ငွေမှိုင်းလင်းဝေ...(ငှမှေိုငျး...

Han_Me7012 द्वारा

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... अधिक

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 8(Unicode)

1.1K 133 6
Han_Me7012 द्वारा

"မေမေလေ...ဒီဝဋ်တွေကနေ ကျွတ်ချင်ပါပြီ...."

ဘုရားသခင်ဟာ မေမေ့ရဲ့ဆန္ဒကို ဒီလိုနည်းနဲ့ ဖြည်းဆည်းပေးခဲ့သတဲ့လား....။

မေမေအသက်ရှင်စဉ်အချိန်အထိ မေမေ့ရဲ့မျက်ရည်တွေက ဖေဖေ့အတွက်ဖြစ်ခဲ့သော်လည်း ဖေဖေကတော့ မေမေ့အတွက် မျက်ရည်တစ်စက်ပင် မကျခဲ့။ ဖေဖေသည် မှိုင်းခေါင်ကိုလည်း ထွေးပွေ့ကာ နှစ်သိမ့်ပေးခြင်း မပြုပေးခဲ့ပေ။

မှိုင်းခေါင်ရင်ထဲတွင် နာကျင်မှုများသာ အတိုင်းအဆမရှိ ကြီးထွားလာပြီး ဖေဖေ့ကိုလည်း ကြောက်ရွံ့လာခဲ့သည်။ ထို့ကြောက်ရွံ့မှုများ များပြားလာလေ ၊ ဖေဖေ့ကို ချစ်ခင်မှုများက နည်းပါးလာလေဖြစ်သည်။

အမေမရှိတော့သော မှိုင်းခေါင်၏ဘဝသည် အမိုးမရှိသော အိမ်တစ်လုံးတွင် နေထိုင်ရသူနှင့်တူ၏။

အိမ်နှင့်တူသော ဖေဖေသည် မှိုင်းခေါင်အတွက် နေထိုင်စရာ ဖြစ်ပေးသော်လည်း မေမေသည်က မှိုင်းခေါင်အပေါ်တွင် ကျရောက်လာမည့် နေပူသည့်ဒဏ်၊ မိုးရွာသည့်ဒဏ် ကဲ့သို့သော အန္တရာယ်အပေါင်းမှ ကာကွယ်ပေးသူဖြစ်ကာ မှိုင်းခေါင်ကို လုံခြုံစေသည်၊ နွေးထွေးစေသည်၊ အေးမြစေသည်။

မေမေ့၏သေဆုံးခြင်းသည် မှိုင်းခေါင်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးဖြစ်သည်။ ထို်ကြောင့်ပင် မေမေ့ကို စိတ်ထိခိုက်အောင်လုပ်သွားခဲ့သော ငွေ့ရည်မိုးဆိုသည့် နာမည်ပိုင်ရှင် အမျိုးသမီးကိုလည်း မုန်းတီးနေခဲ့မိသည်။

မှိုင်းခေါင်သည် သူ၏အမုန်းတရားကို ငွေ့ရည်မိုးထံတွင်သာမက သူမနှင့်ပတ်သတ်သော အရာမှန်သမျှအပေါ်တွင်လည်း ထားရှိခဲ့သည်။

ဒေါ်ငုဝါစိုး၏ ရက်လည်နေ့တွင် ဦးမင်းခေါင်ဦးကို အရိပ်အယောင်ပင် မမြင်ခဲ့ရချိန်မှစ၍ မှိုင်းခေါင်ဝေဦး၏ ဒေါသများ ပေါက်ကွဲထွက်လာရသည်။

မှိုင်းခေါင်သည် မိခင်ဖြစ်သူကို လွန်စွာမှ သနားနေခဲ့သည်။ မေမေသည် သေဆုံးသွားပြီးသော်ငြား ဖေဖေ့ရဲ့ဥပေက္ခာပြုမူတွေကို ခံစားနေရဆဲပင်။

အသွားအပြန်မရှိသော မေတ္တာဆိုလျှင် နှစ်ဖက်စလုံး နာကျင်ရသည်ဟု မေမေပြောခဲ့သော်လည်း အခုတော့နာကျင်ရသူက မေမေတစ်ယောက်တည်းသာ ဖြစ်နေပါလား...။

ဖေဖေ့ကို မကျေနပ်သော်လည်း မှိုင်းခေါင်လို ဆယ်နှစ်အရွယ် ကလေးတစ်ယောက်အနေနှင့် လုပ်နိုင်သည်က ဘာဆိုဘာမှမရှိ။ မှိုင်းခေါင်သည် ဖေဖေ့ကို နောက်တစ်နေ့သို့ ကူးသည်အထိ ထိုင်စောင့်နေခဲ့ရုံသာ တတ်နိုင်၏။

ဖေဖေပြန်ရောက်လာလျှင် မှိုင်းခေါင်လက်ခံနိုင်လောက်သည့် အကြောင်းပြချက်မျိုး ဖေဖေ့ဆီကရလျှင် ဖေဖေ့ကို ခွင့်လွှတ်ပေးမည်ဟု စဉ်းစားနေခဲ့သည်။

သို့သော် မေမေ့ရဲ့ရက်လည်တွင် ဖေဖေမရှိရခြင်း အကြောင်းတရားမှာ ငွေ့ရည်မိုးရဲ့ သားဖြစ်သူကို သွားခေါ်နေသောကြောင့်ဟု သိလိုက်ရချိန်တွင် ဖေဖေ့ကို ခွင့်လွှတ်နိုင်စွမ်းမရှိတော့ပေ....။

ဖေဖေ့ကိုယ်ပေါ်တွင် ပါလာသော ကောင်လေးရဲ့မျက်နှာကို သေချာ မမြင်ရသေးသော်လည်း သူ့ကို မှိုင်းခေါင် မုန်းခဲ့သည်။ မေမေ့အတွက် မုန်းမိသော အမုန်းအပြင် မှိုင်းခေါင်ကို တစ်ခါမှ မချီပိုးဖူးသည့် ဖေဖေ့ကြောင့်လည်း မုန်းရသည်။

ထိုကောင်လေးသည် မှိုင်းခေါင်မေမေကိုသာမက ဖေဖေ့ကိုပါ မှိုင်းခေါင်ဘဝထဲမှ ဆွဲထုတ်သွားသည့် နတ်ဆိုးဖြစ်သည်။ မှိုင်းခေါင်၏ အသက်အရွယ်သည် ဖြစ်သင့်သည်ဆိုသော စဉ်းစားနိုင်စွမ်းထက် ကိုယ့်စိတ်ထဲရှိရာကိုသာ လုပ်ချင်သောအရွယ်ဖြစ်၍ ဖေဖေ့ကိုယ်ပေါ်ရှိ ကောင်လေးကို အောက်ပြုတ်ကျသွားအောင် ကုတ်ဆွဲပစ်ခဲ့သည်။

ဖေဖေ့ရဲ့မန်နေဂျာ ဦးထက်လင်းက မှိုင်းခေါင်ကို ဖမ်းဆွဲလိုက်သည်နှင့် တစ်ပြိုင်တည်းမှာပင် ထိုကောင်လေး၏ငိုသံကို ကြားရတော့သည်။

"ဘာမှမဖြစ်ဘူးလေ....သားရဲ့....
မငိုရဘူးလေ...ရှိုင်းငယ်..."

သား........။ သား.......ဆိုသော ခေါ်တွင်သံသည် ဓားသွားထက်က ပျားရည်စက်လို....။ ဖေဖေ့ခေါ်သံသည်လည်း ချို၏။ သို့သော် မှိုင်းခေါင်၏ နှလုံးသားနုနုလေးကို နာကျင်စေသည်။

ဖေဖေက မှိုင်းခေါင်ကိုတော့ သားလို့ တစ်ခွန်းတောင် မခေါ်ဖူးခဲ့ဘူးလေ....။

ဘယ်လိုအားနှင့် ရုန်းထွက်နိုင်ခဲ့သည်မသိ။ ဦးထက်လင်းလက်ထဲမှ လွတ်သည်နှင့် ထိုကောင်လေးအနားသို့ မှိုင်းခေါင်ရောက်သွားကာ ကောင်လေးကို တွန်းပစ်လိုက်သည်။ ဖင်ထိုင်လျှက် လဲကျသွားသော ကလေးငယ်သည် မှိုင်းခေါင်ကိုကြောက်သောကြောင့် ငယ်သံပါသည်အထိ အော်ငိုလေသည်။

မှိုင်းခေါင်သည် ကြမ်းတမ်းသော သူတစ်ယောက်မဟုတ်ပါ။ မှိုင်းခေါင်၏ဝါသနာမှာ ဖေဖေအတင်းအကျပ်ခိုင်းစေ၍ ကစားခဲ့ရသော ခပ်ကြမ်းကြမ်းတိုက်ကွက်တွေပါသည့် ခါရာတေးကစားနည်းမဟုတ်ဘဲ နူးညံ့ညင်သာမှုနှင့် ဖန်တီးရသည့် ပန်းချီဆွဲခြင်းသာဖြစ်သည်။

ထိုကဲ့သို့သော သူတစ်ယောက်ကို ကြမ်းတမ်းရိုင်းစိုင်းအောင် လုပ်သူမှာ ရှိုင်းငယ်ဆိုသော ကောင်ကလေးဖြစ်သော်လည်း အပြစ်တင်ခံရတော့ မှိုင်းခေါင်သာဖြစ်သတဲ့။

"မင်းက သေသွားတဲ့ မင်းအမေလိုပဲ...ရိုင်းစိုင်းတဲ့သွေးတွေပါလာတယ်...အမှောင်ခန်းထဲ မနေရတာကြာလို့ ဂျိုကြွလာတယ်ပေါ့...

ထက်လင်း.....သွား...သူ့ကိုမြေအောက်ခန်းထဲမှာ သွားပိတ်ထားလိုက်...."

မေမေရှိစဉ်က မှောင်မည်းနေသော မြေအောက်ခန်းသည် မှိုင်းခေါင်အတွက် ကြောက်စရာမကောင်းခဲ့ပေ။ အမှောင်ထဲတွင် အပိတ်ခံထားရလို့ ကြောက်ခဲ့သော်လည်း မေမေသည် တံခါး၏တစ်ဖက်တွင်ထိုင်၍ မှိုင်းခေါင်ပြန်ထွက်လာချိန်အထိ စကားပြောပေးခဲ့သည်။

ဖေဖေ့ရဲ့ဆုံးမနည်းမှာ နည်းလမ်းမှားသည်ဟု မေမေပြောတတ်သည်။ သို့သော်လည်း မေမေသည်ကား သားအဖနှစ်ယောက်ကြားတွင် ဘယ်တော့မှဝင်မပါတတ်ဘဲ သားဖြစ်သူကိုလည်း အကြောက်တရားမှ ကာကွယ်ပေးသေးသည်။ မေမေ့စကားသံကိုကြားလိုက်ရလျှင် မေမေနှင့်အတူရှိနေရသည်ဟု ခံစားရ၍ မှိုင်းခေါင်လည်းမကြောက်တော့ပေ။

အခုအချိန်တွင် မှိုင်းခေါင်ကိုစကားပြောပေးမည့် မေမေသည် မှိုင်းခေါင်အနားတွင် ဘယ်တော့မှ မရှိနိုင်တော့ပေ။ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မမြင်ရသော အမှောင်ထုသည် နိုးထလာချိန်၌ ပျောက်ကွယ်သွားရသော အိပ်မက်ဆိုးနှင့်မတူဘဲ နိုးနေလျှက်နှင့် မက်နေရသော အိပ်မက်ဆိုးနှင့်တူသည်။

ပုံရိပ်ယောင်တွေပါဟု ရေရွတ်ကာ နိုးထချင်သော်လည်း ကြောက်စရာကောင်းသော အစစ်အမှန် ပုံရိပ်တွေသာ
ဖြစ်နေခဲ့သည် မဟုတ်ပါလား....။

ထိုအိပ်မက်ဆိုးနှင့်အတူ မှိုင်းခေါင်၏ အမုန်းတရားတွေသည် ပို၍ ကြီးထွားလာတော့မည်ဟု ထင်ရသော်လည်း ကံကြမ္မာသည် ထိုကောင်လေးအား မှိုင်းခေါင်ကို နှစ်သိမ့်ပေးရန် မေမေ့ကိုယ်စား စေလွှတ်ခဲ့ခြင်းသာဖြစ်သည်။

ဤကံကြမ္မာသည် မြေအောက်ခန်းထဲ၌
မှိုင်းခေါင်ငိုနေစဉ် ရောက်လာသော ကံကြမ္မာဖြစ်သည်။

"အထဲက ဘယ်သူငိုနေတာလဲဟင်...."

အသံသေးလေးတစ်ခုကို တံခါးအပြင်ဘက်တွင် ကြားလိုက်ရသည်။ မှိုင်းခေါင်သည် အသံထွက်၍ ငိုနေသည်ကိုရပ်လိုက်ပြီး တံခါးနားသို့ ပို၍တိုးကပ်လိုက်သည်။

"အပြင်က ပြောနေတာဘယ်သူလဲ...."

"သားက ငွေရှိုင်းပါ...ရှိုင်းငယ်လို့လည်း ခေါ်လို့ရပါတယ်..
အထဲက သားကိုတွန်း....တွန်းလိုက်တဲ့ကိုကိုလား...."

*ရှိုင်းငယ်....။ ဒီအသံသေးလေးက...ဖေဖေခေါ်လာတဲ့ ကောင်လေးရဲ့အသံပဲ...*

နာမည်ကြားရုံနှင့် နှုတ်ခမ်းကိုက်မိသည်။ သို့သော်ဒေါသထွက်၍ အော်ထုတ်မိလျှင် မှိုင်းခေါင်ကို အဖော်ပြုမည့်သူမှာ အမှောင်ထုသာရှိသည်ဖြစ်၍ ငိုသံပါနေသော အသံကိုထိန်းချုပ်ရင်း...

"ဟုတ်တယ်...." ဟု ခပ်ပြတ်ပြတ်ပြောလိုက်သည်။

တစ်ဖက်မှ အတော်ကြာသည်အထိ အသံတိတ်သွားပြီးနောက်မှ

"သား သွားတော့မယ်...." ဟု ပြန်ပြောလာသည်။

မှိုင်းခေါင်သည် ရေငတ်နေသည့်အချိန်တွင် ရေအိုးစင်တွေ့သော်လည်း ဖွင့်ကြည့်လိုက်သောအခါမှ အိုးအလွတ်ဖြစ်နေသကဲ့သို့ ငွေရှိုင်း၏စကားကြောင့် ရင်ထဲတွင် ဟာတာတာကြီး ခံစားလိုက်ရသည်။

" ခဏ....ခဏလေး....
မင်းကို အခုဘာမှမလုပ်နိုင်ဘူးလေ...မသွားနဲ့နော်...
ထသွားတာနဲ့...ငါပြန်ထွက်လာတဲ့အခါကျ မင်းကိုရိုက်မှာ...

ရှိုင်း.....အာ...တံခါးဟိုဘက်ကကောင်လေး...
မင်းရှိသေးလား...."

"ဟုတ်....."

ပြန်ဖြေသံကိုကြားလိုက်ရ၍ မှိုင်းခေါင်စိတ်ထဲပေါ့သွားသည်။ အတန်ကြာအောင် တိတ်ဆိတ်နေခဲ့ကြပြီးမှ မှိုင်းခေါင်သည် အမှောင်ထဲတွင်နေရသည်ကို ခြောက်ခြားလာသဖြင့်....

"မင်းရတဲ့ သီချင်း.....ဘာသီချင်းပဲဖြစ်ဖြစ် ငါကြားအောင် အကျယ်ကြီးအော်ဆိုပြ...."

"ဗျာ....သားဆိုတတ်တာ ကဗျာပဲရှိတာ....
သီချင်းမဆိုတတ်ဘူး..."

"ရတယ်....ဆိုတတ်တဲ့ဟာပဲဆိုလိုက်...
ကျယ်ကျယ်ဆိုနော်..."

မှိုင်းခေါင်သည် တံခါးကိုမှီကာ ငွေရှိုင်း၏အသံကို နားစွင့်နေလိုက်သည်။ သူမှီထားသောနေရာတွင် ပူနွေးမှုတစ်ခုကို ခံစားရလေသည်။ တစ်ဖက်မှ ကောင်လေးကရော သူ့လိုပင် တံခါးဘောင်ကို မှီထားလေမလား....။

မှိုင်းခေါင်၏ အတွေးမှာ မှန်သည်။ တစ်ဖက်ခြမ်းရှိ ကလေးငယ်သည် တံခါးဘောင်ကိုမှီရင်း သူရသည့်ကဗျာများကို ပြန်စဉ်းစားနေလေသည်။

ထို့နောက်စူးရှသော အသံငယ်လေးကို
မှိုင်းခေါင်ကြားလိုက်ရသည်။

"ညအခါ....လသာသာ....
ကစားမလား...နားမလား...

အစားအစာ... ဝါးစားပါ...
အသားပါသလား...ငါးပါသလား...

ကစားစရာ ....ကစားပါ....
အားထားစရာ....သားသားလာ...

စာရသလား...ခဏလာပါ...
ဆရာမအနား...လာသာလာပါ..."

မှိုင်းခေါင်နှင့်ရင်းနှီးနေသော ကဗျာများဖြစ်သည်။ ထပ်ခါတလဲလဲ ရွတ်ဆိုခဲ့ဖူးသဖြင့် နှလုံးသားထဲတွင် စွဲမြဲနေသည်အထိ မှတ်မိနေသည်။

"ထပ်ဆိုရဦးမှာလား...."

"တခြားရတာရှိသေးရင် ဆိုပေါ့...."

သက်ပြင်းချသံသဲ့သဲ့လေးကို ကြားလိုက်ရသည်ဟု စိတ်ထဲတွင် ထင်ခဲ့သည်။ ထိုကောင်လေးသည် မိမိကို လူဆိုးတစ်ယောက်အဖြစ် မြင်နေမည်လား...။

လူတွေရဲ့စိတ်မှာ အလွန်ထူးဆန်း၏။
ကိုယ်ကသာ တခြားသူကို မုန်းချင်မုန်းလိုက်မည် ဖြစ်သော်လည်း သူများက ကိုယ့်ကို လာမုန်းမှာမျိုးကိုတော့ မခံချင်တတ်ကြပေ...။

မှိုင်းခေါင်းသည် ထိုကောင်လေး သူ့ကိုမုန်းမည်ထက် စိတ်မရှည်၍ ထထွက်သွားမည်ကိုသာ ပိုကြောက်နေမိသည်။

"ရှိုင်းငယ်....မင်းရှိနေသေးလား...."

"ဟုတ်ကဲ့...ကိုကို....သားရှိပါတယ်...."

ငွေရှိုင်းသည် သူထင်နေသလို ထထွက်မသွားသည့်အပြင် လွှတ်ကနဲခေါ်လိုက်မိသော အမည်နာမတစ်ခုကို ကြားပြီးနောက် ပျော်ရွှင်နေသောအသံနှင့် ပြန်ဖြေလေသည်။

ွှမှိုင်းခေါင်တစ်ယောက် သူ့ကို
တွန်းထုတ်ခဲ့သည်ကိုပင် မေ့သွားပုံမျိုးနှင့်....။

"ငါ့ကို ကိုကိုလို့ခေါ်တာ မင်းက ငါ့အဖေရဲ့သားမို့လို့ ခေါ်တာလား...."

"မဟုတ်ပါဘူး....ကိုကိုက သားထက် အရပ်ရှည်လို့ပါ..."

မှိုင်းခေါင်သည် ထိုကောင်လေးကို မေးခွန်းတွေမေးရန် သတိရသွားသည်။ငွေရှိုင်းသည် ဖေဖေနှင့် ငွေ့ရည်မိုးတို့ ဖောက်ပြန်၍ရလာသော.တိတ်တိတ်ပုန်းသားများလားဟု မှိုင်းခေါင်စိတ်က ထင်နေမိသည်။

"ငါမင်းကိုမေးမယ်....မှန်မှန်ဖြေနော်..."

"ဟုတ်..."

"မင်းအဖေက ငါ့အဖေလား...."

"မဟုတ်ပါဘူး....သားအဖေက သားအဖေပါ...."

"ဟာ..မင်းအဖေ..နာမည်ကိုပဲပြောတော့..."

"ဦးသုခထွန်း...."

"မင်းမှာအဖေရှိတာပဲ ဘာလို့ငါ့အဖေနဲ့လိုက်လာတာလဲ..."

"မေမေပြောတာတော့ သားအဖေက
ကောင်းကင်မှာနေတာတဲ့...သားတို့ဆီပြန်မလာနိုင်တော့ဘူးတဲ့..."

ငိုသံလေးနှင့်ပြန်ဖြေသောကြောင့် ငွေရှိုင်း၏ ခင်ဖြစ်သူအကြာင်းနှင့် ပတ်သတ်သည်ကို မှိုင်းခေါင်ထပ်မမေးဖြစ်တော့ပေ။

"မင်းအမေရှိသေးတာပဲမလား....မင်းအမေနဲ့နေပေါ့...."

ဒီတစ်ခါတွင် ဘာစကားသံမှထွက်မလာတော့ဘဲ ရှိုက်သံသာ ပို၍ကျယ်လောင်လာသည်။ မှိုင်းခေါင်သည် ထိုကောင်လေးငိုသံကို ကြားရသောအခါ စိတ်ထဲတွင်သနားလာသည်။ သို့သော်လည်း မသနားသင့်ဘူးဟုသာ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးရင်း ငိုသံကိုလျစ်လျူရှုလျှက်....။

"ငိုမနေနဲ့....အခုနက မင်းဆိုသွားတဲ့ ကဗျာတွေကို ငါ...ရပ်တော့လို့မပြောမချင်း အကျယ်ကြီးအော်ဆိုနေ...." ဟု ပြောလိုက်သည်။

ထို့နောက်တွင် အသံငယ်လေးသည် အမှောင်ထုကိုဖြိုခွင်းကာ မှိုင်းခေါင်ထံသို့ ရောက်ရှိလာသည်။

မှိုင်းခေါင်သည် ဘယ်အချိန်ကဘယ်လို အိပ်ပျော်သွားသည်လဲမသိပါ...။ ပြန်နိုးလာသောအခါတွင် အမှောင်ထဲတွင်ပါ မြင်နေရသည့် အနုမြူနာရီလေးကြောင့် အချိန်ကိုသိရသည်။

ခြောက်နာရီစွန်းခါနီးအချိန်သည် မြေအောက်ခန်းထဲတွင် မှိုင်းခေါင်ပိတ်ခံထားရသည်မှာ ငါးနာရီခန့် ကြာမြင့်သွားပြီဖြစ်ကြောင်း ပြသနေသည်။ဖေဖေသည် မှိုင်းခေါင်ကို ပြန်ထုတ်ပေးဖို့ မေ့လျော့ခဲ့ပြီထင်သည်ဟု တွေးမိသောအခါ စိတ်ထဲတွင် နာကျင်ရသည်။

မှိုင်းခေါင်သည် မြေအောက်ခန်းထဲတွင် မိမိအိပ်ပျော်သွားချိန်၌ ဟိုကောင်လေးကတော့ မွေ့ယာပေါ်မှာ အိပ်နေရမည်လားဟု တွေးမိပြန်တော့ ဒေါသထွက်လာသည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်၌ အသံတစ်သံကြားလိုက်ရသည်။ ဖေဖေ့မန်နေဂျာဦးထက်လင်းရဲ့ အသံဖြစ်သည်။

"ငွေရှိုင်း....ထ....ထ...ဘယ်တုန်းကတည်းက
ဒီမှာလာအိပ်နေတာလဲ..."

ပြန်ဖြေသံကိုမကြားရသော်လည်း ထိုကောင်လေး တံခါးအပြင်ဘက်တွင် တစ်ချိန်လုံးရှိနေခဲ့သည်ဟု မှိုင်းခေါင်သိခဲ့ရသည်။ ထို့အပြင် မှိုင်းခေါင်သည် အိပ်မပျော်ခင်ကပြောခဲ့သော စကားကိုအမှတ်ရမိပြီး လန့်သွားခဲ့သည်။

မိမိသည် အိပ်ပျော်နေ၍ ငွေရှိုင်းတစ်ယောက် ဘယ်အချိန်အထိ ကဗျာရွတ်နေသည်ကို မသိနိုင်။ သို့သော် ထိုကောင်လေးသည် မှိုင်းခေါင်ကို ကြောက်စိတ်ကြောင့် သူအိပ်မပျော်မချင်း ရွတ်ဆိုနေလိမ့်မည်။

မှိုင်းခေါင်ကို တံခါးဖွင့်ပေးသူသည် ဖေဖေမဟုတ်ဘဲ ဦးထက်လင်းသာဖြစ်နေသည်။ ဦးထက်လင်း၏လက်ကို ဆုပ်ကိုင်ထားသူ ကလေးငယ်သည် မှိုင်းခေါင်ကိုတွေ့တွေ့ချင်း ဦးထက်လင်း၏ နောက်ကျောဘက်တွင် ပုန်းကွယ်လိုက်သည်။

ထိုကောင်လေး၏မျက်လုံးများမှာ ငိုထားသဖြင့်မို့နေသည်ကို တွေ့ရချိန်တွင် မှိုင်းခေါင်လည်း စိတ်ထဲမကောင်းခဲ့ပေ။ မုန်းသည်ဆိုသော်လည်း မုန်း၍မရနိုင်သည့် အဖြစ်အပျက်တစ်ခုသည် မနေ့ညက ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား....။

ထိုကောင်လေးသည် မှိုင်းခေါင်ကဲ့သို့ မိဘအရိပ်အောက်တွင် ရှိနေရမည်ဖြစ်သော ကလေးတစ်ယောက်ဖြစ်ပြီး နုနယ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည့် ကလေးတစ်ယောက်လည်း ဖြစ်သည်။

ဒါကြောင့် သူက မှိုင်းခေါင်ရဲ့ အမိန့်မမည်သော စကားတွေကို ခပ်လွယ်လွယ် လက်ခံခဲ့တာပေါ့....။

ဒါပေမယ့် ဖေဖေကတော့.....။

ဖေဖေ့အကြောင်းကိုတွေးမိလျှင် မှိုင်းခေါင်၏ကိုယ်လုံးလေး တဆတ်ဆတ်တုန်လာရမြဲ။ မျက်ရည်တို့လည်း ထွက်လာလုအံ့ဆဲဆဲ...။

"ဘာလို့ အခုမှလာဖွင့်ပေးတာလဲ....နောက်
လေးငါးရက်လောက် ပိတ်ထားလိုက်ပါလား..."

မှိုင်းခေါင်သည် ဦးထက်လင်းကို အော်ဟစ်ပြောဆိုကာ အံကြိတ်၍ ထွက်သွားပြီဖြစ်သည်။ သူသည် ငွေရှိုင်းရှေ့တွင် မျက်ရည်မကျချင်။ မာကျောခြင်းအပြည့်နှင့် ကျောခိုင်းလာခဲ့သော်လည်း ငွေရှိုင်းနည်းတူ မို့မောက်နေခဲ့သော မျက်ဝန်းများမှာ မှိုင်းခေါင်ပြသချင်သော ပုံစံနှင့် အများကြီးကွဲလွဲခဲ့၏....။

မိမိအခန်းသို့ပြန်ရောက်ချိန်၌ မှိုင်းခေါင်တစ်ယောက် အားရပါးရအော်ငိုလိုက်သည်။ အသည်းပေါက်မတတ် ငိုနေမိသော်လည်း မှိုင်းခေါင်မငိုအောင် ချော့မြူမည့်သူ တစ်ယောက်တစ်လေမျှမရှိခဲ့....။

နောက်မှသိခဲ့ရသည်က မိမိကိုယ်မိမိ ရင်နာစရာကောင်းသော ဘဝကိုု ပိုင်ဆိုင်ထားရသည်ဟု ထင်ခဲ့သော်လည်း ငွေရှိုင်းကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ကြားသိခဲ့ရချိန်တွင် ထိုကောင်လေးအပေါ် ထားရှိခဲ့သော အမုန်းတရားတို့ လျော့နည်းသွားရပါသည်။

မှိုင်းခေါင်ပယောဂကြောင့် အသံဝင်သွားရသည်ကို ဖေဖေ့ရှေ့တွင် မှိုင်းခေါင်ကြောင့်မဟုတ်ပါဘူးဟု လိမ်ညာပေးသော ကောင်လေးကဲ့သို့ ....
မှိုင်းခေါင်သည်လည်း ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့သည်။

ငွေ့ရည်မိုးဟူသော နာမည်ကိုကြားတိုင်း.....

မေမေ့ရဲ့မျက်ရည်တွေကို မြင်မိချိန်တိုင်း....

ဖေဖေ့ရဲ့ ပစ်ပယ်မှုတွေကို ခံစားရတိုင်း....

မှိုင်းခေါင်၏ ဒေါသတွေကို ငွေရှိုင်းထံတွင် ပုံချခဲ့သည်။

သို့သော်လည်း ထိုဒေါသတွေမှာ ဟန်ဆောင်ခြင်းသာဖြစ်ပြီး
တကယ့်အစစ်အမှန်တွင်တော့ မှိုင်းခေါင်သည် ငွေရှိုင်းကို လုံးဝမမုန်းခဲ့ပါချေ...။

Flashback end.....

>>>>>>>>>>>>>>>>>>>>>>>>>

AN/

အကယ်၍ ငွေမှိုင်းလင်းဝေကို သဘောကျလို့ reviewပေးဖြစ်ခဲ့မယ်ဆိုရင် spoilဖြစ်စေမှာတွေကို ရှောင်ပေးပါနော်။

မှိုင်းခေါင်နဲ့ငွေရှိုင်းက ညီအစ်ကိုအရင်း မဟုတ်ဘူးဆိုတာမျိုးပေါ့။ ဒီအကြောင်းကို ကြိုသိထားရင် အရသာပျက်တာပေါ့...။

ဒါက မှိုင်းခေါင်ရဲ့အတိတ်ကအတွေးတွေပါ...
အလျဉ်းသင့်သလို ရေးသွားမှာဖြစ်လို့ သူတို့အကြောင်းကို ဟန်မီဖော်လိုက်တာ စောတယ်လို့ထင်ရပေမယ့် မစောပါဘူး....။

Love you all😘
Han_Me
(6.7.2020)

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

356K 38.7K 67
ကျွန်တော်ကတော့ ဘာကိစ္စပဲဖြစ်ဖြစ် ပီတာထွန်းညွန့်ဆိုတဲ့ ကောင်လေးဘက်ကိုသာ ယိမ်းယိုင်ပါ့မယ် (ရွှေရိုးနော...
616K 49.6K 53
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
37.3K 1.8K 40
Title - The Loudest Silence [တိတ်ဆိတ်ခြင်းရဲ့ ပဲ့တင်သံ] Type - Own Creation, Myanmar BL ကြွေကျလာတဲ့ ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းမိခဲ့ရင် မင်းရ...
1.3M 37.5K 65
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...