He is my daddy(Z AND U)Comple...

Por user08993244

115K 6.5K 1.4K

Chanyeol---Daddy...အူးးမွ♥♥♥ Yifan---အွန်းအွန်းး မွ♥ daddyအလုပ်လုပ်ပရစေဦးနော် Chanyeol---ရဘူး daddyကို yeolပ... Más

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33 (Final)
Extra
New fic

Part-24

2.3K 164 85
Por user08993244

<Unicode>

"ကိုယ့်ကိုရှင်းပြချင်လား ကလေး"

ကျတော့်စိတ်ထဲကပြောနေတဲ့စကားတွေကို
daddyကြားသလားမသိ
ကျတော်မေးစေချင်သောမေးခွန်းကိုမေးသည်

ပါးပေါ်ကမျက်ရည်တွေကို လက်ခုံနဲ့ပွ​တ်သုတ်ကာ အဖြစ်အပျက်အကုန်လုံး သေသေချာချာရှင်းပြလိုက်သည်

ပထမဆုံးအကြိမ်အဖြစ် ကျ​တော့်ကိ​ု ဖြေရှင်းခွင့်ပေးတာမို့ ပျော်လွန်းလို့ မျက်ရည်တွေပင်ပြန်ကျချင်ချင်

"စိတ်မဆိုးပါနဲ့တော့နော် daddy...
yeolကလေ daddy'ကိုပဲချစ်တာလို့ နော်"

နှုတ်ခမ်းလေးထော်ကာ ကပ်ချွဲသော်လဲ daddyကသိပ်ကျေနပ်ပုံမရသေး

ကျတော့်ဖြေရှင်းချက်ကိုနားမလည်လို့လား

သေချာရှင်းပြခဲ့တာပဲ နားမလည်စရာအကြောင်းမရှိပါဘူး

အင်းပေါ့လေ
အရမ်းခံစားခဲ့ရမှာဆိုတော့ ချက်ချင်းကြီးဘယ်စိတ်ပြေချင်ပါဦးမလဲ

"အပြစ်တော့ပေးရမှာပေါ့...
ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင်လုပ်တဲ့yeolလေးကို"

"Daddyကလဲ"

အပြစ်ပေးမယ်ဆိုတာကြောင့် မချွဲနိုင်တော့ပဲ ငိုမဲ့မဲ့ပြန်ဖြစ်သွားသည်..

အထင်လွဲတာကိုတောင် အပြစ်ပေးဦးမတဲ့လား..

အင်းလေ ဟုတ်ပါတယ် ကျတော့်အမ​ှားလဲပါတာကိုး
ကျတော့်ကြောင့် daddy'စိတ်ကူးလေးတွေအကုန်ပျက်သွားရတာလေ

"ကိုယ့်ကိုနမ်း"

"အင်!"

အပြစ်ဒဏ်ကအဲ့ဒါလား..!!

ဟင့် အဲ့ဒါအဆိုးဆုံးပဲ

မနမ်းတတ်မှန်းသိလို့လုပ်တာ
ကျတော့်ဘက်ကစနမ်းရရင် ရှက်တတ်တာdaddyသိသားနဲ့

အကျင့်ကိုမကောင်းဘူး daddyရာ

"အူးးးမွ~~"

နှုတ်ခမ်းလေးဆူပြီး daddyနှုတ်ခမ်းပေါ်ဖိကပ်လိုက်သည်

ကျတော့်သကြားလုံးလေးလိုချိုတဲ့daddyနှုတ်ခမ်းတွေကမလွှတ်ချင်လောက်အောင်အရသာရှိသည်

5စက္ကန့်လောက် ထိရုံလေးထိပြီး ခွာမယ်လုပ်တော့ daddyကအလွတ်မပေး ကျတော့်မျက်နှာကိုအုပ်ကိုင်ကာ နှုတ်ခမ်းသားတွေကိုစုပ်နမ်းသည်

တကိုယ်လုံးကျဥ်တက်ပြီး မျက်နှာတွေထူပူလာပေမဲ့ daddyစိတ်ပြေခါစလေးဆိုတော့မရုန်းရဲပဲ ငြိမ်ခံနေရသည်

Daddyရဲ့အနမ်းတွေကတဖြေးဖြေးအရှိန်မြင့်လာသည်

လျှာတွေပါ ပါလာတော့ ကျတော်မရတော့ပဲ daddyကိုတွန်းထုတ်ကာ ကုတင်ပေါ်တက်ပြီး မျက်နှာကိုခေါင်းအုံးနဲ့ဖိထားလိုက်သည်

အားးး ရှက်လို့သေတော့မှာပဲ!!

Daddyကလဲ ဘာလို့အဲ့လိုကြီးး ဟင့်

နှုတ်ခမ်းတွေနီရဲကုန်ပြီ..

အနမ်းက​ျွမ်းကျင်သူကြီးလား
နမ်းတာအဲ့လိုနမ်းရတာလား

ပါးတွေ  ပါးတွေလဲနီနေပြီ
တကိုယ်လုံးလဲပူစပ်နေသလိုပဲ

ဓာတ်လိုက်နေသလိုလို ခါချဥ်အုံထဲကျသလိုလိုနဲ့နေရခက်တယ်
အဟင့်

"ကလေးလေးရှက်နေတာလား"

"Yeolလေးး ကလေးရေ"

ကုတင်ပေါ်တက်ထိုင်ပြီး ကျတော့်မျက်နှာပေါ်ကခေါင်းအုံးကိုဆွဲဖယ်ရင်း
ခေါ်တဲ့ပ​ုံက ကြွက်လိုက်ဖမ်းနေတဲ့ ကြောင်ကြီးလိုပဲ

အသံကိုက လန့်စရာ

"ခေါင်းအုံးကြီးဖယ်"

ပြန်ဆွဲချိန်တောင်မရပဲ ခေါင်းအုံးက ကျတော့်မျက်နှာနဲ့အဝေးကိုရောက်သွားရပြီ

မျက်နှာပူပါတယ်ဆိုမှပဲ

ကျတော့်ကိုဆိုအမြဲတမ်းအနိုင်ကျင့်နေတော့တာပဲ

"ချစ်စရာလေးကွာ"

"Daddyနော်...သွား"

သွားခိုင်းကာမှ
ကိုယ့်အပေါ်အုပ်မိုးလာတာကြောင့် အောက်မှာချောင်ပိတ်နေရပြီ

မျက်နှာလဲမီးထတောက်တော့မှာပဲ

အဲ့လောက်နီးကပ်နေတဲ့အနေအထားမှာ

daddyရဲ့လူတကာငေးမောရလောက်တဲ့မျက်နှာချောချောက ကျတော်နဲ့ထိလုမတတ်

ဝင်လေထွက်လေနွေးနွေးက ကျတော့်​ပါးကိုရိုက်ခတ်နေတယ်

Daddyကိုအနီးကပ်မြင်ရတော့ ပိုချောသလိုပဲ ဟိဟိ

"ရှက်နေတာလေးကိုချစ်လို့...
ပိုရှက်အောင်လုပ်ချင်တယ်"

"Daddyyyyyy"

"အိုက် ယားးး"

ကျတော်တို့နှစ်ယောက်ပေါ်စောင်တထည်လွှားခြုံလိုက်တာကြောင့် ကျတော့်မြင်ကွင်းထဲမှာ daddyတယောက်ပဲရှိတော့သည်

ထို့နောက် daddy ဆိုသည့် အော်သံပင်ထွက်မလာနိုင်တော့ပေ

°He Is My Daddy°

"Daddy ဒီဟာက ဘယ်လိုအသံထွက်လဲ"

ကျတော့်စာအုပ်ထဲက အသံထွက်မေ့သွားသည့်စာလုံးကိုထောက်ပြကာ daddyကိုမေးလိုက်သည်

စာမေးပွဲနီးပြီမို့ ဒီတလောက အိမ်မှာသိပ်မဆော့ပဲစာလုပ်ရသည်
လိုအပ်ရင်တော့စာကြည့်တိုက်ပါသွားရတာပေါ့

ကျတော်က အသံထွက်တွေသိပ်မမှတ်မိဘူးလေ ဒါမဲ့လဲ ကျတော့်ရဲ့ dictionary daddyကြီးရှိနေတော့စိတ်မပူဘူး

(ပြွတ်စ်)

ထိုင်နေသည့်ကျတော့်ကိုငုံ့နမ်းလာတာ မသိရင် နမ်းတာဘယ်လိုအသံထွက်လဲ မေးမိသလိုလို

"အသံထွက်မေးတာလေ...မနမ်းနဲ့"

(ပြွတ်စ်)

ပြောရင်ပိုဆိုးတတ်တာကြောင့်
မပြောတော့ပဲ ပါးချိုင့်တဖက်ပေါ်အောင် စောင်းပြုံးပြီး မျက်လုံးမှေးကာကြည့်ပေးလိုက်သည်

ဒါက စကားပြောစရာမလိုပဲ (daddy ထပ်လုပ်ရင် တွေ့မယ် )ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်ပြီးသား

"အင်းး အင်းး အဲ့ဒါက *ခ ရိုက် တေ ရီယမ်* "

အဲ့မှပဲ daddyလဲ ပြန်ငြိမ်သွားကာ
တလုံးချင်းစီအသံထွက်ပြောပြသည်

အသံထွက်သိသွားတော့ ခေါင်းတညှိမ့်ညှိမ့်နှင့် စာပြန်ကြည့်မယ်အလုပ်

"လာပါဦး ချီချင်လို့"

ကျတော့်ကိုခုံပေါ်ထိုင်နေရာမှ မ ချီ လိုက်သည့်daddyကြောင့် တားချိန်ပင်မရလိုက်

မွေးကင်းစ ကလေးကို ပုခက်ထဲကချီသလို ဆွေ့ခနဲပဲ

"ဟာ စာလုပ်နေတယ်လေ daddy ချပေး"

ပြုတ်မကျအောင်daddyခါးကိုကျတော့်ခြေထောက်တွေနဲ့ချိတ်ထားရသည်

Daddyအရပ်ကရှည်တော့ ကျတော်ပြုတ်ကျရင် ကြမ်းပြင်နဲ့ထိဖို့တော်တော်ကြာမှာ
တင်ပါးလဲနာမှာ

အဲ့ဒါကြောင့် သေချာချိတ်ထားတာ

"အူယားလို့ တချိန်လုံးချီထားချင်တယ်ကွာ"

​ကျတော့်ပါးနှစ်ဖက်ကိုတလှည့်စီ မွှေးကြူပြီးပြောသည့်daddyကအားမလိုအားမရနှင့်

တကယ်ပြောနေမှန်းသိသာသည်

"အဲ့ဒါဆို yeolစာဘယ်လိုလုပ်ရမှာလဲ daddyရဲ့"

အနားမှာနေတာတောင်စိတ်မချတွေဖြစ် အူတိုတာကလဲလွန်ရော

Daddyလုပ်ချင်တိုင်းသာလုပ်လို့ရရင်
ကျတော့်ကို နေရာတိုင်း baby carrierနဲ့သယ်သွားလိမ့်မယ်

အဲ့ဒါလဲစိတ်ချဦးမှာမဟုတ်ဘူး
မံမီလိုမျိုး တကိုယ်လုံး ပတ်တီးပတ်ထားချင်နေသေးလားမသိ

Yeolကိုကြည့်တာမကြိုက်ရတာနဲ့ ထိတာမကြိုက်ရတာနဲ့ အမျိုးကိုစုံနေတာပါပဲ

(Ringgg Ringggg Ringgggg)

ကျတော့်ဖုန်းမြည်လာမှပဲ daddyချီထားရာက ချပေးသည်
ခေါ်တဲ့သူက Tao..

Taoအကြောင်းပြောပြထားပြီးသားမို့ သိနေသည့်daddyက ကျတော့်ကိုမျက်မှောင်ကျုံ့ကြည့်ကာ ခါးပါထောက်ထားသေးသည်

ဘယ်လောက်ပဲအဆင်ပြေအောင်ပြောပြော Taoကိုကြည့်မရဖြစ်နေသည့်daddyကိုမနိုင်

"သြော် အင်းး tao ah"

ဖုန်းသာပြောနေရသည်
daddyကိုလဲခပ်လန့်လန့်

Taoကကျတော့်ကို ပြောစရာရှိတဲ့အကြောင်း အတူသောက်ရင်းပြောမယ်ဆိုတဲ့အကြောင်းပြောသည်

ထင်တာတော့ သူနဲ့taeminကိစ္စရင်ဖွင့်ချင်တာဖြစ်မယ်

စာများတယ်ဆိုပေမဲ့လဲ Taoစိတ်ညစ်နေတော့အဖော်လုပ်ပေးချင်သေးသည်

"Ok..ငါလာခဲ့မယ် အွန်း ဒါပဲ"

ဖုန်းချလိုက်ပြီးကျတော့်ကိုမျက်စောင်းတခဲခဲလုပ်နေသည့်daddyရင်ခွင်ထဲပြေးဝင်လိုက်သည်

အင့် ခနဲ ဖြစ်သွားသည့်daddyကကျတော့်ခေါင်းကိုအသာပုတ်ကာ ဘာပြောလာမလဲစောင့်နေသည်

"Daddyကိုယ်သင်းနံ့လေးကမွှေးနေတာပဲ ရွှတ်"

Daddyရင်ဘတ်ကိုနမ်းကာပြောတော့ ကျတော်တခုခုတောင်းဆိုမည်မှန်းသိသွားလေသည်

"ကဲပြော...ဘာလိုချင်လို့လဲ"

"ဟီးး ညကျရင်လေ.. taoနဲ့တွေ့မို့"

သွားလေးဖြီးကာပြောလိုက်သည် daddyရင်ခွင်ထဲကနေမထွက်ရသေး

ဒီလိုဖားမှ ခွင့်ပြုမှာလေ

"အွန်း နောက်မကျစေနဲ့နော် ကိုယ်လဲ junmyeonတို့နဲ့ချိန်းထားတာရှိတယ်"

"ဟုတ်"

ကျတော့်ရဲ့နားလည်မှု​အပြည့်ရှိတဲ့daddyကြီးး ချစ်လိုက်တာ..

သဝန်တိုနေတာတောင်မှသည်းခံခွင့်ပြုပေးတယ်

"စာဆက်လုပ်နေ ကိုယ်.yeolစားဖို့အသီးတွေယူခဲ့ပေးမယ်"

ဘောပင်ပြန်ကိုင်ကာစာဆက်လုပ်နေတော့ ခဏအကြာ daddyကသစ်သီးပန်းကန်ယူကာ အခန်းထဲပြန်ရောက်လာသည်

ကျတော့်စားပွဲခုံပေါ်ပန်းကန်ချပေးကာ ပန်းသီးတစိပ်ကိုခရင်းနဲ့ထိုးပြီး

"အာ..."

အာ ဆိုပြီးပါးစပ်ဟခိုင်းနေပုံအရတော့ ကိုယ့်ဘာသာစားခွင့်ပေးမည်မဟုတ်

"အာ~"

ပါးစပ်ဟလိုက်မှပဲ ကျေနပ်သွားသည့်ပုံစံနှင့် ပြုံးပြုံးကြီးလုပ်ကာ ခွံ့သည်

"ဝှားးးးး...."

ကျတော်စာလုပ်နေတော့ daddyခမျာ ပျင်းပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ

အခုလဲ သန်းနေပြန်ပြီ
ကျတော်စာလုပ်ပြီးမှာကိုစောင့်နေတာနဲ့မတူပဲ မုန့်စားဖို့စောင့်နေသည့် ကလေးနဲ့တူနေသည်

အဲ့လိုသွားပြောရင်တော့ daddy ကောင်းကောင်းလေးစိတ်ဆိုးမှာအသေအချာ

ခဏနေတော့ ကုတင်ပေါ်မှာ ဖက်လုံးကိုခွပြီးအိပ်ပျော်သွားလေပြီ

"Haha..daddyက တော့လေ"

ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့

စာလုပ်နေတာကိုရပ်ကာ daddyအိပ်နေသည့်စီသွားပြီး စောင်တထည်ခြုံပေးလိုက်သည်

ဒီတိုင်းဆို အအေးပတ်နေဦးမယ်

daddyကစောင်မခြုံပဲအိပ်ရင် နှာစေးတာဖြစ်ဖြစ် တခုခုဖြစ်နေကျ

"ချစ်တယ် daddy..."

(Chu)

နူးညံ့အိစက်နေသည့် ပါးလေးတဖက်ကို အနမ်းခြွေလိုက်တာ daddyသိမည်မဟုတ်
သိရင်လဲ ကျတော့်ကို ကလေးလေးက​ွာ ဆိုပြီး မလွှတ်တမ်းအသည်းယားဦးမှာ

"အားး နောက်ကျတော့မှာပဲ Taoနဲ့ချိန်းထားတာ!"

အခုမှနာရီကြည့်မိတော့ 6နာရီခွဲ!

Taoနဲ့ 8နာရီချိန်းထားတာ
သူစောင့်နေရရင်မကောင်းဘူး

ရေမြန်မြန်ချိုး အဝတ်အစားလဲ ပြင်ဆင်လိုက်တော့ 7နာရီပင်ခွဲသွားပြီ

"~~~အင်းးး
Yeol..သွားတော့မှာလား"

မှန်ရှေ့မှာ
ကိုယ့်ချောမောမှုကိုယ်ရှူစားနေတုန်း
daddyနိုးလာတာ အိပ်ချင်မူးတူးနှင့်

"အွန်း daddy"

"ဘယ်အချိန်ရှိပြီလဲ"

ခေါင်းကုတ်ရင်းမေးလာတာ
ဘာမှမသိတဲ့ကလေးတ​ယောက်လိုပဲ

"7ခွဲ"

"ဘာ!!"

7ခွဲလို့ပြောလိုက်တာနဲ့ ဝုန်းခနဲထကာ ရေချိုးခန်းထဲပြေးဝင်သွားသည့်daddyရယ်

Daddyလဲချိန်းထားတာရှိတယ်ပြောတာ
သူ့ဘာသာအိပ်ပျော်သွားပြီးခုမှ ဝုန်းဒိုင်းကြဲနေတယ် 😁😁 ဟိဟိ

"Daddyရေ yeolသွားပြီနော်"

"အွန်းအွန်း"

အပြင်ဘက်ကနေကြားလောက်အောင်လှမ်းအော်တော့ ရေသံတွေကြားကနေ daddyပြန်​ပြောသေးသည်

ကျတော်ကမှ daddyထက်စာရင်ဝီရိယရှိဦးမယ်
အချိန်သေချာမှတ်ထားတာဆိုတော့ အေးဆေးပဲ

အိမ်တခါးကနေ ကော့ကော့ ကော့ကော့ နဲ့ ထွက်လာတာ

ကားစီးစရာတော့မလိုပါဘူး ကျတော်တို့နားကဆိုင်မှာချိန်းတာဆိုတော့ 15မိနစ်လောက်လျှောက်လိုက်ရင်ရတယ်

"Sam"

ရှေ့ကလျှောက်လာတဲ့တယောက်ကိုမြင်ဖူးသလိုလိုရှိပါတယ် ကြည့်နေတာ
Luhan samဖြစ်နေပါရောလား

"အယ် chanyeol.."

အနားရောက်မှ ကျတော့်ကိုမြင်သည့်samက အရင်တိုင်းပဲ လူကြီးဆန်သလိုလိုနဲ့အူတူတူဖြစ်နေစဲ

"ဘယ်သွားမလို့လဲ Sam"

"ပျင်းလို့ လမ်းလျှောက်နေတာ"

Samကြည့်ရတာလဲ လုပ်စရာမရှိ အားယားနေတဲ့ပုံ
ချစ်သူကလဲမရှိ လူပျိုကြီးဘဝကနေဒီတသက်ကျွတ်မဲ့ပုံမပေါ်

ကျတော်ကစိတ်ကောင်းရှိတော့ samကိုပါခေါ်သွားလိုက်ရကောင်းမလား

"အင်း အဲ့ဒါဆို ကျတော်နဲ့လိုက်ခဲ့ သွားသောက်ကြမယ်"

Samလက်ကိုချိတ်ကာဆွဲခေါ်တော့ အလန့်တကြား ငြင်းသည်

"အမလေးး
ဟိုတခါ မင်းdaddyငါ့ကိုပြောထားတာဖြင့်မကြာသေးဘူး
ကြောက်တယ် မလိုက်ဘူး"

မသိရင်ကျတော်ကပဲပြန်ပေးဆွဲသလို အတင်းရုန်း​နေတာမို့ ခဏလွှတ်ပေးလိုက်ရသည်

တော်ကြာ အထင်လွဲပြီး လူတွေကျတော့်ကိုဝိုင်းသမနေရင်ပြဿနာ

"Daddyကျတော့်ကိုခွင့်ပြုလိုက်ပြီ စိတ်မပူနဲ့ လိုက်သာလိုက်ခဲ့"

အဲ့လိုကျတော့လဲ samခမျာမလိုက်ချင်ရှာပဲ
သူကရှေ့မှ ဆိုင်ရှိရာသို့တန်းနေအောင်သွားတော့သည်

သြော် ဒုက္ခ ​ဒုက္ခ
Daddyကိုကြောက်ပေလို့ပဲ

"Chanyeol ငါဒီမှာ"

ဆိုင်ထဲဝင်လိုက်တဲ့အချိန် taoကလက်ပြကာခေါ်သည်
ကျတော်လဲ samလက်ကိုဆွဲကာ သူ့စီသွားမည်အလုပ်

..taoအနောက်ကဝိုင်းမှာထိုင်နေတဲ့သူတွေကြောင့် မျက်လုံးပြူးသွားရသည်

To be continued

#Thurein

A-N

Thinking to wirte a new krisyeol fiction in my new acc(thurisminkhant00 acc)

Including some mature parts.😁😁

Wanna read?

<Zawgyi>


daddyကြားသလားမသိ







အင်းပေါ့လေ


"Daddyကလဲ"




"ကိုယ့်ကိုနမ်း"

"အင်!"

အပြစ်ဒဏ်ကအဲ့ဒါလား..!!




"အူးးးမွ~~"










အနမ်းကြှမ်းကျင်သူကြီးလား


အဟင့်

"ကလေးလေးရှက်နေတာလား"

"Yeolလေးး ကလေးရေ"


အသံကိုက လန့်စရာ

"ခေါင်းအုံးကြီးဖယ်"




"ချစ်စရာလေးကွာ"

"Daddyနော်...သွား"

သွားခိုင်းကာမှ







"Daddyyyyyy"

"အိုက် ယားးး"



°He Is My Daddy°





(ပြွတ်စ်)



(ပြွတ်စ်)






"လာပါဦး ချီချင်လို့"





တင်ပါးလဲနာမှာ











ခေါ်တဲ့သူက Tao..



"သြော် အင်းး tao ah"

ဖုန်းသာပြောနေရသည်














"ဟုတ်"






"အာ..."


"အာ~"


"ဝှားးးးး...."


အခုလဲ သန်းနေပြန်ပြီ



"Haha..daddyက တော့လေ"





"ချစ်တယ် daddy..."

(Chu)

သိရင်လဲ ကျတော့်ကို ကလေးလေးကှာ ဆိုပြီး မလွှတ်တမ်းအသည်းယားဦးမှာ





"~~~အင်းးး
Yeol..သွားတော့မှာလား"

မှန်ရှေ့မှာ

"အွန်း daddy"

"ဘယ်အချိန်ရှိပြီလဲ"


"7ခွဲ"

"ဘာ!!"




"အွန်းအွန်း"





"Sam"


"အယ် chanyeol.."


"ဘယ်သွားမလို့လဲ Sam"






"အမလေးး
ကြောက်တယ် မလိုက်ဘူး"





သြော် ဒုက္ခ ​ဒုက္ခ

"Chanyeol ငါဒီမှာ"



To be continued

#Thurein

Seguir leyendo

También te gustarán

13.9K 299 10
ဇာတ်လမ်းလေးကတော့ Teddyဆိုတဲ့ကောင်လေးက Holoဆိုတဲ့စိတ်ကူးယဥ်ကောင်လေးကို သူတစ်ယောက်တည်းတွေ့မြင်ရတဲ့ပုံစံလေးပါ Teddyဆိုတဲ့ကောင်လေးရဲ့မိဘတွေကစီပွားရေး မပ...
12.6K 312 36
This is for all my pretty black girls<3 I promise, all of the characters are not gonna have a crush on the oc💀 but she will have a love interest in...