အစိမ်းရင့်ရင့် အလွမ်း

By AmiCassiopeia

106K 7.6K 451

Yunho Jaejoong More

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း(၉)
အပိုင်း-၁၀
ဇာတ်သိမ်းပိုင်း

အပိုင်း-၈

5.7K 595 35
By AmiCassiopeia

တိတ်ဆိတ်နေသည့် အခန်းထဲ ကျွန်မ အရှေ့တွင် ထိုင်နေသည့် သူ့ရဲ့ သက်ပြင်းချသံသဲ့သဲ့နှင့် ကျွန်မ ရဲ့ သက်ပြင်းချသံသဲ့သဲ့က ရှေ့ဆင့်နောက်ဆင့် ထွက်ကျလာသည် ၊၊ နာကျင်မူတွေနှင့် ကြေကွဲခြင်းတွေ ပါဝင်နေသည့် သူ့ မျက်ဝန်းက ခံစားမူတွေကို ကျွန်မ ထပ်တူ ခံစားနေမိတော့ ကျွန်မ ထိုခံစားမူကြီးကို အံ့သြနေမိပြန်သည် ၊၊ ဒီလောက် နာကျင်စရာတွေ များပြားလွန်းနေတဲ့ အချစ်ကို ဘာကြောင့် ဖက်တွယ်နေသနည်းလို့ ကျွန်မ အံ့သြစွာ တွေးတောမိပြီး သူ့ကို နားမလည်နိုင်စွာ ကြည့်နေမိသည် ၊၊ ဘယ်အရာတွေက နာကျင်ခြင်းတွေကို အံ့တုဖို့ တွန်းအား ဖြစ်စေခဲ့သလဲနော် ၊၊ ထိုတွန်းအားက အချစ်ဆိုရင်တော့ ၊၊ အချစ်ဆိုတာ အင်အားကြီးတဲ့ အဆိပ်ခွက်တစ်ခွက်လား ၊၊

'' ဒါဆိုရင် ရှင်တို့ ပြန်ပြီး အဆင်ပြေသွားခဲ့တယ်ပြောရမှာပေါ့နော် ၊ "

ကျွန်မ ပြောပြီး ,,, စားပွဲပေါ်ရှိ ကော်ဖီခွက်ကို ငေးကြည့်နေသည့် သူ့ကို ကြည့်လိုက်မိသည် ၊၊ အနည်းငယ် ခက်ခဲသည့် သူ့တို့ အနေအထားအတွက် ကျွန်မ စကားအသုံးအနှုံးကို သေချာစဉ်းစားနေရသည် ၊၊ အဆင်ပြေသည်ဆိုသည့် ပြောလိုက်သည့် ကျွန်မ စကား မှန်ရဲ့လား ၊၊ ပြန်တွဲဖြစ်လားလို့ မေးဖို့အတွက်တော့လည်း ကျွန်မ ပါးစပ်က ထိုအခြေအနေကို သဘောကျပြောနိုင်စွမ်း မရှိဘူးလေ ၊၊ သူ ပြောပြသည့် အနေအထားတွေကို ဖြစ်တတ်ပါတယ်လို့ တွေးမိပေမယ့် နားလည်ပေးနိုင်မူကိုတော့ ကျွန်မ မပေးနိုင်ပါ ၊၊ ကျွန်မက အခုလို သဘာဝကို ဆန့်ကျင်သည့် အနေအထားကို လက်မခံနိုင်သူပဲဖြစ်သောကြောင့်ပင် ၊၊

သူ့ ဆီက သက်ပြင်းချသံ နောက်တစ်ကြိမ်ကြောင့် ကျွန်မ့ စိတ်ထဲလည်း အလိုလို မောပန်းလာခဲ့ပြန်သည် ၊၊ အဆင်မပြေခဲ့ဘူးလား ၊၊ တကယ်တော့လည်း အဆင်ပြေဖို့ဆိုတာ သူ့လို လူအတွက် လွယ်ကူပေမယ့် ထိုအဆင်ပြေမူတွေကတော့ ခက်ခဲမှာပင် ၊၊ သူက ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်မဟုတ်လား ၊၊ ကျွန်မ ထိုင်နေသည့် အနေအထားကို ခဏမျှ ပြောင်းရန်စိတ်ကူးပြီး ကိုယ်ကို အနည်းငယ် ကြွကာ မသိမသာ အကျောလျော့လိုက်သည် ၊၊ ပြီးတော့ နေသားတကျ ပြန်ထိုင်ပြီး သူ့ကို တစ်ချက်ပြန်ကြည့်လိုက်သည် ၊၊

'' ဒါဆိုရင် ရှင်တို့တွေ ဘယ်လို ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြလဲ ၊၊ ''

ကျွန်မ မေးခွန်းကို ကြားတော့ စားပွဲကို ငုံ့ကြည့်နေသည့် သူ့ နုတ်ခမ်းလေး ပြုံးလာသည်ကို မြင်လိုက်သည် ၊၊ ကျွန်မ သူ့ရဲ့ အပြုံးကို အဓိပ္ပါယ်ဖော်ဖို့ ကြိုးစားလိုက်ပေမယ့် နားလည်ရခက်ခဲသည့် သူ့ အပြုံးက ကျွန်မ အတွက် မှန်ကန်သည့် အဓိပ္ပါယ်ကို မရရှိစေခဲ့ပါ ၊၊ ဒါပေမယ့် ဒါက ကောင်းမွန်သည့် ခံစားမူ မဟုတ်မှန်းတော့ ကျွန်မ စိတ်ထဲ အလိုလို ခံစားမိပါသည် ၊၊

'' တစ်ချို့လူတွေအတွက်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် လိုအပ်လာပြီဆိုရင် မနက်ဖြန်တိုင်းကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိလာတယ် ၊၊ မျှော်လင့်ချက်တွေ ရှင်သန်လာတယ် ၊၊ ကျွန်တော်တို့ နှစ်ယောက်အတွက်တော့ အဲဒီလို မဖြစ်ခဲ့ဘူး ,,''

သူက ပြောလက်စ စကားကို ဖျက်ကာ အဝေးကို တစ်ချက်ငေးကြည့်လိုက်သည် ၊၊ ပြီးတော့ သူ့ နုတ်ခမ်းက နာကျင်စွာ ပြုံးလာတော့ ကျွန်မ သူ့ရဲ့ ထို အပြုံးကို သိလှတာပဲဟု အလိုလိုတွေးမိလိုက်ပြန်သည် ၊၊ ပြီးတော့ ထိုအတွေးကိုလည်း အားနာနေမိပြန်သည် ၊၊ ဒီလောက်လှပသည့် နာကျင်ခြင်းတွေ လောကမှာ ရှိသည်လား ၊၊ ကျွန်မ ငြိမ်သက်စွာပင် ဆက်ပြောလာမည့် သူ့ စကားကို နားစိုက်ထောင်နေမိသည် ၊၊

'' ကျွန်တော်တို့ နှစ်ယောက် အတူတူ ရှိနေချိန်ဆို အနာဂါတ်ကို ကျွန်တော် ကြောက်တယ်,,''

ဘာရယ်တော့မသိ ၊၊ ထိုစကားလုံးတွေထဲမှာ ကျွန်မ ရင်ဘက်က အသက်ရှုဖို့ကို မွန်းကျပ်စေသည် ၊၊

'' မနက်ဖြန်ဆိုတာကို ရင်မဆိုင်ရဲဘူး ၊၊ သူကလေ ကျွန်တော့်အတွက် မနက်ဖြန်ပေါင်း များစွာကို ဖျက်စီးစေနိုင်သူပဲ ၊၊ ''

သူ့ စကားသံတွေက နားကြည်းရိပ်တွေကို ကျွန်မ မြင်တော့ သူ့ရင်ထဲက နာကြည်းမူတွေက ဘယ်သူ့အတွက်လဲ အဖြေရှာနေမိပြန်သည် ၊၊ သူ့ရဲ့ သက်ပြင်းချသံတစ်ချက် အဆုံး ကျွန်မ စိတ်တွေလည်း အလိုလို မောပန်းလာသည် ၊၊ သူက နဖူးပေါ်ရှိ အညိုရောင် ဆံပင်ပျော့ပျော့ကို လက်ဖြင့် သပ်တင်လိုက်သည် ၊၊

'' ကျွန်တော် သူရှိနေတဲ့ ပစ္စပ္ပန်မှာပဲ နေထိုင်ပြီး အချိန်တွေ ကုန်ဆုံးသွားမှာ ကြောက်ခဲ့တာ ၊၊ ''

ခပ်ဆွေးဆွေး သူ့ စကားသံတွေထဲမှာ နာကျင်မူနှင့် ကြေကွဲမူတွေကို ကျွန်မ အတိုင်းသားခံစားနေမိသည် ၊၊ အလိုလို ပွင့်ထွက်လာသည့် ကျွန်မဆီက သက်ပြင်းချသံကြောင့် ကျွန်မ စိတ်ကို ကျွန်မကိုယ်တိုင်လည်း အံ့သြနေမိသည် ၊၊ ထပ်တူခံစားနေခြင်းက စာနာနားလည်ခြင်းနှင့် ဘာမှ သက်ရောက်မူ မရှိဘူးလား ၊၊ ကျွန်မ နားမလည်စွာ မစာနာနိုင်သည့် ထိုချစ်ခြင်းတစ်ခုအတွက် သူနှင့် ထပ်တူ နာကျင်နေမိသည်က ဘာကြောင့်လဲ ၊၊

'' အနာဂတ်မရှိတဲ့ ချစ်ခြင်းလို့ ကျွန်မ သုံးသပ်လို့ရမလား jaejoong shii ''

ကျွန်မ စကားကြောင့် သူ နုတ်ခမ်းလေး တွန့်ကာ ပြုံးလိုက်သည် ၊၊ အနာဂတ်ဆိုတာ မရှိရင် ဘဝဆိုတာ အသက်ရှင်လည်း အလကားပဲလို့ ခံယူထားသည့် ကျွန်မ အတွက် သူ့ရဲ့ အချစ်က စိတ်ကို မွန်းကျပ်စေလွန်းလှသည် ၊၊ ဒီလို ဆိုးဝါးသည့် အချစ်မျိုးနှင့် ကျွန်မ မဆုံတွေ့ခဲ့တာ တော်တော် ကံကောင်းတာပဲလို့ တွေးလိုက်မိသည်နှင့် တစ်ပြိုက်နက် ကိုကို့ကို ကျေ:ဇူးတင်မိသည် ၊၊ ဖြူစင်သည့် ချစ်ခြင်းဖြင့် ကျွန်မကို လုံခြုံစေသည့် ကိုကို့အချစ်ကို ကျွန်မ ပိုပြီးတန်ဖိုးထားမိသည် ၊၊ သုံးနှစ်ကြာ သိကျွမ်းသည်ဆိုပေမယ့်,,, တွေ့ဆုံသည့် အချိန်နည်းပါးခဲ့သည်ဆိုပေမယ့်,,, ကိုကို့အား ကျွန်မ့ဘဝတစ်ခုလုံး ပေးအပ်ဖို့ ယုံကြည်စွာ ဆုံးဖြတ်လိုက်မိခဲ့သည်မှာ ကျွန်မရဲ့ ကိုကို့အပေါ် ထားသည့် အချစ်ကြောင့်လို့ ပြောရင် မှန်သည်ဆိုရပေမယ့် ကိုကို့ရဲ့ တစ်ပါးသူကို လွှမ်းမိုးနိုင်မူလည်း ပါကောင်းပါလိမ့်မည် ၊၊ ဥပဒေအရာရှိဖြစ်ပြီး ရှေ့နေတာဝန်ကို နှစ်အတန်ကြာ လုပ်ဖူးသည့် ကိုကိုက တစ်ပါးသူကို လွှမ်းမိုးချုပ်ကိုင်နိုင်တာ အဆန်းတော့ မဟုတ်ပါဘူး ၊၊ လူတစ်ယောက်ရဲ့ လိုအပ်ချက်ကို သိမြင်နိုင်သည့် အစွမ်း ကိုကို့မှာရှိသည် ပြောရမည် ၊၊ kim jaejoong က လူတွေရဲ့ စိတ်ကို လိုသလိုပုံသွင်းနိုင်သည့် အစွမ်းရှိသူဆိုရင် ၊၊ ကိုကိုက လူတွေရဲ့ စိတ်ကို ခံစားသိမြင်စေသူ ဖြစ်သည် ၊၊ ကျွန်မ အလိုလို နှိုင်းယှဉ်မိသည့် ကိုကိုနှင့် သူ့ကို တွေးမိတော့ ရူးတာပဲဟု တွေးကာ အသံတိတ်ရီမောပြီး ခေါင်းကို တစ်ချက်ခါယမ်းလိုက်သည် ၊၊ ရူးကြောင်ကြောင်အတွေးတွေ ဆက်မတွေးနဲ့ စောဟာနူး ၊၊

'' နောက်လဆိုရင် ရှင့်မွေးနေ့ရောက်တော့မယ်နော် ၊၊ ''

သူ ခေါင်းငြိမ့်ပြလာသည် ၊၊

'' ရှင့် ပရိတ်သတ်တွေက ရှင့်ရဲ့ အသက်၂၈နှစ်ပြည့် မွေးနေ့မှာ ဘာတွေ ထူးထူးခြားခြား လုပ်ပြမလဲလို့ စိတ်ဝင်စားနေကြတယ် ၊၊ ''

သူက လည်တိုင်ဖွေးဖွေးကို လက်တစ်ဖက်ဖြင့် ပွတ်သက်ပြီး ၊၊

'' ကျွန်တော့်ဘဝရဲ့ အသက် ၂၈နှစ်ပြည့် မွေးနေ့က မမေ့နိုင်စရာ ဖြစ်လာမှာပါ ၊၊ ''

ခပ်ဆွေးဆွေး သူ့စကားက ပြတ်သားခြင်း အရိပ်ယောင်တွေ ထင်ဟပ်နေသည် ၊၊ ကျွန်မ မှတ်စုစာအုပ်ကို နောက်တစ်မျက်နာလှန်လိုက်သည် ၊၊

'' ရှင့်ရဲ့ မွေးနေ့ အစစ်အမှန်က ကျော်ခဲ့ပြီပေါ့ ၊၊ ပရိတ်သတ်တွေ သိတဲ့ မွေးနေ့နဲ့ ဘယ်လောက်ကွာလဲ ''

ကျွန်မ သိချင်စိတ်ဖြင့် မေးလိုက်တော့ သူက ဇင်ယော်တောင်မျက်ခုံးကို အချိုးကျကျ လှပစွာ ပင့်တင်ပြီး ၊၊

'' ၃၇ ရက်ကွာတယ် ''

ဒါဆိုရင် တစ်လကျော်ကျော်ပဲ ကွာတာပေါ့ ၊၊ နောက်လ ကျရောက်မည့် သူ့မွေးနေ့ကို သေချာမသိသည့် ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိသည် ၊၊ အနုပညာရှင်တွေ၏ မွေးနေ့ မွေးရက်များကို မှတ်ထားရလွန်း၍ ရောထွေးနေသည့် ကျွန်မ ဦးနှောက်က သူ့ မွေးနေ့အား နောက်လဆိုတာပင် မှတ်မိတော့သည် ၊၊

စိတ်ထဲ အလိုမကျဖြစ်နေရင်း ကိုကိုနှင့် မွေးလ တူတာပဲဟုလည်း တစ်ပြိုက်နက် တွေးမိပြန်သည် ၊၊ ဒီလမှာ မွေးဖွားသည့် သူများကပင် ထူးချွန်တတ်ကြသည်လား ၊၊ ကျွန်မ တစ်စုံတစ်ခုကို သတိရကာ ၊၊

'' ဟို ,,, jaejoong shi ၊၊ ခဏနော် ၊၊ ကျွန်မ ဖုန်း ခဏဆက်ချင်လို့,,''

'' ရပါတယ်,,''

ပြုံးကာ ပြောလာသည့် သူ့စကားကြောင့် ကျွန်မ အိတ်ထဲမှ ဖုန်းကို ယူပြီး ထိုင်ရာမှ ထကာ စောစောက သူ ရပ်ခဲ့သည့် ပြတင်းပေါက်အနားသို့ လျှောက်သွားလိုက်သည် ၊၊ ကျွန်မ ဖုန်းပါဝါကို ဖွင့်လိုက်စဉ် သူက ထိုင်နေရာမှ ထကာ ဆေးလိပ်တစ်လိပ်ကို သွားယူလိုက်သည် ၊၊ ကျွန်မ ဖုန်းဖွင့်လိုက်သည်နှင့် မမ ပို့ထားသည့် စာများတန်းစီဝင်လာသည် ၊၊ ဆဲထားသည့် စာများမှ လွဲရင် ဘာမှ မဖြစ်နိုင်ဘူးဟု အလိုလို သိတော့ ကျွန်မ ထိုစာများကို မဖတ်ပဲ ရင်နှီးနေကြ ဖုန်းနံပါတ် တစ်ခုကို နှိပ်ရန် ပြင်လိုက်သည် ၊၊ ပြီးမှ နာရီကို တစ်ချက်ပြန်ကြည့်ပြီး ခေါ်မည့်ဖုန်းကို ချလိုက်သည် ၊၊ ဒီအချိန်ဆိုရင် ကိုကိုက မေမေနှင့် ရှိနေမည်ထင်သည် ၊၊ ကျွန်မ ဖုန်းခေါ်မည့် အစီအစဉ်ကို ဖျက်ကာ ကိုကို့ဆီ စာပို့ရန်သာ ဆုံးဖြတ်လိုကိတော့သည် ၊၊

( ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါဆို ,,, ကိုကို )

ကျွန်မ စာကိုပို့ပြီး ထိုင်ခုံရှိရာ ပြန်ထိုင်လိုက်သည် ၊၊ ချစ်သူ ကို မွေးနေ့ ဆုတောင်းစကားတောင် ကဗျာဆန်ဆန် မပို့ပေးတတ်သည့် ကျွန်မကို သူငယ်ချင်းများ သိရင် လှောင်ပြောင်ကြလိမ့်မည် ထင်သည် ၊၊ ဒါပေမယ့် ကျွန်မရဲ့ ညံ့ဖျင်းမူ တစ်ချို့တစ်လေကို ကိုကို ခွင့်လွတ်နားလည်ပေးလိမ့်မည်လို့ ကျွန်မ ယုံကြည်ပါသည် ၊၊ ကိုကိုက စကားနှင့်ပြေပြမရသည့် ခံစားမူတွေကို သိမြင်သူပဲလေ ၊၊

ကျွန်မ ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး စိုက်ကြည့်နေသည့် သူ့ မျက်ဝန်းတွေကြောင့် ပြုံးပြကာ ၊၊

'' sorry နော် ၊၊ ''

'' ရပါတယ်,,''

အေးဆေးစွာ ပြောလာသည့် သူ့ စကားက တည်ငြိမ်နေပေမယ့် သူ့မျကဝန်းက ကျွန်မထံ ရှိမနေပါ ၊၊ စားပွဲပေါ်ရှိ ကျွန်မရဲ့ ဖုန်းကိုသာ ငေးကြည့်နေသည် ၊၊ ကျွန်မ နားမလည်နိုင်စွာ မျက်မှောင်ကျုပ်လျှက် ချောင်းတစ်ချက်ဆိုးလိုက်သည် ၊၊ ကျွန်မ ချောင်းဆိုးသံကြောင့် သူ ကျွန်မကို ပြန်ကြည့်လာသည် ၊၊ ကျွန်မ မှတ်စုစာအုပ်ကို ပြန်ကိုင်ပြီး သူ့ကို ကြည့်လိုက်သည် ၊၊

'' ရှင် ဒုတိယဆိုလိုထွက်ပြီး အနုပညာလောကက တစ်နှစ်လောက် ပျောက်သွားတယ်နော်၊၊ ''

'' အင်း,,''

သူ့ အဖြေက ပင့်သက်ချသံ သဲ့သဲ့သာသာပင် ဟု ကျွန်မ ထင်မိသည် ၊၊ သူ က ပန်းနုရောင် နုတ်ခမ်းကို လှလှပပ တစ်ဖက်သို့ မဲ့ကာ ပြုံးလိုက်သည် ၊၊

'' ဘာလို့လဲ ၊၊ ''

'' ------- ''

တိတ်ဆိတ်နေသည့် သူ့ဆီက အသက်ရှုသံသာ ကြားနေရသည် ၊၊ ကျွန်မ ဖြစ်နိုင်သည့် အကြောင်းအရာများကို တွေးတောနေရင်း စိတ်ကို တင်းကာ ၊၊

'' ရှင် အရာအားလုံးကို စွန့်လွတ်ဖို့ ကြိုးစားခဲ့တယ်ပေါ့ ''

သူ,, ကျွန်မ့ကို သေချာစွာ စိုက်ကြည့်လာသည် ၊၊ ဝန်ခံသည်မဟုတ်သည့် သူ့ မျက်ဝန်းတွေထဲမှာ ငြင်းဆန်ခြင်းမျိုးကိုလည်း ကျွန်မ မခံစားမိတော့ သူ့ရင်ထဲက ချစ်ခြင်းကို အံ့သြတုန်လှုပ်နေမိသည် ၊၊ ကျွန်မသာဆိုရင် ဒီလို သဘာဝမကျသည့် ခံစားမူတစ်ခုအတွက် ဘဝကြီးတစ်ခုလုံးကို စွန့်လွတ်ဖို့ သတ္တိရှိပါ့မလား ၊၊ ဟင့်အင်း ၊၊ ကျွန်မ သတ္တိရှိမည် မထင်ပါ ၊၊

'' ကျွန်တော် သူ့အတွက် အရာရာအားလုံးကို စွန့်လွတ်ချင်ခဲ့တာ ၊၊ စွန့်လွတ်ဖို့ ကြိုးစားခဲ့တာ ၊၊ ''

သူ့ မျက်ဝန်းက မျက်ရည်များနှင့် အရေလဲ့ကာ တောက်ပနေပေမယ့် သူ့ နုတ်ခမ်းကတော့ အထက်စီးဆန်ဆန် ပြုံးနေသည် ၊၊ ကြေကွဲမူ ၊ နာကျင်မူနှင့် ဝမ်းနည်းမူတွေကို ဖေါ်ဆောင်နေသည့် အလွမ်းကို သူ့ရဲ့ လှပသည့် အပြုံးအောက် ကွယ်ဝှက်ထားသည့် သူ့ရဲ့ အခုပုံစံက ကိုကိုနှင့် ကျွန်မ ပထမဆုံး တွေ့ဆုံစဉ်က အတူတူကြည့်ခဲ့ကြသည့် သူ့ရဲ့ တတိယမြောက် ဆိုလို ပိုစတာထဲမှ ပုံစံနှင့် ထပ်တူညီလွန်းလှသည် ၊၊ Only Y, ,, ၊၊ ကျွန်မ စိတ်ထဲ အလိုလို ရေရွတ်နေမိသည် ၊၊

'' ဒါပေမယ့် ,,, အရာရာတိုင်းက ကျွန်တော် ကြိုးစားသလို ဖြစ်လာပေမယ့် ,,, တစ်ချို့ကြိုးစားမူတွေအတွက် ပေးဆပ်ရတဲ့ တန်ဖိုးတွေက အရမ်းများလွန်းခဲ့တယ် ,,''

ကျွန်မ သူ့ အသက်ရှုသံတွေထဲမှာ ဘာစကားမှ မပြောနိုင်ပဲ ငြိမ်သက်နေမိသည် ၊၊ သူ အခန်းပြတင်းက နေရောင်ကို ငေးကြည့်ရင်း နာကျင်စွာ အသံထွက်တစ်ချက်ရီမောလိုက်သည် ၊၊

'' ကျွန်တော် အဲဒီ့အချိန်ခဏလောက်ကို ရပ်တန့်ထားချင်တယ် ၊၊ ဘယ်လိုအရာကမှ ကျွန်တော်တို့နှစ်ယောက်ကို မဖျက်ဆီးနိုင်ဘူးလို့ ယုံကြည်မိတဲ့ အဲဒီ့အချိန်ခဏလေးကို ရပ်တန့်ထားချင်တယ်တယ် စောဟာနူး,,,''

ကျွန်မ ရင်ဘက်ထဲ တင်းကျပ်သည့် ခံစားမူများဖြင့် နေရောင်ကို ငေးကြည့်နေသည့် သူ့ မျက်ကို အဓိပ္ပါယ်မဲ့ ငေးမောကြည့်နေမိတော့သည် ၊၊

◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇

မေးခွန်း- ၈

( အရာရာအားလုံးကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့တာလား)

အမေရိကားကို မသွားဖြစ်သည့် သူက ထိုတစ်ရက် နှစ်အတွင်း ကျွန်တော့် အနားတစ်ချိန်လုံးရှိနေပေးခဲ့သည် ၊၊ ကုမ္ပဏီမှ ဝယ်ပေးထားသည့် ကျွန်တော် နေထိုင်ရာ တိုက်တွင်သာ သူပါ လိုက်နေပေးသည် ၊၊ နာကျင်စွာ စီးကျသည့် ကျွန်တော့် မျက်ရည်များကို သူ သုတ်ပေးရင်း ကျွန်တော့် အနမ်းတွေကို သူ ငြိမ်သက်စွာ လက်ခံပေးရင်း မနက်မိုးလင်းသွားမှာကို ကျွန်တော် ထိုအချိန်က တိတ်တဆိတ်ကြောက်ရွံ့နေခဲ့သည် ၊၊ မနက်ဖြန်တိုင်းမှာ ပြောင်းလဲသွားမည့် အရာတွေထဲ သူ တစ်ယောက် ကျွန်တော့် အနားမရှိတော့မှာ ကျွန်တော် သေလောက်အောင် ကြောက်ရွံ့ခဲ့မိသည် ၊၊ သူက အမေရိကားကို မသွားဖြစ်သည့် အကြောင်းကို အိမ်သို့ ချက်ချင်း အသိမပေးခဲ့ပါ ၊၊ ကျွန်တော့်ရဲ့ အက်စစ်နှင့် အပတ်ခံရသည့် အကြောင်းကို မေမေတို့ သိရှိသွားတော့ မှ မေမေနှင့် ဘွားဘွား ကျွန်တော့်အိမ်ရောက်ရှိလာချိန်မှ သိခဲ့ရသည် ၊၊ ကျွန်တော့် အိမ်တွင် သူ့အား အိမ်နေရင်း ဝတ်စုံနှင့် တွေ့လိုက်ရတော့ မေမေရော ဘွားဘွားရော အံ့သြသွားကြသည် ၊၊ ဘွားဘွားရဲ့ သား အမေရိကားသွားတာ မဟုတ်လား ဆိုသည့် အမေးကို ကြားမှ ကျွန်တော်လည်း သူ အိမ်သို့ ပြောမပြထားမှန်း သတိရမိတော့သည် ၊၊

'' joongie ကိစ္စနဲ့လည်း ဖြစ် ဟိုကအလုပ်ကို ကျွန်တော် ကိုယ်တိုင်လည်း သဘောမကျလို့ပါ''

သူ့ရဲ့ စကားကို ဘွားဘွား ဘာမှ ဆက်မပြောပဲ အံ့သြကာနေလေသည် ၊၊ မေမေကတော့ ထိုအခြေအနေတွေမှာ ဘာစကားတစ်ခွန်းမှ ဝင်မပြောပဲ ငြိမ်သက်နေခဲ့သည် ၊၊ ပြီးတော့ ကျွန်တော့်ရဲ့ ဖြူဖက်ဖြူရော မျက်နာကို ကြည့်ပြီး မေမေက စိတ်မချဘူးဆိုကာ အိမ်သို့ လိုက်နေရန် ပြနခေါ်လေသည် ၊၊ ကျွန်တော့် ကုမ္ပဏီကလည်း ကျွန်တော့်အား အချိန်ခဏမျှ အနားယူရန် ပြောသဖြင့် ကျွန်တော် မေမေနှင့်အတူ ဘူဆန်သို့ ပြန်လည်လိုက်နေဖြစ်ခဲ့သည် ၊၊ သူကလည်း ဘွားဘွားရဲ့ခေါ်ယူမူကြောင့် အိမ်ခဏပြန်လိုက်ဖြစ်သည် ၊၊

ကျွန်တော် အိမ်ပြန်ရောက်တော့ အရင်ကထပ် ကျွန်တော် အထီးကျန်ခြင်း မျိုးကို သိပ်ပြီး မခံစားရပါ ၊၊ ဒါပေမယ့် ထိုခံစားမူက အချိန်ခဏတာပင်ပါ ၊၊ သူ ဆိုးလ်သို့ ပြန်သွားတော့ အထီးကျန်ခြင်းကို ကျွန်တော် ပြန်လည် ခံစားမိပြန်သည်လေ ၊၊ ကျွန်တော် သူ့ကို ထပ်ပြီး ဆုံးရှုံးမခံနိုင်ခဲ့ပါ ၊၊ အချိန်တစ်လမျှနားရန် ဆုံးဖြတ်ထားသည့် ကျွန်တော်က သူ မရှိတော့သည်နှင့် အနုပညာအလုပ်ပြန်လုပ်ရန်ဟု မေမေတို့ကို ပြောကာ နှစ်ပါတ်မပြည့်ခင်ပင် ဆိုးလ်သို့ ပြန်ခဲ့သည် ၊၊ ပြီးတော့ ကျွန်တော် ကုမ္ပဏီမှ တောင်းဆိုထားသည့် စာချုပ်သက်တမ်းကို ထပ်မတိုးပဲ ကုမ္ပဏီမှ ပေးထားသည့် တိုက်တွင် မနေပဲ သူနေထိုင်ရာ တိုက်ခန်းသို့ ရောက်လာခဲ့သည် ၊၊

'' ကျွန်တော် ကလေးနဲ့ အတူတူနေမလို့ ရောက်လာတာ ''

အဝတ်အစား သေတ္တာ ၆ခုဖြင့် သူ့ တိုက်ခန်းတခါးရှေ့ရပ်နေခဲ့သည့် ကျွန်တော့်ကို သူ အံ့သြကာ ဘာစကားမှ မပြောခဲ့ပါ ၊၊ ဒါပေမယ့် သူ ကျွန်တော့်အား နှင်လည်း မထုတ်ခဲ့ပါ ၊၊

'' ကုမ္ပဏီကရော ,,''

'' မသိဘူး,,''

'' တတိယဆိုလိုခွေထွက်ဖို့ စီစဉ်နေတယ်ဆို ,,''

'' မသိဘူး,,''

ညရောက်တော့ သူ့ရင်ခွင်ထဲတိုးဝင်လာသည့် ကျွန်တော့်ကို မေးခွန်းများစွာ သူ မေးလာသည် ၊၊ ကျွန်တော်လည်း သူ မေးလာသည့် မေးခွန်းများကို ခေါင်းခါလျှက်သာ နေမိသည် ၊၊ ကျွန်တော် အခုအချိန်မှာ အနာဂတ်ဆိုတာကို တွေးတောမနေချင်ပါ ၊၊

'' ကလေးကို ကျွန်တော် ချစ်တာပဲ သိတယ်,, ကျန်တာ ကျွန်တော် ဘာမှ မသိဘူး,,''

နောက်ဆုံးတော့ သူ ဘာမေးခွန်းမှ ဆက်မမေးတော့ပဲ ကျွန်တော့်ကိုယ်လေးကိုသာ သူ့ရင်ခွင်ထဲ နစ်မြုပ်အောင် တင်းကျပ်စွာ ဖက်ထားလေသည် ၊၊ သူလည်း ကျွန်တော့်လို ခံစားနေရသည်ဆိုသည်ကို ထိုအချိန်ကတည်းက ကျွန်တော် ခံစားတတ်ခဲ့သည် ၊၊ ဒါပေမယ့် သူက ကျွန်တော့်ထက် ပိုပြီး သည်းခံမြိုသိပ်နိုင်သူဖြစ်၍ မပေါက်ကွဲတာပင် ရှိလိမ့်မည် ၊၊

ကျွန်တော် သူ့ဆီ နေသည့် ၅ ရက်မြောက်နေ့တွင် မေမေ ကျွန်တော့် ဆီရောက်ချလာသည် ၊၊ ထိုအချိန်က သူက အမူတစ်ခုအတွက် အပြင်ရောက်ရှိနေခိုက်ဖြစ်သည် ၊၊ ပြီးတော့ မှတ်မှတ်ရရ ထိုနေ့က မိုးများသည်းထန်စွာ ရွာနေသည့် နေ့ပင် ၊၊ ပတ်ဝန်းကျင်တစ်ခုလုံးက မိုးသားဖြင့် အုံ့မိုင်းနေခဲ့သည် ၊၊

'' သား ကုမ္ပဏီက တေးရေးဆရာဆိုလား ၊၊ မေမေ့တို့ဆီ လာရှာလို့ ,,''

တိုက်ခန်းထဲဝင်လာသည့် မေမေနှင့်အတူ မေမေ့နောက်က တေးရေးဆရာ လီဂျီအာပင် ၊၊ ကျွန်တော် တိုက်သော့ကို မန်နေဂျာဖြင့် ပြန်ပေးခိုင်းကတည်းက ကုမ္ပဏီက ကျွန်တော့်အား ဆက်သွယ်မည်ကို သိ၍ ကျွန်တော် ဖုန်းတောင် ပိတ်ပစ်ထားခဲ့တာ ၊၊ ဒါပေမယ့် ကျွန်တော် ဘယ်မှာ ရှိမလဲဆိုတာ မေမေ သိနေခြင်းကတော့ မေမေက ကျွန်တော့်ရဲ့ မေမေ ဖြစ်နေ၍ပင်လား ၊၊

'' မင်းကို စီအီးအိုက စာချုပ်ကိစ္စ ပြန်လည် ညှိနှိုင်းချင်နေတယ်,,,''

'' ကျွန်တော် အနုပညာအလုပ် ဆက်မလုပ်တော့ဘူး ,, ဆရာ,,''

'' ဘာလို့လဲ,,''

ကျွန်တော် ဘာမှ မပြောပဲ မျက်နာလွဲနေမိသည် ၊၊ မေမေက ကျွန်တော့်ကို စိုက်ကြည့်နေသည် ၊၊

'' ဘာလို့လဲ ,,''

ဒီတစ်ခါမေးသူကတော့ မေမေပင် ၊၊ ကျွန်တော် မေမေ့အား ကြည့်မိတော့ မေမေ ကျွန်တော့်ကို အားတင်းကာ ကြည့်နေသည် ၊၊ မေမေ့မျက်ဝန်းများက အဓိပ္ပါယ်တွေက စိတ်လှုပ်ရှားမူများဖြင့် အရောင်ပြောင်းလဲနေသည်၊၊

'' ဘာလို့လဲ ၊၊ ပြောစမ်းပါဦး ၊၊ သား အရာ အားလုံးကို စွန့်လွှတ်တာ ဘာအကြောင်းကြောင့်လဲ ၊၊ ပြောစမ်းပါဦး,,''

'' ကျွန်တော် ဦးလေးကို ချစ်လို့ ,,''

မေမေ အံ့သြသွားသည် ဆိုပေမယ့် ထိတ်လန့်မနေပါ ၊၊ မေမေ ကြိုတင်ရိပ်မိနေမည်ကို ကျွန်တော် အခုမှ တွေးတောမိသည် ၊၊ ဆရာကတော့ ကျွန်တော့် အဖြေကြားမှာ ဘာပြောရမလဲ မသိဖြစ်နေသည် ၊၊

'' သိတယ်,, မေမေ သိတယ်,, သား ဦးငယ်လေးကို ချစ်တာ မေမေ သိတယ်,, သား ချစ်ရမှာပေါ့ သူက သားဦးလေးပဲလေ,,, ဦးလေးကို သား ချစ်လို့ရပါတယ်,,''

'' ကျွန်တော် ဦးလေးလို ချစ်တာ မဟုတ်ဘူး,,''

မေမေ စကားလုံးများ တိတ်သွားသည် ၊၊ ကျွန်တော် ကလေး မဟုတ်ဘူးမေမေ ၊၊ ခံစားမူကို ရောထွေးတတ်တဲ့ ဆယ်ကျော်သက်အရွယ်မှ မဟုတ်တော့ပဲ ၊၊ ကျွန်တော့် အသက်က ၂၄ ကျော်နေပြီဆိုတာ မေမေ မေ့နေသည်လား ၊၊

'' ကျွန်တော် ကလေးကို ဦးလေးလို ချစ်တာမဟုတ်ဘူးမေမေ, ,, ကျွန်တော် ကလေးကို ချစ်သူတစ်,''

'' တော်တော့!,,, မင်း အဘွား သိရင် သေသွားလိမ့်မယ်,, မင်း ဖေဖေ သိရင်လည်း ယူကြုံးမရဖြစ်လိမ့်မယ်,, သူက သားရဲ့ ဦးလေးလေ ၊၊ ဘာလို့ အဲ့အတွေးမျိုးတွေးရတာလဲ ,,, တော်တော့ ၊၊ ဆက်မပြောနဲ့တော့ ၊၊ မေမေ သားကို မမုန်းချင်ဘူး ၊၊ မေမေ သားကို ခွင့်မပြုနိုင်ဘူး ,,, ''

မျက်ရည်များနှင့် မေမေ့ကို ကျွန်တော် ငေးကြည့်ရုံအပြင် မတတ်နိုင်ခဲ့ပါ ၊၊

''ကျွန်တော်တို့ လက်ထပ်ထားပြီးပြီ,, ကျွန်တော်တို့ အတူတူနေပြီးပြီ,, ပြီးတော့ ကျွန်တော်က မေမေ့သားအရင်း မဟုတ်ဘူးလေ' ''

'' kim jaejoong! !!''

မေမေ့ မျက်ရည်များနှင့် ကြောက်မက်ဖွယ် အော်ဟစ်လိုက်သည် ၊၊ ကျွန်တော့် လက်ကို ဆွဲကိုင်ကာ ကြမ်းပြင်ပေါ် ထိုင်ချကာ ငိုကြွေးနေသည့် မေမေ့ကို ကျွန်တော် နှစ်သိမ့်ပေးဖို့ စိတ်ကူးမရှိခဲ့ပါ ၊၊ ကျွန်တော် နောက်ပြန်လှည့်ကြည့်မိမှာ ကြောက်ရွံနေခဲ့သည်လေ ၊၊ ခဏကြာတော့ မေမေ ကျွန်တော့်ကို စကားတစ်ခွန်းမှ မဆိုပဲ ထွက်သွားခဲ့သည် ၊၊ မေမေတို့ ထွက်သွားသည်နှင့် ကျွန်တော် ဆိုဖါထိုင်ခုံပေါ် အားလျော့စွာ ထိုင်ချလိုက်သည် ၊၊ ကျွန်တော် ထိုင်နေသည့် အချိန်မည်မျှကြာသွားသည်မသိ ၊၊ သူ အလောတကြီး ရောက်ချလာသည် ၊၊

'' မင်း မရီးကို ဘာတွေ ပြောလိုက်တာလဲ ,,''

'' ကျွန်တော် ဘာပြောလို့လဲ,,''

'' ငါတို့ လက်ထပ်ထားတယ်ဆို,,အတူတူနေပြီးပြီဆို ,, မင်း ဘာတွေ လျှောက်ပြောလိုက်ရတာလဲ''

'' ဘာဖြစ်လို့လဲ ,, အတူတူနေပြီး လက်ထပ်လို့ရတာပဲ ,, ကျွန်တော်တို့ အခု အတူတူနေလို့ရတာပဲ ,,,''

'' kim jaejoong! !!!,,''

သူက ကျွန်တော့်ကိုယ်ပေါ်က အဝတ်အစားများကို ဆွဲချွတ်နေသည့် ကျွန်တော့် လက်အား ဆွဲတားရင်း အော်ဟစ်လာသည် ၊၊

'' waeee, ,,, waeeee, ,,,, ကျွန်တော် ကြောက်တယ်,,, ကလေးကို မပိုင်ဆိုင်ရမှာ ကျွန်တော် ကြောက်တယ် ,,, ဒါကြောင့် ကျွန်တော် ဘာမဆို လုပ်မိမှာပဲ ''

'' kim jaejoong, ,,''

ကျွန်တော် ဆွဲတားနေသည့် သူ့လက်ကြားမှ ကျွန်တော့် အဝတ်အစားတွေကို ဆုတ်ဖြဲနေမိသည် ၊၊ စိတ်လိုက်မာန်ပါ အပြုအမူကြောင့် ကျွန်တော့် ပုခုံးက ကျွန်တော့် လက်သည်းနှင့်ခြစ်ကာ သွေးများပင် ထွက်လာသည် ၊၊

'' ကျွန်တော် ရူးလိမ့်မယ်,, ကျွန်တော် အခု ကလေးကို မပိုင်ဆိုင်ရရင် ရူးသွားလိမ့်မယ် ,,''

နောက်ဆုံးတော့ ရုန်းကန်နေသည့် ကျွန်တော့် လက်နှစ်ဖက်ကို သူ ဆွဲချုပ်ကာ ကိုင်ထားပြီး ကျွန်တော့်ရဲ့ အရူးလို စကားသံတွေကို အနမ်းနှင့် ရပ်တန့်လိုက်သည် ၊၊

'' ကိုယ် ရူးတော့မှာ joongie, ,, မင်းကြောင့် ကိုယ်လည်း ရူးတော့မှာ ၊၊ ''

ကျွန်တော့် ဘဝရဲ့ sexကိစ္စပထမဆုံးအတွေ့အကြုံက သူ့တိုက်ခန်းရဲ့ ဧည့်ခန်းရှိ အစိမ်းရောင်ဆိုဖါထိုင်ခုံပေါ်တွင်ဖြစ်သည်၊၊ သူ့အတွက်ရော ကျွန်တော့်အတွက်ရော ပထမဆုံးအကြိမ်ဖြစ်သဖြင့် ထင်ထားသလို ၊ လူတွေပြောသလို သာယာခြင်းမျိုး အပြည့်အဝမရရှိခဲ့ပေမယ့် ထိုပထမဆုံးအကြိမ် ဆိုးဝါးသည့် နာကျင်မူကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မည်မထင်ပါ ၊၊

'' ကိုယ်တို့ ထွက်သွားရအောင်,,ဘယ်သူမှ မရှိတဲ့ နေရာကို ထွက်သွားရအောင် ,,, ကိုယ်တို့ကို ဘယ်သူမှ မသိတဲ့ နေရာ ၊ အဲနေရာမှာ ခြံအကျယ်ကြီးနဲ့ တစ်ခြံလုံးအပြည့် ကိုယ်ကြိုက်တဲ့ အစိမ်းရောင် မြက်ခင်းတွေအပြည့်လေ ၊ မြက်ခင်းပြင်ပေါ်မှာ မင်းကြိုက်တဲ့ အနီရောင်နှင်းဆီ ပန်းခင်းစိုက်မယ်,, နှစ်ယောက်တည်းဆိုတော့ အိမ်ကို အကြီးကြီးမဆောက်ဘူး ,,, အိမ်ကို မှန်နဲ့ဆောက်ပြီး အစိမ်းရောင် လိုက်ကာ ကာမယ်လေ ၊၊ ''

ကြမ်းပြင်ပေါ် လှဲကာ သူက ဆိုဖါထိုင်ခုံကိုမှီပြီး ကျွန်တော့်အား သူ့ရင်ခွင်ထဲထည့်ကာ ကျွန်တော့ ပုခုံးကို နမ်းကာ ပြောနေသည် ၊၊ ကျွန်တော် သူ့ရဲ့ ခြေမကြားထဲ ကျွန်တော့် ခြေမကို ထိုးထည့်ရင်း အနောက်က သူ့ ဆံပင်ကို လက်ဖြင့် ဖွနေမိသည် ၊၊

'' အင်း,, မနက်တိုင်း ကလေးက ကျွန်တော့်ကို နမ်းပြီးနှိုးရမယ် ၊၊ အသက်တွေကြီးလာလည်း ကျွန်တော့်ကို ချောတယ်ပြောရမယ် ၊၊ ပြီးရင် ကျွန်တော် သေသွားရင် ကလေးလိုက်သေရမယ်,,''

'' ကိုယ်အရင်သေရင်တော့ joongie က လိုက်မသေဘူးလား,,''

'' ဟင့်အင်း!,, မသေဘူး,, ကလေးသေရင် ကျွန်တော် လိုက်သေစရာမလိုပဲ အလိုလိုသေသွားမှာ ၊၊ ''

သူက ကျွန်တော့်ကို ဖက်ထားရာမှ ကျွန်တော့်လက်ကို ဆွဲယူပြီး အနီးရှိဘောင်းဘီအိတ်ထဲမှ အနီရောင်ကတ္တီပါဘူးကို ဖွင့်လိုက်သည် ၊၊ ကတ္တီပါဘူးထဲက ငွေရောင်လင်းလတ်နေသည့် လက်စွပ်နှစ်ကွင်း ၊၊ သူက တစ်ကွင်းကို ယူကာ ကျွန်တော့်လက်ကို စွပ်ပေးလိုက်သည် ၊၊ ကျွန်တော်လည်း နောက်တစ်ကွင်းကို သူ့လက်တွင် စွပ်ပေးလိုက်သည် ၊၊ ပြီးတော့ သူ့လက်နှင့်ကျွန်တော့်လက်ကို ထောင်ကာ ကြည့်တော့ ပြတင်းပေါက်မှ မိုးချန်းသံနှင့်အတူချိန်းသွားသည့် လျှက်စီးအကြား လက်စွပ်နှစ်ကွင်းက လင်းလတ်တောက်ပလာသည် ၊၊ မိုးရဲ့အေးစက်မူကို မေ့လျော့ကာ ကျွန်တော့် လည်တိုင်ကို နမ်းကာ ပြောလာသည့် သူ့စကားကိုသာ ရင်ခုန်စွာ ခေါင်းငြိမ့်လိုက်မိသည် ၊၊

'' အခုချက်ချင်း ကိုယ်နဲ့လက်ထပ်ပြီး အခုချက်ချင်း ကိုယ်နောက်လိုက်နိုင်လား joongie, ,,''

ထိုနေ့က သူနှင့်ကျွန်တော် ဆိုးလ်မှ ထွက်လာခဲ့ကြသည် ၊၊ ကျွန်တော့်အတွက်တော့ ထိုအချိန်က အရာရာကို ပိုင်ဆိုင်လိုက်ရသလို ပျော်ရွှင်နေခဲ့သည်လေ ၊၊ ဘယ်အရာကမှ ကျွန်တော်နှင့် သူ့ကို ခွဲခွာနိုင်တော့မှာ မဟုတ်ဘူး ၊၊ ကျွန်တော်တို့နှစ်ယောကိရဲ့ သေဆုံးခြင်းကတောင် ကျွန်တော်တို့ကို ခွဲခွာနိုင်မည် မဟုတ်ဘူးလေ ၊၊ ဒါပေမယ့် တစ်ခြားတစ်စုံတစ်ယောက်ရဲ့ သေဆုံးခြင်းက ကျွန်တော်တို့နှစ်ယောက်အား ခွဲခွာစေခဲ့သည် လို့ ကျွန်တော် ကြိုတင်သိခဲ့ရင် ဒီလမ်းကို ကျွန်တော် ရွေးချယ်မိပါ့မလား ၊၊ ဟင့်အင်း ၊၊ မသေချာဘူးနော် ၊၊ ကျွန်တော် သူ့ကို ထပ်ရွေးခဲ့မလား မသေချာပါ ၊၊ အဘယ့်ကြောင့်ဆိုတော့ မေမေက ကျွန်တော်အား ထင်ထားသည်ထက် များစွာ ချစ်ခင်ခဲ့၍ပင် ဖြစ်သည် ၊၊

◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆

Continue Reading

You'll Also Like

74.6K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
30K 3.6K 16
[ ခေါင်းစဉ်လေးအတိုင်း ဂျစ်ပစီတစ်ယောက်ရဲ့ လွင့်မြောနေတဲ့ အတွေးစတွေပါပေါ့ စီးကရက်တစ်ရှိုက်ဖွာတိုင်း... မိုးဖွဲတစ်ခါကျတိုင်း တစ်ယောက်တစ်ယောက််ကိုမှန်းပြ...
1.3M 61.5K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
3.1K 8 1
နိုင်ငံ​ကျော်သရုပ်​ဆောင်တစ်​ယောက်ဖြစ်​သော်လည်း အနားမှာရှိ​သော ဂုဏ်ရည်တူမိန်းက​လေး​တွေထက် သာမန်မိန်းက​လေးတစ်​ယောက်ကို သ​ဘောကျခဲ့မိတဲ့ "အက္ခရာ​မောင်" င...