တနင်္ဂနွေနေ့ရဲ့ နေ့လည်အချိန်လောက်မှာ မိုးက ကောက်ခါငင်ခါနဲ့ သည်းထန်စွာရွာချတယ်။ ရိပေါ်ကတော့ တစ်ကိုယ်လုံး စိုရွှဲနေရင်း မိုးနတ်မင်းကို ကျိန်ဆဲတယ်။
ရှောင်ကျန့်အိမ်အသွားမှာ အိမ်ကထွက်လာတုန်း သာယာနေတဲ့ ရာသီဥတုကြောင့် ထီးမဆောင်လာမိသလို
ဘတ်စ်ကားပေါ်က ဆင်းမှ သောက်ကျိုးနည်း ရွာချလာတဲ့
မိုးက ရိပေါ်ကို အတော်စိတ်ပျက်စေတယ်။
ကျွန်တော်က မိုးရာသီတွေကို သိပ်မုန်းတာ။
တံခါးဖွင့်ဖွင့်ခြင်းပဲ မြင်လိုက်ရတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်
မှာ ပြာပြာသလဲလဲ။
" မိုးမိလာတာလား ရိပေါ်...စိုရွှဲနေတာပဲ ဖျားအုန်းမယ် "
ပြောရင်းနဲ့ မိုးရေတွေစိုနေတဲ့ ရိပေါ်ကို အပေါ်ထပ်အခန်းဆီခေါ်သွားပြီးအခန်းဗီရိုထဲက ရိပေါ်နဲ့တော်လောက်မယ့် အင်္ကျီနဲ့ ဘောင်းဘီကို ထုတ်ပေးရင်း ရှောင်ကျန့်အောက်ထပ်ဆင်းလာတယ်။ မိုးမိလာတဲ့ ရိပေါ်အတွက် ကော်ဖီပူပူတစ်ခွက်ဖျော်ပေးနေတုန်း တံခါးဘဲလ်သံမြည်လာတယ်။
ရိပေါ်က အပေါ်ထပ်က ဆင်းမလာသေး။
" ရှင်း ဒီနေ့ ဂျူတီမရှိလို့လား "
" မနက်ပိုင်းဂျူတီပြီးသွားလို့ နေ့လည်က ဆေးခန်းထိုင်ရမှာ ကြားထဲအားနေတဲ့အချိန်လာခဲ့တာ....ကို့ကို မတွေ့ရတာ ကြာနေလို့် "
ကောင်မလေးစကားကြောင့် ရှောင်ကျန့်က ပြုံးတယ်။
သူမနဲ့ သူက တကယ်လဲ မတွေ့တာ ကြာနေပြီဘဲ။
အောက်ထပ်က စကားသံတွေကြောင့် လှေကားတ၀က်နားလောက်မှာ ရပ်နေတဲ့ ရိပေါ်က ခပ်ပွပွတီရှပ်အမဲရောင်လေးကို အားကစားဘောင်းဘီအမဲလေးနဲ့ တွဲဝတ်ထားတယ်။ အရပ်ကွာခြားမှုကြောင့် ရှောင်ကျန့်နဲ့ ကွက်တိဖြစ်တဲ့ ဘောင်းဘီက ရိပေါ်နဲ့ အနည်းငယ် ရှည်နေတယ်။ ခပ်ဖြူဖြူခြေချောင်းလေးတွေသာ မြင်ရတဲ့အထိ။
" မား တို့ကလဲ ကိုနဲ့ တစ်ခါလောက် တူတူလာခဲ့တဲ့..."
" အင်း ရှင်း အားတဲ့နေ့ ကိုယ့်ကို ပြောလေ "
ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်ကျန့်တို့ နှစ်ယောက်နား ရောက်လာတဲ့ ရိပေါ်ကို တွေ့တော့ ရှောင်ကျန့်
က ကောင်မလေးနဲ့ ပြောနေတဲ့စကားကို ရပ်လိုက်တယ်။
" ရိပေါ်...အဆင်ပြေလား "
" ပြေတယ် ကော "
" အင်း ရှင်း ဒါ ကိုယ့်ကျောင်းက တပည့် ရိပေါ်တဲ့"
" ရိပေါ် ဒါက ရှင်းတဲ့... "
" ဟုတ်ကဲ့ ကော ကျွန်တော် စာကြည့်ခန်းထဲမှာ စာလုပ်နှင့်လိုက်မယ် "
" အင်း....ကော ပြီးရင် လာခဲ့မယ် "
ရိပေါ်က လှေကားထစ်တွေဆီ ပြန်သွားရင်း လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားတယ်။ အဖြူရောင်အိမ်စီး ကွင်းစွပ်ဖိနပ်နဲ့ ခြေထောက်တွေက လှေကားအလယ်မှာ ရပ်တန့်တယ်။
" ရှင်း ပြန်တော့မယ် ကိုလဲ ကျောင်းသားလေးကို စာသင်ရအုန်းမှာမလား "
" အင်း ဆေးခန်းတန်းသွားမှာလား အိမ်ပြန်အုန်းမှာလား"
အိမ်တံခါးနားမှာ မတ်တပ်ရပ်ရင်း စကားပြောနေကြတဲ့
ရှောင်ကျန့်နဲ့ ရှင်းက တစ်စုံတစ်ယောက်ကို သတိမထား
ကြဘူး။
" ဆေးခန်းပဲ တန်းသွားမှာ "
" အင်း ဂရုစိုက်သွားအုန်း ကားကို သေချာမောင်း "
" အင်းပါ ကိုရဲ့  ညကျရင် ဖုန်းဆက်လိုက်မယ် "
ပြောပြောပြီးချင်း ရှင်းက သူနဲ့ အရပ်ကွာတဲ့ ရှောင်ကျန့်ကိုမှီဖို့ ခြေဖျားအစုံကို ထောက်တယ်။ တိုတောင်းတဲ့
စက္ကန့်ပိုင်းလေးမှာ ထိကပ်သွားတဲ့ နှုတ်ခမ်းပါးတွေကို
ကွာဟစေလိုက်ပြီး ရှင်းက လက်ပြထွက်သွားတယ်။
" သွားပြီ ကို တာတာ့ "
ရှောင်ကျန့်က ရှင်းကားမောင်းထွက်သွားတော့မှ အိမ်တံခါးကို ပိတ်ရင်း ဧည့်ခန်းထဲ ခုံပေါ်က ကော်ဖီခွက်တွေကို
သိမ်းရင်း အနောက်ဘက်ဝင်သွားတယ်။ လှေကားထစ်တွေပေါ်က ခြေထောက်ပိုင်ရှင်ရဲ့ လက်တွေက ပိုပြီးတော့
တင်းဆုပ်ထားရက်နဲ့။
တွန့်ချိုးထားတဲ့ မျက်ခုံးတွေကို ဖြေလျော့လိုက်ပြီး သက်ပြင်းတစ်ချက်ချတယ်။ ဆုပ်ထားတဲ့ လက်တွေကို ဖြေချရင်း
အပေါ်ထပ်စာကြည့်ခန်းဆီကို တတ်သွားလိုက်တယ်။
ရှောင်ကျန့်မရောက်ခင် သူရောက်နေဖို့် လိုတယ်လေ။
....
မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့ ည။
ဆယ့်ခြောက်နှစ်ဖြစ်နေပြီဖြစ်နေတဲ့ ကောင်လေးက ပါးပြင်ပေါ်မှာ ညိုမဲဒဏ်ရာနဲ့။ အမှောင်ချထားတဲ့ အခန်းထဲက
ထွက်လာတဲ့ အဲ့ဒီကောင်လေးရဲ့ လက်ထဲမှာ ခပ်ချွန်ချွန်
ကတ်ကြေးတစ်ချောင်းကိုင်ထားတယ်။ မိုးချိန်းသံတွေနဲ့အတူ
ကောင်လေးဖွင့်ဟလိုက်တဲ့ တံခါးသံဟာ ထိန့်လန့်စရာကောင်းစွာနှင့် ပနံသင့်တယ်။
မီးအရောင်ခပ်မှိုင်းမှိုင်းသာဖွင့်ထားတဲ့ အခန်းရဲ့ ကုလားထိုင်မှာ အသက်၄၀ ကျော်အမျိုးသားက ဇတ်ကျိုးကျလျက်
အိပ်ပျော်နေတယ်။ စားပွဲခုံပေါ်မှာတော့ အရပ်ပုလင်းတွေနဲ့
မီးသေနေတဲ့ ဆေးလိပ်တိုတွေက နေရာယူနေတယ်။
အခန်းအတွင်းထဲ အရက်ပြင်းပြင်းအနံ့က ကြီးစိုးနေတယ်။
မိုးချိန်းသံတွေက ကျယ်သထက် ကျယ်လာတယ်။
ကောင်လေးက အဲ့ဒီအမျိုးသားဆီကို တဖြည်းဖြည်းနဲ့ လျှောက်သွားတယ်။ ဘာခံစားမှုမှ မဖော်ပြထားတဲ့ မျက်နှာအနေအထားနဲ့။ လတ်နေတဲ့ လျှပ်စီးတွေကြောင့် မှောင်နေတဲ့အခန်းက တချက်ချက် လင်းသွားတယ်။
မိုးတွေသဲနေတဲ့ အဲ့ဒီညမှာ ကောင်လေးက
နီရဲရဲသွေးတွေ သိပ်လှကြောင်း သိခဲ့တယ်။
ကောင်လေးရဲ့ နှုတ်ခမ်းတွေက အနီရောင်တွေကြားမှာ
ပြုံးနေခဲ့တယ်။
.............................
အနီရောင်တွေထဲမှာ ခပ်ပြစ်ပြစ်သွေးတွေက လှတယ်။
ခပ်ဆွေးဆွေးလေး အနီဖျော့ဖျော့သန်းနေတဲ့ နှုတ်ခမ်း
ပါးတွေက စွဲလမ်းစေတဲ့ ပြုစားခြင်းပဲ။
အဖြူရောင်လေးက သိပ်ဆိုးသွမ်းလွန်းတယ်။
.............................