♕JOKER & HARLEY{Season-I}♕

Par ScarlettDiana

330K 28.3K 1.1K

*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~• Plus

❦Prologue❦
❦Chapter One❦ {Z+U}
❦Chapter Two❦ {Z+U}
❦Chapter Three❦ {Z+U}
❦Chapter Four❦ {Z+U}
❦Chapter Five❦ {Z+U}
❦Chapter Six❦ {Z+U}
❦Chapter Seven❦ {Z+U}
❦Chapter Eight❦ {Z+U}
❦Chapter Nine❦ {Z+U}
❦Chapter Ten❦ {Z+U}
❦Chapter Eleven❦ {Z+U}
❦Chapter Twelve❦ {Z+U}
❦Chapter Thirteen❦ {Z+U}
❦Chapter Fourteen❦ {Z+U}
❦Chapter Fifteen❦ {Z+U}
❦Chapter Sixteen❦ {Z+U}
Chapter 17
❦Chapter Seventeen❦ {Z+U}
❦Chapter Eighteen❦ {Z+U}
❦Chapter Nineteen❦ {Z+U}
❦Chapter Twenty❦ {Z+U}
❦Chapter Twenty-One❦ {Z+U}
❦Chapter Twenty-One II❦ {Z+U}
'Season II'

❦Under Cover : Mysterious PCY❦ {Z+U}

10.6K 1K 19
Par ScarlettDiana

Joker & Harley
Under Cover : Mysterious PCY
ChanBaek BaekYeol
Yaoi

[Background Music : Sucker For Pain by Lil Wayne, Wiz Khalifa & Imagine Dragons]

သူ႔မ်က္ႏွာအေရျပားမ်ား ေလာင္ကြ်မ္းဆံုးရံႈးသြားျပီးေနာက္ သူဟာ မ်က္ႏွာကို လူရႊင္ေတာ္မ်က္ႏွာအသြင္ ျခယ္သခဲ႔သည္။
အေၾကာင္းက လူရႊင္ေတာ္မ်က္ႏွာဟာ အျမဲတမ္း ျပံဳးေနတာမို႕...

သူဟာ အျပံဳးမ်က္ႏွာျဖင့္ သူ႕မ်က္ႏွာအမူအရာ၊ သူ႕အေတြး၊ သူ႕ခံစားခ်က္ အားလံုးကို ဖံုးကြယ္သိုဝွက္ထားသည္။
သူသည္ နားလည္ရခက္ေသာ ပေဟဠိဆန္ဆန္ လူတစ္ေယာက္ ျဖစ္လာခဲ႔ေလ၏။

[ Chapter Eight က ပထမဆံုး shower sex မွာ ChanYeol က ေဆးေရာင္မပါေသာ သူ႕မ်က္ႏွာကို BaekHyun အား ျပခဲ႔သည္။
အက္ဆစ္ကန္ထဲ က်ခဲ႔ေသာေၾကာင့္ သူ႕မ်က္ႏွာ အေရျပားမ်ား ေလာင္ကြ်မ္းခဲ႔ပါ၏။
ပထမက ကုလို႕မရေတာ့သည္မို႔ သူ႕မ်က္ႏွာကို ေဆးေရာင္မ်ား ျခယ္သကာ ဖံုးထားခဲ႔ပါေသာ္လည္း ေနာက္ကုေပးႏိုင္သူႏွင့္ ေတြ႕ေသာအခါ မ်က္ႏွာကို အေကာင္းပကတိျဖစ္ေအာင္ ကုသခဲ႔သည္။ (comic ထဲက Joker ကေတာ့ လံုးဝကုမရေတာ့ မကုခဲ႔ပါဘူး.. author ကေတာ့ ကိုယ့္သေဘာနဲ႕ ကိုယ္ အေကာင္းပကတိျဖစ္ခိုင္းလိုက္ပါတယ္😁) ]

~ • ~

ဒုစရိုက္ေလာကတြင္ သူ၏ အရွိန္အဝါကား အေတာ္ပင္ ၾကီးမားသည္။
ပေဟဠိဆန္ျခင္းသည္ကပင္ သူ၏ အားသာခ်က္ ျဖစ္ခဲ႔၏..။ မည္သူမွ် သူ႕အေတြးကို မသိႏိုင္။
သူ ဘာေျခလွမ္းလွမ္းေနသည္ကို ခန္႔မွန္းဖို႕ရာ အေတာ္ပင္ ခက္ခဲသည္။

အေတာ္မ်ားမ်ားက ေၾကာက္ရြံ႕ၾကသလို အေတာ္မ်ားမ်ားကလည္း သူ႕ကို မရရေအာင္ သတ္ျပီး သူ႕အရွိန္အဝါကို လိုခ်င္ၾက၏..။

ရုရွားမာဖီးယားဂိုဏ္းတစ္ခုက သူ႕ေနရာကို မ်က္ေစာင္းထိုးေနသည္မွာ အေတာ္ၾကာျပီ။
ထိုရုရွားဂိုဏ္းႏွင့္ အဆက္အသြယ္ရွိေသာ ကိုရီးယားႏိုင္ငံက အမတ္ေလာင္းတစ္ေယာက္သည္ မ်က္ႏွာလိုမ်က္ႏွာရ လုပ္ခ်င္သည္မို႔ သူ႕ကို ဖမ္းဆီးဖို႕ အစြမ္းကုန္ ၾကိဳးစားေတာ့၏။

တကယ္ပင္ အဖမ္းခံခဲ႔ရေသာ္လည္း သူဟာ အသတ္ခံရဖို႕ရာ လြယ္ကူသူတစ္ေယာက္ မဟုတ္။
သည္လူေတြဟာ သူ႕ကို ေလွ်ာ့တြက္ခဲ႔သည္။
အၾကိမ္ၾကိမ္အဖန္ဖန္ သတ္ဖို႔ ၾကိဳးစားခဲ႔ေသာ္လည္း မေအာင္ျမင္ခဲ႔..။
စိတ္ညွိဳ႕ျခင္း အတတ္ပညာကို တတ္ေျမာက္ထားသည့္ သူ၏ အားသာခ်က္တစ္ခုကိုလည္း သိသူ မမ်ားျပားလွသည္မို႕။

ကိုရီးယားႏိုင္ငံက စိတ္က်န္းမာေရးေဆးရံုေရာက္သည့္အခါတြင္ လက္ေအာက္ခံအဖြဲ႔သားမ်ားႏွင့္ ဆက္သြယ္ႏိုင္ခဲ႔ေသာ္လည္း ဘာမွမလႈပ္ရွားေသးပဲ သူသည္ စိတ္က်န္းမာေရး ေဆးရံုမွာသာ ေနခဲ႔၏။
ေရာက္လက္စႏွင့္ ဒီမွာ ရက္အနည္းငယ္မွ် အနားယူခ်င္သည္ဟု ဆိုသည္။

~ • ~

ျဖဴ စင္ရိုးသားျပီး အားနည္းဟန္ရေသာ ေကာင္ေလးသည္ သူရွိေနရာ အခန္းတံခါးကို ဆြဲဖြင့္ကာ ဝင္လာခဲ႔ေလသည္။

သူ႔ေျခေထာက္ႏွင့္ သူ ဝင္ေရာက္လာခဲ႔ေသာ ေနရာသည္ အႏၲရာယ္မ်ားလြန္းေသာ သားရဲတြင္းျဖစ္ေနသည္ကို ထိုယုန္ငယ္ေလး မသိရွိခဲ႔ေပ။

ထိုျဖဴ ေဖ်ာ့ေဖ်ာ့ ခ်စ္စရာေကာင္ေလးကို ၾကည့္ျပီး သူ ျပံဳးလိုက္သည္..။
ကစားစရာ အရုပ္တစ္ခု ရလာျပီမို႕။

~ • ~

သူ႕လူမ်ားထံမွ ရရွိေသာ သတင္းမ်ားအရ ထိုေကာင္ေလးဟာ YS ကုမၸဏီဥကၠ႒၏ ေမြးစားသား Byun BaekHyun ျဖစ္ေၾကာင္းႏွင့္ သူ႕ကို သတ္ပစ္ရန္ တာဝန္ေပးထားခံရေၾကာင္း သိရ၏။

သို႕ရာတြင္ သူ႕ကို မသတ္ႏိုင္ပဲ သတ္ဖို႕ တာဝန္ေပးခံရသူ ေနာက္တစ္ေယာက္ ေရာက္လာသည္ကိုေတာင္ ထိုေကာင္ငယ္ေလးက ရွိစုမဲ႔စု ခြန္အားေလးႏွင့္ တားဆီးခဲ႔ေသးသည္။

ေနာက္ဆံုး အၾကပ္ကိုင္ခံရသည့္ အေျခအေနမွာပင္ သတ္ဖို႕ လာခဲ႕ပါလ်က္ သူ႕အား မသတ္ႏိုင္ခဲ႔...။
ထိုျဖဴ စင္ရိုးသားလြန္းေသာ လူသားေၾကြရုပ္ေလးကို သူ အလိုရွိလာသည္။

~ • ~

BaekHyun ကို တန္ဖိုးထားရသည့္ အရုပ္တစ္ရုပ္လို သူ သေဘာထားခဲ႔သည္။
ကာမဆႏၵတို႕ ေျဖေလ်ာ့ဖို႕အတြက္ပါ အသံုးခ်ခဲ႔ေသာ္ျငား အတင္းအၾကပ္ ၾကမ္းၾကမ္းတမ္းတမ္း မဆက္ဆံခဲ႔..။

ထိုလူသားေၾကြရုပ္ကေလးကို သူ စိတ္တိုင္းက် ေဆာ့ကစားခ်င္သည္။
လူ႕ခံစားခ်က္တို႕ကို ေဆာ့ကစားရသည္မွာ သူ အလြန္ၾကိဳက္ႏွစ္သက္ေသာ အလုပ္ျဖစ္၏။

BaekHyun ကို အိမ္ထဲက အိမ္ျပင္ ထြက္ခြင့္မေပးပဲ ထားခဲ႔သည္..။
မည္သူႏွင့္မွ် စကားေျပာခြင့္မရွိေသာ ေကာင္ေလး၏ အထီးက်န္ဘဝတြင္ သူ႕ကိုသာ ေမွ်ာ္ေနေစခဲ႔၏...။

~ • ~

BaekHyun သူ႕ကို ခ်စ္လာျပီး သူမရွိလွ်င္ မျဖစ္ေတာ့သည့္ အေျခအေနမ်ိဳး ေရာက္ကာမွ စြန္႔ပစ္လိုက္မည္ဟု ေတြးထားခဲ႔ေသာ္လည္း...

မေမွ်ာ္လင့္ေသာ ခံစားခ်က္အခ်ိဳ႕က သူ႕ရင္ထဲ ခိုေအာင္းလာေတာ့သည္။
မူမမွန္ေသာ စြဲလမ္းတြယ္တာမႈမ်ိဳးကို သူ႕တြင္ ေတြ႕ရွိရေသာအခါ အခက္ေတြ႕ရ၏။

သူဟာ အခ်စ္ကို ယံုၾကည္ကိုးကြယ္သူ တစ္ေယာက္ မဟုတ္ခဲ႔။
သို႕ရာတြင္ အခ်စ္၏ ေရွ႕ေျပးကိုယ္ရံေတာ္မ်ားမွာ သူ႕ရင္တြင္းေနရာယူႏွင့္ေနျပီ..။

~ • ~

BaekHyun အိမ္ထဲက ထြက္သြားရာက အဖမ္းခံလိုက္ရသည္။

'အေတာ္ပဲ...'
သူ ေပ်ာ္ရႊင္စြာ ေတြးမိ၏။
BaekHyun ေသဆံုးသြားရန္ သူ ေမွ်ာ္လင့္သည္။

အခ်စ္သည္ အားသာခ်က္ျဖစ္ႏိုင္သလို အားနည္းခ်က္လည္း ျဖစ္၏..။
တစ္စံုတစ္ေယာက္ကို သူ မခ်စ္ခ်င္..။
ခ်စ္မိလို႕ မျဖစ္။
အခ်စ္ကို အယံုအၾကည္မရွိ..။
အခ်စ္သည္ သူ၏ အားနည္းခ်က္ မျဖစ္ေစခ်င္ေပ။

BaekHyun သာ ေသဆံုးသြားလွ်င္ သူ႕ရင္ထဲက ခံစားခ်က္အခ်ိဳ႕ေပ်ာက္ဆံုးသြားလိမ့္မည္။

~ • ~

လစ္လ်ဴ ရႈထားခဲ႔ေသာ္လည္း...
ေသပါေစ ဆိုျပီး ပစ္ထားခဲ႔ပါေသာ္လည္း...

အျခားလူတစ္ေယာက္ထဲ sex slave အျဖစ္ ေရာင္းစားခံရေတာ့မည္ဟု ၾကားရေသာအခါ သည္းမခံႏိုင္ ျဖစ္ရျပန္သည္။

'ေသသြားလိုက္ရမွာ..'
ဘာပဲျဖစ္ေနျဖစ္ေန ဂရုမစိုက္ဟု အံၾကိတ္ကာ တင္းခံေနပါေသာ္လည္း၊ အာရံုလႊဲေနပါေသာ္လည္း...

အျခားသူတစ္ဦးထံ သက္ဆင္းရေတာ့မည့္ သူ ပိုင္ဆိုင္သည့္ ေကာင္ေလး၏ အျဖစ္ကုိ ေတြးမိေသာအခါ၌မူ လစ္လ်ဴ မရႈႏိုင္ ျဖစ္ရသည္။

အားနည္းခ်က္ မ်ားျပားလာေသာ ကိုယ့္ကိုကိုယ္ အျပစ္တင္ရင္းကေန သူ BaekHyun ၏ ဘဝကို ကယ္တင္ခဲ႔ေလ၏။

~ • ~

ဘယ္ေလာက္ပဲ စိတ္ဆိုးေဒါသထြက္ပါေစ...
မ်က္ႏွာအမူအရာ နည္းနည္းေလးမွ မေျပာင္းေအာင္ ထိန္းခ်ဳပ္ျပီး တည္ျငိမ္ေနႏိုင္ေသာ Park ChanYeol သည္~

BaekHyun ေၾကာင့္ မထိန္းခ်ဳပ္ႏိုင္ပဲ စိတ္ရွိလက္ရွိ ေဒါသေပါက္ကြဲခဲ႔သည္။

BaekHyun အိမ္ထဲက ခြင့္ျပဳခ်က္မရွိပဲ ထြက္သြားသည့္အတြက္ စိတ္ဆိုးသည္..။
ဒီအတိုင္း ေသဆံုးမသြားသည့္အတြက္ စိတ္တိုသည္...။
လစ္လ်ဴ မရႈႏိုင္ပဲ ေငြကုန္ေၾကးက်ခံကာ BaekHyun ကို ဝယ္ယူခဲ႔သည့္ သူ႕ကိုယ္သူ ေဒါသထြက္သည္..။

"မင္းေၾကာင့္.. မင္းေၾကာင့္ ငါ..."

သူ႕လိုလူက ဒီလိုမ်ိဳးေတြ ျဖစ္လာတဲ႔အထိ၊ ဒီလိုခံစားခ်က္မ်ိဳးေတြ ခံစားရတဲ႔အထိ ျဖစ္ေစခဲ႔တဲ႔ BaekHyun အေပၚ သူ ေဒါသပံုခ်ခဲ႔သည္။

[ Chapter Seventeen မွာ BaekHyun ကို ChanYeol ေဒါသတၾကီး ခါးပတ္နဲ႕ ရိုက္ရင္း ေအာ္ေျပာေနတဲ႔အခန္းပါ..။

'မင္းေၾကာင့္.. မင္းေၾကာင့္ ငါ...' ဆိုတဲ႔ စကားကို ၾကည့္ျပီး reader ေတြ ChanYeol သေဘာထားကို ခန္႔မွန္းႏိုင္မလားလို႕.. ]

~ • ~

ရင္ထဲ တျဖည္းျဖည္း နက္ရိႈင္းလာေအာင္ အျမစ္တြယ္ေနေသာ ခံစားခ်က္တို႕ကို လက္မခံခ်င္ပဲ လက္ခံလိုက္ေသာအခါ..

BaekHyun ၏ ျဖဴ စင္မႈကို အေရာင္ဆိုးဖို႕ ဆံုးျဖတ္သည္။
အားနည္းေနရာက သန္မာလာေအာင္ လုပ္ခ်င္သည္။
သည္ေလာကတြင္ ေကာင္းစြာ အသက္ရွည္ရွည္ ေနသြားႏိုင္မည့္ သူ႔လိုမ်ိဳး မေကာင္းဆိုးဝါး ျဖစ္လာေအာင္ လုပ္ဖို႕ ဆံုးျဖတ္သည္။

~ • ~

လိုခ်င္သလို BaekHyun လက္တြင္ ေသြးစြန္းခဲ႔ျပီ...။

သည္လိုျဖစ္ေအာင္ မိန္းမလွေလးတစ္ေယာက္ကို စိတ္ညွိဳ႕ျပီး ေစခိုင္းခဲ႔သည္။
BaekHyun ကို သည္းမခံႏိုင္ေအာင္ စကားနာထိုးဖို႕..။
BaekHyun ၏ အခ်စ္စိတ္ေပၚ မူတည္ျပီး သည္းခံႏိုင္စြမ္း ကုန္ခမ္းေအာင္ လုပ္ဖို႕...။

ဒုတိယအၾကိမ္ သူ႕ကို သတ္ဖို႕ လုပ္ခဲ႔ေသာ္လည္း မသတ္ႏိုင္ခဲ႔ေသာ BaekHyun ေၾကာင့္ သူ သိပ္ေက်နပ္သည္။

~ • ~

BaekHyun ခုန္ဆင္းသြားသည့္ chemical ကန္အား တစ္ခ်က္ ၾကည့္ျပီး သူ လွည့္ထြက္ရန္ ျပင္လိုက္သည္။

'ေကာင္းတယ္.. လစ္လ်ဴ ရႈပစ္လိုက္! ေသသြားပါေစ.. လံုးဝ လစ္လ်ဴ ရႈလိုက္..'

ေနာက္ဆံုးအၾကိမ္အျဖစ္ မ်က္ကြယ္ျပဳဖို႕ ၾကိဳးစားခဲ႔ေသာ္လည္း...
ေျခလွမ္းသံုးလွမ္းမွ်သာ လွမ္းႏိုင္ခဲ႔သည္။

ႏွလံုးသားက နာက်င္မႈကို သတိျပဳမိသည့္အခါတြင္...

BaekHyun ကို ကယ္ဆယ္ဖို႕ ယခင္တစ္ခ်ိန္က သူ၏ အေရျပားမ်ားကို ေလာင္ကြ်မ္းေစသည့္ အက္ဆစ္ကန္ထဲ ChanYeol ခုန္ဆင္းသြားေတာ့သည္။

Joker & Harley

ကိုင္း...
ခုဆို နားလည္ရခက္တဲ႔ Park ChanYeol ကို နားလည္သြားေလာက္ျပီ ထင္ပါတယ္။

#ChanBaekLove
#EternalChanBaek

Unicode

သူ့မျက်နှာအရေပြားများ လောင်ကျွမ်းဆုံးရှုံးသွားပြီးနောက် သူဟာ မျက်နှာကို လူရွှင်တော်မျက်နှာအသွင် ခြယ်သခဲ့သည်။
အကြောင်းက လူရွှင်တော်မျက်နှာဟာ အမြဲတမ်း ပြုံးနေတာမို့...

သူဟာ အပြုံးမျက်နှာဖြင့် သူ့မျက်နှာအမူအရာ၊ သူ့အတွေး၊ သူ့ခံစားချက် အားလုံးကို ဖုံးကွယ်သိုဝှက်ထားသည်။
သူသည် နားလည်ရခက်သော ပဟေဠိဆန်ဆန် လူတစ်ယောက် ဖြစ်လာခဲ့လေ၏။

[ Chapter Eight က ပထမဆုံး shower sex မှာ ChanYeol က ဆေးရောင်မပါသော သူ့မျက်နှာကို BaekHyun အား ပြခဲ့သည်။
အက်ဆစ်ကန်ထဲ ကျခဲ့သောကြောင့် သူ့မျက်နှာ အရေပြားများ လောင်ကျွမ်းခဲ့ပါ၏။
ပထမက ကုလို့မရတော့သည်မို့ သူ့မျက်နှာကို ဆေးရောင်များ ခြယ်သကာ ဖုံးထားခဲ့ပါသော်လည်း နောက်ကုပေးနိုင်သူနှင့် တွေ့သောအခါ မျက်နှာကို အကောင်းပကတိဖြစ်အောင် ကုသခဲ့သည်။ (comic ထဲက Joker ကတော့ လုံးဝကုမရတော့ မကုခဲ့ပါဘူး.. author ကတော့ ကိုယ့်သဘောနဲ့ ကိုယ် အကောင်းပကတိဖြစ်ခိုင်းလိုက်ပါတယ်😁) ]

~ • ~

ဒုစရိုက်လောကတွင် သူ၏ အရှိန်အဝါကား အတော်ပင် ကြီးမားသည်။
ပဟေဠိဆန်ခြင်းသည်ကပင် သူ၏ အားသာချက် ဖြစ်ခဲ့၏..။ မည်သူမျှ သူ့အတွေးကို မသိနိုင်။
သူ ဘာခြေလှမ်းလှမ်းနေသည်ကို ခန့်မှန်းဖို့ရာ အတော်ပင် ခက်ခဲသည်။

အတော်များများက ကြောက်ရွံ့ကြသလို အတော်များများကလည်း သူ့ကို မရရအောင် သတ်ပြီး သူ့အရှိန်အဝါကို လိုချင်ကြ၏..။

ရုရှားမာဖီးယားဂိုဏ်းတစ်ခုက သူ့နေရာကို မျက်စောင်းထိုးနေသည်မှာ အတော်ကြာပြီ။
ထိုရုရှားဂိုဏ်းနှင့် အဆက်အသွယ်ရှိသော ကိုရီးယားနိုင်ငံက အမတ်လောင်းတစ်ယောက်သည် မျက်နှာလိုမျက်နှာရ လုပ်ချင်သည်မို့ သူ့ကို ဖမ်းဆီးဖို့ အစွမ်းကုန် ကြိုးစားတော့၏။

တကယ်ပင် အဖမ်းခံခဲ့ရသော်လည်း သူဟာ အသတ်ခံရဖို့ရာ လွယ်ကူသူတစ်ယောက် မဟုတ်။
သည်လူတွေဟာ သူ့ကို လျှော့တွက်ခဲ့သည်။
အကြိမ်ကြိမ်အဖန်ဖန် သတ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့..။
စိတ်ညှို့ခြင်း အတတ်ပညာကို တတ်မြောက်ထားသည့် သူ၏ အားသာချက်တစ်ခုကိုလည်း သိသူ မများပြားလှသည်မို့။

ကိုရီးယားနိုင်ငံက စိတ်ကျန်းမာရေးဆေးရုံရောက်သည့်အခါတွင် လက်အောက်ခံအဖွဲ့သားများနှင့် ဆက်သွယ်နိုင်ခဲ့သော်လည်း ဘာမှမလှုပ်ရှားသေးပဲ သူသည် စိတ်ကျန်းမာရေး ဆေးရုံမှာသာ နေခဲ့၏။
ရောက်လက်စနှင့် ဒီမှာ ရက်အနည်းငယ်မျှ အနားယူချင်သည်ဟု ဆိုသည်။

~ • ~

ဖြူ စင်ရိုးသားပြီး အားနည်းဟန်ရသော ကောင်လေးသည် သူရှိနေရာ အခန်းတံခါးကို ဆွဲဖွင့်ကာ ဝင်လာခဲ့လေသည်။

သူ့ခြေထောက်နှင့် သူ ဝင်ရောက်လာခဲ့သော နေရာသည် အန္တရာယ်များလွန်းသော သားရဲတွင်းဖြစ်နေသည်ကို ထိုယုန်ငယ်လေး မသိရှိခဲ့ပေ။

ထိုဖြူ ဖျော့ဖျော့ ချစ်စရာကောင်လေးကို ကြည့်ပြီး သူ ပြုံးလိုက်သည်..။
ကစားစရာ အရုပ်တစ်ခု ရလာပြီမို့။

~ • ~

သူ့လူများထံမှ ရရှိသော သတင်းများအရ ထိုကောင်လေးဟာ YS ကုမ္ပဏီဥက္ကဋ္ဌ၏ မွေးစားသား Byun BaekHyun ဖြစ်ကြောင်းနှင့် သူ့ကို သတ်ပစ်ရန် တာဝန်ပေးထားခံရကြောင်း သိရ၏။

သို့ရာတွင် သူ့ကို မသတ်နိုင်ပဲ သတ်ဖို့ တာဝန်ပေးခံရသူ နောက်တစ်ယောက် ရောက်လာသည်ကိုတောင် ထိုကောင်ငယ်လေးက ရှိစုမဲ့စု ခွန်အားလေးနှင့် တားဆီးခဲ့သေးသည်။

နောက်ဆုံး အကြပ်ကိုင်ခံရသည့် အခြေအနေမှာပင် သတ်ဖို့ လာခဲ့ပါလျက် သူ့အား မသတ်နိုင်ခဲ့...။
ထိုဖြူ စင်ရိုးသားလွန်းသော လူသားကြွေရုပ်လေးကို သူ အလိုရှိလာသည်။

~ • ~

BaekHyun ကို တန်ဖိုးထားရသည့် အရုပ်တစ်ရုပ်လို သူ သဘောထားခဲ့သည်။
ကာမဆန္ဒတို့ ဖြေလျော့ဖို့အတွက်ပါ အသုံးချခဲ့သော်ငြား အတင်းအကြပ် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့..။

ထိုလူသားကြွေရုပ်ကလေးကို သူ စိတ်တိုင်းကျ ဆော့ကစားချင်သည်။
လူ့ခံစားချက်တို့ကို ဆော့ကစားရသည်မှာ သူ အလွန်ကြိုက်နှစ်သက်သော အလုပ်ဖြစ်၏။

BaekHyun ကို အိမ်ထဲက အိမ်ပြင် ထွက်ခွင့်မပေးပဲ ထားခဲ့သည်..။
မည်သူနှင့်မျှ စကားပြောခွင့်မရှိသော ကောင်လေး၏ အထီးကျန်ဘဝတွင် သူ့ကိုသာ မျှော်နေစေခဲ့၏...။

~ • ~

BaekHyun သူ့ကို ချစ်လာပြီး သူမရှိလျှင် မဖြစ်တော့သည့် အခြေအနေမျိုး ရောက်ကာမှ စွန့်ပစ်လိုက်မည်ဟု တွေးထားခဲ့သော်လည်း...

မမျှော်လင့်သော ခံစားချက်အချို့က သူ့ရင်ထဲ ခိုအောင်းလာတော့သည်။
မူမမှန်သော စွဲလမ်းတွယ်တာမှုမျိုးကို သူ့တွင် တွေ့ရှိရသောအခါ အခက်တွေ့ရ၏။

သူဟာ အချစ်ကို ယုံကြည်ကိုးကွယ်သူ တစ်ယောက် မဟုတ်ခဲ့။
သို့ရာတွင် အချစ်၏ ရှေ့ပြေးကိုယ်ရံတော်များမှာ သူ့ရင်တွင်းနေရာယူနှင့်နေပြီ..။

~ • ~

BaekHyun အိမ်ထဲက ထွက်သွားရာက အဖမ်းခံလိုက်ရသည်။

'အတော်ပဲ...'
သူ ပျော်ရွှင်စွာ တွေးမိ၏။
BaekHyun သေဆုံးသွားရန် သူ မျှော်လင့်သည်။

အချစ်သည် အားသာချက်ဖြစ်နိုင်သလို အားနည်းချက်လည်း ဖြစ်၏..။
တစ်စုံတစ်ယောက်ကို သူ မချစ်ချင်..။
ချစ်မိလို့ မဖြစ်။
အချစ်ကို အယုံအကြည်မရှိ..။
အချစ်သည် သူ၏ အားနည်းချက် မဖြစ်စေချင်ပေ။

BaekHyun သာ သေဆုံးသွားလျှင် သူ့ရင်ထဲက ခံစားချက်အချို့ပျောက်ဆုံးသွားလိမ့်မည်။

~ • ~

လစ်လျူ ရှုထားခဲ့သော်လည်း...
သေပါစေ ဆိုပြီး ပစ်ထားခဲ့ပါသော်လည်း...

အခြားလူတစ်ယောက်ထဲ sex slave အဖြစ် ရောင်းစားခံရတော့မည်ဟု ကြားရသောအခါ သည်းမခံနိုင် ဖြစ်ရပြန်သည်။

'သေသွားလိုက်ရမှာ..'
ဘာပဲဖြစ်နေဖြစ်နေ ဂရုမစိုက်ဟု အံကြိတ်ကာ တင်းခံနေပါသော်လည်း၊ အာရုံလွှဲနေပါသော်လည်း...

အခြားသူတစ်ဦးထံ သက်ဆင်းရတော့မည့် သူ ပိုင်ဆိုင်သည့် ကောင်လေး၏ အဖြစ်ကို တွေးမိသောအခါ၌မူ လစ်လျူ မရှုနိုင် ဖြစ်ရသည်။

အားနည်းချက် များပြားလာသော ကိုယ့်ကိုကိုယ် အပြစ်တင်ရင်းကနေ သူ BaekHyun ၏ ဘဝကို ကယ်တင်ခဲ့လေ၏။

~ • ~

ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်ပါစေ...
မျက်နှာအမူအရာ နည်းနည်းလေးမှ မပြောင်းအောင် ထိန်းချုပ်ပြီး တည်ငြိမ်နေနိုင်သော Park ChanYeol သည်~

BaekHyun ကြောင့် မထိန်းချုပ်နိုင်ပဲ စိတ်ရှိလက်ရှိ ဒေါသပေါက်ကွဲခဲ့သည်။

BaekHyun အိမ်ထဲက ခွင့်ပြုချက်မရှိပဲ ထွက်သွားသည့်အတွက် စိတ်ဆိုးသည်..။
ဒီအတိုင်း သေဆုံးမသွားသည့်အတွက် စိတ်တိုသည်...။
လစ်လျူ မရှုနိုင်ပဲ ငွေကုန်ကြေးကျခံကာ BaekHyun ကို ဝယ်ယူခဲ့သည့် သူ့ကိုယ်သူ ဒေါသထွက်သည်..။

"မင်းကြောင့်.. မင်းကြောင့် ငါ..."

သူ့လိုလူက ဒီလိုမျိုးတွေ ဖြစ်လာတဲ့အထိ၊ ဒီလိုခံစားချက်မျိုးတွေ ခံစားရတဲ့အထိ ဖြစ်စေခဲ့တဲ့ BaekHyun အပေါ် သူ ဒေါသပုံချခဲ့သည်။

[ Chapter Seventeen မှာ BaekHyun ကို ChanYeol ဒေါသတကြီး ခါးပတ်နဲ့ ရိုက်ရင်း အော်ပြောနေတဲ့အခန်းပါ..။

'မင်းကြောင့်.. မင်းကြောင့် ငါ...' ဆိုတဲ့ စကားကို ကြည့်ပြီး reader တွေ ChanYeol သဘောထားကို ခန့်မှန်းနိုင်မလားလို့.. ]

~ • ~

ရင်ထဲ တဖြည်းဖြည်း နက်ရှိုင်းလာအောင် အမြစ်တွယ်နေသော ခံစားချက်တို့ကို လက်မခံချင်ပဲ လက်ခံလိုက်သောအခါ..

BaekHyun ၏ ဖြူ စင်မှုကို အရောင်ဆိုးဖို့ ဆုံးဖြတ်သည်။
အားနည်းနေရာက သန်မာလာအောင် လုပ်ချင်သည်။
သည်လောကတွင် ကောင်းစွာ အသက်ရှည်ရှည် နေသွားနိုင်မည့် သူ့လိုမျိုး မကောင်းဆိုးဝါး ဖြစ်လာအောင် လုပ်ဖို့ ဆုံးဖြတ်သည်။

~ • ~

လိုချင်သလို BaekHyun လက်တွင် သွေးစွန်းခဲ့ပြီ...။

သည်လိုဖြစ်အောင် မိန်းမလှလေးတစ်ယောက်ကို စိတ်ညှို့ပြီး စေခိုင်းခဲ့သည်။
BaekHyun ကို သည်းမခံနိုင်အောင် စကားနာထိုးဖို့..။
BaekHyun ၏ အချစ်စိတ်ပေါ် မူတည်ပြီး သည်းခံနိုင်စွမ်း ကုန်ခမ်းအောင် လုပ်ဖို့...။

ဒုတိယအကြိမ် သူ့ကို သတ်ဖို့ လုပ်ခဲ့သော်လည်း မသတ်နိုင်ခဲ့သော BaekHyun ကြောင့် သူ သိပ်ကျေနပ်သည်။

~ • ~

BaekHyun ခုန်ဆင်းသွားသည့် chemical ကန်အား တစ်ချက် ကြည့်ပြီး သူ လှည့်ထွက်ရန် ပြင်လိုက်သည်။

'ကောင်းတယ်.. လစ်လျူ ရှုပစ်လိုက်! သေသွားပါစေ.. လုံးဝ လစ်လျူ ရှုလိုက်..'

နောက်ဆုံးအကြိမ်အဖြစ် မျက်ကွယ်ပြုဖို့ ကြိုးစားခဲ့သော်လည်း...
ခြေလှမ်းသုံးလှမ်းမျှသာ လှမ်းနိုင်ခဲ့သည်။

နှလုံးသားက နာကျင်မှုကို သတိပြုမိသည့်အခါတွင်...

BaekHyun ကို ကယ်ဆယ်ဖို့ ယခင်တစ်ချိန်က သူ၏ အရေပြားများကို လောင်ကျွမ်းစေသည့် အက်ဆစ်ကန်ထဲ ChanYeol ခုန်ဆင်းသွားတော့သည်။

♕Joker & Harley♕

Continuer la Lecture

Vous Aimerez Aussi

679K 50.9K 46
wang yibo💚 ခင္​ဗ်ားတု႔ိ သိၾကလားကြၽန္​​ေတာ္​ကအတၱႀကီးၿပီး အခ်စ္​န႔ဲအမုန္​းကုိမခြဲျခားတတ္​တ့ဲ အခ်စ္​႐ႈံးသမားဆုိတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
305K 52.3K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
8.9K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
66.6K 9.1K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...