အမုန်းချစ်

Por KiKyoShippers

1K 37 0

Blossom Entertainment ရဲ့ အ​မွေဆက်​ခံသူ GM playboy Song Joong Ki South Korea ရဲ့ K-drama princess Moon Chae W... Más

အပိုင်း(၁) အမုန်းမြစ်ဖျား
အပိုင်း ( ၂ ) ​သွေးထက်​ပြစ်​​သော ​ရေ
အပိုင်း (၃) KiWon Couple
အပိုင်း (၄ ) အမုန်းမြစ်လယ်
(အပိုင်း ၆ ) အမှတ်တမဲ့မှ အမှတ်တရ
အပိုင်း (၇) မုန်းသူနှစ်ယောက်ရဲ့ ကြင်ဖက်တွေ့ဆုံပွဲ
အပိုင်း (၈) မေ့ပျောက်နေသော ကံကြမ္မာ
အပိုင်း (၉) ကိုယ်ပစ်လိုက်သောမြှား ကိုယ့်ရင်ဘတ်ကို ပြန်စိုက်ခြင်း
အပိုင်း (၁၀)Song Song Couple ကြယ်မောင်နှံ
အပိုင်း(၁၂) ကမ်းခြေက မင်္ဂလာပွဲလေး
အပိုင်း (၁၃) မင်္ဂလာဦးအိမ်လေးသို့ တိတ်တဆိတ်ဝင်ရောက်လာသော ရင်ခုန်သံ
အပိုင်း (၁၅) Song Joong Ki ရဲ့ မူပိုင်နတ်မိမယ်
အပိုင်း(၁၆) KiKyo တို့ရဲ့ ရွှေလက်တွဲလို့ လက်ထပ်ပွဲ
အပိုင်း(၁၇) အချစ်များနဲ့ ကမ်းခြေလေး
အပိုင်း(၁၈) Song Joong Ki ဆိုတဲ့ လှေကလေးနဲ့ Song Hye Kyo ဆိုတဲ့ မီးပြတိုက်လေး
အပိုင်း(၂၀) နှုတ်ဆက်ထွက်ခွါသူ
အပိုင်း(၂၂) မြတ်​နိုးမိလေ​သော••••••••
အပိုင်း(၂၅) ထားခဲ့မယ့်ချစ်သူ
အပိုင်း (၂၇) ကြယ်ကလေးများရဲ့ ညနေခင်း (Song Song Couple Foundation 1st Anniversar
အပိုင်း (၂၈) ထင်မှတ်မထားသော လက်ဆောင်မွန်
အပိုင်း (၃၀-ဇာတ်သိမ်းပိုင်း) Happily Ever After

အပိုင်း(၅) BinKyo Couple

41 2 0
Por KiKyoShippers

ဆိုးလ်မြို့ ၊ ဟဲဆောင်းလ်ဆေးရုံရှေ့သို့ ကားလှလှလေးနှစ်စီး ထိုးရပ်လာပါသည် ။ အဲဒီကားလေးနှစ်စီးရဲ့ ပိုင်ရှင်တွေက ဟဲဆောင်းလ်ဆေးရုံရဲ့ star လို့ပဲ ပြောပြော ၊ ဟဲဆောင်းလ်ဆေးရုံရှိ လူနာများရဲ့
မျှော်လင့်ချက်ရောင်ခြည်တန်းလို့ပဲ ဆိုဆို အမျိုးမျိုးတင်စားလို့ရနိုင်သည့် ဟဲဆောင်းလ်ဆေးရုံ၏ ကလေးအထူးကုဆရာဝန် Dr.Hyun Bin နှင့် ခွဲစိတ်ဆရာဝန် Dr. Song Hye Kyo တို့ပင် ။ ဒီဆေးရုံတွင်
ကလေးလူနာနှင့် အရေးပေါ်လူနာများက ပိုများရာ Dr. Hyun Bin နှင့် Dr. Hye Kyo တို့သည် Schdule ပြည့်နှက်နေသော ဆရာဝန်များဖြစ်ကြပေမယ့် သူတို့သည် ပင်ပန်းနွမ်းနယ်သော ရုပ်သွင်ကိုမဆောင် ။
အမြဲတမ်း တက်ကြွရွှင်လန်းပြီး လူနာများအပေါ်တွင် စေတနာ မေတ္တာအပြည့်နှင့် ဆက်ဆံသောကြောင့် လူနာတွေနှင့် လူနာရှင်တွေရဲ့ ပါးစပ်ဖျားမှာရော နှလုံးသားထဲမှာပါ ထာဝရနေရာယူထားကြသော သူများပင် ။
အခုလည်း တစ်ညလုံး ခွဲစိတ်ခန်းကို အရေးပေါ်ဝင်ထားရပြီး အိမ်ကို ခဏသာပြန်နားထားရပေမယ့် သူတို့နှစ်ဦးကတော့ လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ပြန်ရောက်လာပါသည် ။ မရောက်လာလို့လည်း မဖြစ်ပေ ။
ဆေးရုံတွင် သူတို့ကို စောင့်မျှော်နေသော ကလေးလူနာများနှင့် အရေးပေါ်ခွဲစိတ်ပေးထားရသော လူနာများက ရှိသေးသည်လေ ။
Bin : Good Morning ပါ Kyo ကလေး ...
Kyo : Good Morning ပါ oppa ။ အိပ်ရေးရော ၀ရဲ့လားရှင် ...
Bin : Oppa က သိပ်မအိပ်တတ်တဲ့ အကျင့်ရှိတော့ အိပ်ရေး ၀ပါတယ် ။ Kyo ကလေးရော ...
Kyo : အတော်အသင့်တော့ အိပ်လာပါတယ် ။ ကော်ဖီလေးတစ်ခွက်လောက် သောက်လိုက်ရရင် ပိုလန်းဆန်းလိမ့်မယ် ထင်ပါတယ် ။ အထူးသဖြင့် ချစ်ခြင်းအပြည့်နဲ့ Oppa ဖျော်ပေးမယ့်
ကော်ဖီပူပူလေးပေါ့ ...
Bin : အပြောလေးက ချိုလိုက်တာနော် ။ ဖျော်ပေးချင်အောင်ကို ပြောတတ်တယ် ။ ရုံးခန်းထဲမှာ စောင့်နေလေ ။ Oppa ကော်ဖီပူပူလေး ဖျော်လာခဲ့မယ် ။အတူတူ သောက်ကြတာပေါ့ ...
Kyo : ဟုတ်ကဲ့ပါ Oppa ။ ကော်ဖီသောက်ပြီးမှပဲ တစ်ခေါက် Round တော့မယ် ။ ကြာလို့တော့ မဖြစ်ဘူးနော် ။ Oppa ကိုရော Kyo ကိုပါ စောင့်နေကြတဲ့ လူနာတွေက အများကြီးပဲလေ ...
Bin : ဟုတ်ကဲ့ပါ Dr. ရယ် ။ ကျွန်တော်မျိုး အမြန်ဆုံး ဖျော်လာခဲ့ပေးပါ့မယ် ။ ကိုယ်တို့မှာလည်းနော် ချစ်သူတွေသာဆိုတယ် ။ Date လုပ်ဖို့အချိန်မပြောနဲ့ ။ ကော်ဖီအတူတူ သောက်ဖို့တောင်
အချိန်လုနေရတယ် ။ ဒါတောင် ဆေးရုံတစ်ခုတည်းလည်းဖြစ် ၊ အားလုံးကလည်း သိနေလို့သာပေါ့ ။ မဟုတ်ရင်တော့ မလွယ်ကြောပဲ ...
Kyo : Oppa နဲ့ Kyo က လူနာတွေအတွက် မွေးဖွာလာကြတာမဟုတ်လား ။ ဒီတော့ ဒီလိုပဲ ကြုံဆုံရတော့မှာပေါ့ ။ လက်ထပ်ပြီးမှပဲ Oppa ကို Kyo က အချိန်ပိုပေးပါ့မယ်ရှင် ။ အခုကတော့
မြန်မြန်ကော်ဖီသောက်ပြီး လူနာတွေဆီ သွားကြဦးစို့နော် ...
ချစ်ရသူကို နှစ်သိမ့်စကားဆိုပြီး Hye Kyo တစ်ယောက် ဆေးရုံထဲသို့ ခပ်သွက်သွက်လေး လှမ်းဝင်လာခဲ့ပါသည် ။ အထဲအရောက်မှာတော့ Hye Kyo ကို စောင့်မျှော်နေသော Hye Kyo ရဲ့ အထူးလက်ထောက်
Nurse လေး Allin ...
Allin : Dr. ပြန်လာပြီလား ။ ကောင်းကောင်းရော နားခဲ့ရရဲ့လား Dr. ။ မနက် ၃ နာရီကမှ ခွဲစိတ်ခန်းက ထွက်သွားတာဆိုတော့ အခုက ၇ နာရီပဲရှိသေးတာကို ။ နည်းနည်းလောက် ထပ်နားလိုက်တာ
မဟုတ်ဘူး ။ အခု နည်းနည်းလောက် နားလိုက်ပါလား ။ ကျွန်မ ကော်ဖီခါးခါးပူပူလေးတစ်ခွက် ဖျော်လာပေးမယ်လေ ....
Kyo : ရပါတယ် Allin ရဲ့ ။ ကျွန်မ လုံလုံလောက်လောက် နားပြီးပါပြီ ။ ကော်ဖီလည်း မဖျော်နဲ့တော့ ။ Dr. Bin က ကျွန်မအတွက် ဖျော်လာပေးလိမ့်မယ် ။ ကျွန်မကို ၁၅ မိနစ်လောက် အချိန်ပေးမလား ။
အသေးစား Date လေးပေါ့ ။ Allin က Round ဖို့ပြင်ဆင်ထားပေးလေ ။ နောက် ၁၅ မိနစ်ဆိုရင် ကျွန်မတို့ လူနာတွေနဲ့ တွေ့မယ်နော် ...
Allin : ဟုတ်ကဲ့ပါ Dr. ။ ကျွန်မ အပြင်မှာ ပြင်ဆင်ပြီး စောင့်နေမယ်နော် ...
လေးစားရတဲ့ Dr.မလေးရဲ့ ပွင့်လင်းနူးညံ့တဲ့ အပြောအဆိုကြောင့် Nurse လေး Allin တစ်ယောက် နားလည်ကျေနပ်သော အပြုံးနဲ့ အခန်းထဲမှ လှည့်အထွက်တွင် ကော်ဖီခွက်နှစ်ခွက် ကိုင်ကာဝင်လာသော Child Ward
မှ Dr. Hyun Bin နှင့် တည့်တည့်တိုးတော့တာမို့ ...
Allin : မင်္ဂလာပါ Dr. ။ ကော်ဖီလာသောက်တာလား ။ အတော်ပဲ ။ ကျွန်မလည်း Round ဖို့အတွက် သွားပြင်ဆင်ရမှာမို့လို့ ။ ကျွန်မရဲ့ Dr.ကို ဆရာ့ဆီ အပ်ခဲ့ပါရစေရှင် ။ မနက် ၃ နာရီအထိ
ခွဲစိတ်ထားရတာကို ဆက်မနားဘဲ ခေါင်းမာနေလို့ ကျေးဇူးပြုပြီး နားခိုင်းပေးပါရှင် ...
Bin : စိတ်ချပါခင်ဗျာ ။ ဆရာမရဲ့ Dr.ကို ကိုယ်ဖိရင်ဖိ ပြုစုပြီး နားခိုင်းထားပါ့မယ်ခင်ဗျာ ...
မျက်လုံးကလေးတစ်ဖက် မှိတ်ပြကာ ပြောလိုက်တဲ့ Dr. Hyun Bin ရဲ့ စကားကြောင့် Nurse မလေး Allin တစ်ယောက် အားကျကြည်နူးသွားရသည်မို့ ရယ်သံလေးများပါ ထွက်သွားရပါတော့သည် ။
Nurse တွေရဲ့ နားနေခန်းတွင် ....
Round လှည့်ဖို့ ပြင်ဆင်ပြီးပြီမို့ ခဏထိုင်နားနေသော Nurse မလေး Allin အနားသို့ Nurse မလေး Hyori တစ်ယောက် ရောက်လာကာ ...
Hyori : Allin ရေ... နားပြီလား ။ ဒီနေ့ အေးဆေးပေါ့ ။ ဟုတ်လား ...
Allin : မနားရပါဘူး Hyori ရယ် ။ ကိုယ့် Dr.က မနက်က ၃ နာရီအထိ ခွဲစိတ်ခန်း ၀င်ထားပေးရလို့ အခုတော့ နောက်ကျမှာပဲ ။ ကိုယ်တော့ အနားရပြီထင်နေတာ ။ အမ်မလေး...Dr.မမက ခဏပဲ
နားပြီး တက်တက်ကြွကြွနဲ့ အလုပ်ပြန်ဝင်လာတော့ ကိုယ် မနားရတော့ဘူးပေါ့ဟယ် ...
Hyori : ဒါဆို အခု ဘာလုပ်နေတာလဲ ...
Allin : Child ward က Dr. ကိုကို ရောက်နေလို့ အတင်း နားခိုင်းထားရတယ် ။ မဟုတ်ရင် လူနာတွေဆီ မရောက်ဘဲ သူ အရင်လဲသွားမှာစိုးလို့လေ ...
Hyori : Dr. Hyun Bin ရောက်နေတာလား ။ သူတို့ ဘာလုပ်နေကြပါလိမ့်နော် ...
Allin : ဆေးရုံထဲက Coffee Date လေးပေါ့ ။ သူတို့မှာလည်း သနားစရာပါကွာ ။ တရားဝင် လူသိရှင်ကြား တွဲနေတာတောင် သူတို့မှာ date လုပ်ချိန်မရှိကြရှာဘူး ။ အလုပ်နဲ့ပဲ အချိန်ကုန်နေတယ် ။
ဆေးရုံတစ်ခုတည်း အတွင်းသိအဆင်းသိမို့လို့သာ တော်တော့တယ် ။ အပြင်လူနဲ့သာဆိုရင် လမ်းခွဲခံရတာ ကြာပေါ့ကွာ ...
Hyori : သူတို့တွေက ငယ်ချစ်တွေဆို ။ ဟုတ်လား ...
Allin : ဟုတ်တယ် ။ သူတို့တွေက Middle school ကတည်းက သူငယ်ချင်းတွေတဲ့ ။ ဆေးကျောင်းရောက်တော့ Dr. Bin က Dr. kyo ကို ချစ်ခွင့်ပန်ခဲ့ပြီး နောက်ဆုံးနှစ်မှာ Dr. Kyo က အဖြေပြန်ပေးခဲ့လို့
ချစ်သူတွေ ဖြစ်ခဲ့ကြတာလို့ပြောတယ် ...
Hyori : သူတို့က တော်တော်လိုက်ဖက်ကြတယ်နော် ။ လူနာတွေကိုလည်း တော်တော်ဂရုစိုက်ကြတယ် ။ လူနာတွေကလည်း သူတို့ကို တော်တော်ချစ်ပြီး တော်တော်အားကိုးကြတယ် ။
လူနာတွေက ပြောနေကြတယ် သိလား...
Allin : ဘာတွေပြောနေကြတာတုန်းကါ လူနာတွေက ...
Hyori : Dr. Kyo နဲ့ Dr. Bin ရဲ့ မျက်နှာလေးတွေကို မြင်ရတာနဲ့တင် သူတို့ရဲ့ ဝေဒနာတစ်ဝက် သက်သာသွားကြတယ်တဲ့ ။ သူတို့က Dr. Kyo နဲ့ Dr. Bin ကို သိပ်ချစ်ကြတာပဲ ...
Allin : ဟုတ်တယ် ။ သူတို့ကလည်း လူနာတွေကို ချစ်သလို လူနာတွေ်မယ် ကလည်း သူတို့ကို ချစ်တယ်လေ ။ ဒီလို သံယောဇဉ်တွေကို ငဲ့ပြီးနေရတာနဲ့ပဲ သူတို့လည်း ဘယ်တော့မှ လက်ထပ်နိုင်မယ်
မသိတော့ဘူး ။ အခုပဲ Dr. Kyo က ၃၄ နှစ်ရှိနေပြီ ။ Dr. Bin က အသက်ပိုကြီးတာကို ။ တကယ်ဆို သူတို့ လက်ထပ်သင့်နေပါပြီကွာ ...
Hyori : ဟုတ်ပါရဲ့ ။ သူတို့ကိုလည်း သနားပါတယ် Allin ရယ် ။ သူတို့ကို ပြောပေးလိုက်ပါ ။ လက်ထပ်ဖို့ သင့်ပြီမို့ ထပ်ပြီး အချိန်မဆွဲပါနဲ့တော့လို့ ။ သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ရင် အပျော်ဆုံးဖြစ်မယ့်သူတွေက
သူတို့ရဲ့ လူနာတွေတင်မကဘူး ... ဒီဆေးရုံတစ်ခုလုံးပါ ပါပါတယ်လို့လေ ...
Allin : Hyori ရဲ့ Dr. Kang So Ra တော့ မပါဘူး ထင်တယ်နော် ...
Hyori : ဟုတ်တယ် ။ သူတော့ မပါလောက်ဘူး ။ ဟား ဟား ဟား ...
ဟဲဆောင်းလ်ဆေးရုံတစ်ခုလုံးကတော့ သူတို့ချစ်တဲ့ Dr. Hyun Bin နဲ့ Dr. Song Hye Kyo တို့အကြောင်းကို ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေခဲ့ပြီး ပြောသမျှတွေကလည်း သူတို့ရဲ့ ကောင်းကြောင်း ၊ တော်ကြောင်း နဲ့
သူတို့ရဲ့ မေတ္တာ စေတနာတွေအကြောင်းတွေပဲ ဖြစ်သည် ။ အဲဒီလို ချီးမွမ်းခံရလောက်တဲ့အထိ သူတို့တွေက အရမ်းချစ် ၊ အရမ်းလိုက်ဖက်ညီကာ ၊ အရမ်းစေတနာကောင်းကြပါသော မီးအိမ်ရှင်စုံတွဲလေး ဖြစ်နေသည်မဟုတ်လား...
အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူပြီးပြီမို့ အချိန်တွေကိုမျှဝေပြီး တစ်ဘ၀စာ လက်တွဲလိုက်ကြဖို့ သင့်ပြီလေ BinKyo Couple ရယ် ..............။။

Seguir leyendo

También te gustarán

1M 34.2K 61
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
139K 3.2K 46
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
1M 57.5K 36
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.2M 48.5K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...