတ္လိုက္တဲ့ သူနာျပဳလူေလး"
"ဟုတ္ကဲ့ က်ေနာ့္နာမည္ေနခြန္းသစ္ပါ ကိုစိုင္းသူရိန္ကိုေစာင့္ေရွာက္"
"ဉီးေလးေအာင္ က်ေနာ္သူနဲ႕ႏွစ္ေယာက္တည္းစကားေျပာခ်င္တယ္"
ခြန္းသစ္စကားပင္ဆုံးေအာင္မေျပာလိုက္ရ၊ စကားျဖတ္ေျပာလာေတာ့
ဉီးေလးေအာင္လည္း အလိုက္တသိနဲ႕
အခန္းထဲကထြက္သြားတယ္.......
အခုက်ေနာ္နဲ႕သူနဲ႕အခန္းထဲမွာႏွစေယာက္ဘဲက်န္တယ္......
မ်က္ႏွာကိုလည္းမလွည့္ဘဲေက်ာခိုင္းထားတုန္း......
"ဘယ္ဘက္ျခမ္းကမီးခံ ေသတၱာထဲမွာပိုက္ဆံေတြရွိတယ္ မင္းႀကိဳက္သေလာက္ယူသြား"
"ၿပီးရင္အလုပ္ထြက္လိုက္"
အမိန့္မမည္ေသာစကားကိုအမိန့္လိုေျပာလာသူ။
လူကိုပိုက္ဆံမက္တယ္မ်ားထင္ေနလားမသိဘူး။
လူကနည္းနည္းေတာ့ေဒါသထြက္ခ်င္လာတယ္၊ဒါေပမယ့္ ေဒါသေတြကိုျပန္ၿမိဳခ်ရင္း.....
"က်ေနာ့္အလုပ္လစာကို ဉီးထင္ေသာ္ကေပးၿပီးပါၿပီ။ဒီပိုက္ဆံေတြကိုလည္း
က်ေနာ္မယူပါဘူး"
"ဘာလို႔ဆို က်ေနာ္အလုပ္ထြက္မွာမဟုတ္လို႔"
က်ေနာ္ေျပာလိုက္ေတာ့ဝွီးခ်ဲလ္ဘီးကိုလက္နဲ႕လွည့္ကာ က်ေနာ့္ဘက္ကိုလွည့္လာသူ၊ၿပီးေတာ့ ေဒါသမီးေတာက္ေနတဲ့ မ်က္လုံးေတြနဲ႕ၾကည့္ကာ......
"မင္း......"
"က်ေနာ္ေနာက္ေန႕ကစၿပီး ကိုစိုင္းသူရိန္ကိုေစာင့္ေရွာက္မွာျဖစ္ၿပီး အခုေတာ့က်ေနာ္ခရီးပန္းလာလို႔နားပါေတာ့မယ္"
ခြန္းသစ္လိုရင္းသာေျပာၿပီးအခန္းထဲကထြက္လာလိုက္သည္။သူဆက္ေျပာရင္လည္းအဆင္မေျပျဖစ္မွာသိသည္။
ကိုစိုင္းသူရိန္ အေၾကာင္းကိုသူ႕အေဖ
ဉီးစိုင္းထင္ေသာ္ဆီကသိခဲ့ၿပီးၿပီ။
"ေတာက္!"
တံခါးဝေရာက္ခံနီးၾကားလိုက္ရတဲ့ေတာက္ေခါက္သံေၾကာင့္ ခြန္းသစ္ကိုယ္ေလးတစ္ခ်က္တုန္သြားသည္။
"ဟင္း....."
အခန္းျပင္ေရာက္ေတာ့
ခြန္းသစ္သက္ျပင္းအရွည္ခ်တစ္ခုရင္း......
ငါဒီလူနဲ႕ဘယ္လိုမ်ားခရီးဆက္ရပါ့မလဲေနာ္........
စိုင္းသူရိန္သည္ အေဖျဖစ္သူႏွင့္စကားမေျပာသည္မွာ၂ႏွစ္ေက်ာ္ၾကာခဲ့ၿပီ။အေၾကာင္းအရင္းမွာ.....
.............................................
လြန္ခဲ့ေသာ၂ႏွစ္ေက်ာ္သို႔<<<<<<
"အေဖ က်ေနာ္နဲ႕ႏြယ္ကိုသေဘာတူေပးပါ"
သူရိန္တစ္ေယာက္သူ႕ခ်စ္သူႏြယ္ႏွင့္သေဘာတူရန္
ဖခင္ျဖစ္သူဉီးထင္ေသာ္ထံေတာင္းဆိုေနသည္။
"ငါမင္းတို႔ကိုသေဘာမတူနိုင္ဘူးလို႔ေျပာၿပီးၿပီေလ"
"ႏြယ္က ဆင္းရဲေနလို႔လား"
ဉီးထင္ေသာ္သည္ေက်ာေပးၿပီး
ေျပာေနရာမွ သူရိန္ဘက္လွည့္လာၿပီး.......
"ပိုက္ဆံရွိတာမရွိတာကို ငါဂ႐ုမစိုက္ဘူး အဓိက ကပညာတတ္တာဘဲ
ငါတို႔မ်ိဳးရိုးဂုဏ္ကိုမင္းထည့္မတြက္
ေတာ့ဘူးလား"
ဉီးထင္ေသာ္သည္ ၿပိဳင္ဘက္ကင္းစီးပြားေရးတစ္ေယာက္ျဖစ္ၿပီး၊
ေဆာ္ဘြားမ်ိဳးႏြယ္လည္းျဖစ္သည္။
အခုဟာကလည္းကိုယ့္ၿခံမွာအလုပ္လုပ္တဲ့သူရဲ႕သမီး၊
သူ႕မွာေငြေၾကးျပည့္စုံတယ္၊
တစ္ခ်ိန္က်ရင္ ဒါေတြကသူ႕သား
သူရိန္ပိုင္ဆိုင္ရမွာျဖစ္သည့္ အတြက္
သူရိန္ႀကိဳက္သည့္မိန္းကေလးသည္
ဉစၥာေပါ၊႐ုပ္ေခ်ာဖို႔မလို ဒါေပမယ့္ပညာတတ္ဖို႔ေတာ့လိုတယ္။
"အေဖသေဘာမတူလဲ က်ေနာ္ကေတာ့ႏြယ့္ကိုရေအာင္ လက္ထက္မွာဘဲ"
သူရိန္ေျပာၿပီးကားေသာ့ဆြဲကာထြက္လာခဲ့သည္။
က်န္ခဲ့တဲ့ဉီးထင္ေသာ္ကေတာ့ ဖုန္းထုတ္ကာ သူ႕တပည့္တစ္ေယာက္အား ဆက္လိုက္သည္။
"အခုသူရိန္ဘယ္သြားလဲ လိုက္ၾကည့္ၿပီးရင္ငါ့ကိုခ်က္ခ်င္းျပန္ေျပာ"
"ဟုတ္ကဲ့ပါသူေဠး က်ေနာ္လိုက္ၾကည့္လိုက္ပါ့မယ္"
သူရိန္မင္းကငါ့သားပါမင္းဘယ္ေျခလွမ္း လွမ္းေနလဲဆိုတာငါသိတယ္ သူရိန္......
.............................................
ညေန၅နာရီ>>>>>>
သူရိန္ကားေလးရဲ႕ဉီးတည္ရာကေတာ့
ႏြယ္ဆိုတဲ့သူ႕ေကာင္မေလးအိမ္..
"ႏြယ္ ႏြယ္!"
အိမ္ထဲမွာျမန္မာရင္ဖုံးဝတ္ဆုံခပ္ႏြမ္းႏြမ္းႏွင့္ ဆံပင္မွာေက်ာလယ္ေလာက္ရွိၿပီး
သနပ္ခါးကို လွပစြာလိမ္းထားသည့္
ႏြယ္ႏြယ္ေလး ထြက္လာတယ္.....
"အစ္ကို ဉီးေလးနဲ႕ေတြ႕တာအဆင္ေျပလား"
ႏြယ္သည္ေမွ်ာ္လင့္ခ်က္မ်က္ဝန္းမ်ားႏွင့္ေမးလားေတာ့ သူရိန္ ႏြယ့္လက္ႏွစ္ဖက္ကိုတင္းတင္းဆုပ္ကိုင္ကာ
"ႏြယ္အစ္ကိုေျပာတာေသခ်ာနားေထာင္ေနာ္............. "
"ဟုတ္အစ္ကိုေျပာပါ"
"အစ္ကို႔ကိုခ်စ္လား"
"ဉီးေလးကႏြယ္တို႔ကိုသေဘာမတူလို႔လား"
"ႏြယ္ အစ္ကိုေမးတာကိုဘဲေျဖေပးပါ"
"အင္း ႏြယ္အစ္ကို႔ကိုခ်စ္တယ္"
"ဒါဆိုအစ္ကိုတို႔ခိုးေျပးၾကမယ္
ႏြယ္အစ္ကို႔ကိုယုံတယ္မလား"
ႏြယ္အစ္ကို႔ကိုေမာ့ၾကည့္ရင္းေခါင္းၿငိမ့္ျပလိုက္သည္။
သူရိန္ႏြယ့္လက္ကိုဆြဲကာ ကားေပၚတက္ၿပီးေမာင္းထြက္လာခဲ့သည္။
................................................
အနက္ေရာင္ရွပ္အျပည့္နဲ႕လူ၃ေယာက္ထဲကတစ္ေယာက္ကဖုန္းကိုထုတ္ၿပီး ဖုန္းနံပါတ္တစ္ခုကိုႏွိပ္လိုက္တယ္...
"သူေဠးအစ္ကိုေလးက မိန္းကေလးတစ္ေယာက္လက္ကိုဆြဲၿပီး
ကားေမာင္းထြက္သြားပါတယ္"
"ေအးမင္းတို႔အဲ့ကားေနာက္အမွီလိုက္ၿပီးသားကိုငါ့ဆီျပန္ေခၚလာခဲ့"
"ဟုတ္ကဲ့သူေဠး"
...........................................
ညအခ်ိန္ေၾကာင့္အလင္းေရာင္မရွိသေလာက္မွိန္ပ်ပ်ျဖစ္ေနၿပီး
အေဝးေျပးလမ္းမေပၚ၌ သူရိန္တို႔ကားရဲ႕မီးအေရာင္တစ္ခုသာရွိသည္။
သူရိန္လက္တစ္ဖက္ကႏြယ္ရဲ႕လက္တစ္ဖက္ကိုဆုပ္ကိုင္ရင္း တစ္ဖက္လက္ကစီယာတိုင္ကိုကြၽမ္းက်င္စြာ
ကိုင္ကာ ေမာင္းေနသည္။
"အစ္ကိုေနာင္တရေသးလား"
"အစ္ကိုကဘာကိုေနာင္တရရမွာလဲ
ႏြယ့္ကိုခိုးလာတာဆိုရင္ေတာ့ အစ္ကိုဘယ္ေတာ့မွာေနာင္တမရဘူး ႏြယ္"
ႏြယ္သည္သူရိန္စကားဆုံးေတာ့ေတာ့ႏြယ့္မ်က္ႏွာေပၚမွာ အၿပဳံးေလးတစ္ပြင့္ျဖစ္ကာ သူရိန္ပုခုံးေပၚေခါင္းေလးမွီလိုက္သည္။
ထိုအခ်န္ဘယ္ကမွန္းမသိတဲ့ ကားအနက္ေရာင္တစ္စီးသူရိန္တို႔ကားေရွ႕ပိတ္ရပ္ေတာ့ သူရိန္ထိုကားကိုေရွာင္
ေတာ့လြတ္သြားေပမယ့္ ဟိုဘက္ကလာတဲ့ ကုန္တင္ကားႀကီးႏွင့္တိုက္မိသြားသည္။
သူရိန္တို႔ကားသည္သုံးေလးဘက္ေလာက္လိမ့္သြားကာ ႏြယ္ႏြယ္ေလးက ကားတံခါးပြင့္ၿပီးျပဳတ္က်လာသည္။
ႏြယ္ကေတာ့ပြဲခ်င္းၿပီးဆုံးသြားၿပီး
သူရိန္ကေတာ့ေဆး႐ုံမွာ တစ္လေလာက္ေမ့ေနခဲ့တယ္၊သူရိန္နိုးလာေတာ့ ေျခေထာက္ေတြကအေၾကာေသၿပီးလႈပ္လို႔မရေတာ့ဘူး။
သူရိန္ေဆး႐ုံမွာေျခေထာက္အသားက်ေအာင္ တစ္ပတ္ေနၿပီး
ျပင္ဉီးလြင္မွာသူတို႔ဘိုးဘြားပိုင္အိမ္ႀကီးမွာေျပာင္းေနခဲ့သည္။
ၿခံေစာင့္ဉီးေလးေအာင္တို႔လင္မယားရွိေတာ့အဆင္ေျပသည္။
_________________________________________________________________________♥