Crazy Something (Completed)

Par iiZuuCoe_614

287K 30K 765

▶just pieces of pain◀ (Wang Yibo * Xiao Zhan) Plus

part 1
part 2
part 3
part 4
part 5
part 6
part 7
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
Ending

part 8

8.8K 1K 3
Par iiZuuCoe_614

(Zawgyi)

"ဒီလ၂၃ရက္ေန႔လို႔ ေျပာထားတယ္"

ေ႐ွာင္းက်န္႔ဖုန္းကိုင္လ်က္သား စဥ္းစားခန္းဖြင့္လိုက္ရတယ္။ ဒီေန႔က ၂၀ရက္ေန႔ဆိုေတာ့....

"၃ရက္ပဲလိုေတာ့တာေပါ့?"

"ဟုတ္တယ္ေလ...ငါအကုန္စီစဥ္ၿပီးသား"

"အနားကပ္မွ ေျပာရလား!"

"အိုး မိုင္ ေဂါ့ဒ္...ေက်းဇူးမတင္တဲ့အျပင္ အျပစ္တင္ေနေသးတယ္"

"မဟုတ္ပါဘူး...ေက်းဇူးတင္ပါတယ္"

ေ႐ွာင္းက်န္႔ သက္ျပင္းသာခ်မိေတာ့တယ္။

စက္ရံုမွာ အေရးတႀကီးလုိအပ္ေနတဲ့ ကုန္ၾကမ္းေတြ တင္ပို႔ေနက်ေနရာက ျပႆနာ႐ွိတာမို႔ လုပ္ငန္းလည္ပတ္မႈေတြ ကေမာက္ကမျဖစ္လုနီးပါးအေျခအေနမွာ ဒီအခြင့္အေရးက လက္လႊတ္လို႔မရဘူး။
စာခ်ဳပ္ပါ ခ်ဳပ္ထားၿပီးသားမို႔ ဟိုဘက္ကအေျခအေနကို တစ္ပတ္တန္သည္ ႏွစ္ပတ္တန္သည္ မျဖစ္မေနသြားစစ္ေဆးၾကည့္ဖို႔ လိုအပ္တာေတာ့ အမွန္ပဲ။ အခုျပႆနာကလည္း ယူရီ႕အကူအညီေၾကာင့္သာ ဒီေလာက္ျမန္ျမန္ဆန္ဆန္ ေျပလည္သြားတာမို႔ သူ႔ဘက္က ေရႊ႔ဆိုင္းေနဖို႔ အဆင္မေျပဘူး။

"နင္ ဒီေန႔အခ်ိန္ရလား က်န္႔က်န္႔?"

"ဘာျဖစ္လို႔လဲ?"

"ဒီေန႔က 520 ​ေလ"

"အင္း...အဲ့ေတာ့?"

"အဲ့ေတာ့.. ငါ့ကို တစ္ခုခုလိုက္ဝယ္ေကြၽးသင့္တယ္ မထင္ဘူးလား!"

"ဒီေန႔လား?"

"အင္းေလ..မအားဘူးလား?..နင့္မွာ ဒီေန႔အတြက္ သီးသန္႔အခ်ိန္ေပးရမဲ့သူ ႐ွိလို႔လား?"

"........"

"အယ္...႐ွိတယ္ေပါ့?"

"အင္း...မိတ္ဆက္ေပးမယ္..ေနာက္မွ"

"ဟင့္အင္း...မေစာင့္ႏိုင္ဘူး..ဒီေန႔ မိတ္ဆက္ေပး"

"မဟုတ္ဘူးေလ"

"မရဘူး... ဒီေန႔ညေန ေခၚလာခဲ့"

ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားတယ္...
ယူရီက အျမဲတမ္းစိတ္ျမန္လက္ျမန္နဲ႔။
သူက မိတ္ဆက္ေပးခ်င္ပါတယ္ဆိုရင္ေတာင္ ရိေပၚဘက္ကလက္ခံဖို႔ မေသခ်ာဘူး။

ကုတင္ေပၚမွာ ေစာင္ေထြးထဲျမဳပ္ေနတဲ့ ေခါင္းျဖဴျဖဴေလးဆီ အၾကည့္ေရာက္မိေတာ့ ေ႐ွာင္းက်န္႔အသည္းယားသလို ျပံဳးသြားတယ္။

ဒီရက္ေတြမွာ ဝမ္ရိေပၚကအရမ္းပင္ပန္းတယ္။ သူတာဝန္ယူထားတဲ့ ဒီဇိုင္းေတြက တစ္ပတ္အတြင္း အၿပီးအပ္ရေတာ့မွာ။
အလုပ္လုပ္ရင္ ညဘက္လုပ္မွ ပိုၿပီးအာရံုစိုက္ႏိုင္တဲ့ သူ႔အက်င့္ေၾကာင့္ ဒီရက္သတၱပတ္ေတြက သူ႔အတြက္ေန႔နဲ႔ညေျပာင္းျပန္ျဖစ္ေနတယ္။

"ေဘဘီ..ထပါဦးလား..တစ္ခုခုစားၿပီးမွ ျပန္အိပ္ေလ"

ႏိုးေနၿပီထင္တာမို႔ ဆံပင္ေတြကိုဖြၿပီးေျပာျကည့္ေတာ့ နွုတ္ကျပန္မေျဖပဲ ေခါင္းခါျပတယ္။

"၁၂နာရီေက်ာ္ေနၿပီ... ဗိုက္မဆာဘူးလား?"

"..ေကာ..သြားစရာ႐ွိရင္သြား.. ကြၽန္ေတာ္အိပ္ခ်င္ေသးတယ္"

"........"

စကားျပန္မရသလို လႈပ္႐ွားသံေတြပါ တိတ္သြားတာမို႔ ရိေပၚသူ႔ေဘးကို လိုက္စမ္းၾကည့္တယ္။ ေႏြးေထြးေနတဲ့လက္ဖ်ားေတြကို ကိုင္မိေတာ့မွ လႊတ္မေပးေတာ့ပဲ ပိုျပီးတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားလိုက္တယ္။
မ်က္စိေ႐ွ႕တည့္တည့္မွာစူးေနတဲ့ ဆံပင္စေတြကို အလိုက္တသိဖယ္ေပးေနတဲ့ လက္တစ္ဖက္က နဖူးေပၚေရာက္လာၿပီး ႏူးႏူးညံ့ညံ့ပြတ္သပ္ေပးေနတာမို႔ ဝမ္ရိေပၚက ပိုတိုးၿပီးေခြေနဖို႔ပဲ ႀကိဳးစားမိတယ္။

"ထပါဦး....ဒီလိုေန႔မ်ိဳးမွာ တကယ္ႀကီး အိပ္ေနေတာ့မွာလား?..ကိုယ္က ဘယ္မွမသြားဘူးေလ"

ဝမ္ရိေပၚရဲ႕ မ်က္လံုးေတြ ျဖည္းျဖည္းခ်င္းပြင့္လာၿပီး ေ႐ွာင္းက်န္႔ကို အူေၾကာင္ေၾကာင္ေမာ့ၾကည့္ေနတယ္။

"ဘာေန႔?"

"520"

"အာ...ဟုတ္တယ္..ေမ့ေနတာ"

ေ႐ွာင္းက်န္႔မ်က္လံုးထဲမွာ ဝမ္ရိေပၚကပိန္သြားတယ္။ ရယ္လိုက္ရင္ မို႔တက္လာတတ္တဲ့ပါးေဖာင္းေလးေတြ ေပ်ာက္ေနၿပီ။
ကုန္လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္အခ်ိန္တြင္းမွာ ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္မိတာ ဒီတစ္ခါအၾကာဆံုးျဖစ္လိမ့္မယ္။

ဒီရက္အတြင္း အိမ္မွာ႐ွိတဲ့အလုပ္ခန္းမွာပဲ ညလံုးေပါက္ေနတတ္တဲ့ ဝမ္ရိေပၚက ​ေ႐ွာင္းက်န္႔အလုပ္သြားတဲ့အခ်ိန္ဆို အိပ္ေပ်ာ္ေနတာက ပိုမ်ားတယ္။ ေ႐ွာင္းက်န္႔ အိမ္ျပန္ေရာက္ၿပီဆိုရင္လည္း သူ႔အလုပ္နဲ႔သူ ကိုယ့္အလုပ္နဲ႔ကိုယ္ မအားမလပ္ျဖစ္ေနၿပီ။ အဲ့တာေၾကာင့္ ႏွစ္ေယာက္သားစကားေျပာခ်ိန္က အရင္ထက္အမ်ားႀကီးနည္းသြားတယ္။

"ရိေပၚ ပိန္သြားတယ္"

"ဟုတ္လား"

"ဒါၿပီးရင္ေတာ့ အိပ္ခ်ိန္စားခ်ိန္မွန္ေအာင္ ျပန္လုပ္ရမယ္.."

"အင္းပါ"

ဟင္း..

ေ႐ွာင္းက်န္႔က မသိမသာသက္ျပင္းခ်တယ္။ ဒါကို ခ်က္ခ်င္းသိတဲ့ ဝမ္ရိေပၚက လွဲေနရာကေနျဖည္းျဖည္းခ်င္းထလာတယ္။

"ဘာေတြသက္ျပင္းခ်ေနတာလဲ?"

"ဒီေန႔ညေန အခ်ိန္ရလား?

"ရတယ္ေလ... ဒီေန႔ သည္းကိုပဲ အခ်ိန္ေပးမွာ"

"..ကိုယ္ ေဘဘီ့ကို ကိုယ့္သူငယ္ခ်င္းနဲ႔ မိတ္ဆက္ေပးမလို႔"

ဝမ္ရိေပၚ မ်က္ေမွာင္က်ံဳ႕မိသြားတယ္။ က်န္႔ေကာရဲ႕သူငယ္ခ်င္းဆိုတာ ဟိုအဝါေရာင္ထီးနဲ႔အမ်ိဳးသမီးလား..
အဲ့ဒီေန႔ကျမင္ကြင္းက အေတြးထဲကို တစ္ကြက္ခ်င္းျပန္ဝင္လာတယ္။

"ဘယ္သူလဲ?"

"ကိုယ္တစ္ခါေျပာဖူးတယ္ေလ..ယူေကကျပန္လာတဲ့တစ္ေယာက္ဆိုတာ..."

"ေျသာ္...ဒီေန႔က မျဖစ္ဘူးေလ... ကြၽန္ေတာ္တို႔ႏွစ္ေယာက္တည္းပဲ"

"ခဏေလးပဲေလ"

"အခ်စ္က လည္းး..."

ငါးပူတင္းႏႈတ္ခမ္းဖူးဖူးက တျဖည္းျဖည္းစူထြက္လာတယ္
ဒီအသံကာလာကို ေ႐ွာင္းက်န္႔ အသည္းယားလို႔ေသေတာ့မယ္။

ဝမ္ရိေပၚက ခ်စ္ဖို႔ေကာင္းေအာင္ ခြၽဲႏြဲ႔တာမ်ိဳး အရမ္း႐ွားတယ္။
အခ်ိန္အေတာ္ၾကာမွ ဒီလိုခြၽဲႏြဲ႔ဟန္မ်ိဳး ျပန္ျမင္ရတဲ့အခါ ေ႐ွာင္းက်န္႔မွာ ​ေျပာစရာစကားလံုးေတာင္ အစ႐ွာမရေတာ့သလိုပဲ။ အရာရာ ဝမ္ရိေပၚသေဘာအတိုင္းျဖစ္လာဖို႔ အဆင္သင့္ျဖစ္ေနပံုနဲ႔

"အိုးး..ေဘဘီ့သေဘာပါပဲ"

ရင္ဘတ္ေလးဖိၿပီး အသက္႐ွဴမဝသလို သ႐ုပ္ေဆာင္ျပတဲ့အခါ ဝမ္ရိေပၚက သ​ေဘာတက်ေအာ္ရယ္ပစ္ေတာ့တာပဲ။

.....................................

ေရွာင္းက်န္႔ရဲ႕အျမင္မွာ ဝမ္ရိေပၚက တိမ္စိုင္ေလးနဲ႔တူတယ္။
ေပါ့ပါးတယ္.. လြတ္လပ္တယ္
တစ္ခါတစ္ရံမွာ ဆန္းျပားတဲ့အေရာင္အေသြးလႊမ္းေနတတ္တယ္
ၿပီးေတာ့.. ေငးမဝေအာင္လွတယ္။
.
.
ဒီေန႔ေတာ့ တိမ္စိုင္ေလးကအျဖဴေရာင္လြင္လြင္ ​ေတာက္ေနတယ္။
ေ႐ွာင္းက်န္႔ မ်က္ခံုးပင့္မိမတတ္ပဲ...
ဝမ္ရိေပၚက ဂ်င္းေဘာင္းဘီနဲ႔ တီ႐ွပ္အျဖဴေပၚမွာ ႐ွပ္အက်ီၤအျဖဴေလးကို လက္ေခါက္ဝတ္ထားၿပီး ၾကည္ၾကည္ေလးလင္းေနတာ။

"လွတယ္"

ေ႐ွာင္းက်န္႔ေျပာလိုက္ေတာ့ ဝမ္ရိေပၚရဲ႕ပါးမို႔ေလးက မဆိုသေလာက္အေရာင္ေျပာင္းသြားေပမယ့္...ဂ႐ုမထားသလိုလို သူ႔လက္ထဲက စကိတ္ဘုတ္ကို ေျမႇာက္လိုက္ခ်လိုက္ ေဆာ့ေနတယ္။

"စကိတ္စီးမွာ ကြၽန္ေတာ္က"

"ကိုယ္က ဘာလုပ္ရမွာလဲ?"

"သည္းက ကြၽန္ေတာ့္ကိုထိုင္ၾကည့္ေပါ့"

ဒီလိုနဲ႔ ဗုဒၶဟူးေန႔ညေနခင္းဟာ ရယ္သံေတြလႊမ္းတယ္။
တကယ္လည္း ေ႐ွာင္းက်န္႔က စကိတ္ကြင္းမွာေပ်ာ္ပါးေနတဲ့ အျဖဴေရာင္ေလးကို ၂နာရီေလာက္ မၿငီးျငဴစတမ္းထိုင္ၾကည့္ေနခဲ့တယ္။

"အခ်စ္"

"ဟင္"

"သည္း"

"ေျပာ လုို႔"

"ေကာေကာ"

"အင္း"

"ေ႐ွာင္းက်န္႔"

"ကဲ"

ေ႐ွာင္းက်န္႔က လွမ္းလက္စေျခလွမ္းကို တိခနဲရပ္ပစ္ၿပီး ပလက္ေဖာင္းေဘးက လမ္းက်ဥ္းက်ဥ္းကို လွည့္ၾကည့္တယ္။ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ေဘးက စကိတ္စီးၿပီး ကပ္လိုက္ေနတာမို႔ ႐ုတ္တရက္ရပ္လိုက္တဲ့သူေၾကာင့္ ဟန္ခ်က္ပ်က္လုလု..

"ဆက္ေလ်ွာက္ေလ"

"အဲ့တာကို ကားေပၚမွာထားခဲ့ၿပီး ကိုယ္နဲ႔လမ္းေလ်ွာက္ရေအာင္ေလ"

ဝမ္ရိေပၚက စကိတ္ရဲ႕အစြန္းတစ္ဖက္ကိုဖိနင္းၿပီး ေထာင္တက္လာတဲ့အျခားအစြန္းကို လက္နဲ႔ဖမ္းယူရင္း ေ႐ွာင္းက်န္႔ဆီေလ်ွာက္သြားတယ္။

အေရာင္အေသြးစံုလင္ေနတဲ့ပန္းျခံက်ယ္ႀကီးက ဒီေန႔မွာ လူစည္းကားလြန္းေနတယ္။ ရာခ်ီေလာက္မဲ့ လူေတြၾကားမွာ သူတို႔ႏွစ္ေယာက္ကို အထူးတလည္လိုက္ၾကည့္ေနမဲ့သူေတြ မ႐ွိဘူး။ ျဖတ္သြားျဖတ္လာမသိမသာၾကည့္သြားတာမ်ိဳးေတာ့ ႐ွိေပမယ့္.. ဒီေလာက္ကေတာ့ အေႏွာင့္အယွက္မျဖစ္ဘူးလို႔ ရိေပၚကထင္တယ္။

"ဒီလိုေနရာေတြက တစ္ခါတစ္ေလလာၾကည့္ေတာ့လည္း ေပ်ာ္စရာေကာင္းသားပဲ"

ရိေပၚက အဝါစပ္ၾကားပလက္ေဖာင္းေလးေပၚကို လမ္းတက္ေလ်ွာက္ရင္း ေျပာတယ္။ ေနရာက်ဥ္းက်ဥ္းမွာမို႔ ကိုယ္ဟန္ထိန္းရင္းေလ်ွာက္ရတဲ့အခါ ရိေပၚရဲ႕ခႏၶာကိုယ္က ဘယ္ညာတစ္လွည့္စီ ယိမ္းလိုက္ယိုင္လိုက္ျဖစ္ေနတယ္။

"ကိုင္ထားေပးရမလား?"

"ဟင့္အင္း...႐ွက္တယ္"

႐ွက္တယ္ဆိုတဲ့စကားကို မ်က္ႏွာေသနဲ႔ေျပာတာ ဝမ္ရိေပၚတစ္ေယာက္ပဲ႐ွိလိမ့္မယ္။ သူ႔ထက္ျမင့္တဲ့ေနရာမွာေရာက္ေနတဲ့ ဝမ္ရိေပၚကို ေ႐ွာင္းက်န္႔ ေမာ့ၾကည့္မိတယ္။

"ဘာကို႐ွက္တာလဲ?"

"ဟင့္အင္း..မေျပာျပဘူး"

"ကိုယ္ကေတာ့ ေျပာျပစရာ႐ွိတယ္"

"အင္း?"

"ကိုယ္ နယ္ဘက္ကိုခရီးသြားရလိ္မ့္မယ္"

သူတို႔ႏွစ္ေယာက္ လမ္းဆက္ေလ်ွာက္တယ္။
ေ႐ွာင္းက်န္႔က ျမက္ပင္စိမ္းစိမ္းေတြနဲ႔လူသြားလမ္းေလးေပၚမွာ
ဝမ္ရိေပၚက အဝါေရာင္ပလက္ေဖာင္ေလးေပၚမွာ

"ဘယ္ေတာ့သြားရမွာလဲ?"

"ဒီတစ္ပတ္ထဲမွာ"

"ဘယ္သူနဲ႔လဲ?"

"အင္းး..ယူရီနဲ႔"

ဝမ္ရိေပၚက ပလက္ေဖာင္းေပၚကဆင္းၿပီး ေ႐ွာင္းက်န္႔ေဘးမွာ လက္ခ်င္းတြဲလိုက္တယ္။

"ႏွစ္ေယာက္တည္း?"

"ေဘဘီလိုက္ခဲ့ခ်င္လား?"

"မလိုက္ပါဘူး..ဆို"

"............"

"ကြၽန္ေတာ့္ကို လြမ္းေနာ္"

Phone Ring.....

ေ႐ွာင္းက်န္႔က အသံျမည္ေနတဲ့ သူ႔ဖုန္းကိုထုတ္ၾကည့္ၿပီး ရိေပၚကိုပါ လွည့္ၾကည့္တယ္။

"timingကေတာ့.."

ယူရီကို ဒီေန႔ညေနမေတြ႔ျဖစ္တဲ့အေၾကာင္း သူျပန္မေျပာျဖစ္ခဲ့ဘူး။
ဖုန္းကိုင္မဲ့အခ်ိန္မွာ ရိေပၚက သူ႔လက္ကို ႐ုတ္တရက္ဟန္႔လိုက္တာမို႔ ေ႐ွာင္းက်န္႔ ခဏေတာ့ေၾကာင္သြားတယ္။

"ေခၚလိုက္ပါလား ေကာ"

"ဟင္?"

"ကြၽန္ေတာ့္နဲ႔မိတ္ဆက္ေပးခ်င္တာ အဲ့ဒီအမ မဟုတ္ဘူးလား?"

"ဟုတ္ေတာ့ဟုတ္တယ္..ဒါေပမယ့္ အေရးမႀကီးပါဘူး"

"ရပါတယ္..ကြၽန္ေတာ္လည္း ေတြ႔ခ်င္လို႔"

-------------------------------------

ေတာ္ေတာ္မ်ားမ်ား သိၿပီးသားေနမွာပါ
May20က Chinese Valentine's Day ပါတဲ့
ဘာလို႔ဆို 520ရဲ႕ အသံထြက္ 'ဝူအာလင္' က I love youရဲ႕ အသံထြက္ 'ေဝၚအိုက္နီ' နဲ႔ ဆင္ေနလို႔ပါတဲ့။
googleကေတာ့ အဲ့သလိုေျပာပါတယ္😁
မွားေနရင္လည္း ျပင္ေပးသြားပါဦးေနာ္....

__________________________

(

Unicode)


"ဒီလ၂၃ရက်နေ့လို့ ပြောထားတယ်"

ရှောင်းကျန့်ဖုန်းကိုင်လျက်သား စဉ်းစားခန်းဖွင့်လိုက်ရတယ်။ ဒီနေ့က ၂ဝရက်နေ့ဆိုတော့....

"၃ရက်ပဲလိုတော့တာပေါ့?"

"ဟုတ်တယ်လေ...ငါအကုန်စီစဉ်ပြီးသား"

"အနားကပ်မှ ပြောရလား!"

"အိုး မိုင် ဂေါ့ဒ်...ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်နေသေးတယ်"

"မဟုတ်ပါဘူး...ကျေးဇူးတင်ပါတယ်"

ရှောင်းကျန့် သက်ပြင်းသာချမိတော့တယ်။

စက်ရုံမှာ အရေးတကြီးလိုအပ်နေတဲ့ ကုန်ကြမ်းတွေ တင်ပို့နေကျနေရာက ပြဿနာရှိတာမို့ လုပ်ငန်းလည်ပတ်မှုတွေ ကမောက်ကမဖြစ်လုနီးပါးအခြေအနေမှာ ဒီအခွင့်အရေးက လက်လွှတ်လို့မရဘူး။
စာချုပ်ပါ ချုပ်ထားပြီးသားမို့ ဟိုဘက်ကအခြေအနေကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် မဖြစ်မနေသွားစစ်ဆေးကြည့်ဖို့ လိုအပ်တာတော့ အမှန်ပဲ။ အခုပြဿနာကလည်း ယူရီ့အကူအညီကြောင့်သာ ဒီလောက်မြန်မြန်ဆန်ဆန် ပြေလည်သွားတာမို့ သူ့ဘက်က ရွှေ့ဆိုင်းနေဖို့ အဆင်မပြေဘူး။

"နင် ဒီနေ့အချိန်ရလား ကျန့်ကျန့်?"

"ဘာဖြစ်လို့လဲ?"

"ဒီနေ့က 520 ​လေ"

"အင်း...အဲ့တော့?"

"အဲ့တော့.. ငါ့ကို တစ်ခုခုလိုက်ဝယ်ကျွေးသင့်တယ် မထင်ဘူးလား!"

"ဒီနေ့လား?"

"အင်းလေ..မအားဘူးလား?..နင့်မှာ ဒီနေ့အတွက် သီးသန့်အချိန်ပေးရမဲ့သူ ရှိလို့လား?"

"........"

"အယ်...ရှိတယ်ပေါ့?"

"အင်း...မိတ်ဆက်ပေးမယ်..နောက်မှ"

"ဟင့်အင်း...မစောင့်နိုင်ဘူး..ဒီနေ့ မိတ်ဆက်ပေး"

"မဟုတ်ဘူးလေ"

"မရဘူး... ဒီနေ့ညနေ ခေါ်လာခဲ့"

ပြောချင်တာပြောပြီး ဖုန်းချသွားတယ်...
ယူရီက အမြဲတမ်းစိတ်မြန်လက်မြန်နဲ့။
သူက မိတ်ဆက်ပေးချင်ပါတယ်ဆိုရင်တောင် ရိပေါ်ဘက်ကလက်ခံဖို့ မသေချာဘူး။

ကုတင်ပေါ်မှာ စောင်ထွေးထဲမြုပ်နေတဲ့ ခေါင်းဖြူဖြူလေးဆီ အကြည့်ရောက်မိတော့ ရှောင်းကျန့်အသည်းယားသလို ပြုံးသွားတယ်။

ဒီရက်တွေမှာ ဝမ်ရိပေါ်ကအရမ်းပင်ပန်းတယ်။ သူတာဝန်ယူထားတဲ့ ဒီဇိုင်းတွေက တစ်ပတ်အတွင်း အပြီးအပ်ရတော့မှာ။
အလုပ်လုပ်ရင် ညဘက်လုပ်မှ ပိုပြီးအာရုံစိုက်နိုင်တဲ့ သူ့အကျင့်ကြောင့် ဒီရက်သတ္တပတ်တွေက သူ့အတွက်နေ့နဲ့ညပြောင်းပြန်ဖြစ်နေတယ်။

"ဘေဘီ..ထပါဦးလား..တစ်ခုခုစားပြီးမှ ပြန်အိပ်လေ"

နိုးနေပြီထင်တာမို့ ဆံပင်တွေကိုဖွပြီးပြောကြည့်တော့ နှုတ်ကပြန်မဖြေပဲ ခေါင်းခါပြတယ်။

"၁၂နာရီကျော်နေပြီ... ဗိုက်မဆာဘူးလား?"

"..ကော..သွားစရာရှိရင်သွား.. ကျွန်တော်အိပ်ချင်သေးတယ်"

"........"

စကားပြန်မရသလို လှုပ်ရှားသံတွေပါ တိတ်သွားတာမို့ ရိပေါ်သူ့ဘေးကို လိုက်စမ်းကြည့်တယ်။ နွေးထွေးနေတဲ့လက်ဖျားတွေကို ကိုင်မိတော့မှ လွှတ်မပေးတော့ပဲ ပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်တယ်။
မျက်စိရှေ့တည့်တည့်မှာစူးနေတဲ့ ဆံပင်စတွေကို အလိုက်တသိဖယ်ပေးနေတဲ့ လက်တစ်ဖက်က နဖူးပေါ်ရောက်လာပြီး နူးနူးညံ့ညံ့ပွတ်သပ်ပေးနေတာမို့ ဝမ်ရိပေါ်က ပိုတိုးပြီးခွေနေဖို့ပဲ ကြိုးစားမိတယ်။

"ထပါဦး....ဒီလိုနေ့မျိုးမှာ တကယ်ကြီး အိပ်နေတော့မှာလား?..ကိုယ်က ဘယ်မှမသွားဘူးလေ"

ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေ ဖြည်းဖြည်းချင်းပွင့်လာပြီး ရှောင်းကျန့်ကို အူကြောင်ကြောင်မော့ကြည့်နေတယ်။

"ဘာနေ့?"

"520"

"အာ...ဟုတ်တယ်..မေ့နေတာ"

ရှောင်းကျန့်မျက်လုံးထဲမှာ ဝမ်ရိပေါ်ကပိန်သွားတယ်။ ရယ်လိုက်ရင် မို့တက်လာတတ်တဲ့ပါးဖောင်းလေးတွေ ပျောက်နေပြီ။
ကုန်လွန်ခဲ့တဲ့ နှစ်ပတ်ကျော်အချိန်တွင်းမှာ နှစ်ယောက်သားမျက်နှာချင်းဆိုင်မိတာ ဒီတစ်ခါအကြာဆုံးဖြစ်လိမ့်မယ်။

ဒီရက်အတွင်း အိမ်မှာရှိတဲ့အလုပ်ခန်းမှာပဲ ညလုံးပေါက်နေတတ်တဲ့ ဝမ်ရိပေါ်က ​ရှောင်းကျန့်အလုပ်သွားတဲ့အချိန်ဆို အိပ်ပျော်နေတာက ပိုများတယ်။ ရှောင်းကျန့် အိမ်ပြန်ရောက်ပြီဆိုရင်လည်း သူ့အလုပ်နဲ့သူ ကိုယ့်အလုပ်နဲ့ကိုယ် မအားမလပ်ဖြစ်နေပြီ။ အဲ့တာကြောင့် နှစ်ယောက်သားစကားပြောချိန်က အရင်ထက်အများကြီးနည်းသွားတယ်။

"ရိပေါ် ပိန်သွားတယ်"

"ဟုတ်လား"

"ဒါပြီးရင်တော့ အိပ်ချိန်စားချိန်မှန်အောင် ပြန်လုပ်ရမယ်.."

"အင်းပါ"

ဟင်း..

ရှောင်းကျန့်က မသိမသာသက်ပြင်းချတယ်။ ဒါကို ချက်ချင်းသိတဲ့ ဝမ်ရိပေါ်က လှဲနေရာကနေဖြည်းဖြည်းချင်းထလာတယ်။

"ဘာတွေသက်ပြင်းချနေတာလဲ?"

"ဒီနေ့ညနေ အချိန်ရလား?

"ရတယ်လေ... ဒီနေ့ သည်းကိုပဲ အချိန်ပေးမှာ"

"..ကိုယ် ဘေဘီ့ကို ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမလို့"

ဝမ်ရိပေါ် မျက်မှောင်ကျုံ့မိသွားတယ်။ ကျန့်ကောရဲ့သူငယ်ချင်းဆိုတာ ဟိုအဝါရောင်ထီးနဲ့အမျိုးသမီးလား..
အဲ့ဒီနေ့ကမြင်ကွင်းက အတွေးထဲကို တစ်ကွက်ချင်းပြန်ဝင်လာတယ်။

"ဘယ်သူလဲ?"

"ကိုယ်တစ်ခါပြောဖူးတယ်လေ..ယူကေကပြန်လာတဲ့တစ်ယောက်ဆိုတာ..."

"သြော်...ဒီနေ့က မဖြစ်ဘူးလေ... ကျွန်တော်တို့နှစ်ယောက်တည်းပဲ"

"ခဏလေးပဲလေ"

"အချစ်က လည်းး..."

ငါးပူတင်းနှုတ်ခမ်းဖူးဖူးက တဖြည်းဖြည်းစူထွက်လာတယ်
ဒီအသံကာလာကို ရှောင်းကျန့် အသည်းယားလို့သေတော့မယ်။

ဝမ်ရိပေါ်က ချစ်ဖို့ကောင်းအောင် ချွဲနွဲ့တာမျိုး အရမ်းရှားတယ်။
အချိန်အတော်ကြာမှ ဒီလိုချွဲနွဲ့ဟန်မျိုး ပြန်မြင်ရတဲ့အခါ ရှောင်းကျန့်မှာ ​ပြောစရာစကားလုံးတောင် အစရှာမရတော့သလိုပဲ။ အရာရာ ဝမ်ရိပေါ်သဘောအတိုင်းဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပုံနဲ့

"အိုးး..ဘေဘီ့သဘောပါပဲ"

ရင်ဘတ်လေးဖိပြီး အသက်ရှူမဝသလို သရုပ်ဆောင်ပြတဲ့အခါ ဝမ်ရိပေါ်က သ​ဘောတကျအော်ရယ်ပစ်တော့တာပဲ။

.....................................

ရှောင်းကျန့်ရဲ့အမြင်မှာ ဝမ်ရိပေါ်က တိမ်စိုင်လေးနဲ့တူတယ်။
ပေါ့ပါးတယ်.. လွတ်လပ်တယ်
တစ်ခါတစ်ရံမှာ ဆန်းပြားတဲ့အရောင်အသွေးလွှမ်းနေတတ်တယ်
ပြီးတော့.. ငေးမဝအောင်လှတယ်။
.
.
ဒီနေ့တော့ တိမ်စိုင်လေးကအဖြူရောင်လွင်လွင် ​တောက်နေတယ်။
ရှောင်းကျန့် မျက်ခုံးပင့်မိမတတ်ပဲ...
ဝမ်ရိပေါ်က ဂျင်းဘောင်းဘီနဲ့ တီရှပ်အဖြူပေါ်မှာ ရှပ်အကျီင်္အဖြူလေးကို လက်ခေါက်ဝတ်ထားပြီး ကြည်ကြည်လေးလင်းနေတာ။

"လှတယ်"

ရှောင်းကျန့်ပြောလိုက်တော့ ဝမ်ရိပေါ်ရဲ့ပါးမို့လေးက မဆိုသလောက်အရောင်ပြောင်းသွားပေမယ့်...ဂရုမထားသလိုလို သူ့လက်ထဲက စကိတ်ဘုတ်ကို မြှောက်လိုက်ချလိုက် ဆော့နေတယ်။

"စကိတ်စီးမှာ ကျွန်တော်က"

"ကိုယ်က ဘာလုပ်ရမှာလဲ?"

"သည်းက ကျွန်တော့်ကိုထိုင်ကြည့်ပေါ့"

ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့ညနေခင်းဟာ ရယ်သံတွေလွှမ်းတယ်။
တကယ်လည်း ရှောင်းကျန့်က စကိတ်ကွင်းမှာပျော်ပါးနေတဲ့ အဖြူရောင်လေးကို ၂နာရီလောက် မငြီးငြူစတမ်းထိုင်ကြည့်နေခဲ့တယ်။

"အချစ်"

"ဟင်"

"သည်း"

"ပြော လိုု့"

"ကောကော"

"အင်း"

"ရှောင်းကျန့်"

"ကဲ"

ရှောင်းကျန့်က လှမ်းလက်စခြေလှမ်းကို တိခနဲရပ်ပစ်ပြီး ပလက်ဖောင်းဘေးက လမ်းကျဉ်းကျဉ်းကို လှည့်ကြည့်တယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ဘေးက စကိတ်စီးပြီး ကပ်လိုက်နေတာမို့ ရုတ်တရက်ရပ်လိုက်တဲ့သူကြောင့် ဟန်ချက်ပျက်လုလု..

"ဆက်လျှောက်လေ"

"အဲ့တာကို ကားပေါ်မှာထားခဲ့ပြီး ကိုယ်နဲ့လမ်းလျှောက်ရအောင်လေ"

ဝမ်ရိပေါ်က စကိတ်ရဲ့အစွန်းတစ်ဖက်ကိုဖိနင်းပြီး ထောင်တက်လာတဲ့အခြားအစွန်းကို လက်နဲ့ဖမ်းယူရင်း ရှောင်းကျန့်ဆီလျှောက်သွားတယ်။

အရောင်အသွေးစုံလင်နေတဲ့ပန်းခြံကျယ်ကြီးက ဒီနေ့မှာ လူစည်းကားလွန်းနေတယ်။ ရာချီလောက်မဲ့ လူတွေကြားမှာ သူတို့နှစ်ယောက်ကို အထူးတလည်လိုက်ကြည့်နေမဲ့သူတွေ မရှိဘူး။ ဖြတ်သွားဖြတ်လာမသိမသာကြည့်သွားတာမျိုးတော့ ရှိပေမယ့်.. ဒီလောက်ကတော့ အနှောင့်အယှက်မဖြစ်ဘူးလို့ ရိပေါ်ကထင်တယ်။

"ဒီလိုနေရာတွေက တစ်ခါတစ်လေလာကြည့်တော့လည်း ပျော်စရာကောင်းသားပဲ"

ရိပေါ်က အဝါစပ်ကြားပလက်ဖောင်းလေးပေါ်ကို လမ်းတက်လျှောက်ရင်း ပြောတယ်။ နေရာကျဉ်းကျဉ်းမှာမို့ ကိုယ်ဟန်ထိန်းရင်းလျှောက်ရတဲ့အခါ ရိပေါ်ရဲ့ခန္ဓာကိုယ်က ဘယ်ညာတစ်လှည့်စီ ယိမ်းလိုက်ယိုင်လိုက်ဖြစ်နေတယ်။

"ကိုင်ထားပေးရမလား?"

"ဟင့်အင်း...ရှက်တယ်"

ရှက်တယ်ဆိုတဲ့စကားကို မျက်နှာသေနဲ့ပြောတာ ဝမ်ရိပေါ်တစ်ယောက်ပဲရှိလိမ့်မယ်။ သူ့ထက်မြင့်တဲ့နေရာမှာရောက်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် မော့ကြည့်မိတယ်။

"ဘာကိုရှက်တာလဲ?"

"ဟင့်အင်း..မပြောပြဘူး"

"ကိုယ်ကတော့ ပြောပြစရာရှိတယ်"

"အင်း?"

"ကိုယ် နယ်ဘက်ကိုခရီးသွားရလိ်မ့်မယ်"

သူတို့နှစ်ယောက် လမ်းဆက်လျှောက်တယ်။
ရှောင်းကျန့်က မြက်ပင်စိမ်းစိမ်းတွေနဲ့လူသွားလမ်းလေးပေါ်မှာ
ဝမ်ရိပေါ်က အဝါရောင်ပလက်ဖောင်လေးပေါ်မှာ

"ဘယ်တော့သွားရမှာလဲ?"

"ဒီတစ်ပတ်ထဲမှာ"

"ဘယ်သူနဲ့လဲ?"

"အင်းး..ယူရီနဲ့"

ဝမ်ရိပေါ်က ပလက်ဖောင်းပေါ်ကဆင်းပြီး ရှောင်းကျန့်ဘေးမှာ လက်ချင်းတွဲလိုက်တယ်။

"နှစ်ယောက်တည်း?"

"ဘေဘီလိုက်ခဲ့ချင်လား?"

"မလိုက်ပါဘူး..ဆို"

"............"

"ကျွန်တော့်ကို လွမ်းနော်"

Phone Ring.....

ရှောင်းကျန့်က အသံမြည်နေတဲ့ သူ့ဖုန်းကိုထုတ်ကြည့်ပြီး ရိပေါ်ကိုပါ လှည့်ကြည့်တယ်။

"timingကတော့.."

ယူရီကို ဒီနေ့ညနေမတွေ့ဖြစ်တဲ့အကြောင်း သူပြန်မပြောဖြစ်ခဲ့ဘူး။
ဖုန်းကိုင်မဲ့အချိန်မှာ ရိပေါ်က သူ့လက်ကို ရုတ်တရက်ဟန့်လိုက်တာမို့ ရှောင်းကျန့် ခဏတော့ကြောင်သွားတယ်။

"ခေါ်လိုက်ပါလား ကော"

"ဟင်?"

"ကျွန်တော့်နဲ့မိတ်ဆက်ပေးချင်တာ အဲ့ဒီအမ မဟုတ်ဘူးလား?"

"ဟုတ်တော့ဟုတ်တယ်..ဒါပေမယ့် အရေးမကြီးပါဘူး"

"ရပါတယ်..ကျွန်တော်လည်း တွေ့ချင်လို့"

-------------------------------------

တော်တော်များများ သိပြီးသားနေမှာပါ
May20က Chinese Valentine's Day ပါတဲ့
ဘာလို့ဆို 520ရဲ့ အသံထွက် 'ဝူအာလင်' က I love youရဲ့ အသံထွက် 'ဝေါ်အိုက်နီ' နဲ့ ဆင်နေလို့ပါတဲ့။
googleကတော့ အဲ့သလိုပြောပါတယ်😁
မှားနေရင်လည်း ပြင်ပေးသွားပါဦးနော်။

Continuer la Lecture

Vous Aimerez Aussi

1M 42.7K 50
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
234K 5.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
102K 8.1K 34
||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.
118K 13.6K 18
တကယ္​ပဲ ရည္​စား​ေဟာင္​းက်ိန္​စာတိုက္​သလို ​ေယာက​်ား​ေလးနဲ႔ယူရ​ေတာ့မွာလား။ ဒင္​းက​ေရာ ငါရဲ႕ဘာလဲ Best Friend or Boyfriend? တကယ်ပဲ ရည်စားဟောင်းကျိန်စာတိ...