ပဲ႔ကိုင္ရွင္(ပဲ့ကိုင်ရှင်)

YoonTwaxM121 által

368K 18.7K 891

ေကာင္းကင္ဆိုတာ တိမ္ရွိေနမွႀကည့္ေကာင္းတယ္ သစ္ပင္ဆိုတာလည္း အျမစ္ရွိမွသဘာဝက်တယ္ေလ အဲ႔ဒီလိုပဲ ငါဆိုတဲ႔ျဖစ္တည္မႈက... Több

Author's intro
Characters' intro
သ်ွန္းေသြးမာန္(သျှန်းသွေးမာန်)
ေဝယံရွင္းပိုင္(ဝေယံရှင်းပိုင်)
Part 1
Part 2
Part 3(first meet💗)
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13(Finally!!!💋)
Hello~~~💜
Part 14
Part 15(Brave yourself💪💪)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27(Happy Birthday Shan🎂)
Part 28(Engagement)
Part 29
Part 30
Part 31
Part 32
Part 33
Part 35
Part 36
Part 37
Part 38
Part 39(final🍁🍁)
To my readers💜💜
💐Today is his birthday💐
🔒Be My Weakness🔒

Part 34

4.4K 326 48
YoonTwaxM121 által

Zawgyi

အလုပ္သြားရန္ အားလံုးျပင္ဆင္ျပီးအသင့္အေနအထားျဖင့္ အေပၚထပ္ေလွကားမွဆင္းလာေသာ သ်ွန္း။အေပၚဝတ္အေႏြးထည္ကို လက္ေပၚတြင္ ေခါက္ခ်ိဳးခ်တင္ကာ လက္ပတ္နာရီအျဖဴေလးကို ပတ္ရင္း ဆင္းလာသည္။

"သား...သ်ွန္းေသြး..."

"ဗ်ာ..."

သ်ွန္းလည္း မည္သူမည္ဝါမွန္းမသိ နာမည္ေခၚသံႀကား၍ လွစ္ခနဲထူးလိုက္၏။

"ဒီကိုလာပါဦး..."

သ်ွန္း ေအာက္ထပ္ကို ဆင္းလာေတာ့ ဧည့္ခန္းက ဆိုဖာေပၚမွာ အက်အနထိုင္ေနသည္႕မိမိအေဖရွိသည္ဆိုတာကို သ်ွန္းသတိမထားမိ။

"အေဖ အေစာႀကီးနိုးေနတာလား..."

"ေအး ဟုတ္တယ္ အိပ္လို့မရလို့...ထိုင္ေလ"

"ဟုတ္"

သ်ွန္းထိုင္လိုက္သည္နွင့္ သ်ွန္း၏လက္ကို ဆြဲကိုင္လာသည္။

"သား လက္ထက္ပြဲကို ဒီ၁နွစ္အတြင္းလာက္လုပ္မယ္။"

"ဒီတစ္နွစ္အတြင္းလား ေကာင္းသားပဲ။အေဖ့သေဘာပါ။"

"ေနာက္ျပီးေတာ့ သား..."

"ဟုတ္"

"ေဝယံရွင္းပိုင္ကို အလုပ္ထုတ္လိုက္ပါလား။အေဖ သားနဲ့သ့ူကို တပူးပူးတတြဲတြဲေနတာမ်ိဳးမႀကိဳက္ဘူး။"

"အေဖ...က်ြန္ေတာ္နဲ႔ကိုယံက ဘာမွမဆိုင္ေတာ့ပါဘူး။အေဖေျပာသလို တပူးပူး တတြဲတြဲလည္းမလုပ္ေတာ့ပါဘူး။အဲ႔ဒါေႀကာင့္အလုပ္မထုတ္နိုင္ပါဘူး။က်ြန္ေတာ္ companyမွာ CEOလုပ္ေနသ၍ က်ြန္ေတာ့္အတြင္းေရးမွဴးနွစ္ေယာက္က ကိုယံနဲ႔ ဦးေလးေမာင္ကလြဲျပီး ဘယ္သူမွျဖစ္မလာေစရဘူး။အဲ႔ဒါေႀကာင့္ က်ြန္ေတာ့္အတြင္းေရးမွဴးေတြကို လာမထိပါနဲ႔။မဟုတ္​ရင္​ က်ြန္ေတာ္ အေဖ့ကို ေပးထားတဲ့ကတိေတြဖ်က္မိလိမ့္မယ္။company မွာmeetingရွိလို့ က်ြန္ေတာ္သြားေတာ့မယ္။"

ကားေမာင္းကာ ထိုအိမ္ႀကီးမွသ်ွန္းထြက္ခြာခဲ႔သည္။

"ဒီဖိုင္တြဲကို storeခန္းမွာသြားထား..."

"ေႀသာ္ျပီးေတာ့ ဒီစာရြက္ကို ၄ထပ္က မန္ေနဂ်ာဆီမွာ လက္မွတ္သြားထိုး။"

"ဟမ္!၄ထပ္ကို ထပ္သြားရဦးမွာလား။ခုနကေလးတင္သြားျပီးျပီေလ..."

"ဘာလဲ စက္ေလွကားေလးစီးသြားရတာကို..."

"အဲ႔ဒါဆိုလည္း ဦးေလးပဲသြားဗ်ာ က်ြန္ေတာ့္မွာ လုပ္စရာေတြရွိေသးတယ္။"

"ေအးပါ မင္းက ငါ့ကို ခိုင္းရက္တယ္ေပါ့။"

"အင္းပါ အင္းပါ မသြားပါနဲ႔ေတာ့ က်ြန္ေတာ္ကိုယ္တိုင္ပဲသြားလိုက္ပါ့မယ္"

"ျပီးရင္ ေမာင္ေမာင္သ်ွန္းအတြက္ ေကာ္ဖီေဖ်ာ္ရင္းနဲ႔ ငါအတြက္ပါ တစ္ခြက္ေဖ်ာ္ခဲ႔။ခါးခါးေလးေနာ္..."

"ဟာ!ဦးေလးေမာင္ က်ြန္ေတာ့္ကို ဘယ္နွကိုယ္ခြဲမ်ားမွတ္ေနလဲ။ဒီမွာသန္႔ရွင္းေရးလုပ္ေနတယ္ေလ။"

"ေအးသိတယ္ ေသခ်ာေျပာင္ေအာင္လုပ္ လက္ေႀကာတင္းတင္းလုပ္..."

"အန္တီခင္ျမျမ မဟုတ္တိုင္း အရမ္းအနိုင္က်င့္တာပဲ။ခုနက သန့္ရွင္းေရးအေဒၚႀကီးလာတုန္းကေတာ့ မလုပ္ခိုင္းဘူး။"

"လ်ွာမရွည္နဲ့ ဟိတ္ေကာင္ ငါကေတြ႕ကရာလူခိုင္းတတ္တာမဟုတ္ဘူး။မင္း မို့လို့ ခ်စ္လို့ခိုင္းတာ..."

"ေႀသာ္...ေႀသာ္...ေက်းဇူးအရမ္းတင္တာပဲသိလား။ေက်းဇူးတင္လြန္းလို့ မ်က္ရည္ေတာင္ဝဲေနျပီ။"

"ငါေကာက္ေပါက္လိုက္ရ..."

"ေပါက္ေလ ေပါက္ေလ အရပ္ရွည္လားဆိုေတာ့ ၄ေပေတာင္မေက်ာ္ လက္တည့္လားဆိုေတာ့လည္းမတည့္..."

"ဘာ!!တိတ္စမ္း!"

"ဟားဟား...ဟားဟား..."

ေဝယံ အသံေသးအသံေႀကာင္နဲ႔ ရယ္ကာ ဦးေလးေမာင္ကို ေလွာင္ေတာ့သည္။

"ေအးေအး ရယ္ထား မင္းနဲ႔ငါနဲ႔ေတြ႕မယ္"

"ဦးေလးေမာင္ က်ြန္ေတာ္လာျပီ။"

ရုတ္တရက္ သ်ွန္းေရာက္လာေတာ့ ေဝယံ့၏ျပံဳးေပ်ာ္ေနေသာမ်က္နွာတို့ တည္တံ႔ျခင္း၏အနိုင္ယူျခင္းကိုခံလိုက္ရေတာ့သည္။

ေဝယံ စားပြဲေပၚမွ စာရြက္နွင့္ဖိုင္ကိုယူလိုက္ကာ...

"ဦးေလး က်ြန္ေတာ္ ဦးေလးခိုင္းတာေတြသြားလုပ္လိုက္ဦးမယ္။"

"ေအး ေအး"

ေဝယံ႔အျပဳအမူေတြေႀကာင့္ သ်ွန္းမ်က္နွာေလးအတန္ငယ္ညိွဳးငယ္သြားသည္ကို ဦးေလးေမာင္သတိထားမိသည္။

"ေမာင္ေမာင္သ်ွန္း...ဦးေလးေျပာစရာရွိလို့"

"အင္း အခန္းထဲလိုက္ခဲ႔ေလ"

သ်ွန္း ထိုင္ခံုတြင္စထိုင္လိုက္သည္နွင့္ ဦးေလးေမာင္၏ ေမးခြန္းထုတ္စခန္းစတင္ေလျပီ။

"ေဝယံနဲ႔ ဘာလို့ လမ္းခြဲလိုက္တာလဲ?ျပီးေတာ့ ဧကရီနဲ႔ ဘာလို့ လက္ထပ္မွာလဲ?"

"ဦးေလးေမာင္ပဲ က်ြန္ေတာ္ေရာ ကိုယံေရာ ဧကရီေရာ သံုးေယာက္စလံုးမထိခိုက္မဲဲ႔ နည္းလမ္းေရြးဆို..."

"မဟုတ္ေသးပါဘူး ဦးေလးဆိုလိုတာ အဲ႔လိုမဟုတ္ဘူးေလ"

"အဲ႔ဒါဆို တစ္ျခားနည္းလမ္းရွိေသးလို့လား။စဥ္းစားေပါ့။က်ြန္ေတာ္က ဒီတစ္နည္းပဲစဥ္းစားလို့ရတယ္။"

"လုပ္သင့္ မလုပ္သင့္ ထပ္စဥ္းစားပါဦး ေဝယံကေလ သူတစ္ေယာက္တည္း ခက္ခက္ခဲခဲ ရုန္းကန္ခဲ႔ရတဲ႔အခ်ိန္ေတြမွာေတာင္ အျပံဳးမပ်က္ခဲ႔ပါဘူး။အခု သူေနသားက်ေနတဲ႔အခ်ိန္မွ ဒဏ္ရာေတြေပးမလို့လား"

"အဲ႔ဒီလို ဒဏ္ရာေတြေပးေနတဲ႔က်ြန္ေတာ္ကိုယ္တိုင္ကေရာ ေပ်ာ္ရႊင္ေနတယ္ထင္လို့လား။က်ြန္ေတာ္လည္း ခံစားေနရတာပါ။"

"အဲ႔ဒါဆို ေနာက္ျပန္လွည့္လိုက္ပါလား ေနာက္ျပန္လွည့္လိုက္မယ္ဆိုရင္ အားလံုး အဆင္ေျပသြားလိမ့္မယ္။"

"က်ြန္ေတာ့္အထင္ေတာ့ ေနာက္က်သြားျပီ။meetingရွိလို့သြားလိုက္ဦးမယ္။"
_____________________________

ဒီလိုနဲ႔ ေန့လည္ ထမင္းစားခ်ိန္အျပီး...

"ဗိုက္ထဲက မအီမလည္ႀကီး ထူးဆန္းတယ္ ငါခုနက ထမင္းပဲစားတာပါ။"

"ေၾသာ္...သံေဝဂရစရာေတာင္ေကာင္း။ထမင္းပဲစားတယ္တဲ႔လား။restaurantကရွိရွိသမ်ွမုန့္ေတြ အကုန္လံုးနီးပါးစားျပီးေတာ့ ထမင္းပဲစားတယ္လာလုပ္ေနတယ္။"

"ေဝယံ..."

"ေျပာေစသတည္း"

"ငါtoiletခဏသြားလိုက္ဦးမယ္"

ေဝယံ ေခါင္းပဲျငိမ့္ျပျပီး ပါးစပ္က ဘာတစ္ခြန္းမွထုတ္မေျပာ။

ႀကြ...ႀကြ...ျမန္ျမန္ႀကြ...နားျငီးသက္သာတယ္။

စိတ္ထဲမွာေတာ့ ဦးေလးေမာင္အား အစအဆံုးအမွ်ေဝျပီးေန၏။

၁၀မိနစ္အႀကာ...

"ေဝယံ!!ေဝယံ!!"

အနားမေရာက္ခင္နွစ္မိုင္သံုးမိုင္ေလာက္အကြာမွ ေအာ္ေခၚကာ အေျပးလာေနသည္။

ဘာျဖစ္လာရျပန္ျပီလဲ။ဒီဦးေလးေမာင္နဲ႔ေတာ့...

"ဗ်ာ!!"

"ေဝယံ!!!"

အနားေရာက္ေတာ့လည္း ဟိုးအေဝးကလူကို လွမ္းေခၚသလို အသံက်ယ္လြန္းသည္မွာတအား...

"က်ြန္ေတာ္နားမကန္းေသးဘူး!ႀကားတယ္!!! အကုန္ႀကားတယ္!!!"

ေဝယံလည္း ဦးေလးေမာင္အသံအတိုင္း ေအာ္ေျပာလိုက္ေတာ့မွ...

"ရွဴး...တိုးတိုး..."

"ဘာျဖစ္လို့လဲ"

"ဥကၠဠႀကီးေရာက္ေနတယ္။မင္းကိုေတြ႕ခ်င္တယ္တဲ႔။ေမာင္ေမာင္သ်ွန္းမသိေအာင္ သူ့အခန္းကို လာခဲ႔ပါတဲ႔။"

"ဟုတ္လား သြားလိုက္မယ္ေလ။"

"ေနဦး ေမာင္ေမာင္သ်ွန္းမသိေအာင္ လာခဲ႔ဆိုေတာ့ ဘာေတြမ်ားေျပာမလို့လဲမသိဘူး။အကယ္၍ မင္းကို မဟုတ္တာေတြေျပာရင္ နရင္းသာရိုက္ခဲ႔။"

ဦးေလးေမာင္ မိမိကို ရယ္ေစရန္ မဟုတ္တာေတြေရာ ဟုတ္တာေတြပါ ေရာက္တက္ရာရာ ေလ်ွာက္ေျပာေနသည္ကို ေဝယံသိသည္။

ထို့ေႀကာင့္ လက္မေထာင္ျပျပီး သြား၃၂ေခ်ာင္းေပၚေအာင္ရယ္ကာ ထြက္လာခဲ႔သည္။
______________________________

သ်ွန္းအေဖ က်ြန္ေတာ့္ကို ေခၚကတည္းက ခံစားခ်က္မေကာင္းတာေတြ ေျပာေတာ့မယ္ဆိုတာ သိသည္။

"companyကေန အလုပ္ထြက္ပါ"

"ဗ်ာ ဘာေႀကာင့္လဲ သ်ွန္းေႀကာင့္လား သ်ွန္းေႀကာင့္ဆိုရင္ေတာ့ စိတ္ပူစရာမလိုပါဘူး။"

"သားက မင္းရွိေနလို့ လက္ထပ္ပြဲကိုလည္း သိပ္မလုပ္ခ်င္တဲ႔ပံုပဲ။ဘာေႀကာင့္မွန္းမသိ မင္းကို သံေယာဇဥ္ရွိေနတုန္းပဲလို့ ထင္ေနမိတယ္။"

"အဲ႔အတြက္ဆိုရင္ေတာ့ စိတ္ခ်လိုက္ပါ။က်ြန္ေတာ္နဲ႔ သ်ွန္းနဲ႔ သူစိမ္းေတြျဖစ္သြားႀကျပီမို့လို့။က်ြန္ေတာ္ တတ္နိုင္သမ်ွ သ်ွန္းနဲ႔ေဝးေဝးေနမွာပါ။အဲ႔ဒါေႀကာင့္ အလုပ္မထြက္နိုင္ပါဘူး။"

"ေသခ်ာလား?"

"ဟုတ္ကဲ႕ ေသခ်ာပါတယ္"

"အဲ႔ဒါဆို companyေရွ႕ ေန႕တိုင္းလာလာေစာင့္ေနတဲ႔ အမ်ိဳးသမီးက မင္းရဲ႔အမ်ိဳးလို႕ေျပာတယ္။"

ႀကီးေမ...?ဒီရက္ပိုင္းcompanyေရွ႕မွာ ေန့တိုင္းေစာင့္ ေနတဲ႔ အမ်ိဳးသမီးဆိုလို့ ႀကီးေမတစ္ေယာက္ပဲရွိတယ္။အဲ႔ဒါကလည္း က်ြန္ေတာ့္ကို လာအကူအညီေတာင္းေနတာျဖစ္ေပမဲ႔ က်ြန္ေတာ္ကပဲ လ်စ္လ်ဴရႈထားခဲ့တာ...

"ႀကီးေမကို ဘယ္လိုသိတာလဲ?"

"ဟုတ္ေနတာပဲ။သူေယာက်္ားက အသည္းကင္ဆာနဲ႔ ေဆးရံုတတ္ေနရတာလို့ႀကားတယ္။ခက္တာက သူတို့ ေဆးရံုစရိတ္မတတ္နိုင္ဘူးေလ...အေႀကြးေတြလည္း ေတာင္လိုပံုေနတာပဲတဲ႔ မင္းသူ႕ကို ဘာလို့မကူညီတာလဲ။"

"ကြ်န္ေတာ္ မကူညီနိုင္ပါဘူး။သူတို့လိုသေလာက္ကိုေပးနိုင္တဲ႔ ပိုက္ဆံက်ြန္ေတာ့္ဆီမွာမရွိဘူး။"

"ငါက မင္းအစားကူညီေပးမယ္ဆိုရင္ေရာ..."

"ဗ်ာ?"

"သူတို့အတြက္ ေဆးရံုစရိတ္လည္းေထာက္ပံ႔ေပးမယ္။သူတို့တင္ေနတဲ့ အေႀကြးေတြလည္းဆပ္ေပးမယ္ဆိုရင္ေရာ မကူညီခ်င္ဘူးလား။"

ေဝယံ တံု႕ျပန္ျခင္းမရွိပါ။မိမိေရြးရမယ့္လူက ခ်စ္တဲ႔ေကာင္ေလးသ်ွန္းလား ဒါမွမဟုတ္ မိမိအေပၚေက်းဇူးရွိတဲ႔ ႀကီးေမလား။တစ္ဦးတည္းကိုသာ ေရြးခ်ယ္ရမည္ျဖစ္၍ ဗ်ာမ်ားေနသည္။

"ဒါေပမဲ႔ အေပးအယူတစ္ခုေတာ့ရွိတယ္။ငါက မင္းကိုကူညီရင္ မင္းကလည္း ငါ့ကို ကူညီရမွာေပါ့။companyကအလုပ္ထြက္ျပီး သားနဲ႔ေဝးေဝးမွာေနေပးပါ။သားဆီက ဘာအကူအညီမွမေတာင္းပါနဲ႔။အဲ႔ေလာက္ေတာ့လုပ္ေပးနိုင္တယ္မဟုတ္လား?"

"က်ြန္ေတာ္ ဒီအေပးအယူကို သေဘာမတူရေသးဘူးေလ..."

"ဟုတ္ျပီ...ဟုတ္ျပီ...စဥ္းစားဦးေပါ့ ေျပာခ်င္တာကေတာ့ သ်ွန္းေသြးက ေရွ႕ဆက္ေလ်ွာက္ဖို့ အခ်ိန္ေတြအမ်ားႀကီးရွိေသးတယ္။မင္းေႀကာင့္နဲ႔ သူ႕အနာဂတ္ေတြ ေမွးမွိန္သြားတာမ်ိဳး မင္းလိုလားလား။မင္းသာ သ်ွန္းေသြးေဘးက ထြက္သြားရင္ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြႀကား သူမ်က္နွာငယ္ရမွာမဟုတ္ဘူး။မင္း သူ႕ကိုခ်စ္တယ္ဆို လက္လႊတ္ေပးသင့္တယ္မဟုတ္လား။သူ႕အနာဂတ္အတြက္ပဲျဖစ္ျဖစ္ေပါ့"

"က်ြန္ေတာ္ စဥ္းစားႀကည့္ပါ့မယ္"

"ေကာင္းျပီ ဒါေပမဲ႔ သိပ္အခ်ိန္မဆြဲနဲ႔"

က်ြန္ေတာ္ ဒီအေပးအယူကို လက္ခံသင့္လား ဒါမွမဟုတ္ ျငင္းပယ္သင့္လား။သူေကာင္းစားမယ့္လမ္းလား သူဆုတ္ယုတ္မယ့္လမ္းလား။အရာအားလံုး က်ြန္ေတာ့္အေပၚမွာ မူတည္ေနတယ္လို့ ခံစားမိတယ္။

အခ်စ္ဆိုတာ ရယူပိုင္ဆိုင္ျခင္းလား။ရယူပိုင္ဆိုင္ခြင့္မရွိရင္ေတာင္ တန္ဖိုးထားယုယေပးနိုင္ရင္ပဲ ဒါကိုအခ်စ္လို႔ အမည္တြင္ေနျပီ။အဲ႔ဒါေႀကာင့္ က်ြန္ေတာ္ေရြးရမယ့္လမ္းက ဘာဆိုတာကို အခုကတည္းကသိေနနွင့္ျပီ။
______________________________

"ဦးေလးေမာင္ ထမင္းစားလို့ရျပီ။"

ရံုးကေန အိမ္ျပန္ေရာက္ျပီး ေရေတာင္မခ်ိဳးရေသးဘဲ ဦးေလးေမာင္စားဖို့အတြက္ အလိုက္တသိျပင္ဆင္ေပးေနတဲ႔ေဝယံ...။

"ေအး လာျပီ။"

ဆိုဖာေပၚ၌ စာအုပ္ဖတ္ေနရာမွ ေဝယံ့ ေခၚသံရွိရာ မီးဖိုေခ်ာင္သို့ အေျပးသြားေတာ့သည္။ထို့ေနာက္ ထမင္းအတူတူ စားႀက၏။

"ဒါနဲ႔ ေန့လည္က ဥကၠ႒ႀကီး မင္းကို ေခၚျပီးဘာေျပာတာလဲ။"

"ဘာမွမဟုတ္ပါဘူး။အလုပ္ကိစၥအေႀကာင္းေျပာတာပါ"

"တကယ္လား"

"အင္း...တကယ္...ျပီးေတာ့ က်ြန္ေတာ္ အလုပ္ထြက္ေတာ့မယ္"

"ဘာ!!"

ထမင္းစားေနရင္းျဖင့္ ေဝယ့ံစကားေႀကာင့္ ထမင္းမ်ားဆို့နင့္သည့္အျဖစ္သို့ ေရာက္ျခင္းမလွေရာက္ရွိသြားေတာ့သည္။

"ဘာျဖစ္လို့လဲ"

"ဒီအတိုင္းပါပဲ"

"ဘာဒီအတိုင္းလဲ မင္းတို့နွစ္ေယာက္စလံုး ဘာျဖစ္ေနႀကတာလဲ။ငါကို ေစာေစာစီးစီးေသေစခ်င္လို့လား!"

ေဝယံ သက္ျပင္းခ်ကာ ထမင္းသာ ဆက္စားေန၏။

"မထြက္ပါနဲ႔ ဘာလို့လဲ ဘာျဖစ္လို့လဲ အဆင္ေျပေနတဲ႔ဟာကို...ေဝယံ...မထြက္ပါနဲ႔...အဲ...နွာေခါင္းမွာ နွာေခါင္းေသြးေတြ..."

ေျပာရင္းဆိုရင္းျဖင့္ ေဝယံ နွာေခါင္းရွိ ေသြးမ်ားကို ဦးေလးေမာင္ေတြ႕လိုက္ပံုရသည္။

"ေရာ့ တစ္ရွဴး...ျမန္ျမန္သုတ္လိုက္"

ေဝယံ႔လက္ထဲ တစ္ရွဴးအတင္းထိုးထည့္ကာ အလ်င္အျမန္သုတ္ခိုင္းေတာ့၏။

"မင္း ခဏခဏနွာေခါင္းေသြးသ်ွံတယ္ေနာ္ ငါေတြ႕တာ သံုးေလးခါမကေတာ့ဘူး။နွာေခါင္းမွာ ဘာျပႆနာမ်ားရွိလို့လဲ။ျပီးေတာ့လည္း ဒီရက္ပိုင္း မင္းေနမေကာင္းျဖစ္တာခဏခဏပဲ။ဂရုစိုက္ဦး"

"ဟုတ္ကဲ႔"

"မျဖစ္ေသးပါဘူး မနက္ျဖန္ ငါ့အသိဆရာဝန္ဆီမွာ သြားျပ ငါဘိုကင္ယူထားေပးမယ္"

"အာ ရပါတယ္ ဆရာဝန္သြားျပရမယ့္အထိေတာ့မလိုေသးပါဘူး"

"မင္း မလိုေပမဲ႔ ငါကေတာ့လိုတယ္။မနက္ျဖန္သြားျပျဖစ္ေအာင္ျပေနာ္"

"ဟုတ္ကဲ႔ပါ"
________________________________

ေနာက္တစ္ေန့မနက္ ေဝယံ စိတ္အသင့္ျပင္ကာ သ်ွန္းအခန္းထဲဝင္သြား၏။လက္ထဲမွာလည္း အလုပ္ထြက္စာကို သတိတရကိုင္ကာေပါ့။ဒါကို ျမင္တဲ႔ ဦးေလးေမာင္ကေတာ့ တစ္ေယာက္တည္း ေခါင္းတခါခါျဖင့္သာ ေနေလေတာ့သည္။

{Knock...knock}

"ဝင္ခဲ႔ပါ..."

သ်ွန္းခြင့္ျပဳလိုက္ေတာ့ ေဝယံအခန္းထဲဝင္လာကာ သ်ွန္းဆီတည့္တည့္မတ္မတ္ေလ်ွာက္လာခဲ႔သည္။

အလုပ္လုပ္ေနရလ်ွင္ ေခါင္းမေဖာ္နိုင္ေအာင္ ရွိေနေသာ သ်ွန္းေရွ႕တည့္တည့္သို႕ စာကိုထားလိုက္သည္။

"ဒါဘာလဲ?"

"အလုပ္ထြက္စာ...ကိုယ္...အလုပ္ထြက္ေတာ့မယ္ "

"ဘာလို့လဲ...ဘာေတြအဆင္မေျပျဖစ္လို့လဲ။ဧကႏၲ...အေဖ ကိုယံ႔ကို ဘာေျပာလိုက္လို့လဲ။"

"မေျပာပါဘူး။ကိုယ္ကိုယ္တိုင္က ဒီအတြင္းေရးမွဴးအလုပ္ကို ျငီးေငြ႕လာလို့ပါ။လူခ်င္းေဝးကြာမွ နာက်င္ရတာမဟုတ္ဘူး။မင္းမ်က္နွာေန့တိုင္းေတြ႔ေနရတာလည္း နာက်င္ျခင္းတစ္မ်ိဳးပဲ"

ကိုယ့္အျဖစ္ကိုဥပမာေပးရမယ္ဆိုရင္ေပါ့...။ဟိုး သစ္ပင္အျမင့္မွာရွိပြင့္ေနတဲ႔ ပန္းကေလးတစ္ပြင့္ကို ခူးခ်င္ပါလ်က္ လမ္းလွမ္းမမွီတဲ႔ အျဖစ္မ်ိဳး။အကယ္၍ အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ အဲ႔ဒီပန္းကေလးကို ကိုယ္ရခဲ႔တယ္ဆိုပါစို႕။ပန္းကေလး ကိုယ့္လက္ထဲမွာ ႏြမ္းသြားမွာလည္း ေႀကာက္ေနမိေသးတာ။

မ်က္စိေရွ႕မွာ ေတြ႕ေနရတာေတာင္မႀကင္ရတဲ႔အျဖစ္မ်ိဳး...

ကိုယ္တို့နွစ္ေယာက္ စင္စစ္နီးနီးေလးမွာရွိေနတာေတာင္ တိုင္းတာမရတဲ႔အကြာအေဝးတစ္ခုက ျခားေနတာမ်ိဳး...တယ္ေနရခက္ပါတယ္ေလ...။

အဲ့ဒီေတာ့ ကိုယ္ခူးလိုက္လို့ႏြမ္းသြားမယ့္အစား မင္းရဲ႔ရင္းနွီးရာ အကိုင္းအခက္မွာပဲ ဆက္ျပီးလွလွပပပြင့္လန္းပါေလ။

ကိုယ္ကေတာ့ အျမင့္မွာရွိေနတဲ႔ မင္းဆိုတဲ႔ ပန္းလွလွေလးကို အေဝးတစ္ေနရာကပဲ ေမ်ွာ္ႀကည့္ေနပါ့မယ္...။

မင္းက လွလွပပပြင့္လန္းပါ။
ကိုယ္က ေက်ေက်နပ္နပ္ ပ်က္သုဥ္းေပးပါ့မယ္။

"ေပးမထြက္နိုင္ဘူး"

"ေပးမထြက္ဘူး ဟုတ္လား?ကိုယ့္ကို ဘယ္ေလာက္ေတာင္နာက်င္ေစခ်င္တာလဲ။မင္းအနားမွာ ထားျပီး ဘယ္အခ်ိန္ထိနွိပ္စက္ေနမွာလဲ။မင္းနဲ႔ ဧကရီနဲ႔ အတူတူတြဲသြားတြဲလာေနတာကို ျမင္ရတဲ႔ကိုယ္ ဘယ္လိုခံစားရလဲ မင္းသိလား။ဘာမွမျဖစ္သလို ေနရတာ ဘယ္ေလာက္ခက္လဲမင္းသိလား။"

"မေျပာပါနဲ႔ ကိုယံ။"

"ကိုယ္စဥ္းစားမိတာ မင္းနဲ႔ကိုယ္ႀကားမွာ ေတြ႕ဆံုမႈဆိုတာ မရွိခဲ႔ရင္ ကိုယ္တို့ဘဝေတြပိုလွပခဲ႔မွာေပါ့။"

အဲ႔ဒါထက္ ကိုယ္တို့ နွစ္ဦးနွစ္ဖက္လံုးရခဲ႔တဲ႔ ဒဏ္ရာေတြ နာက်င္မႈေတြ ပိုေလ်ာ့ပါးခဲ႔မွာေပါ့...။

"နက္ရႈိင္းနဲ႔ ေတြ႕ဆံုမႈဆိုတာမရွိခဲ႔ရင္ ကံႀကမၼာက မင္းနဲ႔ေတြ႕ဖို့ မဖန္တီးေပးခဲ႔ရင္ မင္းဆိုတာေတာင္ ကိုယ္သိခဲ႔မွာမဟုတ္ဘူး။ခ်စ္ခဲ႔မိမွာမဟုတ္သလို စြဲလမ္းခဲ႔မွာလည္းမဟုတ္ဘူး။"

ေဝယံမထိန္းနိုင္ေတာ့ဘဲ မ်က္ရည္က်ကာ စကားေျပာေနမိသည္။တစ္ဖက္က သ်ွန္းမွာလည္း ေဝယံ႔စကားေတြေႀကာင့္ ဟန္မေဆာင္နိုင္ေတာ့ပါ။ေဝယံ႔ထပ္တူ မ်က္ရည္က်လာေတာ့သည္။

"ေတာင္းပန္ပါတယ္။က်ြန္ေတာ့္ေႀကာင့္ ကိုယံေတာ္ေတာ္ နာက်င္ခဲ႔ရမွာေပါ့..."

"က်ိန္းေသတာေပါ့။ကိုယ့္ရင္ဘတ္ကို ခြဲျပီး ဒီေလာက္နာက်င္ေနရပါတယ္လို့ ေအာ္ငိုေျပာေနရင္ေတာင္ မင္းကေလွာင္ေျပာင္ဟားတိုက္သြားမွာေႀကာက္လို့ တိတ္တဆိတ္ျမိဳသိပ္ခဲ႔တာ။"

ကိုယံ႔ေဝဒနာေတြကို က်ြန္ေတာ္ ဟားတိုက္ေလွာင္ေျပာင္ဖို့မေျပာနဲ႔။ကိုယံ ပင္ပန္းလို့ မ်က္နွာေပၚစီးက်လာတဲ႔ ေခ်ြးေပါက္ေလးတစ္ေပါက္ကိုေတာင္ တလက္လက္ လင္းလက္ေနတဲ႔ႀကယ္ေလးအမွတ္နဲ႔ လွတယ္လို့တဖြဖြ ေျပာခဲ့သူပါ။က်ြန္ေတာ္ ဘယ္လို ဟားတိုက္ရက္မလဲ။

"ေတာင္းပန္ပါတယ္။ေတာင္းပန္ပါတယ္။"

အသနားခံမ်က္လံုးေတြ အသနားခံအသံေလးေတြနဲ႔ က်ြန္ေတာ့္လက္ကို သူ႕ကိုင္ျပီး စကားတစ္ခြန္းကိုသာ ထပ္ခါထပ္ခါေျပာလာသည့္အခိုက္ ။က်ြန္ေတာ္ခံစားလိုက္ရတာက သူ က်ြန္ေတာ့္ကို ခ်စ္ေသးတယ္ဆိုတာကိုပဲ။က်ြန္ေတာ္ ေပ်ာ္ပါတယ္။ဒါေပမဲ႔ အရာအားလံုး​ေနာက္​က်ၿပီးမွသိခဲ့ရလို႔ က်ြန္ေတာ္ ေနာက္ျပန္လွည့္ျဖစ္​​ေတာ့မည္​မထင္​။အကယ္၍ က်ြန္ေတာ္သာ ေနာက္ျပန္လွည့္ခဲ႔ရင္ သ်ွန္း နာက်င္ရမွာ...

"သ်ွန္းရယ္ ကိုယ့္ကိုဒီေလာက္နဲ႔ပဲလႊတ္ေပးလိုက္ပါေတာ့။မင္းမလႊတ္ေပးလည္း ကိုယ္အသက္ရွင္ေနသ၍ မင္းနဲ႔ေဝးရာကို ထြက္ေျပးေနဦးမွာ..."

"ဘာလို့လဲ?ဘာျဖစ္လို့လဲ?"

"ကိုယ့္လိုလူတစ္ေယာက္ မင္းေဘးနားမွာရွိေနသ၍ မင္းနာက်င္ရမွာ ကိုယ္သိလို့။အဲ႔ဒါေႀကာင့္ ကိုယ့္ကို အေဝးဆံုးေနရာအထိ ထြက္မေျပးေစခ်င္ဘူးဆိုရင္ ဒီေလာက္ပဲ ဆြဲထားပါေတာ့။"

သ်ွန္းလက္ကို ဖယ္ကာ ေဝယံထြက္သြားေလ၏။

သ်ွန္းအခန္းထဲမွ စက္ေလွကားသို့ စက္ေလွကားမွ companyျပင္ပသို့ ေက်ာပိုးအိတ္လြယ္ကာ ထြက္သြားေသာ ေဝယံ႔ကို မည္သူမွ် ဆြဲထားဖို့ရန္မတတ္နိုင္ခဲ႔ပါ။

#Yoon
#20.5.2019

Unicode

အလုပ်သွားရန် အားလုံးပြင်ဆင်ပြီးအသင့်အနေအထားဖြင့် အပေါ်ထပ်လှေကားမှဆင်းလာသော သျှန်း။အပေါ်ဝတ်အနွေးထည်ကို လက်ပေါ်တွင် ခေါက်ချိုးချတင်ကာ လက်ပတ်နာရီအဖြူလေးကို ပတ်ရင်း ဆင်းလာသည်။

"သား...သျှန်းသွေး..."

"ဗျာ..."

သျှန်းလည်း မည်သူမည်ဝါမှန်းမသိ နာမည်ခေါ်သံကြား၍ လှစ်ခနဲထူးလိုက်၏။

"ဒီကိုလာပါဦး..."

သျှန်း အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ အကျအနထိုင်နေသည့်မိမိအဖေရှိသည်ဆိုတာကို သျှန်းသတိမထားမိ။

"အဖေ အစောကြီးနိုးနေတာလား..."

"အေး ဟုတ်တယ် အိပ်လို့မရလို့...ထိုင်လေ"

"ဟုတ်"

သျှန်းထိုင်လိုက်သည်နှင့် သျှန်း၏လက်ကို ဆွဲကိုင်လာသည်။

"သား လက်ထက်ပွဲကို ဒီ၁နှစ်အတွင်းလာက်လုပ်မယ်။"

"ဒီတစ်နှစ်အတွင်းလား ကောင်းသားပဲ။အဖေ့သဘောပါ။"

"နောက်ပြီးတော့ သား..."

"ဟုတ်"

"ဝေယံရှင်းပိုင်ကို အလုပ်ထုတ်လိုက်ပါလား။အဖေ သားနဲ့သူ့ကို တပူးပူးတတွဲတွဲနေတာမျိုးမကြိုက်ဘူး။"

"အဖေ...ကျွန်တော်နဲ့ကိုယံက ဘာမှမဆိုင်တော့ပါဘူး။အဖေပြောသလို တပူးပူး တတွဲတွဲလည်းမလုပ်တော့ပါဘူး။အဲ့ဒါကြောင့်အလုပ်မထုတ်နိုင်ပါဘူး။ကျွန်တော် companyမှာ CEOလုပ်နေသ၍ ကျွန်တော့်အတွင်းရေးမှူးနှစ်ယောက်က ကိုယံနဲ့ ဦးလေးမောင်ကလွဲပြီး ဘယ်သူမှဖြစ်မလာစေရဘူး။အဲ့ဒါကြောင့် ကျွန်တော့်အတွင်းရေးမှူးတွေကို လာမထိပါနဲ့။မဟုတ်​ရင်​ ကျွန်တော် အဖေ့ကို ပေးထားတဲ့ကတိတွေဖျက်မိလိမ့်မယ်။company မှာmeetingရှိလို့ ကျွန်တော်သွားတော့မယ်။"

ကားမောင်းကာ ထိုအိမ်ကြီးမှသျှန်းထွက်ခွာခဲ့သည်။

"ဒီဖိုင်တွဲကို storeခန်းမှာသွားထား..."

"သြော်ပြီးတော့ ဒီစာရွက်ကို ၄ထပ်က မန်နေဂျာဆီမှာ လက်မှတ်သွားထိုး။"

"ဟမ်!၄ထပ်ကို ထပ်သွားရဦးမှာလား။ခုနကလေးတင်သွားပြီးပြီလေ..."

"ဘာလဲ စက်လှေကားလေးစီးသွားရတာကို..."

"အဲ့ဒါဆိုလည်း ဦးလေးပဲသွားဗျာ ကျွန်တော့်မှာ လုပ်စရာတွေရှိသေးတယ်။"

"အေးပါ မင်းက ငါ့ကို ခိုင်းရက်တယ်ပေါ့။"

"အင်းပါ အင်းပါ မသွားပါနဲ့တော့ ကျွန်တော်ကိုယ်တိုင်ပဲသွားလိုက်ပါ့မယ်"

"ပြီးရင် မောင်မောင်သျှန်းအတွက် ကော်ဖီဖျော်ရင်းနဲ့ ငါအတွက်ပါ တစ်ခွက်ဖျော်ခဲ့။ခါးခါးလေးနော်..."

"ဟာ!ဦးလေးမောင် ကျွန်တော့်ကို ဘယ်နှကိုယ်ခွဲများမှတ်နေလဲ။ဒီမှာသန့်ရှင်းရေးလုပ်နေတယ်လေ။"

"အေးသိတယ် သေချာပြောင်အောင်လုပ် လက်ကြောတင်းတင်းလုပ်..."

"အန်တီခင်မြမြ မဟုတ်တိုင်း အရမ်းအနိုင်ကျင့်တာပဲ။ခုနက သန့်ရှင်းရေးအဒေါ်ကြီးလာတုန်းကတော့ မလုပ်ခိုင်းဘူး။"

"လျှာမရှည်နဲ့ ဟိတ်ကောင် ငါကတွေ့ကရာလူခိုင်းတတ်တာမဟုတ်ဘူး။မင်း မို့လို့ ချစ်လို့ခိုင်းတာ..."

"သြော်...သြော်...ကျေးဇူးအရမ်းတင်တာပဲသိလား။ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင်ဝဲနေပြီ။"

"ငါကောက်ပေါက်လိုက်ရ..."

"ပေါက်လေ ပေါက်လေ အရပ်ရှည်လားဆိုတော့ ၄ပေတောင်မကျော် လက်တည့်လားဆိုတော့လည်းမတည့်..."

"ဘာ!!တိတ်စမ်း!"

"ဟားဟား...ဟားဟား..."

ဝေယံ အသံသေးအသံကြောင်နဲ့ ရယ်ကာ ဦးလေးမောင်ကို လှောင်တော့သည်။

"အေးအေး ရယ်ထား မင်းနဲ့ငါနဲ့တွေ့မယ်"

"ဦးလေးမောင် ကျွန်တော်လာပြီ။"

ရုတ်တရက် သျှန်းရောက်လာတော့ ဝေယံ့၏ပြုံးပျော်နေသောမျက်နှာတို့ တည်တံ့ခြင်း၏အနိုင်ယူခြင်းကိုခံလိုက်ရတော့သည်။

ဝေယံ စားပွဲပေါ်မှ စာရွက်နှင့်ဖိုင်ကိုယူလိုက်ကာ...

"ဦးလေး ကျွန်တော် ဦးလေးခိုင်းတာတွေသွားလုပ်လိုက်ဦးမယ်။"

"အေး အေး"

ဝေယံ့အပြုအမူတွေကြောင့် သျှန်းမျက်နှာလေးအတန်ငယ်ညှိုးငယ်သွားသည်ကို ဦးလေးမောင်သတိထားမိသည်။

"မောင်မောင်သျှန်း...ဦးလေးပြောစရာရှိလို့"

"အင်း အခန်းထဲလိုက်ခဲ့လေ"

သျှန်း ထိုင်ခုံတွင်စထိုင်လိုက်သည်နှင့် ဦးလေးမောင်၏ မေးခွန်းထုတ်စခန်းစတင်လေပြီ။

"ဝေယံနဲ့ ဘာလို့ လမ်းခွဲလိုက်တာလဲ?ပြီးတော့ ဧကရီနဲ့ ဘာလို့ လက်ထပ်မှာလဲ?"

"ဦးလေးမောင်ပဲ ကျွန်တော်ရော ကိုယံရော ဧကရီရော သုံးယောက်စလုံးမထိခိုက်မဲ့ နည်းလမ်းရွေးဆို..."

"မဟုတ်သေးပါဘူး ဦးလေးဆိုလိုတာ အဲ့လိုမဟုတ်ဘူးလေ"

"အဲ့ဒါဆို တစ်ခြားနည်းလမ်းရှိသေးလို့လား။စဉ်းစားပေါ့။ကျွန်တော်က ဒီတစ်နည်းပဲစဉ်းစားလို့ရတယ်။"

"လုပ်သင့် မလုပ်သင့် ထပ်စဉ်းစားပါဦး ဝေယံကလေ သူတစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့အချိန်တွေမှာတောင် အပြုံးမပျက်ခဲ့ပါဘူး။အခု သူနေသားကျနေတဲ့အချိန်မှ ဒဏ်ရာတွေပေးမလို့လား"

"အဲ့ဒီလို ဒဏ်ရာတွေပေးနေတဲ့ကျွန်တော်ကိုယ်တိုင်ကရော ပျော်ရွှင်နေတယ်ထင်လို့လား။ကျွန်တော်လည်း ခံစားနေရတာပါ။"

"အဲ့ဒါဆို နောက်ပြန်လှည့်လိုက်ပါလား နောက်ပြန်လှည့်လိုက်မယ်ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။"

"ကျွန်တော့်အထင်တော့ နောက်ကျသွားပြီ။meetingရှိလို့သွားလိုက်ဦးမယ်။"
_____________________________

ဒီလိုနဲ့ နေ့လည် ထမင်းစားချိန်အပြီး...

"ဗိုက်ထဲက မအီမလည်ကြီး ထူးဆန်းတယ် ငါခုနက ထမင်းပဲစားတာပါ။"

"သြော်...သံဝေဂရစရာတောင်ကောင်း။ထမင်းပဲစားတယ်တဲ့လား။restaurantကရှိရှိသမျှမုန့်တွေ အကုန်လုံးနီးပါးစားပြီးတော့ ထမင်းပဲစားတယ်လာလုပ်နေတယ်။"

"ဝေယံ..."

"ပြောစေသတည်း"

"ငါtoiletခဏသွားလိုက်ဦးမယ်"

ဝေယံ ခေါင်းပဲငြိမ့်ပြပြီး ပါးစပ်က ဘာတစ်ခွန်းမှထုတ်မပြော။

ကြွ...ကြွ...မြန်မြန်ကြွ...နားငြီးသက်သာတယ်။

စိတ်ထဲမှာတော့ ဦးလေးမောင်အား အစအဆုံးအမျှဝေပြီးနေ၏။

၁၀မိနစ်အကြာ...

"ဝေယံ!!ဝေယံ!!"

အနားမရောက်ခင်နှစ်မိုင်သုံးမိုင်လောက်အကွာမှ အော်ခေါ်ကာ အပြေးလာနေသည်။

ဘာဖြစ်လာရပြန်ပြီလဲ။ဒီဦးလေးမောင်နဲ့တော့...

"ဗျာ!!"

"ဝေယံ!!!"

အနားရောက်တော့လည်း ဟိုးအဝေးကလူကို လှမ်းခေါ်သလို အသံကျယ်လွန်းသည်မှာတအား...

"ကျွန်တော်နားမကန်းသေးဘူး!ကြားတယ်!!! အကုန်ကြားတယ်!!!"

ဝေယံလည်း ဦးလေးမောင်အသံအတိုင်း အော်ပြောလိုက်တော့မှ...

"ရှူး...တိုးတိုး..."

"ဘာဖြစ်လို့လဲ"

"ဥက္ကဠကြီးရောက်နေတယ်။မင်းကိုတွေ့ချင်တယ်တဲ့။မောင်မောင်သျှန်းမသိအောင် သူ့အခန်းကို လာခဲ့ပါတဲ့။"

"ဟုတ်လား သွားလိုက်မယ်လေ။"

"နေဦး မောင်မောင်သျှန်းမသိအောင် လာခဲ့ဆိုတော့ ဘာတွေများပြောမလို့လဲမသိဘူး။အကယ်၍ မင်းကို မဟုတ်တာတွေပြောရင် နရင်းသာရိုက်ခဲ့။"

ဦးလေးမောင် မိမိကို ရယ်စေရန် မဟုတ်တာတွေရော ဟုတ်တာတွေပါ ရောက်တက်ရာရာ လျှောက်ပြောနေသည်ကို ဝေယံသိသည်။

ထို့ကြောင့် လက်မထောင်ပြပြီး သွား၃၂ချောင်းပေါ်အောင်ရယ်ကာ ထွက်လာခဲ့သည်။
______________________________

သျှန်းအဖေ ကျွန်တော့်ကို ခေါ်ကတည်းက ခံစားချက်မကောင်းတာတွေ ပြောတော့မယ်ဆိုတာ သိသည်။

"companyကနေ အလုပ်ထွက်ပါ"

"ဗျာ ဘာကြောင့်လဲ သျှန်းကြောင့်လား သျှန်းကြောင့်ဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး။"

"သားက မင်းရှိနေလို့ လက်ထပ်ပွဲကိုလည်း သိပ်မလုပ်ချင်တဲ့ပုံပဲ။ဘာကြောင့်မှန်းမသိ မင်းကို သံယောဇဉ်ရှိနေတုန်းပဲလို့ ထင်နေမိတယ်။"

"အဲ့အတွက်ဆိုရင်တော့ စိတ်ချလိုက်ပါ။ကျွန်တော်နဲ့ သျှန်းနဲ့ သူစိမ်းတွေဖြစ်သွားကြပြီမို့လို့။ကျွန်တော် တတ်နိုင်သမျှ သျှန်းနဲ့ဝေးဝေးနေမှာပါ။အဲ့ဒါကြောင့် အလုပ်မထွက်နိုင်ပါဘူး။"

"သေချာလား?"

"ဟုတ်ကဲ့ သေချာပါတယ်"

"အဲ့ဒါဆို companyရှေ့ နေ့တိုင်းလာလာစောင့်နေတဲ့ အမျိုးသမီးက မင်းရဲ့အမျိုးလို့ပြောတယ်။"

ကြီးမေ...?ဒီရက်ပိုင်းcompanyရှေ့မှာ နေ့တိုင်းစောင့် နေတဲ့ အမျိုးသမီးဆိုလို့ ကြီးမေတစ်ယောက်ပဲရှိတယ်။အဲ့ဒါကလည်း ကျွန်တော့်ကို လာအကူအညီတောင်းနေတာဖြစ်ပေမဲ့ ကျွန်တော်ကပဲ လျစ်လျူရှုထားခဲ့တာ...

"ကြီးမေကို ဘယ်လိုသိတာလဲ?"

"ဟုတ်နေတာပဲ။သူယောက်ျားက အသည်းကင်ဆာနဲ့ ဆေးရုံတတ်နေရတာလို့ကြားတယ်။ခက်တာက သူတို့ ဆေးရုံစရိတ်မတတ်နိုင်ဘူးလေ...အကြွေးတွေလည်း တောင်လိုပုံနေတာပဲတဲ့ မင်းသူ့ကို ဘာလို့မကူညီတာလဲ။"

"ကျွန်တော် မကူညီနိုင်ပါဘူး။သူတို့လိုသလောက်ကိုပေးနိုင်တဲ့ ပိုက်ဆံကျွန်တော့်ဆီမှာမရှိဘူး။"

"ငါက မင်းအစားကူညီပေးမယ်ဆိုရင်ရော..."

"ဗျာ?"

"သူတို့အတွက် ဆေးရုံစရိတ်လည်းထောက်ပံ့ပေးမယ်။သူတို့တင်နေတဲ့ အကြွေးတွေလည်းဆပ်ပေးမယ်ဆိုရင်ရော မကူညီချင်ဘူးလား။"

ဝေယံ တုံ့ပြန်ခြင်းမရှိပါ။မိမိရွေးရမယ့်လူက ချစ်တဲ့ကောင်လေးသျှန်းလား ဒါမှမဟုတ် မိမိအပေါ်ကျေးဇူးရှိတဲ့ ကြီးမေလား။တစ်ဦးတည်းကိုသာ ရွေးချယ်ရမည်ဖြစ်၍ ဗျာများနေသည်။

"ဒါပေမဲ့ အပေးအယူတစ်ခုတော့ရှိတယ်။ငါက မင်းကိုကူညီရင် မင်းကလည်း ငါ့ကို ကူညီရမှာပေါ့။companyကအလုပ်ထွက်ပြီး သားနဲ့ဝေးဝေးမှာနေပေးပါ။သားဆီက ဘာအကူအညီမှမတောင်းပါနဲ့။အဲ့လောက်တော့လုပ်ပေးနိုင်တယ်မဟုတ်လား?"

"ကျွန်တော် ဒီအပေးအယူကို သဘောမတူရသေးဘူးလေ..."

"ဟုတ်ပြီ...ဟုတ်ပြီ...စဉ်းစားဦးပေါ့ ပြောချင်တာကတော့ သျှန်းသွေးက ရှေ့ဆက်လျှောက်ဖို့ အချိန်တွေအများကြီးရှိသေးတယ်။မင်းကြောင့်နဲ့ သူ့အနာဂတ်တွေ မှေးမှိန်သွားတာမျိုး မင်းလိုလားလား။မင်းသာ သျှန်းသွေးဘေးက ထွက်သွားရင် ဆွေမျိုးအသိုင်းအဝိုင်းတွေကြား သူမျက်နှာငယ်ရမှာမဟုတ်ဘူး။မင်း သူ့ကိုချစ်တယ်ဆို လက်လွှတ်ပေးသင့်တယ်မဟုတ်လား။သူ့အနာဂတ်အတွက်ပဲဖြစ်ဖြစ်ပေါ့"

"ကျွန်တော် စဉ်းစားကြည့်ပါ့မယ်"

"ကောင်းပြီ ဒါပေမဲ့ သိပ်အချိန်မဆွဲနဲ့"

ကျွန်တော် ဒီအပေးအယူကို လက်ခံသင့်လား ဒါမှမဟုတ် ငြင်းပယ်သင့်လား။သူကောင်းစားမယ့်လမ်းလား သူဆုတ်ယုတ်မယ့်လမ်းလား။အရာအားလုံး ကျွန်တော့်အပေါ်မှာ မူတည်နေတယ်လို့ ခံစားမိတယ်။

အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလား။ရယူပိုင်ဆိုင်ခွင့်မရှိရင်တောင် တန်ဖိုးထားယုယပေးနိုင်ရင်ပဲ ဒါကိုအချစ်လို့ အမည်တွင်နေပြီ။အဲ့ဒါကြောင့် ကျွန်တော်ရွေးရမယ့်လမ်းက ဘာဆိုတာကို အခုကတည်းကသိနေနှင့်ပြီ။
______________________________

"ဦးလေးမောင် ထမင်းစားလို့ရပြီ။"

ရုံးကနေ အိမ်ပြန်ရောက်ပြီး ရေတောင်မချိုးရသေးဘဲ ဦးလေးမောင်စားဖို့အတွက် အလိုက်တသိပြင်ဆင်ပေးနေတဲ့ဝေယံ...။

"အေး လာပြီ။"

ဆိုဖာပေါ်၌ စာအုပ်ဖတ်နေရာမှ ဝေယံ့ ခေါ်သံရှိရာ မီးဖိုချောင်သို့ အပြေးသွားတော့သည်။ထို့နောက် ထမင်းအတူတူ စားကြ၏။

"ဒါနဲ့ နေ့လည်က ဥက္ကဋ္ဌကြီး မင်းကို ခေါ်ပြီးဘာပြောတာလဲ။"

"ဘာမှမဟုတ်ပါဘူး။အလုပ်ကိစ္စအကြောင်းပြောတာပါ"

"တကယ်လား"

"အင်း...တကယ်...ပြီးတော့ ကျွန်တော် အလုပ်ထွက်တော့မယ်"

"ဘာ!!"

ထမင်းစားနေရင်းဖြင့် ဝေယံ့စကားကြောင့် ထမင်းများဆို့နင့်သည့်အဖြစ်သို့ ရောက်ခြင်းမလှရောက်ရှိသွားတော့သည်။

"ဘာဖြစ်လို့လဲ"

"ဒီအတိုင်းပါပဲ"

"ဘာဒီအတိုင်းလဲ မင်းတို့နှစ်ယောက်စလုံး ဘာဖြစ်နေကြတာလဲ။ငါကို စောစောစီးစီးသေစေချင်လို့လား!"

ဝေယံ သက်ပြင်းချကာ ထမင်းသာ ဆက်စားနေ၏။

"မထွက်ပါနဲ့ ဘာလို့လဲ ဘာဖြစ်လို့လဲ အဆင်ပြေနေတဲ့ဟာကို...ဝေယံ...မထွက်ပါနဲ့...အဲ...နှာခေါင်းမှာ နှာခေါင်းသွေးတွေ..."

ပြောရင်းဆိုရင်းဖြင့် ဝေယံ နှာခေါင်းရှိ သွေးများကို ဦးလေးမောင်တွေ့လိုက်ပုံရသည်။

"ရော့ တစ်ရှူး...မြန်မြန်သုတ်လိုက်"

ဝေယံ့လက်ထဲ တစ်ရှူးအတင်းထိုးထည့်ကာ အလျင်အမြန်သုတ်ခိုင်းတော့၏။

"မင်း ခဏခဏနှာခေါင်းသွေးသျှံတယ်နော် ငါတွေ့တာ သုံးလေးခါမကတော့ဘူး။နှာခေါင်းမှာ ဘာပြဿနာများရှိလို့လဲ။ပြီးတော့လည်း ဒီရက်ပိုင်း မင်းနေမကောင်းဖြစ်တာခဏခဏပဲ။ဂရုစိုက်ဦး"

"ဟုတ်ကဲ့"

"မဖြစ်သေးပါဘူး မနက်ဖြန် ငါ့အသိဆရာဝန်ဆီမှာ သွားပြ ငါဘိုကင်ယူထားပေးမယ်"

"အာ ရပါတယ် ဆရာဝန်သွားပြရမယ့်အထိတော့မလိုသေးပါဘူး"

"မင်း မလိုပေမဲ့ ငါကတော့လိုတယ်။မနက်ဖြန်သွားပြဖြစ်အောင်ပြနော်"

"ဟုတ်ကဲ့ပါ"
________________________________

နောက်တစ်နေ့မနက် ဝေယံ စိတ်အသင့်ပြင်ကာ သျှန်းအခန်းထဲဝင်သွား၏။လက်ထဲမှာလည်း အလုပ်ထွက်စာကို သတိတရကိုင်ကာပေါ့။ဒါကို မြင်တဲ့ ဦးလေးမောင်ကတော့ တစ်ယောက်တည်း ခေါင်းတခါခါဖြင့်သာ နေလေတော့သည်။

{Knock...knock}

"ဝင်ခဲ့ပါ..."

သျှန်းခွင့်ပြုလိုက်တော့ ဝေယံအခန်းထဲဝင်လာကာ သျှန်းဆီတည့်တည့်မတ်မတ်လျှောက်လာခဲ့သည်။

အလုပ်လုပ်နေရလျှင် ခေါင်းမဖော်နိုင်အောင် ရှိနေသော သျှန်းရှေ့တည့်တည့်သို့ စာကိုထားလိုက်သည်။

"ဒါဘာလဲ?"

"အလုပ်ထွက်စာ...ကိုယ်...အလုပ်ထွက်တော့မယ် "

"ဘာလို့လဲ...ဘာတွေအဆင်မပြေဖြစ်လို့လဲ။ဧကန္တ...အဖေ ကိုယံ့ကို ဘာပြောလိုက်လို့လဲ။"

"မပြောပါဘူး။ကိုယ်ကိုယ်တိုင်က ဒီအတွင်းရေးမှူးအလုပ်ကို ငြီးငွေ့လာလို့ပါ။လူချင်းဝေးကွာမှ နာကျင်ရတာမဟုတ်ဘူး။မင်းမျက်နှာနေ့တိုင်းတွေ့နေရတာလည်း နာကျင်ခြင်းတစ်မျိုးပဲ"

ကိုယ့်အဖြစ်ကိုဥပမာပေးရမယ်ဆိုရင်ပေါ့...။ဟိုး သစ်ပင်အမြင့်မှာရှိပွင့်နေတဲ့ ပန်းကလေးတစ်ပွင့်ကို ခူးချင်ပါလျက် လမ်းလှမ်းမမှီတဲ့ အဖြစ်မျိုး။အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီပန်းကလေးကို ကိုယ်ရခဲ့တယ်ဆိုပါစို့။ပန်းကလေး ကိုယ့်လက်ထဲမှာ နွမ်းသွားမှာလည်း ကြောက်နေမိသေးတာ။

မျက်စိရှေ့မှာ တွေ့နေရတာတောင်မကြင်ရတဲ့အဖြစ်မျိုး...

ကိုယ်တို့နှစ်ယောက် စင်စစ်နီးနီးလေးမှာရှိနေတာတောင် တိုင်းတာမရတဲ့အကွာအဝေးတစ်ခုက ခြားနေတာမျိုး...တယ်နေရခက်ပါတယ်လေ...။

အဲ့ဒီတော့ ကိုယ်ခူးလိုက်လို့နွမ်းသွားမယ့်အစား မင်းရဲ့ရင်းနှီးရာ အကိုင်းအခက်မှာပဲ ဆက်ပြီးလှလှပပပွင့်လန်းပါလေ။

ကိုယ်ကတော့ အမြင့်မှာရှိနေတဲ့ မင်းဆိုတဲ့ ပန်းလှလှလေးကို အဝေးတစ်နေရာကပဲ မျှော်ကြည့်နေပါ့မယ်...။

မင်းက လှလှပပပွင့်လန်းပါ။
ကိုယ်က ကျေကျေနပ်နပ် ပျက်သုဉ်းပေးပါ့မယ်။

"ပေးမထွက်နိုင်ဘူး"

"ပေးမထွက်ဘူး ဟုတ်လား?ကိုယ့်ကို ဘယ်လောက်တောင်နာကျင်စေချင်တာလဲ။မင်းအနားမှာ ထားပြီး ဘယ်အချိန်ထိနှိပ်စက်နေမှာလဲ။မင်းနဲ့ ဧကရီနဲ့ အတူတူတွဲသွားတွဲလာနေတာကို မြင်ရတဲ့ကိုယ် ဘယ်လိုခံစားရလဲ မင်းသိလား။ဘာမှမဖြစ်သလို နေရတာ ဘယ်လောက်ခက်လဲမင်းသိလား။"

"မပြောပါနဲ့ ကိုယံ။"

"ကိုယ်စဉ်းစားမိတာ မင်းနဲ့ကိုယ်ကြားမှာ တွေ့ဆုံမှုဆိုတာ မရှိခဲ့ရင် ကိုယ်တို့ဘဝတွေပိုလှပခဲ့မှာပေါ့။"

အဲ့ဒါထက် ကိုယ်တို့ နှစ်ဦးနှစ်ဖက်လုံးရခဲ့တဲ့ ဒဏ်ရာတွေ နာကျင်မှုတွေ ပိုလျော့ပါးခဲ့မှာပေါ့...။

"နက်ရှိုင်းနဲ့ တွေ့ဆုံမှုဆိုတာမရှိခဲ့ရင် ကံကြမ္မာက မင်းနဲ့တွေ့ဖို့ မဖန်တီးပေးခဲ့ရင် မင်းဆိုတာတောင် ကိုယ်သိခဲ့မှာမဟုတ်ဘူး။ချစ်ခဲ့မိမှာမဟုတ်သလို စွဲလမ်းခဲ့မှာလည်းမဟုတ်ဘူး။"

ဝေယံမထိန်းနိုင်တော့ဘဲ မျက်ရည်ကျကာ စကားပြောနေမိသည်။တစ်ဖက်က သျှန်းမှာလည်း ဝေယံ့စကားတွေကြောင့် ဟန်မဆောင်နိုင်တော့ပါ။ဝေယံ့ထပ်တူ မျက်ရည်ကျလာတော့သည်။

"တောင်းပန်ပါတယ်။ကျွန်တော့်ကြောင့် ကိုယံတော်တော် နာကျင်ခဲ့ရမှာပေါ့..."

"ကျိန်းသေတာပေါ့။ကိုယ့်ရင်ဘတ်ကို ခွဲပြီး ဒီလောက်နာကျင်နေရပါတယ်လို့ အော်ငိုပြောနေရင်တောင် မင်းကလှောင်ပြောင်ဟားတိုက်သွားမှာကြောက်လို့ တိတ်တဆိတ်မြိုသိပ်ခဲ့တာ။"

ကိုယံ့ဝေဒနာတွေကို ကျွန်တော် ဟားတိုက်လှောင်ပြောင်ဖို့မပြောနဲ့။ကိုယံ ပင်ပန်းလို့ မျက်နှာပေါ်စီးကျလာတဲ့ ချွေးပေါက်လေးတစ်ပေါက်ကိုတောင် တလက်လက် လင်းလက်နေတဲ့ကြယ်လေးအမှတ်နဲ့ လှတယ်လို့တဖွဖွ ပြောခဲ့သူပါ။ကျွန်တော် ဘယ်လို ဟားတိုက်ရက်မလဲ။

"တောင်းပန်ပါတယ်။တောင်းပန်ပါတယ်။"

အသနားခံမျက်လုံးတွေ အသနားခံအသံလေးတွေနဲ့ ကျွန်တော့်လက်ကို သူ့ကိုင်ပြီး စကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါပြောလာသည့်အခိုက် ။ကျွန်တော်ခံစားလိုက်ရတာက သူ ကျွန်တော့်ကို ချစ်သေးတယ်ဆိုတာကိုပဲ။ကျွန်တော် ပျော်ပါတယ်။ဒါပေမဲ့ အရာအားလုံး​နောက်​ကျပြီးမှသိခဲ့ရလို့ ကျွန်တော် နောက်ပြန်လှည့်ဖြစ်​​တော့မည်​မထင်​။အကယ်၍ ကျွန်တော်သာ နောက်ပြန်လှည့်ခဲ့ရင် သျှန်း နာကျင်ရမှာ...

"သျှန်းရယ် ကိုယ့်ကိုဒီလောက်နဲ့ပဲလွှတ်ပေးလိုက်ပါတော့။မင်းမလွှတ်ပေးလည်း ကိုယ်အသက်ရှင်နေသ၍ မင်းနဲ့ဝေးရာကို ထွက်ပြေးနေဦးမှာ..."

"ဘာလို့လဲ?ဘာဖြစ်လို့လဲ?"

"ကိုယ့်လိုလူတစ်ယောက် မင်းဘေးနားမှာရှိနေသ၍ မင်းနာကျင်ရမှာ ကိုယ်သိလို့။အဲ့ဒါကြောင့် ကိုယ့်ကို အဝေးဆုံးနေရာအထိ ထွက်မပြေးစေချင်ဘူးဆိုရင် ဒီလောက်ပဲ ဆွဲထားပါတော့။"

သျှန်းလက်ကို ဖယ်ကာ ဝေယံထွက်သွားလေ၏။

သျှန်းအခန်းထဲမှ စက်လှေကားသို့ စက်လှေကားမှ companyပြင်ပသို့ ကျောပိုးအိတ်လွယ်ကာ ထွက်သွားသော ဝေယံ့ကို မည်သူမျှ ဆွဲထားဖို့ရန်မတတ်နိုင်ခဲ့ပါ။

#Yoon
#20.5.2019

Olvasás folytatása

You'll Also Like

9.3K 468 17
ငါက​ေယာက်ာ္း​ေလးတစ္​ေယာက္​ေလ ​ေမာင္ ​ေယာက်ာ္း​ေလးတစ္​ေယာက္ကို ခ်စ္လို႔မရဘူး လက္ထပ္လို္႔မရဘူးလို႔ ငါထင္ခဲ့တာ တကယ္ခ်စ္မိသြားတဲ့အခ်ိန္မွာ ​ ေမာင္ကငါ့ကို...
227K 25.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 94.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.