ညႏွစ္နာရီမွာပင္လယ္က ျပန္ႏိုးလာခဲ့တာမို႔ ဝမ္းသာအားရနဲ႔...သူ႔အေမေရာစည္းပါ...ျပန္အိပ္လို႔မေပ်ာ္ေတာ့ေပ..။
ႏွာေခါင္းပိုက္နဲ႔ေအာက္ဆီဂ်င္တို႔ကို ျဖဳတ္လိုက္ၿပီမို႔ ေနသာေပမယ့္...
စိတ္ထင္တိုင္းကိုယ္ကမလႈပ္ရွားႏိုင္ေတာ့...
ပင္လယ္ကရံႈ႕မဲ့စြာ ညည္းညဴတတ္သည္။
ဒါ့အျပင္...သူ႔ကုတင္ ဘယ္နဲ႔ညာတစ္ဖက္တစ္ခ်က္စီမွာမာမီနဲ႔စည္းက...ျပံဳးျပံဳးေလးလာၾကည့္ၿပီးေစာင့္ေနၾကေတာ့...ပိုလို႔စိတ္ရႈပ္သည္။
ေဆးနံ့ေတြလိႈင္လိႈင္ထ,ေနတာကို စိတ္ရႈပ္ရတဲ့ၾကားထဲ...
"မာမီရာ...ဘာျဖစ္ေနတာလဲ...အဲဒီမ်က္ႏွာက...
စည္းေရာပဲ...ႏွစ္ေယာက္စလံုးကအာရံုပဲ"
"သားရယ္...မေတြ႕ရတာႏွစ္ခ်ီေနလို႔လြမ္းေနတာေလ..
သားရဲ႕ကားမေတာ္တဆျဖစ္တဲ့သတင္းကို
သိသိျခင္းမာမီဘယ္လိုျဖစ္သြားလဲသိလား...ဟင္..."
တုန္တုန္ရီရီေလးနဲ႔ ပင္လယ့္အေမက ေျပာျပေတာ့ စည္းကပါဝင္ေထာက္သည္။
"မင္း...ကိုယ္ခ်င္းမစာတတ္ေသးလို႔ပါ...အန္တီခ်ိဳသနားပါတယ္..." (ငါေတာင္႐ူးမတတ္ျဖစ္သြားတာ) ဟုေျပာလိုက္ခ်င္ေပမယ့္...ထားပါေတာ့...။
ေဒၚခ်ိဳခ်ိဳကိုၾကည့္လိုက္ေတာ့မ်က္ရည္ေလးေတြသိမ္းကာျပံဳးေန၏။
ဝမ္းသာလို႔က်တဲ့မ်က္ရည္က ခ်ိဳၿမိန္လြန္းတယ္မဟုတ္ဘူးလား။
ဒါကို ခ်ီးထုပ္က နားလည္မေပးဘဲေငါက္ေနျပန္သည္။
သူတို႔ သားအမိႏွစ္ေယာက္ထဲကိုထားခဲ့ဖို႔စိတ္ကူးၿပီး
စည္း'က အလိုက္တသိနဲ႔အခန္းျပင္ကိုထြက္မည္ျပင္ေတာ့...
ပင္လယ္ကလွမ္းေအာ္သည္။
"စည္း...မင္းကဘယ္လဲ..."
ဘယ္ရမလဲ။
သားအမိလြတ္လြတ္လပ္လပ္ေျပာလို႔ရေအာင္ ေရွာင္ေပးတဲ့ဟာကို...
အဲဒီငတိ အရိပ္ကဲနားမလည္ခ်က္။
မေျဖခ်င္လို႔ေဒၚခ်ိဳခ်ိဳ႕ဆီမ်က္ရိပ္ျပေပမယ့္ ပင္လယ္ကေတာ့မရိပ္မိ။
"စည္း...ဘာလဲအဲဒီမ်က္လံုးက..."
ခက္ၿပီ...အဲေကာင္ကေတာ့...။
"ျပန္လာထိုင္ပါသားရယ္...မင္းရွိေနေတာ့ သူေနလို႔ပိုေကာင္းေနမွာပါ...အေႏွာင့္ယွက္မျဖစ္ပါဘူး...ထိုင္ပါ"
စည္းက ဒီေတာ့မွျပန္လာထိုင္သည္။
အားနာျခင္းနဲ႔...ပင္လယ့္ရဲ႕အလိုက္မသိမႈကိုအျပစ္ဖို႔ၿပီး မ်က္ႏွာေလးကိုရံႈ႕မဲ့ျပလိုက္ရသည္။
"ဆံပင္ေတြတိုေနလိုက္တာ...
မာမီ့သားကအဲလိုနားရြက္တစ္ခုလံုးေပၚေနတာသေဘာမက်ဘူးဆို..."
ၿပီးမွစည္းကိုျပန္ၾကည့္ကာ...သူတို႔ဆံပင္ေလးေတြေတာင္အတူတူၫွပ္ၾကတာပဲလို႔ထင္သြားသည္။
ဒါေပမယ့္...
ပင္လယ္ထိုးတဲ့လက္ညိဳးကစည္းဆီမွာ...
"သူ...သူၫွပ္ခိုင္းလို႔ၫွပ္တာ..."
"ဟုတ္လား...သားက ဒီလိုမ်ိဳး သူမ်ားေျပာတာလဲနားေထာင္တတ္လာၿပီလား..."
ေခါင္းမာတတ္ခဲ့တဲ့ သားျဖစ္သူက တျခားလူေျပာတာဆိုရင္ လြယ္လြယ္ကူကူနဲ႔လက္မခံတတ္ဘူးမဟုတ္လား။
စည္း'နဲ႔က်မွ နားေထာင္တတ္သြားသလားမသိ။
ေဒၚခ်ိဳခ်ိဳကခံုမွာထိုင္ေနရာမွကုတင္ေပၚေရႊ႕ထိုင္ၿပီး ပင္လယ့္ရဲ႕ဆံပင္ေလးေတြကိုတို႔ထိသည္။
"အရင္တုန္းကအတိုင္းပဲသားက...ပိုၿပီးလူႀကီးဆန္လာတာတခုပဲ..."
ပင္လယ့္ပုခံုးေလးဆီကိုဖြဖြေလးမွီခ်ရင္း ေဒၚခ်ိဳခ်ိဳကဆက္ေျပာသည္။
"အရမ္းကိုစိတ္ပူရလြန္းလို႔သားမႏိုးခင္မာမီေသသြားမွာေတာင္စိုးခဲ့႐တယ္...
အဲဒီပံုစံကိုစစေတြ႕ေတာ့သားကမာမီ့ကိုေနာက္ေနတာလို႔ထင္ခဲ့တာ...........
မွတ္မိေသးလား...မာမီေနာက္အိမ္ေထာင္ျပဳတုန္းကရံုးတက္လက္မွတ္ထိုးဖို႔ကိုႏွစ္ခါေရႊ႕ဆိုင္းရတယ္ေလ...
မာမီ့ကိုဂြက်ၿပီးဗိုက္နာပါတယ္ဆိုၿပီးလူးလိမ့္ငိုတာ........
ေဆးရံုေရာက္ေတာ့လည္းဉာဏ္ေျပးလြန္းတဲ့သားက...
အခန္းထဲမွာ မာမီ့...ရွိမေနနဲ႔ဆိုၿပီးေတာ့ဆရာဝန္ကိုေတာင္မွကိုယ့္ဘက္သားလုပ္လိုက္ေသးတာ..........
အဲဒီလိုမ်ိဳးထင္ေနေသးလို႔...မာမီတကယ္မယံုႏိုင္ခဲ့ဘူး။
မာမီ့ကိုပက္လက္စန္႔စန္႔ႀကီးဒဏ္ရာေတြနဲ႔ႀကိဳေနတာမယံုႏိုင္ခဲ့ဘူး...
မေသေကာင္းမေပ်ာက္ေကာင္း.....
အဲဒီတုန္းကကိုယ့္ကိုယ္ကိုအမုန္းဆံုးလို႔ခံစားမိခဲ့တယ္.....
သားကိုစိတ္ခ်ၿပီးလႊတ္ထားမိတဲ့ကိုယ့္ကိုယ္ကိုမုန္းတယ္..."
ျပံဳးျပံဳးေလးစကားေတြေျပာေနေပမယ့္...မ်က္ရည္ေတြကေတာ့က်ေနတာပဲျဖစ္သည္။
သူ႔ပုခံုးေပၚမွီထားတဲ့မာမီ့ေခါင္းေလးကိုသူျပန္မွီလိုက္ရင္း.....
"အဲဒီအထိ ကြ်န္ေတာ့္ကိုခ်စ္ေနခဲ့တာေက်းဇူးတင္ပါတယ္မာမီ.....မငိုပါနဲ႔...ကြ်န္ေတာ္အဆင္ေျပေနတာပဲ..."
"သားကလူႀကီးေပါက္စျဖစ္ေနၿပီပဲ...ရင့္က်က္လာၿပီ...
သားကေက်းဇူးတင္ပါတယ္လို႔ေျပာတာႏွစ္ခါရွိၿပီ.....
သားေမြးေန႔တုန္းကဖုန္းဆက္လာခဲ့တာမာမီဘယ္ေလာက္ေပ်ာ္သြားလဲသိရဲ႕လား.....
ဝမ္းသာလြန္းလို႔ငိုေတာင္ငိုမိတယ္...
သားကိုသတိရလို႔သြားေတြ႕ဦးမွပဲလို႔အၿမဲစဥ္းစားေနရင္းနဲ႔.....အခုလိုမ်ိဳး........."
"ေတာ္ၿပီေလ.....ေဒၚခ်ိဳခ်ိဳမွဟုတ္ရဲ႕လား.....သိပ္ၿပီးေခါင္းမာတဲ့၊
စိတ္မာတဲ့ကြ်န္ေတာ့္မာမီမွဟုတ္ရဲ႕လား...မငိုနဲ႔ေတာ့...
ကြ်န္ေတာ္ေခါင္းေတြေတာင္ကိုက္လာသလိုပဲ...မာမီ့မ်က္ရည္ေတြကိုၾကည့္ရတာ..."
"ဟုတ္ပါၿပီ...သားအိပ္ရင္ျပန္အိပ္ေလ..."
"မအိပ္ႏိုင္ေတာ့ဘူး...မာမီသြားနားေတာ့...ပင္ပန္းေနေတာ့မယ္...ကြ်န္ေတာ္ခဏထိုင္ေနမွာ...
ခါးေတြေညာင္းတယ္...."
"စည္း...သားလည္းျပန္အိပ္လိုက္...မနက္လင္းဖို႔ေတာ္ေတာ္ေစာင့္ရဦးမွာ...."
ေျပာၿပီးတာနဲ႔ေဒၚခ်ိဳခ်ိဳကအျပင္ဘက္ခန္းကိုထြက္၏။
ၿပီးမွျပန္ဝင္လာကာ...ပင္လယ့္ ကိုသတိေပးသည္။
"တခုခုဆိုမာမီ့ကိုႏိုးေနာ္...."
ပင္လယ္ကအသံမထြက္ဘဲေခါင္းပဲညိတ္ျပသည္။
စည္းကေတာ့ကုတင္ေျခရင္းမွာထားသည့္ သူအိပ္တဲ့ခံုေပၚျပန္ေရာက္ေနၿပီ။
"စည္း...မင္းအလုပ္ေတြပစ္ထားခဲ့တာလား...ငါ့ဆီလာေနတာအဆင္ေျပလို႔လား..."
"အင္း..."
"ဘာ...အင္း..လဲ.....ေသခ်ာေျပာ..."
"မိုနာ့ကိုအကူညီေတာင္းထားတာ...မင္းဆီလာခဲ့ခ်င္လို႔..."
"မိန္းကေလးကို...မင္း...အားမနာဘူးလား...သူကက်န္းမာေရးသိပ္ေကာင္းတာလဲမဟုတ္ဘူး...ေနာက္ၿပီး......."
ပင္လယ့္စကားေတြကမဆံုးေသးခင္မွာပဲ....စည္းကျဖတ္ေျပာပစ္လိုက္သည္။
မိုနာ့ကိုအားနာရေအာင္ သူကလူေကာင္းျဖစ္ေနတာမို႔လား။
"မင္းကေရာ...ေသအံ့မူးမူးနဲ႔ျဖစ္ေနတာ...
ငါ့ေၾကာင့္မဟုတ္ခဲ့ဘူးလား....
ဒီအေျခေနနဲ႔ မင္းကိုဘယ္လိုလက္လႊတ္ရမွာလဲ...
မိုနာေရာ..အလုပ္ေတြေရာ...အကုန္လႊင့္ပစ္ႏိုင္တယ္..."
စည္းကေျပာၿပီးတာနဲ႔...ဆံပင္ေတြသပ္ၿပီးေခါင္းကိုငံု႔ခ်သည္။
"ငါ့ေၾကာင့္ပဲလို႔ေတာက္ေလွ်ာက္စိတ္မေကာင္းျဖစ္ခဲ့ရတာ...
ဘာမွန္းမသိဘဲမင္းေပ်ာက္သြားတာကိုပံုမွန္လို႔ထင္ခဲ့မိတာ..."
"မဟုတ္ဘူးေလ...ဒါမင္းလုပ္လို႔အဲလို...မေတာ္တဆမႈျဖစ္တာမွမဟုတ္တာ...
မင္းေၾကာင့္မွမဟုတ္ဘဲ..."
"ဦးႏိုင္ဆီကျပန္လာၿပီးတာနဲ႔...မူးေအာင္ေသာက္ခဲ့မိတာ...
မူးမိတာကိုတသက္လံုးမွာေနာင္တအရဆံုးပဲ...
အဲဒီတုန္းကငါသာ...အဲလိုမူးမေနခဲ့ရင္ဆိုၿပီးေတာ့....."
စိတ္မေကာင္းထပ္ျဖစ္ရျပန္ၿပီ.......
"ဪ...မင္းေၾကာင့္ဆိုၿပီးေတာ့...စိတ္မေကာင္းျဖစ္ေနခဲ့တာလား...လိုမွမလိုတာ...ေနာက္ၿပီး...ငါအခုအဆင္ေျပေနတာပဲေလ...အေကာင္းႀကီး..."
ၾကည့္'ဆိုၿပီး သူ႔ပုခံုးကိုတြန္႔ျပေတာ့....
လက္တစ္ဖက္က်ိဳးေနကိုထိမိသြားတာေၾကာင့္နာက်င္သြားသည္။
"အာ့....."
"ေတြ႕လား...လက္လဲက်ိဳး...ေျခလဲက်ိဳး...နံ႐ိုးေတြေရာက်ိဳးေနတာ...ဘယ္မွာေကာင္းလို႔လဲ"
"ငါ...မေသေသးဘူးမလား...အဲေလာက္မွမလိုတာ"
နႈတ္ခမ္းေလးေကြးၿပီးပင္လယ္ကေပါ့ပါးေနသေလာက္....စည္းကသာေသြး႐ူးေသြးတန္းနဲ႔...ျဖစ္ရျပန္ၿပီ။
"ဘာ.....မေသေသးဘူးဟုတ္လား...
လြယ္လြယ္နဲ႔ေျပာရက္လိုက္တာ...မင္း....မင္း....."
အျပင္ထြက္သြားဖို႔ ျပင္ေနရာကေန စည္းကပင္လယ့္ဆီျပန္လွည့္လာသည္။
"မင္းရဲ႕သတင္းကိုၾကားတာနဲ႔...႐ူးသြားမတတ္ငါစိတ္ပူခဲ့ရတာ...
မ်က္လံုးပြင့္ႏိုးလာတာနဲ႔မင္းမရွိေတာ့တာသိခဲ့ေပမယ့္...
တကယ္ဘာမွမျဖစ္ပါဘူးလို႔ပဲေတြးမိတာ...
ဒီအတိုင္း႐ိုး႐ိုးသားသားပဲထင္ခဲ့မိတာ...
ညဘက္လဲျပန္မလာဘဲနဲ႔ဖုန္းလဲပိတ္ထားေတာ့ဘယ္အထိပူပင္သြားလဲသိလား...
တေနကုန္ေနလို႔ထိုင္လို႔မရဘဲငါအစာေတာင္မစားႏိုင္ခဲ့ဘူး...
မင္းသတင္းကိုေနာက္တစ္ရက္မွာၾကားလိုက္ရေတာ့...
ငါ့ေခါင္းတစ္ခုလံုးဆယ္ေပါင္တူနဲ႔အထုခံရသလိုပဲ.....
ေဆးရံုေရာရဲစခန္းပါအေခါက္ေခါက္.....ေျပးရေသးတယ္။
မင္းေဆးရံုေပၚေရာက္တဲ့အခ်ိန္မွာအိပ္ေနႏိုင္ခဲ့တဲ့ငါ့ကိုယ္ငါမုန္းလိုက္တာ...
မင္းအေမလာေခၚသြားတယ္ဆိုတဲ့စကားတစ္ခြန္းနဲ႔...အဆင္ေျပမွာမွန္းသိလိုက္ေပမယ့္...
ကေယာင္ေခ်ာက္ခ်ားျဖစ္သြားတဲ့ငါ့စိတ္ကိုထိန္းသိမ္းဖို႔ဘာမွမတတ္ႏိုင္ခဲ့ဘူး...
မင္းကိုဆက္သြယ္ဖို႔ဘာနည္းလမ္းမွမရွိတာကိုယူၾကံဳးမရျဖစ္ခဲ့ရတာ...ငါေလ...ငါ....."
စည္းက...သူ႔ရင္ဘတ္ကိုသူပုတ္ပုတ္ၿပီးစကားေတြတရစပ္ေျပာလိုက္ရလို႔ေမာသြားပံုရၿပီးခဏၿငိမ္သက္သြားကာ.....ၿပီးမွ...ေျဖးေျဖးခ်င္း...စကားတစ္လံုးခ်င္းထုတ္ေျပာသည္။
"ငါ...မင္း...မရွိရင္မျဖစ္လို႔..."
ကုတင္ေပၚမွာတင္ပါးလႊဲထိုင္လိုက္ၿပီးမွ ပင္လယ့္ ပ့ုခံုးေလးကိုဖြဖြေလးဆုပ္ကိုင္သည္။
"တကယ္လို႔သာ...မင္းမရွိေတာ့ရင္...ဆိုတဲ့အေတြးမ်ိဳးဝင္မိၿပီးတဲ့အခ်ိန္မွာ...
အသခ်ာဆံုးျဖစ္သြားတာ...ငါ...မင္းနဲ႔ေဝးဖို႔သိပ္ေၾကာက္ေနမိခဲ့တာ...
တကယ္.....မင္းမရွိလို႔မျဖစ္တာ...ယံုပါ...ဒါ...ဘဝတစ္သက္လံုးစာ..."
ေျပာခ်င္တာေတြေျပာၿပီးေတာ့ ပင္လယ့္မ်က္ဝန္းေတြကိုၿငိမ္သက္စြာစူးစိုက္ၾကည့္သည္။
"မင္းနဲ႔ငါ...တေယာက္နဲ႔တေယာက္ထပ္မညာေတာ့ဘဲေနရေအာင္...
မင္းကိုငါတကယ္လိုအပ္တယ္..ပင္လယ္..."
unicode
ညနှစ်နာရီမှာပင်လယ်က ပြန်နိုးလာခဲ့တာမို့ ဝမ်းသာအားရနဲ့...သူ့အမေရောစည်းပါ...ပြန်အိပ်လို့မပျော်တော့ပေ..။
နှာခေါင်းပိုက်နဲ့အောက်ဆီဂျင်တို့ကို ဖြုတ်လိုက်ပြီမို့ နေသာပေမယ့်...
စိတ်ထင်တိုင်းကိုယ်ကမလှုပ်ရှားနိုင်တော့...
ပင်လယ်ကရှုံ့မဲ့စွာ ညည်းညူတတ်သည်။
ဒါ့အပြင်...သူ့ကုတင် ဘယ်နဲ့ညာတစ်ဖက်တစ်ချက်စီမှာမာမီနဲ့စည်းက...ပြုံးပြုံးလေးလာကြည့်ပြီးစောင့်နေကြတော့...ပိုလို့စိတ်ရှုပ်သည်။
ဆေးနံ့တွေလှိုင်လှိုင်ထ,နေတာကို စိတ်ရှုပ်ရတဲ့ကြားထဲ...
"မာမီရာ...ဘာဖြစ်နေတာလဲ...အဲဒီမျက်နှာက...
စည်းရောပဲ...နှစ်ယောက်စလုံးကအာရုံပဲ"
"သားရယ်...မတွေ့ရတာနှစ်ချီနေလို့လွမ်းနေတာလေ..
သားရဲ့ကားမတော်တဆဖြစ်တဲ့သတင်းကို
သိသိခြင်းမာမီဘယ်လိုဖြစ်သွားလဲသိလား...ဟင်..."
တုန်တုန်ရီရီလေးနဲ့ ပင်လယ့်အမေက ပြောပြတော့ စည်းကပါဝင်ထောက်သည်။
"မင်း...ကိုယ်ချင်းမစာတတ်သေးလို့ပါ...အန်တီချိုသနားပါတယ်..." (ငါတောင်ရူးမတတ်ဖြစ်သွားတာ) ဟုပြောလိုက်ချင်ပေမယ့်...ထားပါတော့...။
ဒေါ်ချိုချိုကိုကြည့်လိုက်တော့မျက်ရည်လေးတွေသိမ်းကာပြုံးနေ၏။
ဝမ်းသာလို့ကျတဲ့မျက်ရည်က ချိုမြိန်လွန်းတယ်မဟုတ်ဘူးလား။
ဒါကို ချီးထုပ်က နားလည်မပေးဘဲငေါက်နေပြန်သည်။
သူတို့ သားအမိနှစ်ယောက်ထဲကိုထားခဲ့ဖို့စိတ်ကူးပြီး
စည်း'က အလိုက်တသိနဲ့အခန်းပြင်ကိုထွက်မည်ပြင်တော့...
ပင်လယ်ကလှမ်းအော်သည်။
"စည်း...မင်းကဘယ်လဲ..."
ဘယ်ရမလဲ။
သားအမိလွတ်လွတ်လပ်လပ်ပြောလို့ရအောင် ရှောင်ပေးတဲ့ဟာကို...
အဲဒီငတိ အရိပ်ကဲနားမလည်ချက်။
မဖြေချင်လို့ဒေါ်ချိုချို့ဆီမျက်ရိပ်ပြပေမယ့် ပင်လယ်ကတော့မရိပ်မိ။
"စည်း...ဘာလဲအဲဒီမျက်လုံးက..."
ခက်ပြီ...အဲကောင်ကတော့...။
"ပြန်လာထိုင်ပါသားရယ်...မင်းရှိနေတော့ သူနေလို့ပိုကောင်းနေမှာပါ...အနှောင့်ယှက်မဖြစ်ပါဘူး...ထိုင်ပါ"
စည်းက ဒီတော့မှပြန်လာထိုင်သည်။
အားနာခြင်းနဲ့...ပင်လယ့်ရဲ့အလိုက်မသိမှုကိုအပြစ်ဖို့ပြီး မျက်နှာလေးကိုရှုံ့မဲ့ပြလိုက်ရသည်။
"ဆံပင်တွေတိုနေလိုက်တာ...
မာမီ့သားကအဲလိုနားရွက်တစ်ခုလုံးပေါ်နေတာသဘောမကျဘူးဆို..."
ပြီးမှစည်းကိုပြန်ကြည့်ကာ...သူတို့ဆံပင်လေးတွေတောင်အတူတူညှပ်ကြတာပဲလို့ထင်သွားသည်။
ဒါပေမယ့်...
ပင်လယ်ထိုးတဲ့လက်ညိုးကစည်းဆီမှာ...
"သူ...သူညှပ်ခိုင်းလို့ညှပ်တာ..."
"ဟုတ်လား...သားက ဒီလိုမျိုး သူများပြောတာလဲနားထောင်တတ်လာပြီလား..."
ခေါင်းမာတတ်ခဲ့တဲ့ သားဖြစ်သူက တခြားလူပြောတာဆိုရင် လွယ်လွယ်ကူကူနဲ့လက်မခံတတ်ဘူးမဟုတ်လား။
စည်း'နဲ့ကျမှ နားထောင်တတ်သွားသလားမသိ။
ဒေါ်ချိုချိုကခုံမှာထိုင်နေရာမှကုတင်ပေါ်ရွှေ့ထိုင်ပြီး ပင်လယ့်ရဲ့ဆံပင်လေးတွေကိုတို့ထိသည်။
"အရင်တုန်းကအတိုင်းပဲသားက...ပိုပြီးလူကြီးဆန်လာတာတခုပဲ..."
ပင်လယ့်ပုခုံးလေးဆီကိုဖွဖွလေးမှီချရင်း ဒေါ်ချိုချိုကဆက်ပြောသည်။
"အရမ်းကိုစိတ်ပူရလွန်းလို့သားမနိုးခင်မာမီသေသွားမှာတောင်စိုးခဲ့ရတယ်...
အဲဒီပုံစံကိုစစတွေ့တော့သားကမာမီ့ကိုနောက်နေတာလို့ထင်ခဲ့တာ...........
မှတ်မိသေးလား...မာမီနောက်အိမ်ထောင်ပြုတုန်းကရုံးတက်လက်မှတ်ထိုးဖို့ကိုနှစ်ခါရွှေ့ဆိုင်းရတယ်လေ...
မာမီ့ကိုဂွကျပြီးဗိုက်နာပါတယ်ဆိုပြီးလူးလိမ့်ငိုတာ........
ဆေးရုံရောက်တော့လည်းဉာဏ်ပြေးလွန်းတဲ့သားက...
အခန်းထဲမှာ မာမီ့...ရှိမနေနဲ့ဆိုပြီးတော့ဆရာဝန်ကိုတောင်မှကိုယ့်ဘက်သားလုပ်လိုက်သေးတာ..........
အဲဒီလိုမျိုးထင်နေသေးလို့...မာမီတကယ်မယုံနိုင်ခဲ့ဘူး။
မာမီ့ကိုပက်လက်စန့်စန့်ကြီးဒဏ်ရာတွေနဲ့ကြိုနေတာမယုံနိုင်ခဲ့ဘူး...
မသေကောင်းမပျောက်ကောင်း.....
အဲဒီတုန်းကကိုယ့်ကိုယ်ကိုအမုန်းဆုံးလို့ခံစားမိခဲ့တယ်.....
သားကိုစိတ်ချပြီးလွှတ်ထားမိတဲ့ကိုယ့်ကိုယ်ကိုမုန်းတယ်..."
ပြုံးပြုံးလေးစကားတွေပြောနေပေမယ့်...မျက်ရည်တွေကတော့ကျနေတာပဲဖြစ်သည်။
သူ့ပုခုံးပေါ်မှီထားတဲ့မာမီ့ခေါင်းလေးကိုသူပြန်မှီလိုက်ရင်း.....
"အဲဒီအထိ ကျွန်တော့်ကိုချစ်နေခဲ့တာကျေးဇူးတင်ပါတယ်မာမီ.....မငိုပါနဲ့...ကျွန်တော်အဆင်ပြေနေတာပဲ..."
"သားကလူကြီးပေါက်စဖြစ်နေပြီပဲ...ရင့်ကျက်လာပြီ...
သားကကျေးဇူးတင်ပါတယ်လို့ပြောတာနှစ်ခါရှိပြီ.....
သားမွေးနေ့တုန်းကဖုန်းဆက်လာခဲ့တာမာမီဘယ်လောက်ပျော်သွားလဲသိရဲ့လား.....
ဝမ်းသာလွန်းလို့ငိုတောင်ငိုမိတယ်...
သားကိုသတိရလို့သွားတွေ့ဦးမှပဲလို့အမြဲစဉ်းစားနေရင်းနဲ့.....အခုလိုမျိုး........."
"တော်ပြီလေ.....ဒေါ်ချိုချိုမှဟုတ်ရဲ့လား.....သိပ်ပြီးခေါင်းမာတဲ့၊
စိတ်မာတဲ့ကျွန်တော့်မာမီမှဟုတ်ရဲ့လား...မငိုနဲ့တော့...
ကျွန်တော်ခေါင်းတွေတောင်ကိုက်လာသလိုပဲ...မာမီ့မျက်ရည်တွေကိုကြည့်ရတာ..."
"ဟုတ်ပါပြီ...သားအိပ်ရင်ပြန်အိပ်လေ..."
"မအိပ်နိုင်တော့ဘူး...မာမီသွားနားတော့...ပင်ပန်းနေတော့မယ်...ကျွန်တော်ခဏထိုင်နေမှာ...
ခါးတွေညောင်းတယ်...."
"စည်း...သားလည်းပြန်အိပ်လိုက်...မနက်လင်းဖို့တော်တော်စောင့်ရဦးမှာ...."
ပြောပြီးတာနဲ့ဒေါ်ချိုချိုကအပြင်ဘက်ခန်းကိုထွက်၏။
ပြီးမှပြန်ဝင်လာကာ...ပင်လယ့် ကိုသတိပေးသည်။
"တခုခုဆိုမာမီ့ကိုနိုးနော်...."
ပင်လယ်ကအသံမထွက်ဘဲခေါင်းပဲညိတ်ပြသည်။
စည်းကတော့ကုတင်ခြေရင်းမှာထားသည့် သူအိပ်တဲ့ခုံပေါ်ပြန်ရောက်နေပြီ။
"စည်း...မင်းအလုပ်တွေပစ်ထားခဲ့တာလား...ငါ့ဆီလာနေတာအဆင်ပြေလို့လား..."
"အင်း..."
"ဘာ...အင်း..လဲ.....သေချာပြော..."
"မိုနာ့ကိုအကူညီတောင်းထားတာ...မင်းဆီလာခဲ့ချင်လို့..."
"မိန်းကလေးကို...မင်း...အားမနာဘူးလား...သူကကျန်းမာရေးသိပ်ကောင်းတာလဲမဟုတ်ဘူး...နောက်ပြီး......."
ပင်လယ့်စကားတွေကမဆုံးသေးခင်မှာပဲ....စည်းကဖြတ်ပြောပစ်လိုက်သည်။
မိုနာ့ကိုအားနာရအောင် သူကလူကောင်းဖြစ်နေတာမို့လား။
"မင်းကရော...သေအံ့မူးမူးနဲ့ဖြစ်နေတာ...
ငါ့ကြောင့်မဟုတ်ခဲ့ဘူးလား....
ဒီအခြေနေနဲ့ မင်းကိုဘယ်လိုလက်လွှတ်ရမှာလဲ...
မိုနာရော..အလုပ်တွေရော...အကုန်လွှင့်ပစ်နိုင်တယ်..."
စည်းကပြောပြီးတာနဲ့...ဆံပင်တွေသပ်ပြီးခေါင်းကိုငုံ့ချသည်။
"ငါ့ကြောင့်ပဲလို့တောက်လျှောက်စိတ်မကောင်းဖြစ်ခဲ့ရတာ...
ဘာမှန်းမသိဘဲမင်းပျောက်သွားတာကိုပုံမှန်လို့ထင်ခဲ့မိတာ..."
"မဟုတ်ဘူးလေ...ဒါမင်းလုပ်လို့အဲလို...မတော်တဆမှုဖြစ်တာမှမဟုတ်တာ...
မင်းကြောင့်မှမဟုတ်ဘဲ..."
"ဦးနိုင်ဆီကပြန်လာပြီးတာနဲ့...မူးအောင်သောက်ခဲ့မိတာ...
မူးမိတာကိုတသက်လုံးမှာနောင်တအရဆုံးပဲ...
အဲဒီတုန်းကငါသာ...အဲလိုမူးမနေခဲ့ရင်ဆိုပြီးတော့....."
စိတ်မကောင်းထပ်ဖြစ်ရပြန်ပြီ.......
"ဪ...မင်းကြောင့်ဆိုပြီးတော့...စိတ်မကောင်းဖြစ်နေခဲ့တာလား...လိုမှမလိုတာ...နောက်ပြီး...ငါအခုအဆင်ပြေနေတာပဲလေ...အကောင်းကြီး..."
ကြည့်'ဆိုပြီး သူ့ပုခုံးကိုတွန့်ပြတော့....
လက်တစ်ဖက်ကျိုးနေကိုထိမိသွားတာကြောင့်နာကျင်သွားသည်။
"အာ့....."
"တွေ့လား...လက်လဲကျိုး...ခြေလဲကျိုး...နံရိုးတွေရောကျိုးနေတာ...ဘယ်မှာကောင်းလို့လဲ"
"ငါ...မသေသေးဘူးမလား...အဲလောက်မှမလိုတာ"
နှုတ်ခမ်းလေးကွေးပြီးပင်လယ်ကပေါ့ပါးနေသလောက်....စည်းကသာသွေးရူးသွေးတန်းနဲ့...ဖြစ်ရပြန်ပြီ။
"ဘာ.....မသေသေးဘူးဟုတ်လား...
လွယ်လွယ်နဲ့ပြောရက်လိုက်တာ...မင်း....မင်း....."
အပြင်ထွက်သွားဖို့ ပြင်နေရာကနေ စည်းကပင်လယ့်ဆီပြန်လှည့်လာသည်။
"မင်းရဲ့သတင်းကိုကြားတာနဲ့...ရူးသွားမတတ်ငါစိတ်ပူခဲ့ရတာ...
မျက်လုံးပွင့်နိုးလာတာနဲ့မင်းမရှိတော့တာသိခဲ့ပေမယ့်...
တကယ်ဘာမှမဖြစ်ပါဘူးလို့ပဲတွေးမိတာ...
ဒီအတိုင်းရိုးရိုးသားသားပဲထင်ခဲ့မိတာ...
ညဘက်လဲပြန်မလာဘဲနဲ့ဖုန်းလဲပိတ်ထားတော့ဘယ်အထိပူပင်သွားလဲသိလား...
တနေကုန်နေလို့ထိုင်လို့မရဘဲငါအစာတောင်မစားနိုင်ခဲ့ဘူး...
မင်းသတင်းကိုနောက်တစ်ရက်မှာကြားလိုက်ရတော့...
ငါ့ခေါင်းတစ်ခုလုံးဆယ်ပေါင်တူနဲ့အထုခံရသလိုပဲ.....
ဆေးရုံရောရဲစခန်းပါအခေါက်ခေါက်.....ပြေးရသေးတယ်။
မင်းဆေးရုံပေါ်ရောက်တဲ့အချိန်မှာအိပ်နေနိုင်ခဲ့တဲ့ငါ့ကိုယ်ငါမုန်းလိုက်တာ...
မင်းအမေလာခေါ်သွားတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့...အဆင်ပြေမှာမှန်းသိလိုက်ပေမယ့်...
ကယောင်ချောက်ချားဖြစ်သွားတဲ့ငါ့စိတ်ကိုထိန်းသိမ်းဖို့ဘာမှမတတ်နိုင်ခဲ့ဘူး...
မင်းကိုဆက်သွယ်ဖို့ဘာနည်းလမ်းမှမရှိတာကိုယူကြုံးမရဖြစ်ခဲ့ရတာ...ငါလေ...ငါ....."
စည်းက...သူ့ရင်ဘတ်ကိုသူပုတ်ပုတ်ပြီးစကားတွေတရစပ်ပြောလိုက်ရလို့မောသွားပုံရပြီးခဏငြိမ်သက်သွားကာ.....ပြီးမှ...ဖြေးဖြေးချင်း...စကားတစ်လုံးချင်းထုတ်ပြောသည်။
"ငါ...မင်း...မရှိရင်မဖြစ်လို့..."
ကုတင်ပေါ်မှာတင်ပါးလွှဲထိုင်လိုက်ပြီးမှ ပင်လယ့် ပု့ခုံးလေးကိုဖွဖွလေးဆုပ်ကိုင်သည်။
"တကယ်လို့သာ...မင်းမရှိတော့ရင်...ဆိုတဲ့အတွေးမျိုးဝင်မိပြီးတဲ့အချိန်မှာ...
အသချာဆုံးဖြစ်သွားတာ...ငါ...မင်းနဲ့ဝေးဖို့သိပ်ကြောက်နေမိခဲ့တာ...
တကယ်.....မင်းမရှိလို့မဖြစ်တာ...ယုံပါ...ဒါ...ဘဝတစ်သက်လုံးစာ..."
ပြောချင်တာတွေပြောပြီးတော့ ပင်လယ့်မျက်ဝန်းတွေကိုငြိမ်သက်စွာစူးစိုက်ကြည့်သည်။
"မင်းနဲ့ငါ...တယောက်နဲ့တယောက်ထပ်မညာတော့ဘဲနေရအောင်...
မင်းကိုငါတကယ်လိုအပ်တယ်..ပင်လယ်..."