အဆောင်ဝက ဧည့်တွေ့ခန်းမှာ စောင့်ကြိုနေသော Mr.Kim။ရီဝေတင်းမာနေသော မျက်နှာထားကြောင့် အခြေအနေမကောင်းတော့မှန်း ရိပ်မိသည်။
"ကဲ..ပြောစမ်းပါအုံး... ကင်ဆော့ဂျင် ဘယ်တွေကို သွားနေလို့ ဒီအချိန်မှပြန်ရောက်လာတာလဲ"
ဆော့ဂျင်က ချက်ချင်းမဖြေ။ဂျောင်ကုကို လှည့်ကြည့်ကာ လက်တွဲကိုဖြုတ်ပစ်သည်။
"ဂျောင်ကု....အရင်ဝင်နှင့်တော့ ပြီးမှ ကိုယ်လာခဲ့မယ်"
ဂျောင်ကုက အခန်းထဲ မဝင်သေးဘဲ စိုးရိမ်နေသည့် မျက်လုံးဝိုင်းတွေဖြင့်ကြည့်နေဆဲပင်။
"သွားတော့ ဂျွန်ဂျောင်ကု "
အသံမာမာနဲ့ ငေါက်လိုက်တော့မှ ကောင်လေးက အခန်းထဲ မဝင်ချင်ဘဲ ဝင်သွားသည်။
"ဟေ့ကောင်...ပြောစမ်း..ဘယ်တွေကို လမ်းသလားနေတာလဲ၊ မင်းစိတ်တိုင်းကျ မင်းတက်ချင်တဲ့တက္ကသိုလ်ကို ငါ ပေးတက်ထားတာနော် အခုလို အလေလိုက်နေဖို့မဟုတ်ဘူး"
"အဖေရော ကျွန်တော့်ဘက်ကို ဘယ်တုန်းက ငဲ့ကြည့်ဖူးလို့လဲ၊အချိန်တန်ရင် အဖေဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် ကျွန်တော်ကြိုးစားနေတာပဲလေ၊အလေလိုက် နေတာမဟုတ်ဘူး..ကျွန်တော့်ရဲ့ လွတ်လပ်ချိန်ကို ကျွန်တော်ကြိုက်သလိုနေမှာပေါ့"
"မင်း........ဖအေကို တစ်ခွန်းမကျန်ပြန်ပြောတတ်နေပါလား၊ရတယ် မင်းကြိုက်သလိုနေ..ကျောင်းပြီးတာနဲ့ နိုင်ငံခြားသွားဖို့ရယ်နဲ့ ယူရီ့ ကိုလက်ထပ်ဖို့ရယ်သာ ပြင်ထားပေတော့"
"အဖေက အဖေဖြစ်ချင်တာတွေကိုပဲ အမြဲရှေ့တန်းတင်တယ်"
"ခုနက ကောင်လေးကရော ဘယ်သူလဲ၊အပေါင်းအသင်းမထားတတ်တဲ့ကောင်က အခုကာမှ ထူးထူးဆန်းဆန်း ပါလား"
"အဖေ သိဖို့မလိုဘူး"
"တောက်!!"
ရှက်သည်။အမြဲတမ်း အပြစ်တင်ပြီး သူ့ဆန္ဒတစ်ခုတည်းကို ဦးစားပေးတတ်တဲ့ အဖေ့ကြောင့် စိတ်ညစ်ရသလို ရှက်လည်းရှက်ရသည်။ချမ်းသာသော မိသားစုက မွေးဖွားလာတဲ့သူတစ်ယောက်မို့ စည်းစိမ်ဥစ္စာအလျှံပယ်ရှိပေမယ့် လွတ်လပ်ခွင့်ဆိုသည့် အခွင့်အရေးကတော့ အမြဲတမ်းဆုံးရှုံးရစမြဲပင်။
တစ်နှစ်ကြာမှ တစ်ခါလောက်လာတွေ့တဲ့သားကို အမှန်တကယ်ဆို နေကောင်းလား အဆင်ပြေလားလို့တောင်မေးဖော်မရဘဲ မြင်တာနဲ့ ဖိအားပေးဖို့ကအရင်။
"အစ်ကို အဆင်ပြေရဲ့လား...အစ်ကိုရဲ့ အဖေက အရမ်းဆူသေးလား..အဖေ
က ဒေါသကြီးတယ်နော်၊ ကျွန်တော်တောင်ကြောက်တယ်"
မျက်လုံးလေးပြူးပြီး မဲ့ကာရွဲ့ကာ ကြောက်တဲ့ပုံစံလုပ်ပြတဲ့ ဂျောင်ကုကိုကြည့်ပြီး သူက ရယ်လိုက်သည်။ထို့နောက် တစ်ချက်နှစ်ချက် အပျင်းဆန့်လိုက်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တော့မည့် ဆဲဆဲမှာပင်..
"Hyung!!"
လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ရီဝေသော မျက်လုံးတွေနှင့်ကြည့်သည်။
"ဘာ....ဘာလဲ"
ရီဝေနေတဲ့ ဒီမျက်လုံးတွေက ခါတိုင်းလို ဖြူစင်ရိုးသားတဲ့ အကြည့်တွေနဲ့ မတူတာ ဘာကြောင့်လဲ။
"Jin hyung!!ခုနက ကိစ္စလေး ပြန်မဆက်ချင်ဘူးလား"
"ဘာလဲ...ဘာကိုလဲ"
"ဒါ..လေ..."
ဆော့ဂျင်လက်တစ်ဖက်စီကို ဖမ်းချုပ်လိုက်ပြီး ကျောပြင်နဲ့နံရံကိုကပ်သည်။ရုတ်တရက်မို့ ရုန်းဖယ်ငြင်းဆန်ဖို့ မေ့သည်အထိပင်။မိမိနှုတ်ခမ်းတွေကို မျက်တောင်မခတ်ငေးမောကာ လက်ညှိုးလေးဖြင့် နှုတ်ခမ်းလုံးလေးအပေါ် လာထိသည်။
နားရွက်နှစ်ဖက်လုံး နီရဲလာကာ မျက်နှာတွေပါပူလာသည်။နှုတ်ခမ်းနားရောက်လာသော လက်ချောင်းကို ကိုက်ချလိုက်တော့ ကောင်လေးက အသားကုန် အော်သည်။
"အား!!!hyung!!!သေပါပြီ...hyungက ရက်စက်လိုက်တာဗျာ"
........................................................
စာမေးပွဲတွေနီးပြီမို့ ခုတစ်လော Kookie နဲ့တောင်စကားမပြောဖြစ် ။သူက final yearမို့ဂရုစိုက်ရသည်။သူအရမ်းဝါသနာပါတဲ့ ဘာသာရပ်တွေကိုနိုင်ငံခြားအထိသွားပြီးလေ့လာချင်သေးတာမို့ အားကစားဘက်ကိုခဏလျှော့ထားပြီး စာဘက်ကိုပိုအာရုံစိုက်ဖြစ်သည်။
"အား.....ဇက်ကြောတက်လိုက်တာ..လန်းသွားအောင်ရေသွားချိုးဦးမှ"
ရေချိုးခန်းထဲမှာ ဘာသံမှမကြားတာမို့ သူ တံခါးကိုဆတ်ကနဲ ဖွင့်ဝင်လိုက်သည်။
"ဟာ...jungkook..အသံမပေးဘာမပေးနဲ့ Hyungက လူမရှိဘူးမှတ်လို့်"
အပေါ်ပိုင်းဗလာနဲ့ မှန်ရှေ့မှာရပ်နေတဲ့ jungkookကိုကြည့်ပြီး သူအံသြမိသွားသည်။
ခါတိုင်းဆို jungkookက အကျ်ီခပ်ပွပွတွေသာအဝတ်များတာမို့ ခန္ဓာကိုယ် ကို မှန်းလို့မရပေ။ဒီကောင်လေးရောက်လာခါစကတောင် အသားဖြူဖြူ ခပ်နွဲ့နွဲ့နဲ့အားငယ်တတ်တဲ့ ယုန်လေးတစ်ကောင်လို့သာထင်မိသည်။အခုတော့အထင်နဲ့အမြင်လွဲပါပေါ့လား။လက်မောင်းကြွက်သားတွေရော ဗိုက်က ကြွက်သားတွေနဲ့ရော အတော့်ကို ကြည့်ကောင်းသည်။သူတောင် အားကစားတွေလုပ်ပေမဲ့အရင်ကတည်းက ခန္ဓာကိုယ် ကခပ်သွယ်သွယ်မို့ jungkookလို ကြွက်သားမထွက်ပေ။
"Sorry jungkook...မင်းပြီးမှ ငါရေချိုးတော့မယ်"
"လာပါ...အတူချိုးရအောင် hyungကလည်း ယောကျ်ားအချင်းချင်းပဲကိုး"
Jungkookရဲ့ စပ်ဖြဲဖဲမျက်နှာကိုseokjinမျက်စောင်းထိုးလိုက်ရင်း..
"အရူးကောင်..မင်းသေချင်နေတာလား"
ဒီကောင်လေး ရောက်ကာစက ဒီလိုမဟုတ်ပါဘူး ခု ရဲတင်းလာတာ ကြည့်စမ်း..သူ့ကိုတောင်ပြန်စနေပြီ..
………………………………
"TaeHyungရေ..မုန့်သွားစားရအောင်"
"Jungkook...ဟိုရှေ့က Jin hyungမလား"
TaeHyungပြရာ စားပွဲကိုကြည့်လိုက်တော့...အစ်ကိုပါလား ကျောင်းသူ ကောင်မလေးနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး မုန့်စားနေသည်။
"လာ...Tae Hyung အဲ့ဒီရှေ့ကစားပွဲမှာ သွားထိုင်ရအောင်"
Jungkook ခပ်တည်တည်နဲ့ jin hyungရှေ့က ထိုင်ခုံမှာ ထိုင်လိုက်ရင်း Tae Hyungရဲ့ ပုခုံးကိုဖက်လိုက်ကာ
"Taeလေး ထည့်စားနော် အားမနာနဲ့ မုန့်တွေကုန်ရင်ထပ်မှာပေးမယ်"
Tae hyungကတော့ နားမလည်တဲ့မျက်လုံးတွေနဲ့ jungkookကိုကြည့်ကာ တစ်ခုခုပြောမလို့ ဟန်ပြင်လိုက်စဥ်မှာပဲ jungkookက နောက်ထပ်မုန့်တစ်ခု ပါးစပ်ထဲသို့ အတင်းခံွ့လိုက်ကာ
"ကြည့်စမ်းပါဦး... Taeလေးက ကလေးလေးကျနေတာပဲ ပါးစပ်မှာလဲ ပေကျံနေတော့တယ်"
Taeက မျက်လုံးပြူးကြီးတွေနဲ့ jungkookကိုကြည့်လိုက်ကာ
"ဟေ့ကောင် ငါဘယ်မှာပေကျံအောင်စားနေလို့လဲ မင်း ဘာဖြစ်နေတာလဲ ဆေးမှားသောက်မိလို့လား"
"ဟာ...စားမှာသာစားစမ်းပါ"
Taeကို ခပ်ကျိတ်ကျိတ်ပြောလိုက်ရင်း Taeမျက်နှာကိုသာ ချစ်သူတွေလို တစိမ့်စိမ့်ကြည့်နေလိုက်သည်။
မျက်နှာချင်းဆိုင်က ဝိုင်းမှာတော့...
"အဟွတ်....အဟွတ်..."
"Oppa...ဘာဖြစ်လို့လဲ ဟင် yoon mi ဘာလုပ်ပေးရမလဲ"
"ရတယ်..ဘာမှမဖြစ်ဘူး"
Seok jinရေအမြန်သောက်လိုက်ရင်း yoonmiကိုလက်ကာပြလိုက်သည်။သူ ရှေ့ကို jungkookဝင်လာကတည်းက သူ မသိမသာလှမ်းအကဲခတ်နေတာ။jungkookဘေးက သူ့ရည်းစားလား သဲသဲလှုပ်ပြနေတာများ ရေတောင်သီးတယ်။ဒါနဲ့များ ငါ့ကို ရိသလိုပတ်သလို လာချွဲနေပြီးတော့ ဒင်းမှာ ရည်းစားရှိရဲ့သားနဲ့...တွေ့မယ် ။
"Yoonmi...ဒီကပြန်ရင် oppaတို့ ကစားကွင်းမှာ သွား dateရအောင်..yoonmiလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ဟင်းးဟင်းးး"
"ဟာ...oppaက အရမ်းသဘောကောင်းတာပဲ..yoonmiတော့ သေပျော်ပါပြီ "
ဟိုဘက်ဝိုင်းက seok jinစကားကြောင့် jungkookနှုတ်ခမ်းကို မဲကိုက်လိုက်ရင်း....
"Taeလေး ပြီးရင် ကစားကွင်းသွားရအောင်နော် taeလေးက ကစားရတာ အရမ်း ကြိုက်တယ်မလား"(တေွ့ပြီ Tae hyungနဲ့ကစားကွင်းနဲ့ မျောက်ရှုံးအောင်ဆော့ပြပါလိမ့်မယ်😁)
ကောင်မလေးကို လက်ဆွဲပြီးထွက်သွားတဲ့ hyungကိုမျက်စိကျွတ်မတတ်ကြည့်လိုက်ရင်း..
"ဟေ့ကောင် tae hyungမြန်မြန်စား ကစားကွင်းသွားရအောင်"
"ပြီးအောင်တော့ မျိုပါရစေဦးကွာ..ခုမှစားပြီးသောက်ပြီးကြီးကို ဘယ်လိုဆော့ရမှာလဲ...မင်းက အမျိုးမျိုး တတ်လည်းတတ်နိုင်တယ်"
………………………………………
ကစားကွင်းမှာ သူhyungကို နေရာအနှံလိုက်ကြည့်လိုက်ကာ..
ဟော...ဟိုမှာ တွေ့ပြီ သရဲအိမ်အဝမှာ သူ့ကောင်မလေးနဲ့ ။သူ့ကောင်မလေးက သရဲအိမ်ထဲဝင်ဖို့ အတင်းပူဆာနေပုံရသည်။
သူ အကြံရသွားကာ....
"Tae တို့သရဲအိမ်ထဲဝင်ကြမလား"
"ဘာ......."
Taehyungရဲ့အော်သံကြောင့် သူ့နားနှစ်ဖက်ကိုတောင်ပိတ်လိုက်မိသည့်အထိ
"နားတောင်ကွဲမယ် ဖြည်းဖြည်းအော်ပါဟ"
"Yahhh!! Jungkook shi....မင်းတော်တော်လွန်နေပြီနော်..ခုနကကျတော့ မုန့်တွေကို ကျွေးပြီး ခုသရဲအိမ်ထဲဝင်ခိုင်းနေတာလား...အကြံဆိုးကြီးနဲ့ ငါ့ကိုသေအောင်သတ်နေတာလား"
"အဟက်...မင်းက ကြောက်တယ်ပေါ့ ဒီလိုလုပ်ရအောင် မင်းသရဲအိမ်ထဲဝင်ရဲရင် ခုစာမေးပွဲမှာ မင်းမရတဲ့ဘာသာတွေအကုန် ငါ ပြပေးမယ်ကွာ...ဘယ်လိုလဲ"
Jungkookရဲ့ ပြီတီတီမျက်နှာကို Tae မယုံသလိုကြည့်လိုက်ရင်း
"တကယ်ပြောနေတာလား....လုပ်ထားဦးပေါ့ကွာ မင်း...မင်း"
Taeက အံကြိတ်ပြီး jungkookကို တစ်ချက်ထုလိုက်ရင်း
"သွား..သွား..မင်းရှေ့ကသွား...."
Jungkook လက်မှတ်နှစ်စောင်ဝယ်ပြီး သူကရှေ့က ဦးဆောင်ကာ
"Taeရေ လာ လာ ဒီဘက်က ဝင်ကြရအောင်"
Taehyungရဲ့လက်ကိုဆွဲကာ Seok jinတို့ဝင်သွားတဲ့ လမ်းကြောင်းအတိုင်းနောက်က ဝင်လိုက်သည်။ဘာမှမရိပ်မိတဲ့ Tae hyungကတော့ သူ့အကျီစကို ဆွဲထားပြီးနောက်က ကုပ်ချောင်းချောင်းပါလာသည်။
အသံတွေက အစ ချောက်ခြားဖွယ် တီးလုံးမျိုးစုံမြည်နေကာ အတွင်းမှာ မီးရောင်ခပ်ရဲရဲသာရှိသည်။
Taehyung ခမျာမှာတော့ အသက်တောင် ဝ ဝ မရှုရဲ။အရှေ့က ရင်ကော့ပြီး ဘာတွေရှာနေမှနိးမသိသော jungkookပခုံးကိုထုလိုက်ရင်း
"Jungkook တောင်းပန်ပါတယ် ကွာ...ငါ ဆက်မလိုက်ပါရစေနဲ့တော့ ငါ့ကို ဒီမှာပဲထားခဲ့ပါတော့ကွာ ဒူးတွေလည်းတုန်နေပြီဟ"
ငိုသံပါကြီးနဲ့ပြောနေသော Taehyungကြောင့် jungkookသနားသွားရကာ
"Ok..အဲ့ဒါ ဆို Tae ဒီမှာကျန်ခဲ့ ကိုယ်ရှေ့ဆကိသွားကြည့်ဦးမယ်"
"ဘုရားရေ... jungkookဆိုတဲ့ကောင်က ကြောက်စိတ်ကိုမရှိတော့တာလား ommaရေ ommaသား Tae hyungတော့ လူပေါင်းမှားပါပြီ ommaရဲ့"
..........................................................................................
Kim Seok jinနှုတ်ခမ်းကိုတစ်တောင်လောက်ထော်လိုက်ကာ...
"Yoonmi နင် မိန်းကလေးဖြစ်ပြီးမကြောက်တတ်တာလား...နင်အတင်းခေါ်လို့် ငါလိုက်လာရတာနော် သရဲအိမ်ထဲမဝင်ချင်ပါဘူးဆိုကာမှ"
Yoonmiက အကြံနဲ့ Hyungကိုခေါ်လာခဲ့တာပါ.hyungသရဲကြောက်တတ်မှန်းသိလို့ သရဲအိမ်ထဲမရမကဝင်ဖို့ ခေါ်လာတာ hyungကကြောက်ပြီး သူ့ကိုဖက်လို်ဖက်ငြားပေါ့ ဟီ...ဟိ
"လာပါoppaရဲ့ ကြောက်ရင် ညီမကိုသာဖက်ထားလိုက်"
"တော်စမ်းပါ... ငါအဲ့လောက်လည်းမကြောက်တတ်ပါဘူး သွား နင်အရင်ရှေ့ကသွား"
Seok jinစိတ်ထဲမှာတော့ yoonmiကို နားရင်းနှစ်ချက်သုံးချက်လောက်ပိတ်အုပ်ပြီးပြီ...Kookie ကိုအရွဲ့တိုက်ပြီး ကစားကွင်းခေါ်လာတာ ငါ့အမှား..။
အမယ်လေးလေ...ခွေးအူသံလိုလို သရဲအော်သံလိုလိုနဲ့မကြားဝံ့မနာသာအသံကြီးပါလား
"ဖတ်..."
"အမယ်လေး....အား...."
ထောင့်အကွေ့နားမှာ ပေါ်လာတဲ့ လက်ပြတ်ကြီးက သူ့မျက်နှာပေါ်ကို အေးစက်စက်ကပ်သွားသည်။seok jinကြောက်လန့်တကြားအော်သံနဲ့အတူ လက်ပြတ်ရုပ်ကြီးကို မျက်နှာပေါ်က အတင်းခွာပြီး လွှင့်ပစ်လိုက်သည်။
ရုတ်တရက်မီးပြတ်သွားကာ လမ်းတစ်ခုလုံးအမှောင်ကျသွားသည်။
"အမယ်လေး....ommaရေ သားကိုလာကယ်ပါဦး..yoonmiမ ဘယ်ရောက်သွားပြီလဲ...အနားမှာဘယ်သူရှိလဲ"
ရုတ်တရက်သူ့နောက်ကျောစ အကျ်ီကို ဆောင့်ဆွဲခံလိုက်ရတော့
"အားးးးသရဲကှီး..."
"ဟာ....ဒီ hyungကလဲ ဘာသရဲလဲ"
မီးပြန်လာတော့မှ သူ့ရှေ့ကလူကိုသေချာကြည့်မိသည်။
"ဟင်...Jungkookမင်းဘယ်လိုရောက်လာတာလဲ"
"ဘယ်မှာလဲ hyungကောင်မလေး...သရဲအိမ်ထဲကိုကောင်မလေးနဲ့အတူလာပြီးတော့ သူ့ကိုသူ သူရဲကောင်းကြီးလုပ်ပြီး ခုမှမျက်စိစုံမှိတ်ပြီး တစ်မျိုးလုံးတစ်ဆွေလုံးကို တ နေတယ်"
Jungkookရဲ့ ငေါ့တော့တော့စကားကြောင့်
"မင်းလည်း မင်းရည်းစားနဲ့ မလား ဘယ်မှာလဲအဲ့ကောင်လေး"
"အဲ့တာသူငယ်ချင်းလေ ရည်းစားမှမဟုတ်လား"
Seok jinမျက်နှာလေး ပြုံးယောင်သန်းသွားကာ
"Jungkookငါ့ကို ဒီကနေ ခေါ်ထုတ်သွားပေးပါလား ငါရှေ့ဆက်ပြီးမသွားရဲတော့လို့....ဟိုရှေ့က အရိုးစုကြီးလားမသိဘူး လုပ်ပါကွာ ကူညီပါ Kookie ရယ်"
အသံတုန်တုန်လေးနဲ့ နှုတ်ခမ်းလေးတထော်ထော်ပြောနေတဲ့ သူ့ထက်၃နှစ်ကြီးပါတယ်ဆိုတဲ့ အစ်ကိုကြီးကိုသူကြည့်ပြီး အသည်းယားမိသည်။
သူ့ဂွင်ထဲဝင်သွားပြီဖြစ်တဲ့ hyungပေါက်စကိုကြည့်ပြီး မှိုရတဲ့မျက်နှာနဲ့
"အဲ့တာဆိုရင် အကျီချွတ်လိုက်"
"ဘာ..."
"မဟုတ်ဘူး လေ...အပေါ်ကကုတ်အကျီကိုချွတ်ပြီး မျက်လုံးကိုစည်းလိုက်အာ့ဆို hyungဘာမှမမြင်ရတော့ဘူးလေ"
Hyungက သူပြောသလို မျက်လုံးမှာအဝတ်စည်းပြီး jungkookအကျီစကို လွတ်ထွက်မသွားအောင်ဆွဲဆုပ်ထားလိုက်ရင်း jungkookခေါ်ဆောင်ရာနောက်သို့..။
သူလည်းမကြောက်တတ်ဘူးဆိုပေမဲ့ ခုလိုနှစ်ယောက်တည်းသွားရတာဆိုတော့ ကြောက်လည်းကြောက် ရင်လည်းခုန်သည်။သူ့အကျီစကိုဆွဲထားတဲ့ hyungလက်ကလေးကို မချင့်မရဲဖျစ်လိုက်ကာ
"Hyungမကြောက်နဲ့နော် ကျွန်တော်လက်ကိုသာကိုင်ထား "
နွေးထွေးလိုက်တာ hyungရယ် hyungလက်ကလေးသာဆုပ်ထားရရင် ဘာကြောက်စိတ်မှကိုမရှိတော့တာ။
ဒီလိုအခွင့်အရေးမျိုးနောက်တစ်ခါရနိုင်ပါတော့မလား။
မကြာခင် အထွက်ဝရောက်ခါနီး ထောင့်တစ်နေရာအရောက်မှာ သူခြေလှမ်းတွေကိုရပ်ပစ်လိုက်သည်။
"ဟင်...ဘာလို့ရပ်လိုက်တာလဲ"
သူ seokjinမျက်နှာပေါ်က အဝတ်ကလေးကို ညင်သာစွာဖယ်ရှားလိုက်ရင်း.....ကြောက်စိတ်ကြောင့် တဆတ်ဆတ်တုန် နေတဲ့ နှုတ်ခမ်းလုံးလုံးလေးကို စူးရဲစွာကြည့်လိုက်သည်။
"Hyung..."
အဖျားခတ်တုန်ယင်သွားတဲ့ ခေါ်သံလေးကြောင့် seokjin မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
"ဟင်...ဘာလို့လဲ မရောက်သေးပဲ...ဘာလို့ရပ်လိုက်တာလဲ"
"ကျွန်တော့်ရင်ခုန်သံတွေထိန်းမရတော့လို့.."
သူ hyungရဲ့ လက်ကလေးတစ်ဖက်ကိုဆွဲယူလိုက်ရင်းသူ့ရင်ဘတ်ပေါ်ကိုတင်ပေးလိုက်သည်။
သူ့ကို အံသြမှူတွေနဲ့ ကြည့်နေတဲ့hyungရဲ့မျက်နှာလေးကိုကြည့်လိုက်ကာ တဖြည်းဖြည်း တိုးကပ်လိုက်သည်။
သေချာပါတယ် hyungလည်းကျွန်တော့်လိုပဲ ရင်ခုန်နေမှာပါ။
Seokjinလည်း တဖြည်းဖြည်း ကပ်လာတဲ့jungkookနှုတ်ခမ်းလေးတွေကိုရှောင်ဖို့ကြိုးစားလိုက်ပေမဲ့ မျက်နှာကိုထိန်းကိုင်လိုက်ပြီး လာထိတဲ့ နှုတ်ခမ်းသားအိအိလေးကြောင့် မရုန်းနိုင်ဖြစ်သွားသည်။
Jungkook အချိန်အတော်ကြာ တောင့်တခဲ့ရတဲ့ နှုတ်ခမ်းလုံးလုံးလေးကို candyတွေကိုစားသလို သွားလေးနဲ့မနာအောင်ကိုက်ကာ လျှာလေးနဲ့ပါအရသာခံမိသည်။
အပေါ်နှုတ်ခမ်းလေးရော အောက်နှုတ်ခမ်းလေးတွေကိုပါ စုပ်ယူလိုက်ရင်း hyungမျက်နှာလေးကို လွတ်ထွက်မသွားအောင် ထိ်နးကိုင်လိုက်သည်။
အချိန်အတော်ကြာသည်အထိ နမ်းရှိုက်နေသော jungkookကို သူတွန်းလိူက်သည်။
"တော်တော့....အသက်ရှုကျပ်နေပြီ..ရောက်နေတာ အိပ်ခန်းမဟုတ်ဘူး သရဲအိမ်နော်"
Jungkook ...hyungနားနားကပ်ကာတိုးတိုးလေးပြောလိုက်သည်။
"Hyungနှုတ်ခမ်းတွေက အရမ်းချိုတာပဲ"
"တော်စမ်း..ရှက်စရာကောင်းအောင် မင်းက သရဲထက်ပိုကြောက်ဖို့ကောင်းတယ်"
မျက်နှာနီနီလေးနဲ့ ပြောနဲ့တဲ့ hyungလက်ကလေးကိုဆွဲလိုက်ရင်း
"ခုလောက်ဆို taehyungတော့ ကျွန်တော့်ကို ကျိန်နေလောက်ပြီ ဟားဟား းးးး"
သူတို့နှစ်ယောက်အတူတူအပြင်ထွက်လာတော့ Taehyungရော yoonmiရောအံ့သြနေသည်။
Yoonmiကတော့ ခပ်ပုတ်ပုတ်မျက်နှာနဲ့ ပြုံးတောင်မပြုံးရှာပေ။
Seokjinကတော့ နည်းနည်းယောင်ချင်နေတဲ့ အရင်ထက်ပိုထူအမ်းသွားတဲ့နှုတ်ခမ်းလေးကို လက်နဲ့မသိမသာကွယ်လိုက်ရင်း မျက်နှာတွေနီရဲနေသည်။
"ခေွးကောင်လေး jungkook ငါ့မှာတော့ သရဲအိမ်ထဲမှာမင်းအပင်ပေါက်နေပြီတောင်ထင်တာ လက်စသတ်တော့ jin hyungနဲ့တွေ့နေတာကို"
"ဟီးးလာပါကွာ Taeလေးပြန်ရအောင် Hyungရေ သွားပြီနော်"ပြောလည်းပြော မျက်စိတစ်ဖက်မှိတ်ပြသွားတဲ့ jungkookကို seokjin ကျိန်ဆဲလိုက်သည်။
"သရဲထက် ဆိုးတဲ့အကောင်"
............................
အမှားတွေရှိရင် နားလည်ပေးကြပါလို့်
Thanks for your reading and vote♥♥♥
Riona
Zawgyi
အဆောင်ကို သူတို့နှစ်ယောက်ပြန်ရောက်တော့ Mr.Kimက ဒေါသကြောင့် တင်းမာနေတဲ့ မျက်နှာနဲ့ ဆီးကြိုသည်။
"ကဲ..ပြောစမ်းပါအုံး... Kim Seok Jin..ဘယ်တွေကို သွားနေလို့ ဒီအချိန်မှပြန်ရောက်လာတာလဲ"
Seok Jin ... jungkookကိုတစ်ချက်ကြည့်လိုက်ရင်း
"Jungkook..အရင်ဝင်နှင့်တော့ ပြီးမှHyungလာခဲ့မယ်"
Jungkookက အဆင်ပြေရဲ့လားဆိုတဲ့ အကြည့်တွေနဲ့ ကြည့်နေသေးသဖြင့် Seok Jin အသံမာမာနဲ့ ပြောလိုက်သည်။
"ကဲ..သွားတော့ jungkook"
"Appa...ကျွန်တော့်ဘက်ကိုရော ဘယ်တုန်းက ငဲ့ကြည့်ဖူးလို့်လဲ..အချိန်တန်ရင် appaဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် ကျွန်တော်ကြိုးစားနေတာပဲလေ..ခုလည်း အလေလိုက် နေတာမဟုတ်ဘူး..ကျွန်တော့်ရဲ့ လွတ်လပ်ချိနိကို ကျွန်တော်ကြိုက်သလိုနေမှာပေါ့"
"မင်း........ဖအေကို တစ်ခွန်းမကျန်ပြန်ပြောတတ်နေပါလား..ရတယ် မင်းကြိုက်သလိုနေ..ကျောင်းပြီးတာနဲ့ နိုင်ငံခြားသွားဖို့ရယ်နဲ့ yuriကိုလက်ထပ်ဖို့ရယ်သာ ပြင်ထားပေတော့"
တော်သေးတယ်...အဆောင်မှာ သီးသန့်ဧည့်တွေ့ခန်းရှိလို့ နို့မို့သာဆိုရင် မလွယ်..
ကားကို ဒလမန်းကြမ်းမောင်းသွားတဲ့ appaကိုကြည့်ရင်း သူ ဝမ်းနည်းမိသည်။
"Hyung အဆင်ပြေရဲ့လား...Hyungရဲ့ Appaက အရမ်းဆူသေးလား..Hyung Appaက ဒေါသကြီးတယ်နော် ကျွန်တော်တောင်ကြောက်တယ်"
မျက်လုံးလေးပြူးပြီး မဲ့ကာရွဲ့ကာ ကြောက်တဲ့ပုံစံလုပ်ပြတဲ့ Kookie ကိုကြည့်ပြီး သူရီလိုက်သည်။ပြီးမှ တစ်ချက်စဉ်းစားဟန်လုပ်ကာ....
"Aww...ခုမှ စဉ်းစားမိတယ်...ခုနက မီးပန်းတွေကြည့်တုန်းကအကြောင်းလေးပြန်ဆက်ရအောင်"
Seok Jinစကားကြောင့် jungkookမျက်လုံးလေးဝိုင်းသွားကာ...
"ဘာ....ဘာလဲ"
Seok jin...jung kookလက်လေးနှစ်ဖက်ကို ချုပ်ကိုင်လိုက်ရင်း မျက်နှာနားသို့တိုးလိုက်ကာ
"ကဲ...အဲ့ကို ရောက်သွားပြီလေ..ပြီးတော့ ဘာဆက်လုပ်မှာလဲ" (ဟယ်..မေးပုံက 😁)
သူ့ရင်ခုန်သံတွေကို Hyungကြားမှာတောင်စိုးသည်။ခုချိန်မှာ ဆရာဝန်ကသာ သူ့နှလုံးခုန်သံတွေကိုတိုင်းတာပါလျှင် Heart attack ဖြစ်နေပြီလို့ပြောမှာ သေချာတယ်။
Jungkook...Seok Jinလက်နှစ်ဖက်ကို ပြန်လည်ချုပ်ကိုင်လိုက်ရင်း နံရံနဲ့ကျောကိုကပ်ပစ်လိုက်သည်။
Seok Jin ရဲ့မျက်လုံးတွေကိုသေချာစိုက်ကြည့်ပစ်လိုက်ကာ..
"Hyung..ကျွန်တော့်ကို လာမဆွနဲ့နော် ကျွန်တော် ဆက်တိုးလိုက်ရင်..... "
သူ့စကားမဆုံးမီ သူ့ရဲ့နှုတ်ခမ်းပေါ်ကို Hyungရဲ့ လက်ကလေးက ဖွဖွလာပိတ်ကာ..
"တော်ပြီ junkook..ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်တော့"
"ဘာပြောတယ်...Hyung"
"တော်ပြီ...ငါ နားချင်ပြီ ဖယ်တော့"
သူ့ရင်ဘတ်ကိုတွန်းထုတ်ကာ hyungထွက်သွားတော့မှ သူ သက်ပြင်းဖွဖွချလိုက်သည်။Hyungသိရဲ့သားနဲ့ ကျွန်တော့်ကို မသိချင်ယောင်ဆောင်လိုက်တာပေါ့။
ဒီHyungကို ချစ်ရတဲ့ ဒု က္ခက မသေးပါလားနော်။ရင်ပူတယ် hyungရေ...။
........................................................
"လာပါ...အတူချိုးရအောင် hyungကလည်း ယောက်ျားအချင်းချင်းပဲကိုး"
………………………………
Tae hyungကတော့ နားမလည်တဲ့မျက်လုံးတွေနဲ့ jungkookကိုကြည့်ကာ တစ်ခုခုပြောမလို့ ဟန်ပြင်လိုက်စဉ်မှာပဲ jungkookက နောက်ထပ်မုန့်တစ်ခု ပါးစပ်ထဲသို့ အတင်းခွံ့လိုက်ကာ
"ဟာ...စားမှာသာစားစမ်းပါ"
"အဟွတ်....အဟွတ်..."
"ရတယ်..ဘာမှမဖြစ်ဘူး"
"Taeလေး ပြီးရင် ကစားကွင်းသွားရအောင်နော် taeလေးက ကစားရတာ အရမ်း ကြိုက်တယ်မလား"(တွေ့ပြီ Tae hyungနဲ့ကစားကွင်းနဲ့ မျောက်ရှုံးအောင်ဆော့ပြပါလိမ့်မယ်😁)
………………………………………
သူ အကြံရသွားကာ....
"ဘာ......."
..........................................................................................
Yoonmiက အကြံနဲ့ Hyungကိုခေါ်လာခဲ့တာပါ.hyungသရဲကြောက်တတ်မှန်းသိလို့ သရဲအိမ်ထဲမရမကဝင်ဖို့ ခေါ်လာတာ hyungကကြောက်ပြီး သူ့ကိုဖက်လိုဖက်ငြားပေါ့ ဟီ...ဟိ(အမယ်လေ...အစစ်မရယ် အကြံဆိုးနဲ့)
"ဖတ်..."
"အမယ်လေး....အား...."
ရုတ်တရက်သူ့နောက်ကျောစ အက်ျီကို ဆောင့်ဆွဲခံလိုက်ရတော့
"အားးးးသရဲကှီး..."
"ဟာ....ဒီ hyungကလဲ ဘာသရဲလဲ"
"ဘာ..."
"Hyung..."
အပေါ်နှုတ်ခမ်းလေးရော အောက်နှုတ်ခမ်းလေးတွေကိုပါ စုပ်ယူလိုက်ရင်း hyungမျက်နှာလေးကို လွတ်ထွက်မသွားအောင် ထိနးကိုင်လိုက်သည်။
အချိန်အတော်ကြာသည်အထိ နမ်းရှိုက်နေသော jungkookကို သူတွန်းလိုက်သည်။
"ခွေးကောင်လေး jungkook ငါ့မှာတော့ သရဲအိမ်ထဲမှာမင်းအပင်ပေါက်နေပြီတောင်ထင်တာ လက်စသတ်တော့ jin hyungနဲ့တွေ့နေတာကို"
"သရဲထက် ဆိုးတဲ့အကောင်"
............................
Riona