My own star
Od moony_stone
76.6K 7.2K 245
Just read it I promise you won't regret. Viac
Toki is my everything
Luhan is my everything
To BEIJING with loves
Lucky
Meet Lu
Morning 5 AM
Not too iced americano one, please!!!
He is dating,a silent date
Love is........
Judas
Luhan point of view
My star from the million miles away
Do I love you??
A Fairy Tale
Forgive me not
Please!
Good bye
I m sorry...
To My Lovely yuan yuan(Final)
I can't leave you.
2.5K 296 9
Od moony_stone
လေဆိပ်​ထဲကို..တုန့်​ဆိုင်းစွာပဲကျမဝင်​လာခဲ့တယ်​..
အဆက်​မပြတ်​စီးကျ​နေတဲ့မျက်​ရည်​​တွေ​တောင်​မသုတ်​မိ
Geရဲ့ concert စ​ နေ​လောက်​ပြီ
Luhan ge...
သူအဆင်​​ပြေပါ့မလား..
.
တွေ့တဲ့ထိုင်​ခုံမှာ..အားမရှိသလိုထိုင်​ချလိုက်​ပြီး
အဆက်​မပြတ်​မျက်​ရည်​ကျ​နေတဲ့ကျမကို
လူ​တွေကသုတ်​သီးသုတ်​ပျာသွား​နေရင်းနဲ့​တောင်
အံ့သြသလိုကြည့်​သွားကြတယ်​..
လူ​တွေကိုကြည့်​​နေရင်း..မူးလာတယ်
နားထဲက​နေ​လေ​တွေတဝူးဝူးထွက်​​နေတယ်​..
ကျမရဲ့..စိတ်​ကအခုဒီမှာမရှိဘူး..
အဲ့ဒီ​နေ့ကဖိုင်​ထဲက...
စာလုံး​လေး​တွေ...
ကျမ​ငို​နေရင်းနဲ့ပဲ​ခေါင်းယမ်းလိုက်​တယ်​..
ပါပါး...
အဲ့ဒီတုန်းကဘယ်​လိုခံစားခဲ့ရလဲဟင်​..
မာမားကိုထားခဲ့ရမယ်​ဆိုတုန်းကဘယ်​လိုခံစားခဲ့ရလဲ..
"ဒီလို​ပြောရတာမတရားမှန်းသိ​ပေမယ့်
သမီးမရှိ​တော့တဲ့တစ်​​နေ့ကျရင်​.
xiao luကို...xiao luကို
ကောင်း​ကောင်းမွန်​မွန်​​ရှေ့ဆက်​နိုင်​​အောင်​လုပ်​ခဲ့
ပေးလို့ရမလား"
စိတ်​မ​ကောင်းစွာ​ပြောခဲ့တဲ့luhan ge အ​ဖေရဲ့
စကား​တွေနားထဲပဲ့တင်​​နေတယ်
"သမီးကြိုက်​သလိုဆုံးဖြတ်​ပါ...xiao lu
အတွက်​​တော့ စဉ်းစား​ပေးမယ်​မဟုတ်​လား"
ကျမ luhan ge အတွက်​ပဲအမြဲတမ်းစဉ်းစားခဲ့
တာပါ..မျက်​ရည်​​တွေကတကယ်​ကိုတားမရဘူး
aishh မုန်းလိုက်​တာ..
"xiao lu ကတကယ်​ကိုတာဝန်​​တွေအများကြီး
ယူရမယ့်​က​လေးပါ..သူပြိုလဲသွားလို့မဖြစ်​ဘူးသမီး..
.........."
ပါပါး..
တွေးရင်းနဲ့ကျမ ပိုပြီးဝမ်းနည်းလာတယ်
ဘယ်​လိုလုပ်​ရမလဲ ဟင်​..
Brain Tumorတဲ့လား..
ကျမ ကလား
နောက်​ဆုံးအဆင့်​မို့လို့အချိန်​လည်းမရှိ​တော့ဘူးတဲ့လား
ဘာလို့လဲ ကျမဒီ​လောက်​​နေ​ကောင်း​နေတာကို
တခါတ​လေမှ​ခေါင်းကိုက်​တတ်​တာကို...
ကျမကအရမ်းကိုကျန်းမာပါတယ်​..မှား​နေတာဖြစ်
"တစ်​လလုံး အကြိမ်​ကြိမ်​ စစ်​ပြီးပြီ
CT ရိုက်​ထားတာကို နိုင်​ငံခြား​တောင်​လှမ်းပို့ခဲ့တယ်
သမီးကိုဒီလိုတကယ်​မဖြစ်​​စေချင်​ပါဘူး...
ဒါ​ပေမယ့်​.. ."
တော်​ပါ​တော့...
ပါပါး..
ပါပါး ​ရေ...
ဒီ​ရောဂါရှိ​နေတာကိုသိတုန်းက.
မာမား​ဘေးကထွက်​သွားရမယ်​ဆိုတာသိတုန်းက
မာမားကိုဆက်​ပြီး​ကောင်း​ကောင်းမွန်​မွန်​ရှင်​သန်​ဖို့
ဘယ်​လိုအား​ပေးခဲ့တာလဲ..
သတ္တိရှိရှိနဲ့ ပါပါးဘယ်​လိုရင်​ဆိုင်​ခဲ့တာလဲ..
Luhan ge..geကိုဘယ်​လိုထားခဲ့ရမလဲဟင်
ပါပါး...Luhan geကိုဘယ်​လိုထားခဲ့ရမှာလဲဟင်
မာမားကိုဘယ်​လို​ပြောရမှာလဲ
.
.
ကျမငိုရလွန်းလို့လည်​​ချောင်း​တွေလည်းကွဲအက်​နေပြီ
မျက်​လုံး​တွေဝါးပြီး​တော့..​မူး​တောင်​မူးလာတယ်
ကျမခန္ဓာကိုယ်​ထဲမှာဒီ​လောက်​များတဲ့မျက်​ရည်​​တွေ
ရှိ​နေတာအံ့သြမိတယ်​..
တော်​ပါ​တော့..ဆက်​မကျပါနဲ့​တော့
မကုန်​​တော့ဘူးလား...
ကျေးဇူးပြုပြီး​တော်​ပါ​တော့...
ကိုးနာရီထိုး​တော့မယ်​..
Luhan geရဲ့ concertကိုကြည့်​ရမယ်
ဒါက​ကျမအတွက်​​နောက်​ဆုံးအကြိမ်​ဖြစ်​မှာ..
သူ​နောက်​တစ်​ကြိမ်​လုပ်​ရင်​..ကျမ မရှိနိုင်​​တော့ဘူး..
ဖုန်းဖွင့်ုပီး..သူရဲ့ concertကို live stream
ကြည့်​နိုင်​တဲ့link
ထဲဝင်​လိုက်​တယ်​...
Lu ge....
သူတကယ်​..အရမ်း​ချောတာပဲ
ဆံပင်​​တွေကိုအ​နောက်​လှန်​တင်​ထားပြီး
ထူးထူးခြားခြား အိုင်းလိုင်​နာ​တွေအများကြီးဆိုးထားတယ်​..
"မိတ်​ကပ်​​တွေ အများကြီးပဲ"
ကျမ​ရေရွတ်​ရင်းနဲ့ မျက်​ရည်​​တွေကြားထဲကပြုံးမိတယ်​..
Lu ge ကသီချင်းနဲ့လိုက်​ဖက်​တဲ့မျက်​နှာ​ပေါ်က
expressionနဲ့..တစ်​ကွက်​မှမမှားပဲ​ကောင်း​ကောင်း
ကသွားတာပဲ..
သူ့ကြည့်​ရတာအဆင်​​ပြေပါတယ်​..
ဝမ်းနည်းတဲ့အရိပ်​အ​ယောင်​မရှိပါဘူး.
တ​ယောက်​​ယောက်​ကိုလိုက်​ရှာ​နေသလိုမျိုးလည်း
ဖြစ်​မ​နေဘူး..သူ​ကောင်း​ကောင်းလုပ်​နိုင်​မှာပါ..
စင်​​အောက်​က..စိတ်​လှုပ်​ရှားစွာအား​ပေး​နေတဲ့ fan​တွေ
Luလို့​ရေးထားတဲ့LED boardအဝါ​​လေး​တွေနဲ့
သူ့ကိုချစ်​တယ်​လို့အမျိုးမျိုး​ရေးထားတဲ့banner​တွေ
Luhan jia you!!!လို့တစ်​ချက်​တစ်​ချက်​ထွက်​​ပေါ်
လာတဲ့fan​တွေရဲ့အသံ​တွေက..
သူ့ကို အဆင်​​ပြေ​စေမှာပါ..
သူ့ကိုချစ်​တဲ့လူ​တွေအများကြီးရှိတာပဲဟာကို..
ဖုန်းscreen ထဲက luhan ကို​ငေးကြည့်​​နေရင်းနဲ့
ကျမရဲ့အ​တွေး​​တွေက...
ခေါင်းကို​​နောက်​လန်​ပြီး​အော်​ရယ်​တတ်​​တဲ့luhanဆီမှာ
သူ​ထင်​တာသူ​ပြောပြီးရင်
dui ma?လို့ခပ်​ဟဟ​မေးတတ်​တဲ့luhanဆီမှာ
ကား​မောင်းတိုင်းကျမလက်​ကိုဖွဖွ​လေးကိုင်​ထား
တတ်​တဲ့ luhanဆီမှာ..
ဖုန်းကို​ငုံ့ကြည့်​​နေတတ်​တဲ့​ဘေးတိုက်​မျက်​နှာ​လေးပိုင်​ရှင်
Luhanဆီမှာ..
မီးပွိုင့်​မိတိုင်း ကျမပါး​ကိုနမ်းတတ်​တဲ့luhanဆီမှာ..
နူးညံ့စွာပြုံးတတ်​တဲ့စိန်​ပွင့်​​လေး​တွေလိုမျက်​လုံးပိုင်​ရှင်
Luhanဆီမှာ..
ကျမရဲ့အ​တွေး​တွေကဖုန်းscreen​ပေါ်က
Luhan​ကြောင့်​ပဲပြန်​​ရောက်​လာ​လေရဲ့..
Jiu rang wo pei zai ni shen pang
Dang ni kuaile huo shi juewang
Jiu xiang ni peizhe wo yiyang....
Luhan geက your songသီချင်းကို
Accoustic version.နဲ့ဆို​နေတာ..
ဒါကအစီအစဉ်​ထဲမှာမပါဘူး..ဘာလို့လဲ
ကျမ​တွေး​နေတုန်းမှာပဲ သူကင်​မရာကိုကြည့်​လိုက်​တယ်
သူ့ရဲ့ဝမ်းနည်းသ​ယောင်​မျက်​လုံး​လေး​​တွေကိုကျမ
မြင်​​နေရတယ်​...ဘာလို့လဲ...
Shijie bianhua bu ting..
Renchao chuanliu buxi
Wo zhi xiang mei ge luori
Shebian dou you ni..
သူက ကင်​မရာကိုကြည့်​ရင်းနဲ့တကယ့်​ကို​ဖြေး​ဖြေး​လေး
ဆို​နေတယ်​..
အရင်​က..အနည်းငယ်​ကြည်​နူးစရာ​ကောင်းတဲ့ဒီသီချင်းက
Guitar သံ​ကြောင့်​​ရော..luhan geရဲ့
မျက်​နှာထား​ကြောင့်​ပါဝမ်းနည်းစရာ​ကောင်းလာတယ်​..
ကျမတို့ ရဲ့အမှတ်​တရ​တွေကိုသတိရမိတယ်​..
Ge ကိုလက်​ခံ​ပေးနိုင်​မလား,ယွဲမ်
Luhan geရဲ့ပုံစံမျိုးစုံနဲ့အပြုံး​တွေ..
Ni zhou qi meitou
Rang wo gei ni wenrou...
အဲ့ဒီ​နေ့က ကျမအိမ်​​ရှေ့မှာ
Ge ရှိ​နေတာပဲ အဆင်​​ပြေသွားမှာ လို့
ပြောရင်းကျမ​ခေါင်းကိုပွတ်​​ပေး​နေတဲ့luhan ge..
.
.
Rugou youyitian ni hui
Wangji women de yueding..
Meiguanxi zhishao
ကျမကိုယ့်​ကိုယ်​ကို​တောင်​သတိမထားမိပဲ
မတ်​တတ်​ရပ်​ လိုက်​မိတယ်​..
Ge အနားမှာပဲရှိ​နေ​ပေးပါလို့​ပြောတဲ့
Luhan geရဲ့အသံတိုးတိုး​လေးကိုကြား​နေရတယ်
ဘာဖြစ်​လို့​မေ့သွားရမှာလဲ ge
ဘာဖြစ်​လို့​မေ့သွားရမှာလဲ.
ဘယ်​​တော့မှဖြစ်​လာမှာမဟုတ်​ဘူး..
ကျမရဲ့​ခြေလှမ်း​တွေကdepartureနဲ့ဆန့်​ကျင်​ဘက်
လေဆိပ်​ရဲ့ထွက်​​ပေါက်​သို့
နောက်​ထပ်​တစ်​ရက်​ပဲဖြစ်​ဖြစ်​..
နောက်​ထပ်​ခဏ​လေးပဲဖြစ်​ဖြစ်​...
Luhan ge​ဘေးမှာရှိလို့ရမလား.
ခဏ​လေးဖြစ်​ဖြစ်
အခု..
အရမ်းပဲ​တွေ့ချင်​လို့ပါ..
~~~~~~~~~
အလာတုန်းကနဲ့မတူပဲ..​လေဆိပ်​အပြင်​ကို​ပြေးထွက်
သွားတဲ့​ကောင်​မ​လေးတစ်​​ယောက်​ရှိပါတယ်​..
သူမ..မျက်​ရည်​​တွေ​ကောသုတ်​သွားရဲ့လား..
သူမ..ကျကျန်​ခဲ့တဲ့ဖုန်း​လေးက​တော့
ဖုန်းတ​ကောလ်​ဝင်​လာပြီး..
ကိုင်​မယ့်​လူမရှိလို့ message တစ်​​စောင်ထပ်​ဝင်​လာတာက
"Uni,​လေယာဉ်​​ပေါ်​ရောက်​ပြီလား..
လေယာဉ်​​ပေါ်မှာဘာမှမစဉ်းစားပဲအိပ်​ခဲ့​နော်
ဒီ​ရောက်​တာနဲ့​ဆေးရုံသွားကြမယ်
မာမားကိုငါပြောလိုက်​ပြီ..
သူလည်း​မျှော်​​နေပြီ"
ပို့တဲ့သူ​နေရာကနာမည်​​လေးက...Tokiတဲ့
~~~~~~~~~~~
ကျွန်​မ luhan geရဲ့concertကို​ရောက်​လာ​တော့
သူက​နောက်​ဆုံးတစ်​ပုဒ်​....​နောက်​ဆုံးတစ်​ပုဒ်
လို့​ပြော​နေတာကိုကြားရတယ်​..
ဂျီကျ​နေတဲ့ fan​တွေနဲ့ညှိ​နေတာ..
သူ့အသံကြား​နေရတာနဲ့တင်​..သူ့အခုချိန်
ဖြစ်​​နေမယ့်​ချစ်​စရာ​ကောင်းတဲ့ပုံစံ​လေးကိုမြင်​​ယောင်​မိတယ်
Promise သီချင်းရဲ့အဖွင့်​တီးလုံးက..
ကျမကိုရင်​ခုန်​သံ​တွေပိုမြန်​လာ​စေတယ်​..
အဆက်​မပြတ်​ငိုခဲ့တာ​ကြောင့်​​ရော..
ကြိ​တ်​ကြိတ်​တိုး​နေတဲ့ fan​တွေ​ကြောင့်​ပါ
ကျမ​ခေါင်း​တွေမူးလာတယ်​..
Luhan geကိုမမြင်​ရ​သေးဘူး..
အာ
Back stage ကိုသွားရမှာ​ပေါ့
သူပြီးရင်​လာမှာပဲလို့​တွေးရင်းမန်​​နေဂျာgeကိုဖုန်းဆက်​ဖို့
လုပ်​​တော့..
aishh..ဖုန်းကဘယ်​​ရောက်​သွားတာလဲ
Ai de wendu zai jixu
Yiqie dou hai laideji
Man man kaojin ni de xin
Du zuishen chu ni de mimi..
Ge..
Luhan ge..
ကျမအရူးလို​ရေရွတ်​ရင်းမျက်​ရည်​​တွေကျလာပြန်​တယ်
လူအုပ်​ကြီးထဲလဲမရမှန်းသိရက်​နဲ့အတင်းတိုး​နေမိတယ်​..
ဖယ်​​ပေးပါ..
ဖယ်​​ပေးကြပါ..ကျမမှာအချိန်​မရှိ​တော့ဘူး..
မကြာခင်​​ဒီလောကကြီးက​နေထွက်​သွားရ​တော့မှာ..
Ai xuyao shijian cai nenggou
bei zhengming..oh..
qing duu wo..
you xinxin
I'll promise to you..
အိပ်မက်​​တွေကိုအ​ကောင်​အထည်​​ဖော်​ဖို့...
ကတိ​တွေကိုတည်​​ပေးဖို့..
ကျမမှာဘာမှမရှိ​တော့ဘူး...
ဖယ်​​ပေးပါ..နည်းနည်းဖယ်​​ပေးကြပါ
တကယ်​​တောင်းပန်​ပါတယ်​..
သီချင်းဆုံးသွား​တော့သူနှုတ်​ဆက်​စကား​ပြော​နေတယ်​..
ပြီးသွားပြီ ပြီးသွားပြီ မလား..luhan ge..
Concert hall အကြီးကြီးရဲ့အလည်​မှာ..
မျက်​ရည်​​ပေါက်​​ပေါက်​ကျပြီးတိုး​နေတဲ့ကျမကို
ဘယ်​သူမှဂရုမစိုက်​ကြပါဘူး
တွန်းတိုက်​သွားကြတယ်​..
ပြီးသွားပြီ..
Fan​တွေရဲ့​ခြေလှမ်း​တွေက..
ကျွန်​မ နဲ့ဆန့်​ကျင်​ဘက်
ထွက်​​ပေါက်​ကိုဦးတည်​​နေတယ်​..အကုန်​လုံးကို
တွန်းတိုက်​ရင်းနဲ့ပဲကျမback stage ကိုသွား​နေမိတယ်​.
မ​ရောက်​​တော့ဘူးလား...
ဘာလို့ ဒီ​လောက်​​ဝေးတာလဲ.
Fan ​တွေမကုန်​​သေးဘူးလား..
သူ့ကိုချစ်​တဲ့လူ​တွေတကယ်​များတာပဲ
ကျမ​ခေါင်း​တွေအရမ်းကိုမူး​လာတယ်
မျက်​စိ​တွေလည်းပြာလို့
အ​ရှေ့ကို​ကောင်း​ကောင်းမမြင်​ရဘူး
ကျမ ​ခြေလှမ်းတစ်​လှမ်းလှမ်းလိုက်​တိုင်း..
တစ်​ခါတိုက်​မိ​နေတယ်​..
အရက်​သမားတစ်​ယောက်​လိုပဲယိုင်​ထိုးယိုင်​ထိုးနဲ့
.
ကျမစိတ်​ထင်​..အချိန်​​ပေါင်းများစွာ..
ကြာပြီးမှာ..ကျွန်​မတိုက်​မိတဲ့အကြိမ်​ကနည်းနည်းလာတယ်​.
လူ​တွေရှင်းလာပြီ..
ကမ္ဘာကြီးကအနည်းငယ်​လည်​​နေသလိုပဲ
ထင်​လို့ပဲလား
"Uni jie!!!"
ကျမကိုမှတ်​မိတဲ့studio က
staff​လေးကလှမ်း​ခေါ်လိုက်​တယ်
"ဘယ်​နား​ရောက်​​နေတာလဲ..luhan geက​မေး​နေ"
"ဘယ်​နားမှာလဲ..အခုသူဘယ်​နားမှာလဲ.."
သူ့စကားကိုဆုံး​အောင်​နားမ​ထောင်​ပဲသူ့ကို
လှုပ်​ယမ်းကာအတင်း​မေး​နေတဲ့ကျမကိုထူးဆန်းစွာကြည့်​ရင်း
"ဟိုဘက်​."
သူပြလိုက်​တဲ့​နေရာကိုကျမတစ်​ဟုန်​ထိုး​ပြေးလာခဲ့တယ်​.
Luhan ge..luhan ge
ဒီ​နေ့ဟာကျမအတွက်​​တော့အရမ်းဆိုးတဲ့​နေ့တစ်​​နေ့ပဲ..
ကျမသွားချင်​တဲ့​နေရာက​ရောက်​ကိုမ​ရောက်​နိုင်​ဘူး
ကျမ မှာပဲပြသနာရှိ​နေတာလား
ခြေလှမ်း​တွေဘာလို့​နှေး​နေတာလဲ..
ဒီ​နေ့တကယ်​ပင်​ပန်း​နေပြီ..
ခေါင်း​တွေလည်း​​အရမ်းမူးတယ်​...
"Ge!!!!!!!!"
Concert hall ​နောက်​လမ်းကြားမှာရပ်​ထားတဲ့
သူ့ကား​ပေါ်လက်​​ထောက်​ထားတဲ့
ကျမနဲ့ဆယ်​​ပေ​လောက်​အကွာက
luhan ge ဟာ
ကျမ​အော်​သံ​ကြောင့်​ဆတ်​ကနဲလှည့်​ကြည့်​တယ်​..
သူပြုံးလိုက်​တာလား..
အဲ့ဒါကအရမ်းကိုပြီးပြည့်​စုံတာပဲ
ကျမဘာလို့ထွက်​သွားဖို့စဉ်းစားမိတာလဲ..
"Luhan ge!!!"
သူကြည့်​​နေရက်​နဲ့​တောင်​ထပ်​​အော်​လိုက်​တဲ့ကျမကို
သူကအနည်းငယ်​စိုးရိမ်​စွာကြည့်​​ရင်းအ​ရှေ့ကိုတစ်​လှမ်း
တိုးလာတယ်​..
မလာနဲ့..
Geဆီကိုယွဲမ်​ပဲ​ရောက်​​အောင်​လာခဲ့မယ်
ကျမသူ့ဆီကို​ပြေးသွားမိတယ်​..
Ge..
ကျမရဲ့luhan ge..
ဘာလို့မ​ရောက်​နိုင်​တာလဲ..ဒီ​လောက်​နီးနီး​လေး​တောင်
Geဆီကိုဘာလို့မ​ရောက်​နိုင်​တာလဲ...
ကျွန်​မ မျက်​စိ​တွေတကယ်​ပြာလာတယ်​.
ဘာမှမမြင်​ရ​တော့ဘူး..
Ge အဲ့ဒီမှာရှိ​နေ​သေးလား..
ကျမရဲ့​ခြေ​ထောက်​​တွေကအားမရှိ​တော့သလိုပဲ
ဆက်​မသွားနိုင်​​တော့ဘူးထင်​ပါရဲ့..
ခဏပါပဲ..luhan geဆီ​ရောက်​​အောင်​..
ခဏပါပဲ..
ကျမ​တွေး​နေတုန်းမှာ
ဘာမှလည်းမမြင်​ရ​တော့ဘူး..
ကျမလဲကျ​တော့မယ်​ထင်​ပါရဲ့..
ဟင့်​အင်း..luhan ge​ရှေ့မှာဒီလိုမဖြစ်​ချင်
ဒါ​ပေမယ့်​...
အေးစက်​စက်​လမ်းမနဲ့ထိ​တွေ့​တော့မယ်​လို့
ထင်​​နေတဲ့ကျွန်​မရဲ့ခန္ဓာကိုယ်​ဟာ
နွေး​ထွေးတဲ့​ပွေ့ဖက်​မှုတစ်​ခုထဲကိုကျ​ရောက်​သွား​လေရဲ့..
Ge..
Luhan ge မဟုတ်​လား..
ဘယ်​သူဖြစ်​နိုင်​ဦးမှာလဲ..
ဒီကိုယ်​သင်းနံ့​လေး​တွေက..
အဲ့ဒီ​နောက်​မှာကျမကမ္ဘာကြီးနဲ့အဆက်​အသွယ်
ပြတ်​သွား​တော့တယ်​..
Pokračovať v čítaní
You'll Also Like
6.5M 179K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...
17.9K 2.2K 25
225K 5.4K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1M 40.5K 49
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...