ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ြ...
Par Phyomyatsoe
56K 8.3K 120
လင်းယုတုန်သည်ရှစ်နှစ်ကြာတွဲခဲ့သောချစ်သူကကိုးထပ်မှတွန်းချခံရပြီးနောက်လွန်ခဲ့သောရှစ်နှစ်တွင်ပြန်လည်မွေးဖွားလာသည... Plus
Chapter:1(Z+U)
Chapter:2(Z+U)
Chapter:3(Z+U)
Chapter:4(Z+U)
Chapter:6(Z+U)
Chapter:7(Z+U)
Chapter:8(Z+U)
Chapter:9(Z+U)
Chapter:10(Z+U)
Chapter:11(Z+U)
Chapter:12(Z+U)
Chapter:13(Z+U)
Chapter:14(Z+U)
Chapter:15(Z+U)
Chapter:16(Z+U)
Chapter:17(Z+U)
Chapter:18(Z+U)
Chapter(19)U+Z
Ch(20)U+Z
Chapter(21)U+Z
Ch(22)U+Z
Chapter(23)U+Z
Chapter(24)U+Z
Chapter(25)
Chapter(25)အဆကျ
Chapter(26.1)
26.2
27(Uni+Zaw)
27အဆက်(Uni+Zaw)
28.1
28.2
29
29အဆက်
Chapter(30.1)
Chapter(30.1)
Chapter(30.2)
31.1
31.2
Chapter:5(Z+U)
2.3K 445 15
Par Phyomyatsoe
Chapter(5)အားလပ်ရက်
"မင်းပြောတာက မင်းငါးသွားမျှားဖို့ချင်တယ်လို့လား?"ချူထင်းရီက ကျန်းရီဖေးလက်ထဲက ဖုန်းကိုသံသယဖြစ်စွာကြည့်လိုက်တယ်။သူက ကျန်းရီဖေးကို သိလာတာနှစ်နှစ်ဆယ်ကျော်ပြီဖြစ်ပြီး သူတို့က သွေးရင်းမဟုတ်ပေမဲ့သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ညီအကိုထက်တောင်ပိုသိသေးတယ်။သူကဘယ်တော့ကမှ ကျန်းရီဖေးက ဒီလိုဆိုင်းမဆင့်ဗုံမဆင့်လုပ်တာကို မမြင်ဖူးဘူး။
"ငါသွားမယ် ဒါ ပြသနာရှိလို့လား?"
"တကယ်ကိုဘဲ သူကလှလား?ငါတို့က မင်းနဲ့အတူ သွားရင် အဆင်မပြေဖြစ်နိုင်လား?'"အတွင်းရေးမှူးချန်းရှိက ရယ်ပြီးပြောလိုက်တယ်။
"သူက လင်းယုတုန်"
"သူလား?မင်းပြောတော့ သူ့မှာကြိုက်တဲ့သူရှိတယ်ဆို"ချူထင်းရီက စပ်စုသည့်အမူအရာနဲ့ပြောလိုက်တယ်"ငါပြောသလို မင်းတကယ်ဘဲ လင်းအိမ်ကိုသွားပြီးတော့ လင်းကျီဆောင်ကို ရှာပြီး လက်ထပ်ပေးဖို့ တောင်းဆိုခဲ့တာလား?ဟုတ်တယ်မလား?"
"အမ်း"
"......."
သူက လင်းယုတုန်ကို သူ့သူငယ်ချင်းနှစ်ယောက်ခေါ်လာလို့ရလားဟုမေးလိုက်တယ်။သူက ပြန်စာပြန်စာရသည့်အချိန်မှာတော့ ကျန်းရီဖေးက ချူထင်းရီ ချန်းရှိတို့နှင့်အတူ ဖူလင်းဗီလာကိုထွက်လာခဲ့တယ်။လင်းယုတုန်က သူတို့အတွက် လက်မှတ်နှစ်စောင်သာရှိကတည်းက ကျန်းရီဖေးက အပိုလူတစ်ယောက်သာ ခေါ်ဆောင်ရမှာဖြစ်ပေမဲ့ ကျန်းရီဖေးက နှစ်ယောက်ခေါ်လာတဲ့အတွက် သူက လင်းယုတုန်ကို ငွေပေးဖို့လုပ်ခဲ့ပေမဲ့ သူကတားဆီးခံလိုက်ရပြီး လင်းယုတုန်က ဒီအချိန်က သူတို့ရဲ့ဆက်ဆံရေးအတွက်သာဖြစ်လို့ ကျန်းရီဖေးက ငွေကုန်ကျခံစရာမလိုအပ်ဘူးလို့ တွေးခဲ့တာဖြစ်တယ်။
လင်းယုတုန်က လောင်လီရှိသည့်နေရာကို သွားလိုက်တဲ့အချိန်မှာတော့ သူကဟွားယုဘိုင်နှင့်အတူ ငါးဖမ်းသည့်ဂီယာတွေကိုပြင်ဆင်နေတာဖြစ်ပြီး သူက လင်းယုတုန်နောက်ကိုလိုက်လာပြီး ထွက်လာတဲ့အချိန်မှာ တံခါးနားမှာရပ်နေတဲ့ လူသုံးယောက်ကိုကြည့်ပြီး မျက်လုံးပျူးသွားပြီး သူ့ပါးစပ်ကလည်း ဟသွားတယ်။သူကလင်းယုတုန်ကို သူ့ဘေးကိုဆွဲလိုက်ပြီး ခိုးကြာင်ခိုးဝှက်နဲ့ ကျန်းရီဖေးနှင့်သူ့သူငယ်ချင်းတွေကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်တယ်"လင်းဇီ သူတို့က မင်းဖိတ်ထားတဲ့လူလို့မပြောနဲ့နော်"
လောင်လီကပြောလိုက်တယ်"ကျွန်တော် ကျွန်တော့်အတန်းဖော်တွေနဲ့ ဆွေးနွေးလိုက်ပါအုန်းမယ်။ဦးလေးလီကို ဒုက္ခများစေမိပြီ"
ချန်းရှိက ရယ်လိုက်ပြီး"ကျွန်တော်က ချူထင်းရီနဲ့မျှလိုက်မယ်"
ချူထင်းရီရဲ့မျက်လုံးတွေက ကျန်းရီဖေးနှင့် လင်းယုတုန်ကို တလှည့်စီ စိတ်ဝင်စားစွာ ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ပြောလိုက်တယ်"ဒါဆို မင်းတို့နှစ်ယောက်က တစ်ခန်းကို မျှနေလိုက်"
သူ့မေးခွန်းက ကျန်းရီဖေးကို တိုက်ရိုက်ရည်ရွယ်နေတာဖြစ်တယ်။
လောင်လီက မျှားတံကို ယူဆောင်ပြီး ဟွားယုဘိုင်နောက်ကို လိုက်သွားတယ်။သူ့လက်ထဲမှာ ပစ္စည်းအပြည့်အစုံရှိနေပေမဲ့ သူကမကျွမ်းကျင်တာကြောင့် ငါးဖမ်းနိုင်မှာဘူး။ဒါကြောင့်သူက ကျန်းရီဖေးလို လက်ရွေးစင်နှင့်လည်း အတူရှိနေရင် သူက ပိုပြီးစိတ်ဖိစီးနိုင်တယ်။
ချန်းရှိနှင့်ချူထင်းရီတို့က ၁၀၀ရာခိုင်နှုန်းအပြည့် လင်းယုတုန်အကြောင်း သိချင်ပေမဲ့ အချိန်မကျသေးတာကြောင့်သူတို့နှစ်ယောက်က ငါးမျှားရင်း အတူစကားပြောနေကြတယ်။ကျန်းရီဖေးနှင့်လင်းယုတုန်တို့က သူတို့ဘာသာ သွားလိုက်တာပြီး လူခြောက်ယောက်က အုပ်စုသုံးစုဖြစ်သွားတယ်။
----
ကျန်းရီဖေးက လင်းယုတုန်ငါးမျှားနေတဲ့ အနောက်မနီးမဝေးမှာ ရပ်၍ကိုကြည့်နေပြီး ပြောလိုက်တယ်"မင်းက ကိုယ်ကိုခုနှစ်ရက်ကြာမှ ဆက်သွယ်လာမယ်လို့ထင်ထားတာ"
လင်းယုတုန်က နောက်ကိုလှည့်မကြည့်ဘဲ ပြုံးလိုက်ပြီး"ဒါဆို ခင်ဗျားကို အချိန်အကြာကြီးနေမှ ဆက်သွယ်သင့်တာပေါ့"
ကျန်းရီဖေးက ဘာမှတ်ချက်မှ မပေးဘဲ လင်းယုတုန်ထိုက်ဖို့ ထိုင်ခုံမှာတစ်ခုံကူညီ၍ရွေ့ပေးလိုက်ပြီး"ဒါဆို မင်းမှာ အဖြေကအဆင့်သင့်ရှိပြီလား?"
လင်းယုတုန်က"ဘာကြောင့်လင်းမိသားစုကို ရွေးတာလဲ?မဟုတ် ကျွန်တော်ပြောချင်တာက....ဘာကြောင့်ကျွန်တော့်လဲ? "
ကျန်းရီဖေးက ဒီမေးခွန်းကြောင့် အချိန်အတော်ကြာတိတ်နေပြီးမှ"ဘာကြောင့်လဲဆိုတော့ မင်းက ကိုယ်အတွက် အသင့်တော်ဆုံးလို့ ထင်ခဲ့လို့ဘဲ။မင်းလည်း ကြားမှာပါ။ကိုယ်နဲ့ ကိုယ့်အဖေက သဘောထားကွဲလွှဲမှုတွေရှိတယ်။ကိုယ်က ကျန်းမိသားစုရဲ့တစ်ဦးတည်းသောသားဆိုပေမဲ့ သူက ကိုယ်ရဲ့အဖေတူအမေကွဲညီမကိုဘဲမျှော်လင့်နေတယ်။တကယ်လို့ ကိုယ့်က နောက်ခံကောင်းတဲ့ ချစ်သူကိုရှာရင် သူက ကိုယ့်ကိုပိုပြီးတော့ ကြောက်ပြီး ကိုယ်ရဲ့တက်လမ်းကို ဟန့်တားလိမ့်မယ်။ကိုယ်ချစ်သူမရှိဘူးဆိုလည်း သူတို့ကယုံကြည်မှာမဟုတ်ဘူး"
လင်းယုတုန်က မတွေးဘဲနဲ့ ပြောလိုက်တယ်"ခင်ဗျားက ဒီအသက်အရွယ်ရှိနေပြီဆိုတော ခင်ဗျားမှာ တစ်ယောက်ယောက်မရှိဘူး"
သူကဘာသိဘာသာနေတတ်သူဆိုရင်တောင် သူ့အသက်ကနှစ်ဆယ့်ရှစ်နှစ်ရှိပြီ ဒါကလက်ထပ်ဖို့အကောင်းဆုံးအရွယ်မလား? ဟုတ်တယ်မို့လား?
ကျန်းရီဖေးက အကူအညီမဲ့နေသလိုခံစားရတယ်"ကိုယ်က ငယ်သေးတယ်။ဒါပေမဲ့ ကိုယ်ကငယ်သေးတာကြောင့်ဘဲ လူတွေက ကိုယ့်ကို ထိန်းချုပ်နိုင်တယ်လို့ ထင်နေကြတယ်။အထူးသဖြင့် ကိုယ့်မိထွေးက ကိုယ့်အတွက် မိန်းမတစ်ယောင်ရှာပေးပြီး သူမထိန်းချုပ်မှုမှာ ရှိနေစေချင်တာလေ"
လင်းယုတုန်က ဒီလိုကျတောါလည်း အရမ်းမဆိုးဘူးဟုတွေးမိတယ်။သူက ဒီအကြောင်းကို ပိုပိုပြီးတွေးနေရင်း နောက်ဆုံးမှာတော့ မေးလိုက်တယ်"မစ္စတာကျန်း ခင်ဗျားက ကျွန်တော့်ကို ဘာကြောင့်ကြိုက်တာလဲ?"
ကျန်းရီဖေးက ပြင်းပြင်းထန်ထန် ဖြေလိုက်တယ်"လင်းမိသားစုက ကြီးကျယ်တဲ့မိသားစုမဟုတ်ဘူး။ပြီးတော့မင်းရဲ့မိသားစုက အရမ်းကောင်းမွန်တဲ့ ဓလေ့ရှိတယ်ဒါပေမဲ့ အရေးကြီးဆုံးအရာက.....ဒါကမင်းက ကိုယ်နဲ့အတူရှိမယ်ဆိုရင် ကိုယ်မင်းကိုဘယ်တော့သစ္စာမဖောက်ဘူး"
အဲဒီအချိန်တုန်းက လင်းယုတုန်က ၁၃နှစ်၁၄နှစ်လောက်သာရှိသေးပေမဲ့ သူရဲ့အမြင်က သုံးဖက်မြင်ဖြစ်တယ်။
လင်းယုတုန်က ဆက်ပြီးတော့ ပြောလိုက်တယ်"ဒါပေမဲ့မစ္စတာကျန်း ခင်ဗျားက ကတိုက်ကရိုက်မဖြစ်လွန်းဘူးလား?ဒီလောက်ထိ နှစ်တွေကြာပြီးတော့ ကျွန်တော် ပြောင်းလဲသွားရင်ရော?"
လင်းယုတုန်က ထပ်ပြီးတော့ ဘာမှမပြောတော့ပေမဲ့ သူ့ကို ခုနှစ်ရက်ကြာပြီးရင်း အဖြေပေးဖို့ သဘောတူထားတာကို တွေးနေမိတယ်။ဒါ့ကြောင့် သူက ဒီအကြောင်းကို ပိုပြီးစဉ်းစားဖို့အချိန်လိုအပ်နေတာဖြစ်ပြီး သူက သူတို့က ဗီလာမှာ အတူနေတဲ့အချိန်အတွင်းမှာ သူ့ကိုပိုပြီးလေ့လာနိုင်ပြီး အဖြေပေးဖို့ အလျှင်လိုနေတာမဟုတ်ဘူး။
ကျန်းရီဖေးက မျက်မှောက်ကြုတ်လိုက်ပြီး"ကိုယ်က ကြမ်းပြင်မှာ အိပ်လိုက်မယ်"
-------
သူကညသန်းခေါင်အချိန်မတိုင်ခင် အိပ်မပျော်သေးတဲ့အချိန်မှာ သူက နောက်ဆုံးတော့ နားလည်လိုက်တယ်။ဒါကတော့ လင်းယုတုန်က တစ်ပုံစံထဲအိပ်တတ်တဲ့သူမျိုးမဟုတ်ဘဲ အအိပ်ဆော့တတ်သူဖြစ်တာကြောင့် သူက "ကောင်းကင်မှပြုတ်ကျသွားသလို"သူက ခုတင်အောက်ကို ကျသွားပြီး ကြမ်းပြင်နင့်ရိုက်မိသွားတယ်။
သူက ဒါက အဆင်ပြေပါတယ်လို့ တွေးလိုက်တယ်။ဒါက လင်းယုတုန်က လိမ့်ရတာ ကြိုက်တာဘဲဖြစ်ပြီးတော့ ဟောက်တာ သွားကြိတ်တာမျိုးလည်း မဟုတ်ဘူး။
လင်းယုတုန်က ဒီအချိန်မှာတော့ ချက်ချင်းထမလာတာကောင့် သူက နာကျင်သွားတာဖြစ်နိုင်ပြီး သူက သူ့ခေါင်းကို ပွတ်လိုက်ပြီး မျက်လုံးဖွင့်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူက ဘယ်နေရာကို ရောက်နေတာဖြစ်ပြီး သူက အခန်းထဲမှာ ဘယ်သူနှင့်အတူ အိပ်နေတာလဲဆိုတာ မှတ်မိအောင် ကြိုးစားလိုက်တယ်။အဲဒီနောက်မှာတော့ သူက ထလာပြီး ကျန်းရီဖေး အိပ်နေတဲ့ နေရာကို ကြောင်တောင်တောင်နှင့် လျှောက်လာခဲ့ပြီး ကျန်းရီဖေး၏အင်္ကျီလက်ကိုဆွဲလိုက်ပြီး အက်ကွဲနေတဲ့ အသံနှင့်"ကျွန်တော်တို့ စကားပြောလို့ရမလား?ခင်ဗျားက အိပ်ရာပေါ်မှာ အိပ်ပြီး ကျွန်တော့်ကို ကြမ်းပြင်ကို ဘာကြောင့် မပေးနိုင်ရတာလဲ?"
------------
(5800)
Chapter(5)အားလပျရကျ
"မင်းပြောတာ မင်းငါးမျှားဖို့သွားမယ်လို့လား?"ချူထင်းရီက ကျန်းရီဖေးလက်ထဲက ဖုန်းကို သံသယမကင်းစွာ ကြည့်လိုက်တယ်။သူက ကျန်းရီဖေးနှင့်သိလာတာ နှစ်နှစ်ဆယ်ကျော်ပြီဖြစ်ပြီး သူတို့က သွေးရင်းမဟုတ်ပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ညီအကိုထက်တောင် ပိုသိသေးတယ်။သူက ဘယ်တော့မှ ကျန်းရီဖေးက ဒီလိုဆိုင်းမဆင့် ဗုံမဆင့်လုပ်တာကို မမြင်ဖူးဘူး။
"ငါသွားမယ် ဒါက ပြသနာရှိလို့လား?"
"တကယ်ကိုဘဲ သူက လှလို့လား?ငါတို့က မင်းနဲ့အတူသွားရင် အဆင်မပြေဖြစ်နိုင်လား?"အတွင်းရေးမှူးချန်းရှိက ရယ်ပြီးပြောလိုက်တယ်။
"သူက လင်းယုတုန်"
"သူလား?မင်းပြောတော့ သူ့မှာကြိုက်တဲ့သူရှိတယ်ဆို"ချူထင်းရီက စပ်စုတဲ့အမူအရာနှင့်ပြောလိုက်တယ်"ငါပြောသလို မင်းတကယ်ဘဲ လင်းအိမ်ကို သွားပြီးတော့ လင်းကျီဆောင်ကို ရှာပြီး လက်ထပ်ပေးဖို့ တောင်းဆိုခဲ့တာလား?ဟုတ်တယ်မလား?"
"အမ်း"
"......"
သူက လင်းယုတုန်ကို သူ့သူငယ်ချင်းနှစ်ယောက်ကို ခေါ်လာလို့ရလားဟု မေးလိုက်တယ်၊သူက ပြန်စာရသည့်အချိန်မှာတော့ ကျန်းရီဖေးက ချူထင်းရီ ချန်းရှိတို့နှင့်အတူ ဖူလင်းဗီလာကို ထွက်လာခဲ့တယ်။လင်းယုတုန်က သူတို့အတွက် လက်မှတ်နှစ်စောင်သာရှိကတည်းက ကျန်းရီဖေးက အပိုလူတစ်ယောက်သာ ခေါ်ဆောင်လာရမှာဖြစ်ပေမဲ့ ကျန်းရီဖေးက နှစ်ယောက်ခေါ်လာတဲ့အတွက် သူက လင်းယုတုန်ကို ငွေပေးဖို့ငွေပေးဖို့ လုပ်ခဲ့ပေမဲ့ သူက တားဆီးခံလိုက်ရပြီး လင်းယုတုန်က ဒီအချိန်မှာ သူတို့ရဲ့ဆက်ဆံရေးအတွက်သာဖြစ်လို့ ကျန်းရီဖေးက ငွေကုန်ကျစရာမလိုဘူးလို့ တွေးခဲ့တာဖြစ်တယ်။
ကျန်းရီဖေးက တုံ့ဆိုင်းသွားပြီး သက်ပြင်းချလိုက်ပေမဲ့ သူက လင်းယုတုန်ကို ထပ်ပြီးတော့ မငြင်းခုံတော့ဘူး။
ဒီအချိန်မှာ ဘယ်သူကမှ ဒီအကြောင်းကို အများကြီးမတွေးခဲ့ဘူး။သို့သော်လည်းဘဲ သူတို့ရဲ့အထုတ်အပိုးတွေကို နေရာချသည့်အချန်မှာတော့-မေးခွန်းတစ်ခုရှိလာတယ်-ဒီမှာ အခန်းစုစုပေါင်းသုံးခန်းဘဲရှိနေတယ်။သူတို့က ဘယ်လိုအခန်းခဲယူကြမလဲ?
လောင်လီက ချစ်သူရှိတဲ့သူငယ်ချင်းနှစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့တာဖြစ်ပြီး သူတို့တစ်တွဲချင်းစီအတွက်အခန်းတစ်ခန်းဖြစ်တယ်။ဒါကြောင့် အခန်းအားလုံးပေါင်းမှ သုံးခန်းသာရှိသာဖြစ်တယ်။ဒါပေမဲ့ အခုသူတို့မှာ လူခြောက်ယောက်ရှိနေပြီး ရှင်းချန်းထင်ကလည်း နောက်တစ်ရက်ဆိုရင် ရောက်လာမှာဖြစ်ပြီး လူတိုင်းကsingleဖြစ်တယ်။
လင်းယုတုန်က ပြောလိုက်တယ်"ကျွန်တော် ကျွန်တော့်အတန်းဖော်ကို မေးလိုက်အုန်းမယ်။သူက ဒီကမန်နေဂျာကို သိတယ်"
လင်းယုတုန်က လောင်လီရှိသည့်နေရာကို သွားလိုက်တဲ့အချိန်မှာတော့ သူက ဟွားယုဘိုင်နှင့်အတူ ငါးဖမ်းသည့်ဂီယာတွေကို ပြင်ဆင်နေတာဖြစ်ပြီး သူက လင်းယုတုန်နောက်ကိုလိုက်လာပြီ ထွက်လာခဲ့သည့်အချိန်မှာ တံခါးနားမှာရပ်နေတဲ့လူသုံးယောက်ကို ကြည့်ပြီး မျက်လုံးပျူးသွားပြီး သူ့ပါးစပ်က ဟသွားတယ်။သူက လင်းယုတုန်ကို သူ့ဘေးကို ဆွဲလိုက်ပြီး သူက ခိုးကြောင်ခိုးဝှက်နဲ့ ကျန်းရီဖေးနှင့်သူ့သူငယ်ချင်းတွေကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်တယ်"လင်းဇီ သူတို့က မင်းဖိတ်ထားတဲ့လူလို့မပြောနဲ့နော်"
လင်းယုတုန်က ရယ်လိုက်ပြီး"ဟုတ်တယ်လေ။ဘာမှားလို့လဲ?"
လောင်လီက လင်းယုတုန်ကိုကြည့်ပြီးပြောစရာစကားမရှိတော့ဘူး"မင်းက အိမ်ရှေ့စံမင်းသားကို သက်ကယ်အိမ်မှာနေဖို့ တောင်းဆိုလိုက်တာလား?ဒါက သင့်တော်ရဲ့လား?"
ကျန်းမိသားစုနှင့်ချူမိသားစုက Bမြို့၏အကြီးဆုံးမိသားစုသုံးစုထဲက နှစ်စုဖြစ်တယ်။ကျန်းရီဖေးက ကျန်းမိသားစု၏မြေးဖြစ်ပြီးတော့ ကျန်းမိသားစုထဲမှာ အသင့်လျော်ဆုံးဆက်ခံသူဖြစ်နေပြီး ချူထင်းရီက ချူမိသားစု၏အကြီးဆုံးသခင်လေးဖြစ်ပြီး ချူသခင်အိုကြီး၏တန်ဖိုးအထားရဆုံးရတနာဖြစ်တယ်။သူက ဘယ်လိုလုပ်ပြီး ဒီလိုသခင်လေးနှစ်ယောက်ကို အမျိုးသားနေ့မှာ သာမာန်ဗီလာတစ်ခုမှာ နေစေရမှာလဲ?
ဒါကြောင့် လောင်လီက လျှင်မြန်စွာ မန်နေဂျာကို အခန်းပိုရှိလားဆိုတာ မေးခဲ့တယ်။မန်နေဂျာက သူ့အဖေရဲ့စီးပွားဖက်မိတ်ဆွေတစ်ယောက်ဖြစ်တယ်။ဒါကြောင့် ဘာပြသနာမှဖြစ်လာမှာ မဟုတ်ဘူး။ဒါပေမဲ့ ကံမကောင်းစွာဘဲ မန်နေဂျာက ပြောလိုက်တယ်"ဝမ်းနည်းပါတယ် ရှောင်လောင် အခုချိန်က ခရီးသွားရာသီဖြစ်လို့ တစ်လကြိုတင်စာရင်းသွင်းရတယ်။တကယ်ကိုဘဲ အခန်းပိုမရှိတော့ဘူး။ဦးတို့က ဘယ်လိုလုပ်ပေးရမလဲ?ဦးလေးက တစ်စုံတစ်ယောက်ကို အိပ်ရာအပိုတွေ သွင်းခိုင်းလိုက်မယ်။ဘယ်အခန်းဖြစ်ဖြစ် လုံလောက်အောင်ကြီးပါတယ်"
လောင်လီက"ကျွန်တော် ကျွန်တော့်အတန်းဖော်တွေနဲ့ ဆွေးနွေးလိုက်ပါအုန်းမယ်။ဦးလေးကို ဒုက္ခများစေမိပြီ"
လောင်လီက VIPအခန်းတွေကို ငှာခဲ့တာကြောင့် အခန်းတစ်ခန်းစီတိုင်းမှာ နှစ်ယောက်အိပ်ခုတင်တွေဖြစ်တယ်။အိပ်ရာက လုံလောက်အောင်ကြီးမားပြီးတော့ တကယ်လို့ မင်းက လူသုံးယောက်လောက် အိပ်မယ်ဆိုရင်တောင် ပြသနာရှိမှာ မဟုတ်ဘူး။ဒါပေမဲ့ ဘယ်သူက ဘယ်သူနှင့်အတူ အိပ်မှာလဲ?
လောင်လီက ပြောလိုက်တယ်"ဘယ်လိုဘဲဖြစ်ဖြစ် ရှင်းချန်းထင်လည်း မရောက်သေးဘူးဆိုတော့ အခုတော့ ကျွန်တော်တို့က ဒီအတိုင်းလုပ်ရအောင်။ဒီနေ့တော့ လင်းဇီ ယုဘိုင်နဲ့ ကျွန်တော်က တစ်ခန်းထဲနေလိုက်မယ်။မစ္စတာကျန်း ခင်ဗျားတို့က ကျန်တဲ့နှစ်ခန်းကို အဆင်ပြေအောင် ခွဲနေလိုက်။ကျွန်တော်တို့က မနက်ဖြန်မှ ပြန်စီစဉ်ကြတာပေါ့"
လင်းယုတုန်က ဘာမှမပြောဘဲ ကျန်းရီဖေးကို ကြည့်လိုက်တယ်။ကျန်းရီဖေးက"ဒါဆို မင်းတို့က ကျပ်နေလိမ့်မယ်"
လောင်လီက ချက်ချင်းဘဲ ပြောလိုက်တယ်"ဒါဆို ကျွန်တော်က ယုဘိုင်နဲ့နေမယ်"
ချန်ရှိက ရယ်လိုက်ပြီး"ကျွန်တော်က ချူထင်းရီနဲ့မျှသုံးမယ်"
ချူထင်းရီရဲ့ မျက်လုံးတွေက ကျန်းရီဖေးနှင့် လင်းယုတုန်ကို တစ်လှည့်စီ စိတ်ဝင်စားစွာ ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ပြောလိုက်တယ်"ဒါဆို မင်းတို့နှစ်ယောက်က တစ်ခန်းကို မျှနေလိုက်"
လင်းယုတုန်က ခေါင်းငြိမ့်လိုက်ပြီး"ဒီလိုဘဲ လုပ်ရအောင်။ကျွန်တော်တို့က ငါးဖမ်းဖို့ စီစဉ်ထားတယ်။ခင်ဗျားတို့ရော သွားချင်လား?"
သူ့မေးခွန်းက ကျန်းရီဖေးကို တိုက်ရိုက်ရည်ရွယ်တာဖြစ်တယ်။
"ဒါဆို ကိုယ်တို့အတူသွားတာပေါ့"
ကျန်းရီဖေးနှင့်သူ့သူငယ်ချင်းတွေက  ချက်ချင်းလိုက်လာခဲ့တာဖြစ်လို့ သူတို့က ငါးဖမ်းဂီယာတွေကို မသယ်ခဲ့ပါဘူး။laggageတွေတောင် သူတို့အလုပ်အတွက် လိုအပ်တာကြောင့် အဆင်သင့်ပြင်ထားလို့ဖြစ်ပြီး သူတို့က laptop သို့မဟုတ် အခြားဆင်တူတဲ့တစ်စုံတစ်ခုကိုသာ သယ်ဆောင်လာတာဖြစ်တယ်။ဒါကြောင့် သူတို့က လင်းယုတုန်နှင့်သူ့သူငယ်ချင်းတွေနှင့်အတူ မျှသုံးရမှာဖြစ်တယ်။ကံကောင်းတာက လောင်လီက ငါးမျှားတံတွေကို အနည်းငယ်များယူလာတာကြောင့် လူတိုင်းကို ငါးမျှားတံပေးပြီးတာတောင် တစ်ချို့က ပိုနေသေးတယ်။
လောင်လီက ငါးမျှားတံကို ယူဆောင်ပြီး ဟွားယုဘိုင်နောက်ကို လိုက်သွားလိုက်တယ်။သူက သူ့လက်ထဲမှာ ပစ္စည်းအပြည့်အစုံရှိနေပေမဲ့ သူက မကျွမ်းကျင်တာကြောင့် ငါးဖမ်းနိုင်မှာ မဟုတ်ဘူး။ဒါကြောင့် သူက ကျန်းရီဖေးလို လက်ရွေးစင်နှင့်အတူရှိနေရင် သူက ပိုပြီးစိတ်ဖိစီးနိုင်တယ်။
ချန်းရှိနှင့်ချူထင်းရီတို့က ၁၀၀ရာခိုင်နှုန်းအပြည့် လင်းယုတုန်အကြောင်းကို သိချင်နေပေမဲ့ အချိန်မကျသေးတာကြောင့် သူတို့က ငါးမျှားရင် အတူစကားပြောနေကြတယ်။ကျန်းရီဖေးနှင့် လင်းယုတုန်တို့က သူတို့ဘာသာသွားလိုက်ပြီး လူခြောက်ယောက်က အုပ်စုသုံးစုဖြစ်သွားတယ်။
ကျန်းရီဖေးက လင်းယုတုန်ငါးမျှားနေတဲ့အနောက် မနီးမဝေးမှာ ရပ်ကြည့်နေပြီး ပြောလိုက်တယ်"မင်းက ကိုယ့်ကို ခုနှစ်ရက်ကြာမှ ဆက်သွယ်လာမယ်လို့ ထင်ထားတာ"
လင်းယုတုန်က နောက်ကိုလှည့်မကြည့်ဘဲ ပြုံးလိုက်ပြီး"ဒါဆို ခင်ဗျားကို နောက်ကျမှ ဆက်သွယ်သင့်တာပေါ့"
ကျန်းရီဖေးက ဘာမှတ်ချက်မှမပေးဘဲ လင်းယုတုန်အတွက် ခုံကို ရွေ့ပေးလိုက်ပြီး"ဒါဆို မင်းမှ အဖြေရှိပြီလား?"
လင်းယုတုန်က"ဘာကြောင့် လင်းမိသားစုကို ရွေးတာလဲ?မဟုတ်သေးဘူး ကျွန်တော်ပြောချင်တာက ....ဘာကြောင့် ကျွန်တော်လဲ?"
ကျန်းရီဖေးက ဒီမေးခွန်းကြောင့် အချိန်အတော်ကြာတတ်နေပြီးမှ"ဘာကြောင့်လဲဆိုတော့ မင်းက ကိုယ့်အတွက် အသင့်တော်ဆုံးလို့ ထင်ခဲ့လို့ဘဲ။ကိုယ်နဲ့ကိုယ့်အဖေက သဘောထားကွဲလွဲမှုတွေရှိတယ်။ကိုယ်က ကျန်းမိသားစုရဲ့တစ်ဦးတည်းသောသားဆိုပေမဲ့ သူက ကိုယ့်ရဲ့အဖေတူ အမေကွဲညီမကိုဘဲ မျှော်လင့်နေတယ်။တကယ်လို့ ကိုယ်က နောက်ခံကောင်းတဲ့ချစ်သူကိုရှာရင် သူက ကိုယ့်ကိုပိုပြီးတော့ ကြောင်နေပြီး ကိုယ့်ရဲ့တက်လမ်းကို ဟန့်တားလိမ့်မယ်။ကိုယ်က ချစ်သူမရှိဘူးဆိုရင်လည်း သူတို့က ယုံကြည်မှာ မဟုတ်ဘူး"
လင်းယုတုန်က မတွေးဘဲနဲ့ပြောလိုက်တယ်"ခင်ဗျားက ဒီအသက်အရွယ်ရှိနေပြီဆိုတော့ ခင်ဗျားမှာ တစ်ယောက်ယောက်မရှိဘူးလား?"
သူက ဘာသိဘာသာနေတတ်သူဆိုရင်တောင် သူ့အသက်က နှစ်ဆယ့်ရှစ်နှစ်ရှိပြီ။ဒါက လက်ထပ်ဖို့အကောင်းဆုံးအရွယ်ဘဲမလား?ဟုတ်တယ်မလား?
ကျန်းရီဖေးက အကူအညီမဲ့သလိုခံစားရတယ်"ကိုယ်က ငယ်သေးတာကြောင့်ဘဲ လူတွေက ကိုယ့်ကို ထိန်းချုပ်နိုင်တယ်လို့ထင်နေကြတယ်။အထူးသဖြင့် ကိုယ့်မိထွေးက ကိုယ့်အတွက် မိန်းမတစ်ယောက်ရှာပေးပြီး သူမထိန်းချုပ်မှုမှာ ရှိနေစေချင်တာလေ"
fuck!ဒါဆို ငါက သူ့ကိုလက်ထပ်လိုက်ရင် ငါ့အတွက် အန္တရာယ်ရှိနိုင်လား?သူက ငါ့ကိုဒိုင်းတစ်ခုလို အသုံးချချင်တာလား?
ကျန်းရီဖေးက လင်းယုတုန်၏အတွေးနှင့်စိုးရိမ်မှုကို သတိထားမိပြီးပြောလိုက်တယ်"မင်းစိုးရိမ်စရာမလိုပါဘူး။ကိုယ် မင်းကိုကာကွယ်ပေးမှာပါ။ကိုယ်တို့အတူတူရှိခဲ့မယ်ဆိုရင် ကိုယ်က မင်းနဲ့မင်းတို့လင်းမိသားစုရဲ့ပြသနာတွေကို ကိုယ်ကူညီပေးမှာပါ။ကိုယ်က လင်းမိသားစုစီးပွားရေးတိုးတက်အောင် အတတ်နိုင်ဆုံးကူညီပေးမှာပါ။မင်းရဲ့ဘဝကိုလည်း ကိုယ်က ဝင်ရောက်မစွပ်ဖက်ဘဲ မင်းစိတ်တိုင်းကျဖြစ်စေရမယ်။မင်းတစ်စုံတစ်ခုကို အလိုရှိရင် ကိုယ့်အစွမ်းရှိသမျှ အကောင်းဆုံးကြိုးစားပြီး မင်းစိတ်ကျေနပ်အောင်လုပ်ပေးမယ်"
လင်းယုတုန်က ဒီလိုကျတော့လည်း အရမ်းမဆိုးဘူးဟုတွေးမိတယ်။သူက ဒီအကြောင်းကို တွေးနေရင်း နောက်ဆုံးမှာတော့ မေးလိုက်တယ်"မစ္စတာကျန်း ခင်ဗျားက ကျွန်တော့်ကို ဘာကြောင့်ကြိုက်တာလဲ?"
ကျန်းရီဖေးက ပြင်းပြင်းထန်ထန်ဖြလိုက်တယ်"လင်းမိသားစုက ကြီးကျယ်တဲ့မိသားစုမဟုတ်ဘူး။ပြီးတော့ မင်းရဲ့မိသားစုက အရမ်းကောင်းတယ်မွန်တဲ့ ဓလေ့ရှိတယ်။ဒါပေမဲ့ အရေးကြီးဆုံးအရာက....ဒါက မင်းက ကိုယ့်နဲ့အတူရှိမယ်ဆိုရင် ကိုယ်မင်းကိုဘယ်တော့မှ သစ္စာမဖောက်ဘူး"
ကျန်းရီဖေး အမြဲတမ်းမှတ်မိနေတာက သူက လင်းယုတုန်နှင့် ချမ်းသာသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏သား၏မွေးနေ့မှာ တစ်ကြိမ်ဆုံခဲ့ဖူးတယ်။ဒါက ဆယ်နှစ်ကလေးတစ်ယောက်၏မွေးနေ့ဆိုသော်လည်းဘဲ ဒါကခန်းနားကြီးကျယ်စွာကျင်းပတာဖြစ်တယ်။အဲဒီအချိန်တုန်းက သူက အဲဒီကိုမတက်ရောက်ချင်ပေမဲ့ သူကအချို့သောအရေးကြီးလူတွေကို လေ့လာဖို့လိုအပ်တာကြောင့် သူက သွားခဲ့တာဖြစ်ပြီး သူက အဲဒီအချိန်တုန်းက သူကအကြီးအကဲတွေနှင့်မိတ်ဆက်ရင်း အလုပ်ရှုပ်နေပေမဲ့ လင်းယုတုန်ကတော့ ဘေးတစ်နေရာမှာ တိတ်ဆိတ်စွာဖျော်ရည်သောက်နေခဲ့တာဖြစ်တယ်။နောက်တော့ လင်းယုဖေးက ရောက်လာပြီး သူ့အကိုကို သူများတွေလို ဘာကြောင့်မကစားတာလဲဟု မေးခဲ့တယ်။လင်းယုတုန်က အသံတိုးတိုးနှင့် သူက ဒီနေ့အဓိကလူကို  မနှစ်သက်ကောင်းပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ကောင်လေးရဲ့မိခင်က သနားစရာကောင်းတဲ့ သူမရဲ့ခင်ပွန်းရဲ့ အမှိုက်လိုစွန့်ပြစ်ခဲ့ပြီး ဒီနေ့မှာတော့ သူမက အခြားမိန်းမရဲ့နေရာမှာမီးရှိနေတာဖြစ်ပြီး သူက သစ္စာမဲ့တဲ့လူတွေကို အမုန်းဆုံးဖြစ်ကြောင်းပြောခဲ့တယ်။
အဲဒီအချိန်တုန်းက လင်းယုတုန်က ၁၃နှစ် ၁၄နှစ်လောက်သာရှိသေးပေမဲ့ သူ့ရဲ့အမြင်က သုံးဖက်မြင်ဖြစ်တယ်။
(သုံးဖက်မြင်ဆိုတာက တန်ဖိုးထားတတ်တာ ဘဝရဲ့အတွေးအခေါ်နဲ့ တစ်ဖက်သတ်မကြည့်ဘဲ အများရဲ့အမြင်နှင့်ကြည့်တာကို ဆိုလိုတယ်)
လင်းယုတုန်က အရင်တုန်းကအကြောင်းကို ကျန်းရီဖေးပြောတာကို နာထောင်ပြီးတော့ သူကအကူအညီမဲ့စွာ ခေါင်းခါ၍ရယ်မောလိုက်ပြီး ပြောလိုက်တယ်"ခင်ဗျားက ဒီလောက်ထိ အချိန်တွေကြာခဲ့ပြီကို မှတ်မိနေတာဘဲ။ခင်ဗျားက တကယ်ကို ဉာဏ်ကောင်းတာဘဲ။တကယ်တော့ အဲဒီအချိန်တုန်းက ကျွန်တော်က ဘာကြောင့်အဲဒီလိုတုံ့ပြန်ခဲ့တာလဲဆိုတော့ အဲဒီအမျိုးသမီးက သူမရဲ့သနားစရာကောင်းတဲ့ ခင်ပွန်းကို စွန့်ပစ်ခဲ့ပြီး သူမက အဲဒီသနားစရာကောင်းတဲ့ခင်ပွန်းနဲ့ရတဲ့ကလေးကိုလည်း မလိုချင်ခဲ့ဘူး။ပြီးတော့ အဲဒီကလေးက ကျွန်တော့်ရဲ့အတန်းဖော်ဖြစ်ပြီးတော့ အရမ်းကိုသနားစရာကောင်းတဲ့ကောင်မလေးဖြစ်နေလို့ဘဲ။အဲဒီအချိန်တုန်းက ကျွန်တော်က လက်ထပ်ပြီးတော့မှ သစ္စာမရှိဘဲ သူတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်ရာကို သွားတဲ့သူက သူတို့ရဲ့နှလုံးသားက အမှန်ကိုဘဲ ဆိုးယုတ်တယ်လို့ ခံစားရလို့ပါ"
ကျန်းရီဖေးက ဒီအကြောင်းကိုနားလည်တယ်။တကယ်လို့လူတိုင်းက သူ့လိုဘဲ တုံ့ပြန်မယ်ဆိုရင် ကောင်းတာချည်းတာဖြစ်တယ်။
လင်းယုတုန်က ဆက်ပြီးတော့ ပြောလိုက်တယ်"ဒါပေမဲ့ မစ္စတာကျန်း ခင်ဗျားက ကတိုက်ကရိုက်မဖြစ်လွန်းဘူးလား?ဒီလောက်ထိ နှစ်တွေကြာပြီးတော့ ကျွန်တော်က ပြောင်းလဲသွားရင်ရော?"
ကျန်းရီဖေးက သေချာစွာပြန်ပြောလိုက်တယ်"မင်းမဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့ မင်းရဲ့မျက်လုံးတွေက မပြောင်းလဲသေးဘူး"
သူတို့က သန့်ရှင်းနေတုန်းဘဲ။
ကျန်းရီဖေးက သူ့နှလုံးသားထဲကနေ ထပ်ပေါင်းပြောလိုက်တယ်။
လင်းယုတုန်ကို ထပ်ပြီးတော့ ဘာမှမပြောတော့ပေမဲ့ သူ့ကို ခုနှစ်ရက်ကြာပြီးရင် အဖြေပေးဖို့သဘောတူထားတာကို တွေးနေမိတယ်။ဒါကြောင့် သူက ဒီအကြောင်းကို ပိုပြီးတော့စဉ်းစားဖို့ အချိန်လိုအပ်နေတာဖြစ်ပြီး သူက သူတို့ကဗီလာမှာ အတူနေတဲ့အချိန်အတွင်းမှာ သူ့ကိုပိုပြီးလေ့လာနိုင်ပြီး အဖြေရဖို့ အလျှင်လိုနေတာမဟုတ်ဘူး။
သူက ဒီအကြောင်းကို တွေးနေတဲ့အချိန်မှာဘဲ တစ်စုံတစ်ယောက်က ရောက်လာပြီး သူတို့ကို အိပ်ရာအပိုယူမလားဟု မေးလာခဲ့ပြီး မမျှော်လင့်စွာဘဲ လင်းယုတုန်က လူတွေရှေ့မှာ ထုတ်ပြောလိုက်တယ်"မလိုအပ်ဘူး။ဘာဘဲဖြစ်ဖြစ် ....မစ္စတာကျန်းက မကြာခင်မှာ ကျွန်တော့်ရဲ့သတိုးသားလောင်းဖြစ်လာလိမ့်မယ်"
ချက်ချင်းဘဲ လောင်လီရဲ့ပါးစပ်က ဒီလိုပုံစံ"O"ဖြစ်သွားတယ်။ဟွားယုဘိုင်ကလည်း မှင်တက်သွားပြီး ချန်းရှိနှင့်ချူထင်းရီက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။
ကျန်းရီဖေးတောင် စိတ်ရှုပ်သွားပြီး သူက ချူထင်းရီကန်လိုက်သည့်အချိန်မှ သတိပြန်ဝင်လာတယ်၊သူက လင်းယုတုန်က ဒီလောက်မြန်မြန်ကြီး သူ့ကိုအဖြေပေးတာက ဘာကြောင့်လဲဆိုတာ သိချင်ပေမဲ့ သူသာမေးလိုက်ရင် ပြောင်းလဲသွားမှာကြောက်တာကြောင့် သူကဘာမှမပြောခဲ့ဘူး။
ဒီအချိန်မှာတော့ လင်းယုတုန်တစ်ယောက်ထဲရဲ့မျက်နှာပေါ်မှာသာ ပေါ့ပါးတဲ့အပြုံးလေးရှိနေပြီး သူကကျန်းရီဖေးကို လည်စည်းကနေ ဆွဲခေါ်သွားလိုက်ပြီး အခန်းထဲကို ဦးဆောင်ခေါ်သွားပြီး တံခါးကိုပေါ့ပါးစွာ ကန်ဖွင့်လိုက်ပြီး တံခါးကိုမှီလိုက်ပြီး"မစ္စတာကျန်း ခင်ဗျားအိပ်ရာပေါ်မှာ အိပ်လိုက်။ကျွန်တော်က ကြမ်းပြင်မှာဘဲ အိပ်မယ်။ခင်ဗျား ကန့်ကွက်ချင်တာရှိလား?"
ကျန်းရီဖေးက မျက်မှောင်ကြုတ်လိုက်ပြီး"ကိုယ်က ကြမ်းပြင်မှာအိပ်လိုက်မယ်"
လင်းယုတုန်က ပြောလိုက်တယ်"ဒါဆို ကျေးဇူးတင်တယ်။ပြီးတော့ ခင်ဗျားနောင်တမရဖို့ မျှော်လင့်တယ်"
လင်းယုတုန်က ရေချိုးဖို့သွားလိုက်တဲ့အချိန်မှာတော့ ကျန်းရီဖေးက တွေးနေဆဲဖြစ်ပြီး သူက ကြမ်းပြင်ပေါ်မှာ အိပ်တာကို နောင်တရနိုင်လို့လား?မဟုတ်ရင် သူက သူတို့က အတူတူအိပ်ဖို့ မရည်ရွယ်ခဲ့တဲ့အတွက် နောင်တရသင့်တယ်လို့ပြောတာလား?
သူက ညသန်းခေါင်မတိုင်ခင် အိပ်မပျော်သေးတဲ့အချိန်မှာဘဲ သူက နောက်ဆုံးတော့ နားလည်လိုက်တယ်။ဒါကတော့ လင်းယုတုန်က တစ်ပုံစံထဲအိပ်တတ်တဲ့သူမျိုးမဟုတ်ဘဲ အအိပ်ဆော့တတ်သူဖြစ်တာကြောင့် သူက"ကောင်းကင်မှပြုတ်ကျသွားသလို"သူက ခုတင်အောက်ကို ကျသွားပြီး ကြမ်းပြင်နှင့်ရိုက်မိသွားတယ်။
ကျန်းရီဖေးက သူ့ဘဝမှာ ပထမဆုံးအကြိမ် အအိပ်ဆော့တဲ့သူကို မြင်ဖူးတာဖြစ်ပြီး သူကကြည့်လိုက်တော့ လင်းယုတုန်က မျက်လုံးမှိတ်ထားရင်း အိပ်ရာပေါ်ကို တွားသွားတက်လိုက်ပြီး ဆက်ပြီးတော့ အိပ်လိုက်တယ်။
သူက ဒါကအဆင်ပြေတယ်လို့ တွေးလိုက်တယ်။ဒါက လင်းယုတုန်က လိမ့်ရတာ ကြိုက်တာဘဲဖြစ်ပြီးတော့ ဟောက်တာတွေ သွားကြိတ်တာမျိုးလဲ မဟုတ်ဘူးလို့တွေးလိုက်တယ်။
သို့သော်လည်းဘဲ သူက ညာဘက်ကို လှည့်လိုက်တဲ့အချိန်မှာဘဲ လင်းယုတုန်က ဒုတိယအကြိမ်ပြုတ်ကျလာပြီး ဒီအချိန်မှာ သူ့နှာခေါင်းကို ရိုက်မိသွားတယ်။
လင်းယုတုန်က လုံးဝကိုရည်ရွယ်ပြီး လုပ်တာ မဟုတ်ပေမဲ့ စမ်းတဝါးဝါးနှင့် အိပ်ရာပေါ်ကို ထပ်ပြီးတော့ တွားသွားပြီးတက်သွားတယ်။သူ့ကိုကြည့်ရတာ ဒီလိုအပြုအမူမျိုးကို ရင်းနှီးနေပုံပေါ်ပြီး ဒီလိုလုပ်နေတာက ကျွမ်းကျင်အဆင့်ဘဲ။ပြီးတော့ သူကနိုးလာတဲ့ပုံလည်းမပေါ်ဘူး။
ကျန်းရီဖေးက ဒီအချိန်မှာ ဆက်ပြီးတော့ မအိပ်နိုင်တော့ဘဲ ထထိုင်လိုက်ပြီး အိပ်ရာပေါ်သွားအိပ်သင့်လားဆိုတာ ပြင်းပြင်းထန်ထန်တွေးတောလိုက်တယ်။နောက်ဆုံးမှာတော့ သူက တိတ်ဆိတ်စွာ ဝေးဝေးကို ရွေ့သွားလိုက်ပြီး သူက အိပ်လို့မပျော်ခင်မှာဘဲ"ဘန်း"ဆိုတဲ့အသံကို ကြားလိုက်ရပြီး လင်းယုတုန်က ထပ်ပြီးတော့ ပြုတ်ကျပြန်တယ်။အသံကိုကြားရသလောက်တော့ ဒီအချိန်မှာ လင်းယုတုန်က သူ့ခေါင်းနှင့်ကြမ်းပြင်ကို ရိုက်မိပုံဘဲ။
လင်းယုတုန်က ဒီအချိန်မှာတော့ ချက်ချင်းထမလာတာကြောင့် သူက နာကျင်သွားတာဖြစ်နိုင်ပြီး သူက သူ့ခေါင်းကို ပွတ်လိုက်ပြီး မျက်လုံးဖွင့်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး  သူကဘယ်နေရာကို ရောက်နေတာဖြစ်ပြီး သူကအခန်းထဲမှာ ဘယ်သူနှင့်အတူ အိပ်နေတာလဲဆိုတာ မှတ်မိအောင်ကြိုးစားလိုက်တယ်။အဲဒီနောက်မှာတော့ သူက ထလာပြီး ကျန်းရီဖေးအိပ်နေတဲ့နေရာကို ကြောင်တောင်တောင်နှင့် လျှောက်လာပြီး ကျန်းရီဖေး၏အင်ကျီကို ဆွဲလိုက်ပြီး အက်ကွဲနေတဲ့အသံနှင့်"ကျွန်တော်တို့ စကားပြောလို့ရမလား?ခင်ဗျားက အိပ်ရာပေါ်မှာ အိပ်ပြီး ကျွန်တော့်ကို ကြမ်းပြင်ကို ဘာကြောင့်မပေးနိုင်ရတာလဲ?"
ကျန်းရီဖေးက သူက ဒီလိုပုံစံအတိုင်းဆက်ပြီးတော့ ပြုတ်ကျနေပြီး မာကျောတဲ့တစ်စုံတစ်ခုနှင့်ရိုက်မိသွားရင် အန္တရာယ်များလွန်းတယ်ဆိုတာ တွေးမိတယ်။သူက လင်းယုတုန်က အဆိုမပြုခင်မှာ ပြောဖို့ကြတော့လည်း မသင့်တော်ဘူး။ဒါကြောင့် သူက သူ့ရဲ့စောင်ကို အိပ်ရာပေါ်ကို ချခင်းလိုက်ပြီး လဲအိပ်လိုက်တယ်။
လင်းယုတုန်က သူ့ရဲ့စောင်ကို ကြမ်းပြင်မှာ ခင်းလိုက်ပြီး လဲအိပ်လိုက်ပြီး လျှင်မြန်စွာ ထပ်ပြီးတော့ အိပ်ပျော်သွားတယ်။လင်းယုတုန်က ဒီလောက်မြန်မြန်အိပ်ပျော်သွားတာက ကျန်းရီဖေးကို သဘောကျစေပြီး မကြာခင်မှာဘဲ ကျန်းရီဖေးကိုယ်တိုင်လည်း အိပ်ပျော်သွားတယ်။
ညနက်လာတာနှင့် အခန်းအပူချိန်က နိမ့်လာပြီး ကျန်းရီဖေးက နည်းနည်းအေးတယ်လို့ ခံစားရတာကြောင့် နိုးလာပြီး လင်းယုတုန်အကြောင်းကို တွေးမိတယ်။သူက ထလိုက်ပြီး အိပ်ရာလေးက မီးအိမ်ကို လှည့်လိုက်ပြီးတော့ လင်းယုတုန်အိပ်နေတာကို ကြည့်လိုက်တယ်။ရလဒ်ကတော့ သူက လင်းယုတုန်ကို ကြမ်းပြင်ပေါ်မှာ မတွေ့ရဘဲ အဲဒီကလေးက အလိမ့်လွန်ပြီး ဒီအချန်မှာ စားပွဲအောက်မှာ ကွေးပြီးအိပ်ပျော်နေတယ်။
-------------------
Continuer la Lecture
Vous Aimerez Aussi
48.5K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
307K 34.8K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...
128K 18.5K 43
Title ✿ He's Not My Shadow Guard, He's My Lover Original Author ✿ Luo Gu Eng Translator : Addis Status : 21 chapters (Complet...
282K 54.8K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.