ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

By Hannah_is_beautiful

29.9K 3.7K 119

This is not my work. This is a fan translation. All credit to original author and English translator. More

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Ch 25 - Stockholm Syndrome

437 72 5
By Hannah_is_beautiful

အိုဇာရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်၌ ကျိနင်းလျှာကိုက်ပြီးသတ်သေရန်တွေးမိတော့သည်။

အိုဇာနှင့်သူမပတ်သတ်ချင်ပေမဲ့ အခုချိန်၌သူ့ရဲ့ခန္ဓာကိုယ်က ဧကရာဇ်၏ စိတ်စွမ်းအင်ကြောင့် တောင့်ခဲနေသည်။ စကားပြောဖို့မဆိုနှင့် မျက်တောင်ကိုတောင်မနည်းခတ်နေရသည်။

ကျိနင်းရဲ့ခန္ဓာကိုယ် တောင့်သထက်တောင့်လာခဲ့သည်။ အိုဇာကသူ့ကိုချစ်မိသွားခဲ့မှန်းသိပေမဲ့ မော့လင်းအင်ပါယာ၌ လိင်တူချစ်ခြင်းက ပြစ်မှုမြောက်သည့်အပြင် အိုဇာကလည်းခန့်မှန်းရခက်သည်။ သူ့ရဲအချစ်ကမစစ်မှန်ကြောင်း ရံဖန်ရံခါဖော်ပြတတ်သည်။ ထို့ကြောင့် သူ့အနားမှာနေရတိုင်း ကျိနင်းသူ့ကိုယ်သူမသေမချာဖြစ်မိသည်။

အခုသူ့ရှေ့၌ ကျိနင်းဒူးထောက်နေရင်းတောင် သူဘာတွေးနေလဲဆိုတာ ကျိနင်းခန့်မှန်းမရပေ။ သူ့ရဲ့ကြောက်စရာကောင်းလှတဲ့ စိတ်စွမ်းအင်က ဖောက်ထွင်းမရသည့် စိတ်ပိုင်းဆိုင်ရာခုခံမှုကို ဖန်တီးထားသည်။ စိတ်စွမ်းအင်ဖောက်ပြန်ချိန်၌ အိုဇာရဲ့ခုခံမှုကအားနည်းနေသော်လည်း သူ့ရဲ့အတွေးတွေကတော့ အမြဲဖတ်မရခဲ့ပေ။

သူသေဆုံးပြီးပြန်လည်ရှင်သန်လာတာကိုသာ အိုဇာမြင်ရင်ဘယ်လိုတုန့်ပြန်မည်မသိ...သေချာတာကတော့အတော်လေးကြောက်စရာကောင်းလိမ့်မည်။

ငွေရောင်ဆံပင်နှင့်ဧကရာဇ်ဟာ ဝှီးချဲပေါ်၌ လှပစွာထုလုပ်ထားသော ပန်းပုတစ်ရုပ်ကဲ့သို့ လှုပ်ရှားမှုမရှိဘဲထိုင်နေသည်။ ကျိနင်းကိုစိုက်ကြည့်နေပေမဲ့ မျက်နှာအမူအရာကတော့အပြောင်းမလဲမရှိပေ။

ကျိနင်းသူ့ကြောင့်နှောင့်ယှက်ခံလိုက်ရပေမဲ့ ပြေးပုန်းစရာမရှိတာကြောင့် အေးစက်စက်စူးစမ်းနေမှုကို လက်ခံရုံသာတတ်နိုင်သည်။

အချိန်အတော်ကြာပြီးနောက် အိုဇာကလက်မြှောက်ကာလှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည်။ ကျိနင်းရုပ်သေးတစ်ရုပ်လို ချက်ချင်းမတ်တပ်ထရပ်လိုက်ရကာ သူ၏ရှေ့တည့်တည့်၌ရပ်လိုက်ရသည်။

ဖျော့တော့တော့လက်တစ်စုံက သူ့ရဲ့ခါးကိုတင်းကြပ်စွာ ရစ်ပတ်လာသည်။ကျိနင်းရဲ့အံ့ဩနေသည့်အကြည့်အောက်မှာပဲ အိုဇာကဝှီးချဲမှသူ့စီသို့မှီလာကာ ရင်ဘတ်၌သူ၏မျက်နှာကိုမြုပ်နှံထားသည်။ သူ့အားဆုပ်ကိုင်ထားသည်မှာ လွှတ်ပေးလိုက်ရမှာကြောက်နေသည့်ပုံပင်။

...သူဘာလုပ်နေတာလဲ?

ဖြစ်လာနိုင်သည့်ရလဒ်များကိုစဥ်းစားထားပေမဲ့ အိုဇာဒီလိုလုပ်လာမယ်လို့တော့မပြင်ဆင်ထားမိပေ။ အရမ်းထိတ်လန့်သွားတာကြောင့် ဦးနှောက်တောင်စက္ကန့်ပိုင်းလောက် အလုပ်မလုပ်တော့ပေ။ သူ...ဖက်ထားတာလား?

အိုဇာကသူ့ရဲ့ခါးကိုတင်းကြပ်စွာ ဖက်ထားကာ ကျိနင်းရင်ဘတ်၌သူ၏မျက်နှာကို မြုပ်နှံထားသည်။ ကျိနင်းဘက်မှ အိုဇာ၏မျက်နှာအမူအရာကိုမတွေ့ရပေ။ သူ၏ငွေရောင်ဆံပင်တွေ၊ ကော်လာမှပေါ်နေသောဂုတ်သားနှင့် အနည်းငယ်တုန်ရင်နေသော ပုခုံးတို့ကိုသာမြင်ရသည်။

"မင်း...မင်းကသူနဲ့အတော်လေးတူတယ်"

ထိုလူသားရဲ့အသံဟာ တိုးလျပြီး အနည်းငယ်ကြမ်းတမ်းနေသည်။ လှပသည့်အိပ်မက်လေးကို ဖျက်ဆီးမိမှာစိုးသည့်အလား စကားလုံးများကနူးညံ့လွန်းလှသည်။

"ကိုယ်မင်းကိုနောက်ဆုံးတော့တွေ့ခဲ့ပြီ ရှောင်နင်း..."

သူပြောပုံကထူးဆန်းနေသည်။ ကျိနင်းအစပိုင်းတော့ နားမလည်ပေမဲ့ တွေးကြည့်လိုက်ချိန်မှာတော့ အိုဇာကသူ့ကို စိတ်စွမ်းအင်၏ ပုံရိပ်ယောင်တစ်ခုဟု ထင်နေပုံရသည်။

စိတ်စွမ်းအင်ဖောက်ပြန်ခြင်းအဆိုးဆုံးအပိုင်း၌ အိုဇာကပုံရိပ်ယောင်လားအစစ်အမှန်လားဆိုတာ မခွဲခြားနိုင်ပေ။ ကျိနင်းတိတ်တိတ်လေးစိတ်သက်သာရာရသွားသည်။ သူ့ကိုမှတ်မိသွားတာထက် အစစ်နဲ့တူလွန်းသည့် ပုံရိပ်ယောင်ဟုထင်မှတ်နေတာ ပိုကောင်းပါသည်။

သူအခွင့်အရေးရသည်နှင့် ထွက်ပြေးလျှင်ပြေး သတ်သေချင်လည်းသေမည်။ အကျဥ်းချုပ်ရရင်တော့ သူအိုဇာနှင့်အတူရှိမနေချင်ပါ။

အိုဇာကိုကြောက်တာတစ်ခုတည်းကြောင့်မဟုတ်ပေ။ မော့လင်းအင်ပါယာကိုမုန်းတာကြောင့်ဖြစ်သည်။ ဤတိုင်းပြည်က ချီရုဝမ်ရဲ့ ရှအင်ပါယာလိုပဲ မသက်မသာဖြစ်စေသည်။ ဒီလိုနေရာ၌ တစ်ရက်လေးတောင် အချိန်မဖြန်းချင်ပေ။

မူရင်းဝတ္ထုထဲ၌ မော့လင်းအင်ပါယာဟာ နယ်မြေကျယ်ပြန့်ပြီး ဖွံ့ဖြိုးသောနည်းပညာနှင့် အားကောင်းသည့်စစ်တပ်လည်းရှိသည်။ စကြဝဠာတစ်ခုလုံးကလေးစားရသည့် ဧကရာဇ်တစ်ယောက်ရှိပြီး တချိန်တည်းမှာပဲ မကောင်းတဲ့ဘက်ခြမ်းအားဖုံးကွယ်ထားသည်။ ရိုးရာထုံးတမ်းများကြောင့် မော့လင်းဟာ ခေတ်နောက်ပြန်ဆွဲသည့် ဥပဒေများကိုလိုက်နာကာ နှစ်ပေါင်းထောင်နဲ့ချီမပြောင်းမလဲရှိခဲ့သည်။

လူတန်းစားခွဲခြားမှုကလည်း ပြင်းထန်လွန်းသည်။ အောက်ခြေလူတန်းစားများက အထက်တန်းစားဖြစ်မည့်လမ်းကို ကုပ်တွယ်ထားကြသည်။ မင်းမျိုးစိုးမျိုးများက မျိုးဆက်သန့်စင်ရေးထုံးတမ်းကို ယုံကြည်ကြသည်။

သန့်စင်ရေးကို အဓိကတန်ဖိုးထားသူများမှာ တောင်ဝင်မိသားစုဖြစ်သည်။ မိသားစုတွင်းသို့ လက်ထပ်ထိမ်းမြား၍ ဝင်လာကြသည့် ဧကရီများနှင့် မင်းသမီးများဟာ ဆွေကြီးမျိုးကြီးများမှဆင်းသက်လာသူများဖြစ်ပြီး မွေးဖွားလာသောကလေးက ငွေရောင်ဆံနွယ်များရှိမှသာ ဆက်ခံသူအဖြစ်သတ်မှတ်ခံရသည်။ မျိုးဆက်တိုင်းမှာ ငွေရောင်ဆံနွယ်ရှိသည့်မင်းသားများသာရွေးချယ်ခံရပြီး ငွေရောင်ဆံနွယ်ရှိသည့်ကလေးကို မွေးဖွားပေးနိုင်သည့် မိဖုရားသာ အမြင့်ဆုံးရာထူးကိုရရှိသည်။

မော့လင်းအင်ပါယာ၏ တော်ဝင်မိသားစုဟာ ထိုကဲ့သို့ရူးသွပ်မှုမျိုးရှိနေရခြင်းမှာ စိတ်စွမ်းအင်ကြောင့်ဖြစ်သည်။

ဆွေကြီးမျိုးကြီးများဟာ မွေးဖွားလာချိန်၌ ပိုင်ဆိုင်သည့်စိတ်စွမ်းအင်ကြောင့် သူတို့၏ရာထူးကိုထိန်းသိမ်းထားနိုင်သည်။ တော်ဝင်မိသားစုဟာ အားအကောင်းဆုံး စိတ်စွမ်းအင်ကိုပိုင်ဆိုင်ထားပြီး အမျိုးဇာတ်နိမ့်သူများကတော့ ဘာမှမပိုင်ဆိုင်ဘဲ နိမ့်ကျသည့်အလုပ်များကိုသာ လုပ်ရသည်။

အိမ်ရှေ့မင်းသားရာထူးယှဥ်ပြိုင်ရန်အတွက် မျိုးဆက်တိုင်း၏မိဖုရားများသည် စိတ်ပင်ပန်းစွာဖြင့် ပေါ်တင်ရောမသိမသာပါတိုက်ခိုက်ကြကာ သူတို့လက်များကိုသွေးနှင့်အညစ်အကြေးများစွန်းထင်းရန် မတုံ့ဆုတ်ခဲ့ကြပေ။

မော့လင်းရဲ့နန်းတွင်းဟာ မှောင်မိုက်သောမုန်တိုင်းတစ်ခုလိုပင်။ ထိုနေရာ၌နေထိုင်သူတိုင်းဟာ အနှေးနှင့်အမြန် ၎င်း၏သားကောင်များ ဖြစ်ကြရသည်။

ပုလ္လင်ပေါ်တက်လှမ်းနိုင်ပြီး အင်ပါယာ၏ဧကရာဇ်ဖြစ်လာခြင်းကသာ ကလေးတစ်ယောက်ကို ထိုမုန်တိုင်းမှရှင်သန်စေနိုင်တယ်။

ဧကရာဇ်အသစ်မွေးဖွားလာချိန်မှာတော့ မုန်တိုင်းနောက်တစ်ကြိမ်ပေါ်လာဦးမှာဖြစ်ပြီး ကြေကွဲစရာဖြစ်ရပ်များနှင့် သေဆုံးခြင်းများလည်း ကပ်ပါလာဦးမည်ဖြစ်သည်။

ထိုသို့အခြေအနေများ၌ အိုဇာမွေးဖွားလာခဲ့သည်။

သူဟာဧကရီ၏တစ်ဦးတည်းသောကလေးဖြစ်ပြီး မွေးဖွားလာချိန်၌ သူ၏ငွေရောင်ဆံပင်များက သွေးသန့်စင်မှုကိုဖော်ပြနေတာကြောင့် အိပ်ခန်းတစ်ခုလုံးဝမ်းသာသွားခဲ့ရပြီး သူ့အားပုလ္လင်အတွက်တိုက်ခိုက်ရန် အရည်အချင်းပေးအပ်ခဲ့သည်။

ခဏအတွင်းမှာပဲ ပျော်ပွဲရွှင်ပွဲများ ရုတ်ချည်းအဆုံးသတ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်းဆွဲသည်၏ မှော်ပစ္စည်းက မင်းသားသစ်လေးထံ၌ စိတ်စွမ်းအင်တစ်ခုမှ မခံစားမိသောကြောင့်ပင်။ ထို့အပြင် သူ့ခြေထောက်၌ အချိန်နှင့်အမျှ ဆိုးရွားလာမည့် အမည်မသိရောဂါတစ်ခုကလည်းရှိနေ‌သေးသည်။ မကြာခင်၌ မင်းသားငယ်လေးဟာလမ်းလျှောက်နိုင်တော့မှာမဟုတ်ပေ။

သူဟာစွန့်ပစ်ပစ္စည်းတစ်ခုထက်မပိုပေ။

မင်းသားငယ်လေးကို ဘယ်သူမှမနှစ်သက်ခဲ့ကြပေ။ သူ့အား ပုလ္လင်အတွက်တိုက်ခိုက်ရာ၌သာ သုံးနိုင်သည်။ အိပ်ရာပေါ်၌လှဲနေသည့် ဧကရီက အမူအရာမဲ့စွာပြောသည်။

"သူ့ကိုစွန့်ပစ်မိုင်းတွင်းဂြိုလ်ထဲပို့လိုက်"

ငွေရောင်ဆံပင်နှင့်မင်းသားကိုမွေးနိုင်ရန် ဧကရီကအလွန်အမင်းကြိုးပမ်းခဲ့သည်။ ကလေးကယခုကဲ့သို့ သုံးစားမရဖြစ်သွားသည့်အတွက် တိုက်ရိုက်မသတ်လိုက်တာကပင် နောက်ဆုံးသောကြင်နာမှုဖြစ်သည်။

မွေးဖွားခါစမင်းသားငယ်လေးဟာ နန်းတော်မှဖယ်ရှားခံလိုက်ရပြီး မိုင်းတွင်းဂြိုလ်သို့အပို့ခံလိုက်ရသည်။

ထိုဂြိုလ်၌ လူမှုအသိုင်းအဝိုင်းမှ အနိမ့်ကျဆုံးသူများ နေထိုင်ကြသည်။ ကလေးတွေဟာ ထိုနေရာသို့ မကြာခဏစွန့်ပစ်ခံရတတ်ပြီး ဆာလောင်မှုကိုမချက်ပြုတ်ကြဘဲ ထိုသနားစရာကောင်စုတ်လေးများကိုသာစားကြသည်။ မွေးကင်းစလေးတွေဟာ ထိုနေရာ၌ တာရှည်မခံကြပေ။

သို့သော် မင်းသားငယ်လေးစီသို့ မကောင်းသည့်ရည်ရွယ်ချက်နှင့် ချဥ်းကပ်ကြသူများဟာ ဖော်ပြ၍မရနိုင်တဲ့နည်းလမ်းဖြင့် သေဆုံးသွားကြသည်။ သူ့အားကာကွယ်ပေးသူမရှိခဲ့ပေမဲ့ သူ့ရဲ့ကြောက်စရာကောင်းလှသည့် စိတ်စွမ်းအင်ကသတိမထားမိဘဲ ခုခံမှုတစ်ခုဖြစ်သွားကာ ထိုလူများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မှော်ပစ္စည်းကသူ၏စိတ်စွမ်းအင်ကို မစမ်းသပ်နိုင်ခဲ့ခြင်းမှာ မရှိလို့မဟုတ်ဘဲ စမ်းသပ်နိုင်သည့် ပမာဏထက်ကျော်လွန်နေခြင်းကြောင့်ဖြစ်သည်။ ပမာဏအမှန်ကိုစမ်းသပ်နိုင်သည့်နည်းလမ်မရှိသည့်အတွက် ဘာမှထွက်မလာခဲ့ခြင်းပေ။

ဧကရီဟာ သူမ၏ကလေးပျောက်ဆုံးသွားပြီး အခိုးခံလိုက်ရတာပါဟု ခင်ပွန်းအား ငိုယိုပြောသည်။

ဧကရာဇ်က သူမအားနှစ်သိမ့်ပေးပေမဲ့ ကလေးအားရှာရန်တော့မကြိုးစားခဲ့ပေ။ ခွန်အားကျဆင်းလာသည့် မျိုးရိုးမြင့်မိသားစုတစ်စုကို တွေ့ရှိသွားပြီး တစ်မိသားစုလုံးကိုထိုအတွက်အပြစ်တင်ကာ သတ်ဖြတ်ခဲ့သည်။ ကိစ္စဟာထိုသို့ပြီးသွားခဲ့သည်။

အသက်ရှင်သန်နိုင်ရေးအတွက် မိုင်းတွင်းဂြိုလ်ပေါ်မှ မင်းသားငယ်လေးဟာ သူ့အနားမှလူများကိုသူ့အတွက်အစားရေစာရှာဖွေပေးရန် လှည့်စားခဲ့သည်။ ခက်ခဲမှုများနှင့် တစ်နေ့ထက်တစ်နေ့ကြီးပြင်းလာခဲ့သည်။

နှစ်အချို့ကြာပြီးတဲ့နောက်မှာ သူဌေးတစ်ယောက်က မိုင်းတွင်းဂြိုလ်ကိုဝယ်ခဲ့ပြီး စိတ်စွမ်းအင်အားကောင်းလွန်းလှသည့် မင်းသားကိုမတော်တဆတွေ့ရှိသွားသည်။ သူ့အားအိုဇာဟုအမည်ပေးကာ အိမ်သို့ခေါ်ယူမွေးစားခဲ့သည်။

သူဌေးကသူ့ရဲ့ မသန်စွမ်းတဲ့ခြေထောက်တွေနှင့်ပတ်သတ်ပြီး မစိုးရိမ်ပါ။ စိတ်စွမ်းအင်သာ လုံလုံလောက်လောက်အားကောင်းနေမယ်ဆိုရင် သူ့ခန္ဓာကိုယ်ကအောင်မြင်မှုလမ်းကြောင်းမှာ အတားအဆီးတစ်ခုဖြစ်လာမည်မဟုတ်ပေ။

အိုဇာအသက်ဆယ့်ငါးနှစ်၌ သူဌေးကသူ့ရဲ့မွေးစားသားကို အင်ပါယာ၏အကောင်းဆုံးအဖွဲ့အစည်းဖြစ်သည့် စစ်တက္ကသိုလ်၌ စက်မှုဘာသာရပ်ကို သင်ကြားစေသည်။ စက်မှုဘာသာရပ်က ခန္ဓာကိုယ်ကိုသိပ်မသုံးရဘဲ စိတ်စွမ်းအင်ဖြင့် စက်များကိုထိန်းချုပ်နိုင်ဖို့သာလိုသည်။

အိုဇာတက္ကသိုလ်သို့ရောက်ပြီးနောက်မှာ ကျိနင်းက 'မော့လင်းဧကရာဇ်' ဝတ္ထုထဲသို့ဝင်လာခဲ့သည်။ သူ့ရဲ့ကိုယ်ရေးအချက်အလက်က အိုဇာရဲ့အတန်းဖော်ဖြစ်ပြီး လျှို့ဝှက်အချက်အလက်ကတော့ သူကမင်းသားဖြစ်သည်။

အမှန်တိုင်းဆိုရလျှင် ကျိနင်းကမင်းသားအစစ်မဟုတ်ပေ။ သူဟာတော်ဝင်သွေးမဟုတ်။ သူ့ရဲ့အမည်ခံအမေက ဧကရာဇ်၏မိဖုရားဖြစ်သည်။ သို့သော်သူမကသူ၏အဒေါ်ဖြစ်ပြီး သူကတော့သူမအစ်မ၏ကလေးဖြစ်သည်။

မိဖုရားချုံဟာဧကရာဇ်၏နှစ်သက်ခံရသည့်မိဖုရားဖြစ်ပေမဲ့ ကံမကောင်းစွာပဲသူမကကိုယ်ဝန်မဆောင်နိုင်ပေ။

သူမ၏ဘဝတစ်လျှောက်လုံးကိုသေးနုပ်သည့် မိဖုရားအဖြစ်နှင့်သာ မကုန်ဆုံးချင်သည့်အတွက် ကိုယ်ဝန်ရှိဟန်ဆောင်ကာ သူမအစ်မ၏ကလေးကိုနန်းတွင်းသို့ခေါ်လာပြီး ဧကရာဇ်၏ကလေးဟုလိမ်ညာခဲ့သည်။

ကျိနင်း၏အကြီးမားဆုံးပြစ်ချက်က သူ့မှာဆံပင်အနက်ရောင်တွေရှိနေခြင်းပင်။ သို့သော် အားကောင်းသည့် စိတ်စွမ်းအင်တော့ရှိသည်။ မိဖုရားကပိုကောင်းတဲ့တစ်ယောက်ကိုမရှာနိုင်သည့်အတွက် သူ့ဆံပင်များကိုငွေ ရောင်သို့ပြောင်းစေသည့် တရားမဝင်သည့်ဆေးများကို ပုံမှန်တိုက်သည်။ တော်ဝင်မိသားစုမှဆင်းသက်လာသူများသာ ဤထူးခြားသည့်ငွေရောင်ဆံပင်များရှိသည့်အတွက် မျိုးဆက်စာမေးပွဲကိုအောင်မြင်သွားခဲ့သည်။

ကျိနင်းအသက်ကြီးလာသည့်အခါ တရားမဝင်ဆေးများက အာနိသင်နည်းသထက်နည်းလာခဲ့ပြီး တစ်ခါတစ်ရံဆို လုံးဝအလုပ်မဖြစ်တော့ပေ။ မိဖုရားချုံခမျာအလွန်စိတ်သောကရောက်နေရပေမဲ့ သူမ လုပ်နိုင်ခဲ့တာဘာမျှမရှိပေ။

ဆေးတွေလုံးလုံးအလုပ်မလုပ်တော့မှာကိုစိုးရိမ်သည့်အတွက် ကျိနင်းစစ်တက္ကသိုလ်တက်သည့်အခါ မိဖုရားချုံကသူ့အားမင်းသားအဖြစ်မဝင်စေခဲ့ပေ။ သူမမိသားစုနာမည်အောက်မှ တော်ဝင်မျိုးနွယ်တစ်ယောက်အဖြစ်နေစေခဲ့သည်။ တက္ကသိုလ်၏ ဝင်ခွင့်စစ်ဆေးချက်က ကျိနင်းအားတော်ဝင်မျိုးနွယ်အဖြစ်အသိအမှတ်ပြုမှာမဟုတ်သည့်အတွက် သူမ၏အလိမ်အညာတွေပေါ်သွားနိုင်လေသည်။ ထို့ကြောင့်၎င်းဟာမှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

မိဖုရားချုံကဧကရာဇ်ကို မင်းသားလေးအာဏာရှင်ဆန်သွားမှာကိုစိုးရိမ်သည့်အတွက် သူ့ရဲ့တော်ဝင်ဂုဏ်ပုဒ်ကိုမမှီခိုဘဲ ပြင်ပလောကကိုလေ့လာတွေ့ကြုံသင့်ကြောင်း ရှင်းပြခဲ့သည်။

မင်းသားမှာကိုယ်ပိုင်တော်ဝင်အမည်ရှိပေမဲ့ ကိုယ်ရေးအချက်အလက်ကိုဖုံးကွယ်ရန် အိုဇာနှင့်မတွေ့ဆုံခင်လောက်ကပင် ကျိနင်းဟုအမည်ပြောင်းခဲ့သည်။

မူရင်းဝတ္ထုထဲမှမင်းသားက အိုဇာကိုမုန်းတီးသည့် ဗီလိန်တစ်ယောက်ဖြစ်သည်။ မိဖုရား၏အလိုလိုက်ခြင်းကိုခံရပြီး မောက်မာသည့်သူဖြစ်သည်။ သူဟာအိုဇာကို အံ့ဩလောက်စရာအရည်အချင်းရှိသည့် သာမန်လူတစ်ယောက်ဟုတွေးထားသည့်အတွက် သူ့အတွက်ဆူးညှောင့်တစ်ခုထက်မပိုပေ။ အိုဇာကိုရှင်းပစ်ရန် ယုတ်မာသည့်လုပ်ရပ်များကိုလုပ်ခဲ့သည်။

ကျိနင်းပထမဆုံးဝင်ရောက်သွားချိန်၌ မင်းသားကရက်စက်သည့်လုပ်ရပ်များကို လုပ်ဆောင်ပြီးဖြစ်ကာ အိုဇာကလက်တုံ့ပြန်တော့မည့်အချိန်မှာဖြစ်သည်။

ထိုအချိန်၌ ကျိနင်းသေချင်သွားသည်။ ထိုအချိန်မျိုး၌ အိုဇာကိုဆွဲဆောင်ရမည်မှာ တွေးတောင်မတွေးကြည့်နိုင်ပါ။ သူနှင့်အိုဇာ၏ဆက်ဆံရေး ပြောင်းပြန်ဖြစ်သွားသည့် နေ့ဟာသိပ်မကြာခင်မှာပဲရောက်လာခဲ့သည်။ ထိုနေ့၌ ကျိနင်းဟာမင်းသားအတုဖြစ်ကြောင်း အိုဇာသိသွားခဲ့သည်။

တက္ကသိုလ်၏သွေးစစ်ဆေးချက်၌ အိုဇာကတော်ဝင်သွေးဖြစ်ကြောင်းပေါ်လာခဲ့ပြီးနောက် အိုဇာကိုဧကရီကမှတ်မိသွားကာ သူ၏မင်းသားရာထူးကိုပြန်လည်ရရှိပြီးဖြစ်သည်။

သူမကအိုဇာကိုစွန့်ပစ်ခဲ့သည့်အတွက် နောက်နှစ်ပေါင်းများစွာတိုင်အောင် နောက်ထပ်ကလေးမမွေးနိုင်ခဲ့ပေ။ မိဖုရားလောက်မရဲတင်းသည့်အတွက် တခြားသူရဲ့ကလေးကိုလည်း သူ့ကလေးမလုပ်နိုင်ပေ။ အိုဇာမှာအားကောင်းသည့်စိတ်စွမ်းအင်ရှိကြောင်းတွေ့ရသည့်အခါ အိမ်ရှေ့မင်းသားနေရာအတွက်မျှော်လင့်ချက်များ ပြန်လည်တောက်ပလာခဲ့သည်။ အိုဇာကထိုနေရာအတွက် ယှဥ်ပြိုင်နိုင်သည်ဟုမျှော်လင့်သည့်အတွက် အလျင်အမြန်ပဲအိုဇာကိုအသိအမှတ်ပြုခဲ့သည်။

အိုဇာနန်းတွင်းသို့ပြန်လည်ရောက်ရှိလာသည့်အခါ သူ့ရဲ့အတန်းဖော်ကျိနင်းက မင်းသားတစ်ပါးဖြစ်သည့်အပြင် ညီအစ်ကိုတဝက်တော်‌ကြောင်းသိလိုက်ရသည်။ သို့သော် ဝတ္ထုနောက်ပိုင်း၌ ကျိနင်းကအတုဖြစ်ကြောင်းရှာတွေ့သွားပြီး သူ၏သေခြင်းရှင်ခြင်းကိုလက်ထဲ၌ချုပ်ကိုင်နိုင်ခဲ့သည်။

ထိုပြစ်မှုဟာအလွန်ဆိုးရွားလွန်းသည့်အတွက် မိဖုရားချုံရဲ့တစ်မိသားစုလုံးသေသွားနိုင်သည်။ ဝတ္ထုထဲမှမင်းသားတုကအလွန်ကြောက်ရွံ့လွန်းသည့်အတွက် အိုဇာ့အားဒူးထောက်အသနားခံခဲ့သည်။ ထိုစဥ်ကကျိနင်း၌ဇာတ်လမ်းကိုပြောင်းလဲနိုင်သည့် အာဏာမရှိသေးတာကြောင့် မူရင်းအတိုင်းပဲ အိုဇာထံသွားကာအသနားခံခဲ့ရသည်။

"မင်းကငါ့ခွင့်လွှတ်မှုကိုလိုချင်တယ် ပြီးတော့မင်းရဲ့သရုပ်မှန်ကိုကူပြီးဖုံးပေးထားရမယ်?"

အိပ်ခန်းထဲ၌ အိုဇာကဝှီးချဲပေါ်မှာထိုင်ကာ လက်ထဲမှာသားရေကြာပွတ်ကိုကိုင်ထားရင်း ကျိနင်းအားကြည့်နေသည်။ အပြုံးမမည်သည့်အပြုံးမျိုးပြုံးရင်း "ကောင်းပြီ"

"တကယ်လား အစ်ကိုတော်? တကယ်ကျွန်တော့်ကိုခွင့်လွှတ်ပေးတာလား?"

အိုဇာအား အစ်ကိုတော်ဟုခေါ်ကာ အလွန်စိတ်အားထက်သန်နေသည့် မျှော်လင့်ချက်အမူအရာကိုပြထားသည်။ မင်းသားအတုက ယခုလိုဘွဲ့နာမည်တပ်ခေါ်ရတာအမုန်းဆုံးပေမဲ့ ကျိနင်းကတော့လွယ်လွယ်ကူကူပဲခေါ်လိုက်သည်။

မူရင်းခန္ဓာကိုယ်က အိုဇာကိုဆိုးဆိုးရွားရွား ဆက်ဆံထားသည့်အတွက် ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကျိနင်းသိသည်။

အိုဇာကကြင်နာတတ်သည့်သူလုံးဝမဟုတ်ပေ။ တခြားသူတွေသူ့အပေါ်ဘာလုပ်ခဲ့တယ်ဆိုတာ မှတ်ထားပြီး အဆပေါင်းထောင်နဲ့ချီပြန်ပေးဆပ်ခိုင်းသည်။ မူရင်းဝတ္ထုထဲ၌ သူ့အားစွန့်ပစ်ခဲ့သည့်အတွက် မွေးအမေတောင်ဆိုးရွားစွာအဆုံးသတ်ခဲ့ရသည်။ ကျိနင်းဆိုပြောမနေနဲ့တော့။

"ဒါပေမဲ့မင်းတစ်ခုတော့နားလည်ထားရမယ် ရှောင်နင်း"

ငွေရောင်ဆံနွယ်နှင့်မင်းသားကခပ်ဖွဖွရယ်သည်။ သူ့ရဲ့အပြုံးကတောက်ပနေသည်။ 'ကျိနင်း'ဆိုသည့်အမည်က မင်းသားအတုရဲ့နာမည်အတုဖြစ်ပေမဲ့ ထိုနာမည်နှင့်ပိုပြီးကျင့်သားရသည်။ မင်းသားအတု၏နာမည်အစစ်ကိုသိပေမဲ့ သူ့ရဲ့ခေါ်နည်းကိုတော့ပြောင်းမှာမဟုတ်ပေ။

"ပြောပါ အစ်ကိုတော်" ကျိနင်းပြောလိုက်သည်။

အိုဇာကကျိနင်း၏ကော်လာမှဆွဲကာသူ့ခြေထောက်၌ ဒူးထောက်ခိုင်းလိုက်သည်။

လက်ထဲမှကြာပွတ်ကိုသုံးကာ ကျိနင်းရဲ့မေးစေ့ကိုညင်သာစွာမော့လိုက်သည်။ အစိမ်းရောင်ရေကန်လိုမျက်လုံးများကပြုံးနေပြီး သူ့အသံကနှစ်လိုဖွယ်ကောင်းနေသည်။ သို့သော်ပြောလာသည့်စကားများကတော့အေးစက်လှ၏။

"မင်းအမေကမင်းကိုမသင်ကြားပေးခဲ့တော့ ငါကပဲသင်ပေးမယ် တစ်ခုခုကိုတောင်းချင်ရင် သူနဲ့ညီမျှတဲ့တစ်ခုခုကိုလည်းပေးရမယ်လေ။ မင်းငါ့ကိုဘာပေးမှာလဲ?"

"အစ်ကိုတော်ပြောသမျှ ကျွန်တော်အကောင်းဆုံး..."

မူရင်းဝတ္ထုထဲမှစာကြောင်းများအတိုင်းကျိနင်းပြောလိုက်သည်။ သို့သော်ဆုံးအောင်တောင်မပြောရသေးခင် ကြာပွတ်ကရိုက်ချလိုက်သည့်အတွက် နာကျင်စွာအော်ဟစ်လိုက်ရပြီး ကြမ်းပြင်ပေါ်သို့ပုံကျသွားသည်။

"ကိုယ့်နေရာကိုယ်သိ ငါ့ကိုအစ်ကိုတော်လို့မခေါ်နဲ့"

အိုဇာကသူ့ကိုအထက်စီးဆန်စွာကြည့်နေပြီး သူ၏မျက်လုံးသေများကခံစားချက်ကင်းမဲ့နေသည်။

"တောင်းပန်ပါတယ် အရှင့်သားအိုဇာ..." ကျိနင်းနာကျင်မှုကိုသည်းခံကာ ခေါင်းငုံ့အရိုအသေပေးလိုက်သည်။

"စိတ်မကောင်းစရာပဲ ငါလိုချင်တာကိုမင်းမပေးနိုင်မှာစိုးတယ်" အိုဇာကပြုံးရင်းပြောသည် "ဘာလို့ဆိုငါလိုချင်တာကတစ်ခုထဲပဲ မော့လင်းရဲ့ပုလ္လင်"

"..."

"အဲ့ဒါကလွဲရင် မင်းမှာရှိတာတွေအကုန် တန်ဖိုးမရှိဘူး"

ချောမောသည့်မင်းသားကသူ့ရဲ့ခေါင်းကိုမော့လိုက်သည် "မင်းငါ့ကိုပေးနိုင်သည့်တစ်ခုတည်းသောအရာက မင်းကိုယ်တိုင်ပဲ အဲ့လိုဆိုရင်တောင်မှ ငါ့ရဲ့ခွင့်လွှတ်မှုကိုတောင်းခံချင်တုန်းပဲလား?"

"...ကျွန်တော်ဆန္ဒရှိပါတယ် အရှင့်သားအိုဇာ" ကျိနင်းမှာရွေးစရာမရှိတာကြောင့် အံကြိတ်ရင်းသာပြန်ဖြေလိုက်ရသည်။

"ဒါဆိုအခုကစပြီးမင်းကငါ့အပိုင်ပဲ"

အိုဇာကအောက်ကိုနည်းနည်းကိုင်းလိုက်ပြီး ကျိနင်းကိုမြေပေါ်မှဆွဲထူပေးသည်။ သူ့ရဲ့မျက်လုံးထဲသို့ပြုံးရင်းစိုက်ကြည့်ကာ "ငါတို့ရှေ့လျှောက်အဆင်ပြေမယ်လို့မျှော်လင့်တယ် ရှောင်နင်း"

ဒီလိုဆက်ဆံရေးမျိုးတည်ဆောက်လိုက်ရလို့ အိုဇာတစ်ယောက်သာပျော်နိုင်သည်။ ကျိနင်းကတော့ပျော်ရ  လောက်အောင်ရူးမနေပါ။

ထိုအချိန်မှစ၍ အိုဇာကပြီးပြည့်စုံစွာပြုလုပ်ထားသည့်မျက်နှာဖုံးကို ဖယ်ပစ်လိုက်ပြီး သူ့ရဲ့စရိုက်အစစ်အမှန်ကိုပြသလာခဲ့သည်။ တဖြေးဖြေးနှင့်ထိုလူဟာ ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း ကျိနင်းသိလာရသည်။

မွေးမိခင်ထံမှစွန့်ပစ်ခံလိုက်ရပြီး ရက်စက်လှသည့်မိုင်းတွင်းဂြိုလ်၌ကြီးပျင်းလာရတာကြောင့် အိုဇာထံမှာလေးလံလှသည့် စိတ်ပိုင်းဆိုင်ရာအရိပ်များရှိနေသည်။ သူ့ရဲ့စိတ်အခြေအနေကမတည်ငြိမ်တာကြောင့် စိတ်စွမ်းအင်ကိုထိန်းချုပ်နိုင်စွမ်းမဲ့သွားတတ်သည်။

အိုဇာထိန်းချုပ်နိုင်စွမ်းမဲ့သွားတာကို ကျိနင်းအကြိမ်ပေါင်းများစွာ ကြုံဖူးသည်။ သူ့ရဲ့စိတ်စွမ်းအင်က မိုင်းတွင်းဂြိုလ်မှနေထိုင်သူများ၊ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးများ၊ အင်ပါယာ၏ဧကရီသူ့အမေအဖြစ်သို့ ရစ်ပတ်ရှုပ်ထွေးသွားတတ်သည်။

ပေါ်လာသည့်ပုံရိပ်ယောင်များကို အိုဇာကိုယ်တိုင်သတ်ပစ်ခဲ့သည်။ သူ့အမေပင်ပါဝင်သည်။ သူမကသူ့ကိုစွန့်ပစ်ခဲ့သည့်အတွက် သူမအားအမုန်းဆုံးဖြစ်သည်။ သူမပေါ်လာတိုင်း သူ၏လက်ဖြင့် လည်ပင်းညှစ်လေ့ရှိကာ ထိုသည်မှာပုံရိပ်ယောင်ကိုယ်တိုင်အငွေ့ပျံသွားသည်အထိပင်။

တစ်ခါတစ်လေပုံရိပ်ယောင်တွေပျောက်သွားရင်တောင် အိုဇာကစိတ်လွတ်နေတတ်သည်။ ထိုအချိန်မျိုး၌ ကျိနင်းကသူ့လက်၌ခံစားရတော့သည်။ ကံကောင်းစွာဖြင့် ကျိနင်းကိုမမှတ်မိရလောက်သည်အထိတော့ စိတ်မလွတ်ဖူးပေ။ မဟုတ်ပါက ကျိနင်းကိုပါသတ်ပစ်နိုင်ချေရှိသည်။

ဤစိတ်ပျက်စရာဆက်ဆံရေးကြီးအတိုင်းသာဆက်သွားနေလျှင် ဒီတစ်ဘဝလုံးအိုဇာသူ့ကို ချစ်မိလာမှာမဟုတ်ဟု ကျိနင်းထင်သည်။ နောက်ဆုံးရွေးချယ်စရာအဖြစ် ကျိနင်းအလွန်ပြင်းထန်လွန်းသည့်လမ်းကြောင်းကို ရွေးချယ်လိုက်ရသည်

သူ့ဘက်ကအိုဇာကိုအရင်ချစ်မိကြောင်းဟန်ဆောင်ရတော့မည် : Stockholm syndrome

T/N note

( Stockholm syndrome = ပြန်ပေးဆွဲခံရခြင်းသို့မဟုတ် ဆိုးရွားစွာဆက်ဆံခံရပြီးနောက် ကျူးလွန်ခံရသူမှ ကျူးလွန်သူအပေါ်၌ဖြစ်ပေါ်လာသော ယုံကြည်မှု သို့မဟုတ် ချစ်ခင်စွဲလန်းမှု )

အိပ်ခန်းအလွတ်ထဲ၌ ဧကရာဇ်ဟာ သူ့ရှေ့မှပုံရိပ်လေးကို ဖက်တွယ်ထားသည်။

၎င်းဟာသူ့ရဲ့စိတ်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်လေးဖြစ်တယ်ဆိုတာ သိသော်လည်း ထိုပုံရိပ်ဟာအစစ်ဟု ထင်မှတ်ရလောက်အောင် လက်တွေ့ဆန်လွန်းနေတာကြောင့် ပုံရိပ်ယောင်လေးထံမှ နွေးထွေးမှုကိုတောင့်တနေမိသည်။

ထိုသူဟာသူချစ်သောသူဖြစ်သည်။

ထို့အပြင်ထိုသူဟာလည်း သူချစ်သလောက် သူ့ကိုချစ်ခဲ့သည်။

သူအရင်ကဘယ်သူ့ကိုမှ မချစ်နိုင်လောက်ဟုတွေးခဲ့သည်။ ဘယ်သူကမှလည်း သူ့ရဲ့အစစ်အမှန်ကို ချစ်နိုင်မှာမဟုတ်ဟု ထင်ခဲ့သည်။ ထိုသူ ကျိနင်း တစ်ယောက်သာလျှင် ဤတစ်လောကလုံးမှချွင်းချက်ဖြစ်သည်။

မူလအစ၌ သူတို့၏ဆက်ဆံရေးက ဆိုးရွားခဲ့သည်။ ကျိနင်းဟာ သူ့ကိုမုန်းလွန်းသည့်အတွက် အကြိမ်ကြိမ်ထောင်ချောက်ဆင်ခဲ့သည်။ ထို့ကြောင့် သူ့ရဲ့အားနည်းချက်ကိုဖမ်းဆုပ်မိချိန်မှာ သူ့အားဆိုးရွားစွာနိုပ်စက်ရန် မတွန့်ဆုတ်ခဲ့ပေ။

သို့သော် ဘယ်အချိန်ကစတင်ခဲ့မှန်းမသိပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ တိတ်တဆိတ်ပြောင်းလဲသွားခဲ့သည်။ ကျိနင်းကသူ့ကိုအမုန်းတရားတွေနှင့်ပြည့်နေသော မျက်လုံးတွေနဲ့မကြည့်တော့။ ထိုအစား မျက်လုံးတွေဟာ အမည်မသိခံစားချက်တစ်ခုခုကို ဖုံးကွယ်ထားသလို တဖြည်းဖြည်းရှုပ်ထွေးလာခဲ့သည်။

၎င်းဟာ ရွံ့နွံထဲမှ အဖိုးတန်လွန်းသည့် ပန်းလေးတစ်ပွင့် ဖူးပွင့်လာခဲ့သလိုပင်။ သူတောင်မသိလိုက်ခင်မှာ အမုန်းမှအချစ်သို့ပြောင်းလဲသွားခဲ့သည်။


...သူကသူ့ကိုကြိုက်တယ်တဲ့လား?

ကျိနင်းအတွေးတွေကို သူပထမဆုံးသတိထားမိချိန်၌ အိုဇာအလွန်အံ့ဩခဲ့ရသည်။

သူ့အားလူတွေ'ကြိုက်' ကြတာနှင့်မစိမ်းသက်ပါ။ သူ့ခြေထောက်မှာပြဿနာရှိနေပေမဲ့ သူဟာရုပ်ချောသည်၊ စိတ်စွမ်းအင်အားကောင်းသည်၊ မင်းသားတစ်ပါးဖြစ်သည်။ သူ့အမေဟာလည်း အင်ပါယာ၏ဧကရီဖြစ်ပြီး မိန်းကလေးအများစုဟာ သူ့ရဲ့စရိုက်လက္ခဏာအတုမှာဆွဲဆောင်ခံကြရသည်။ သူတို့ကပြက်ရယ်ပြုစရာကောင်းသည်ဟု တွေးထင်ခဲ့သည်။

သူ့အားမည်သူမှမကြိုက်နိုင်ပေ။

သူဟာကမ္ဘာကြီးထံမှ စွန့်ပစ်ခံထားရသူတစ်ယောက်။ သူ့ရဲ့စိတ်အခြေအနေက မသေချာ၊ ခံစားချက်မဲ့၍ ရက်စက်သည်။ သူဟာထိန်းချုပ်မှုအောက်မှလွတ်သွားတတ်သည့် ကြောက်စရာ၊ သနားစရာကောင်းသည့် အရူးတစ်ယောက်။ သူ့အမေကိုယ်တိုင်တောင် သူ့အပေါ်ချစ်ခင်ကြင်နာမှုမရှိတာ ဘယ်သူကများ သူ့ရဲ့စစ်မှန်သည့်ပုံစံကိုချစ်နိုင်မှာတဲ့လဲ?

သို့သော်လည်း ထိုသူကချစ်ခဲ့ပုံပေါ်သည်။

ကျိနင်းသူ့ကိုချစ်ခဲ့နိုင်လား?

သူ့ရဲ့စရိုက်အမှန်ကိုလည်းတွေ့ပြီး သူ့စီမှထပ်ခါထပ်ခါနှိပ်စက်ခံရတာတောင် သူ့ကိုချစ်မိနိုင်တာလား? ဘယ်လိုဖြစ်နိုင်မှာလဲ?

ဒါဟာထောင်ချောက်တစ်ခုမဟုတ်ဘူးလား?

မကောင်းသည့်အတွေးတွေနှင့် အိုဇာဟာကျိနင်းကိုစေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဒါဟာအစစ်အမှန်ဖြစ်ကြောင်းသေချာသည်အထိ ဆက်တိုက်စစ်ဆေးခဲ့သည်။ ကျိနင်းနားကိုကပ်သွားသည့်အချိန်တိုင်း ကျိနင်းဟာရှက်သွေးဖြာပြီး အလျင်အမြန်အဝေးကို အကြည့်လွှဲသွားတတ်သည်။

ထင်ရှားပါတယ်။

ကျိနင်းဟာတကယ်ပဲသူ့ကိုသဘောကျခဲ့တယ်။

...ထိုသို့အပြုအမူမျိုးကို သူဘယ်လိုတုံ့ပြန်ရပါ့မလဲ?

အမြဲတမ်းတည်ငြိမ်ပြီး တွက်ချက်တတ်သည့်အိုဇာဟာ ရှက်ရွံစွာထွက်ပြေးသွားသည့် ကျိနင်းရဲ့နောက်ကျောကိုကြည့်ရင်း ရှားပါးစွာပင် မိန်းမောတွေဝေနေခဲ့သည်။

သူဟာငြိမ်ငြိမ်လေးထိုင်ပြီး ကျိနင်းရဲ့စိတ်အခြေအနေကိုခွဲခြမ်းစိတ်ဖြာကြည့်ပေမဲ့ ဘာကြောင့်ကျိနင်းသူ့အားချစ်မိသည်ကိုနားမလည်နိုင်ပေ။

သူ့အားနိုပ်စက်သည့်သူတစ်ယောက်ကို တကယ်ကြီးချစ်မိသွားခဲ့သည့် ကျိနင်းကိုရယ်မောလှောင်ပြောင်သင့်ပေသည်။

အရေးကြီးဆုံးကတော့ သူဟာကျိနင်းရဲ့အမှောင်ဆုံးလျှို့ဝှက်ချက်ကို ဖမ်းဆုပ်မိခဲ့သည်ပင်။ မော့လင်းအင်ပါယာ၌ လိင်တူချစ်ခြင်းဟာ ပြင်းထန်သောပြစ်မှုတစ်ခုဖြစ်သည်။ တော်ဝင်မိသားစုအတွက်တော့ လုံးဝကိုမလုပ်အပ်သောအရာဖြစ်သည်။ မည်သူပဲဖြစ်ပါစေ တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် တိတ်တဆိတ်ကွပ်မျက်ခံရလိမ့်မည်။

သို့သော် အကြောင်းပြချက်အချို့ကြောင့် အိုဇာဟာစက်ဆုပ်မှုမရှိဘဲ သေးငယ်သောတုံ့ပြန်မှုလေးသာရှိသည်။ ကြည့်ရတာ... ကျိနင်းသူ့ကိုကြိုက်သည့်အပေါ် အထင်အမြင်သေးတာမျိုးမရှိပေ။

...မဟုတ်ဘူး။

မင်းသားဟာမျက်လုံးများကိုမှိတ်ကာ ပင်ပန်းမှုအနည်းငယ်နှင့်အတူ နားထင်ကိုဖိနေမိသည်။ သူ့ရဲ့နောက်ဆုံးစိတ်စွမ်းအင်မတည်ငြိမ်မှုကြောင့်များလားဟု ထင်နေမိသည်။

အတိတ်၌သူဘယ်လောက်ကျိနင်းကိုမုန်းတီးခဲ့ကြောင်း ထင်ရှားပါသည်။ ဖြစ်နိုင်တာက ဒီရက်ပိုင်းအတွင်း ကျိနင်းကအရမ်းနာခံနေတာကြောင့် သူ့ကိုဘယ်လောက်မုန်းကြောင်းမေ့သွားတာဖြစ်လိမ့်မည်။

သူ့ကိုယ်သူ ထိုခံစားချက်အား အမှတ်ရစေချင်မိသည်။

သူ့ရဲ့နောက်ထပ်စိတ်စွမ်းအင်တိုင်ခိုက်မှု၌ အိုဇာကလက်ပေါ်မေးတင်ကာ သားရေကြာပွတ်၏အစွန်းဖြင့် ကျိနင်း၏မေးစေ့ကို မော့လိုက်ပြီးခိုင်းစေလိုက်သည် "လာခဲ့ ငါ့ကိုအစ်ကိုတော်လို့ခေါ်"

"...?"

ကျိနင်းထိတ်လန့်သွားပြီး သူ့အားတုန့်ဆုတ်နေသည့်မျက်လုံးများဖြင့်ကြည့်နေသည်။

အိုဇာကတော့တည်ငြိမ်နေပုံရကာ "စကားနားမထောင်ဘူးလား ရှောင်နင်း?"

"တောင်းပန်ပါတယ်..." ကျိနင်းနှုတ်ခမ်းတွေကိုဖွင့်ပြီးနောက် အိုဇာ့မျက်နှာထံမှအကြည့်လွှဲလိုက်သည်။ ရှက်ရွံ့မှုကိုဖုံးကွယ်ရန် ခေါင်းကိုငုံ့လိုက်ကာ တိုးတိုးပြောသည် "...အစ်ကိုတော်"

"..."

ခဏကာတိတ်ဆိတ်သွားပြီးနောက် အိုဇာကပြောသည်။

"နောက်တစ်ခေါက်"

"အစ်ကိုတော်..."

"နောက်တစ်ခေါက်"

...အသုံးမဝင်ပေ။

ထိုနည်းလမ်းဟာကျိနင်းအပေါ်၌ရွံရှာမှုကို ပြန်လည်နိုးဆွဖို့မစွမ်းဆောငိနိုင်ရုံသာမက အတွင်းထဲ၌စွဲလန်းမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

အိုဇာပြောင်းလဲမှုအပေါ်၌အနည်းငယ် စိတ်တိုမိသည်။ ထိန်းချုပ်မှုအောက်မှလွတ်မြောက်နေသည့်ခံစားချက်ကိုမုန်းသည်။ အထူးသဖြင့် စိတ်စွမ်းအင်တိုက်ခိုက်မှုမရှိနေချိန်၌ဖြစ်သည်။ ဒါကဘယ်တုန်းကမှမဖြစ်ခဲ့သင့်ပေ။

ကျိနင်းကိုခဏလောက်မခေါ်ဘဲနေခဲ့ပြီး တက္ကသိုလ်မှာလည်းအတတ်နိုင်ဆုံး မတွေ့မိအောင်ရှောင်နေခဲ့သည်။

သူ့ကိုယ်သူအလုပ်များအောင်ထားထားပေမဲ့ ကောင်လေးကိုရှောင်နေလေ သူနားနေချိန်၌ ထိုကောင်လေးထံသို့ သူ့အတွေးတွေရောက်သွားတာကို မတားနိုင်ခဲ့ပေ။

ညတစ်ည၌ အိုဇာအိပ်မက်မက်သည်။

အိုဇာဟာသူ့အိပ်မက်တွေကို မနှစ်သက်ခဲ့ပေ။ သူတို့ကအမြဲမှောင်မိုက်ပြီး ကြောက်စရာကောင်းသည်။ သို့သော်ဒီတစ်ခုကတော့မတူပါ။ နူးညံ့သာယာသည့်အိပ်မက်လေးဖြစ်သည်။

အိပ်မက်ထဲ၌ သူ့နှလုံးသားဟာ သူ့ရှေ့၌ကောင်လေးတစ်ယောက်ရပ်နေတာကြောင့် ပေါ့ပါးကာပျှော်ရွှင်နေခဲ့သည်။

"အစ်ကိုတော်..."

ကောင်လေးကမျက်လုံးများမှိတ်ကာ ခေါင်းလေးကိုအနည်းငယ်မော့ထားရင်း တိုးတိုးပြောသည်။

ရုတ်တရက်ခံစားချက်များပြင်းထန်လာပြီး အိုဇာဟာကောင်လေးရဲ့ ပန်းရောင်နှုတ်ခမ်းများကို နမ်းမိတော့မလိုပင်။

"!"

အိုဇာဟာရုတ်တရက် အိပ်မက်မှနိုးလာခဲ့ပြီး ကုတင်ပေါ်မှာထိုင်နေသည်။ နှုတ်ခမ်းကိုကိုင်ကာ အနည်းငယ်မောနေသလို လက်ထိပ်များကတုန်ယင်နေခဲ့သည်။

နောက်ဆုံးမှာတော့ကျိနင်းတစ်ယောက်ပဲ ပြောင်းလာသွားတာမဟုတ်ကြောင်း သတိပြုမိသွားသည်။

သူလည်းပဲမူမမှန်တော့ပေ။

စာရေးသူ၌ပြောစရာရှိပါသည်:

အိုဇာ : လူတစ်ယောက်ကိုကြိုက်ချင်ဟန်ဆောင်ဖို့မဖြစ်နိုင်တာကြောင့် သူငါ့ကိုတကယ်ပဲကြိုက်တာဖြစ်လိမ့်မယ်

ကျိနင်း : မင်းကတုံးလွန်းတာပဲ မင်းကိုကြိုက်ချင်ဟန်ဆောင်ပြီး သွားတွေကြိတ်ခြေမိတဲ့အထိ ဘယ်လောက်မုန်းကြောင်းပြပေးမယ် 

TBC 🐣

ဖတ်ရတာအဆင်ပြေကြရဲ့လားရှင့် စာအသွားအလာကနားလည်လွယ်ရဲ့လား

Zawgyi

အိုဇာရဲ႕မ်က္ႏွာကိုျမင္လိုက္တဲ့အခ်ိန္၌ က်ိနင္းလွ်ာကိုက္ၿပီးသတ္ေသရန္ေတြးမိေတာ့သည္။

အိုဇာႏွင့္သူမပတ္သတ္ခ်င္ေပမဲ့ အခုခ်ိန္၌သူ႔ရဲ႕ခႏၶာကိုယ္က ဧကရာဇ္၏ စိတ္စြမ္းအင္ေၾကာင့္ ေတာင့္ခဲေနသည္။ စကားေျပာဖို႔မဆိုႏွင့္ မ်က္ေတာင္ကိုေတာင္မနည္းခတ္ေနရသည္။

က်ိနင္းရဲ႕ခႏၶာကိုယ္ ေတာင့္သထက္ေတာင့္လာခဲ့သည္။ အိုဇာကသူ႔ကိုခ်စ္မိသြားခဲ့မွန္းသိေပမဲ့ ေမာ့လင္းအင္ပါယာ၌ လိင္တူခ်စ္ျခင္းက ျပစ္မႈေျမာက္သည့္အျပင္ အိုဇာကလည္းခန႔္မွန္းရခက္သည္။ သူ႔ရဲအခ်စ္ကမစစ္မွန္ေၾကာင္း ရံဖန္ရံခါေဖာ္ျပတတ္သည္။ ထို႔ေၾကာင့္ သူ႔အနားမွာေနရတိုင္း က်ိနင္းသူ႔ကိုယ္သူမေသမခ်ာျဖစ္မိသည္။

အခုသူ႔ေရွ႕၌ က်ိနင္းဒူးေထာက္ေနရင္းေတာင္ သူဘာေတြးေနလဲဆိုတာ က်ိနင္းခန႔္မွန္းမရေပ။ သူ႔ရဲ႕ေၾကာက္စရာေကာင္းလွတဲ့ စိတ္စြမ္းအင္က ေဖာက္ထြင္းမရသည့္ စိတ္ပိုင္းဆိုင္ရာခုခံမႈကို ဖန္တီးထားသည္။ စိတ္စြမ္းအင္ေဖာက္ျပန္ခ်ိန္၌ အိုဇာရဲ႕ခုခံမႈကအားနည္းေနေသာ္လည္း သူ႔ရဲ႕အေတြးေတြကေတာ့ အၿမဲဖတ္မရခဲ့ေပ။

သူေသဆုံးၿပီးျပန္လည္ရွင္သန္လာတာကိုသာ အိုဇာျမင္ရင္ဘယ္လိုတုန႔္ျပန္မည္မသိ...ေသခ်ာတာကေတာ့အေတာ္ေလးေၾကာက္စရာေကာင္းလိမ့္မည္။

ေငြေရာင္ဆံပင္ႏွင့္ဧကရာဇ္ဟာ ဝွီးခ်ဲေပၚ၌ လွပစြာထုလုပ္ထားေသာ ပန္းပုတစ္႐ုပ္ကဲ့သို႔ လႈပ္ရွားမႈမရွိဘဲထိုင္ေနသည္။ က်ိနင္းကိုစိုက္ၾကည့္ေနေပမဲ့ မ်က္ႏွာအမူအရာကေတာ့အေျပာင္းမလဲမရွိေပ။

က်ိနင္းသူ႔ေၾကာင့္ေႏွာင့္ယွက္ခံလိုက္ရေပမဲ့ ေျပးပုန္းစရာမရွိတာေၾကာင့္ ေအးစက္စက္စူးစမ္းေနမႈကို လက္ခံ႐ုံသာတတ္ႏိုင္သည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ အိုဇာကလက္ေျမႇာက္ကာလႈပ္ရွားမႈတစ္ခုျပဳလုပ္လိုက္သည္။ က်ိနင္း႐ုပ္ေသးတစ္႐ုပ္လို ခ်က္ခ်င္းမတ္တပ္ထရပ္လိုက္ရကာ သူ၏ေရွ႕တည့္တည့္၌ရပ္လိုက္ရသည္။

ေဖ်ာ့ေတာ့ေတာ့လက္တစ္စုံက သူ႔ရဲ႕ခါးကိုတင္းၾကပ္စြာ ရစ္ပတ္လာသည္။က်ိနင္းရဲ႕အံ့ဩေနသည့္အၾကည့္ေအာက္မွာပဲ အိုဇာကဝွီးခ်ဲမွသူ႔စီသို႔မွီလာကာ ရင္ဘတ္၌သူ၏မ်က္ႏွာကိုျမဳပ္ႏွံထားသည္။ သူ႔အားဆုပ္ကိုင္ထားသည္မွာ လႊတ္ေပးလိုက္ရမွာေၾကာက္ေနသည့္ပုံပင္။

...သူဘာလုပ္ေနတာလဲ?

ျဖစ္လာႏိုင္သည့္ရလဒ္မ်ားကိုစဥ္းစားထားေပမဲ့ အိုဇာဒီလိုလုပ္လာမယ္လို႔ေတာ့မျပင္ဆင္ထားမိေပ။ အရမ္းထိတ္လန႔္သြားတာေၾကာင့္ ဦးေႏွာက္ေတာင္စကၠန္႔ပိုင္းေလာက္ အလုပ္မလုပ္ေတာ့ေပ။ သူ...ဖက္ထားတာလား?

အိုဇာကသူ႔ရဲ႕ခါးကိုတင္းၾကပ္စြာ ဖက္ထားကာ က်ိနင္းရင္ဘတ္၌သူ၏မ်က္ႏွာကို ျမဳပ္ႏွံထားသည္။ က်ိနင္းဘက္မွ အိုဇာ၏မ်က္ႏွာအမူအရာကိုမေတြ႕ရေပ။ သူ၏ေငြေရာင္ဆံပင္ေတြ၊ ေကာ္လာမွေပၚေနေသာဂုတ္သားႏွင့္ အနည္းငယ္တုန္ရင္ေနေသာ ပုခုံးတို႔ကိုသာျမင္ရသည္။

"မင္း...မင္းကသူနဲ႔အေတာ္ေလးတူတယ္"

ထိုလူသားရဲ႕အသံဟာ တိုးလ်ၿပီး အနည္းငယ္ၾကမ္းတမ္းေနသည္။ လွပသည့္အိပ္မက္ေလးကို ဖ်က္ဆီးမိမွာစိုးသည့္အလား စကားလုံးမ်ားကႏူးညံ့လြန္းလွသည္။

"ကိုယ္မင္းကိုေနာက္ဆုံးေတာ့ေတြ႕ခဲ့ၿပီ ေရွာင္နင္း..."

သူေျပာပုံကထူးဆန္းေနသည္။ က်ိနင္းအစပိုင္းေတာ့ နားမလည္ေပမဲ့ ေတြးၾကည့္လိုက္ခ်ိန္မွာေတာ့ အိုဇာကသူ႔ကို စိတ္စြမ္းအင္၏ ပုံရိပ္ေယာင္တစ္ခုဟု ထင္ေနပုံရသည္။

စိတ္စြမ္းအင္ေဖာက္ျပန္ျခင္းအဆိုးဆုံးအပိုင္း၌ အိုဇာကပုံရိပ္ေယာင္လားအစစ္အမွန္လားဆိုတာ မခြဲျခားႏိုင္ေပ။ က်ိနင္းတိတ္တိတ္ေလးစိတ္သက္သာရာရသြားသည္။ သူ႔ကိုမွတ္မိသြားတာထက္ အစစ္နဲ႔တူလြန္းသည့္ ပုံရိပ္ေယာင္ဟုထင္မွတ္ေနတာ ပိုေကာင္းပါသည္။

သူအခြင့္အေရးရသည္ႏွင့္ ထြက္ေျပးလွ်င္ေျပး သတ္ေသခ်င္လည္းေသမည္။ အက်ဥ္းခ်ဳပ္ရရင္ေတာ့ သူအိုဇာႏွင့္အတူရွိမေနခ်င္ပါ။

အိုဇာကိုေၾကာက္တာတစ္ခုတည္းေၾကာင့္မဟုတ္ေပ။ ေမာ့လင္းအင္ပါယာကိုမုန္းတာေၾကာင့္ျဖစ္သည္။ ဤတိုင္းျပည္က ခ်ီ႐ုဝမ္ရဲ႕ ရွအင္ပါယာလိုပဲ မသက္မသာျဖစ္ေစသည္။ ဒီလိုေနရာ၌ တစ္ရက္ေလးေတာင္ အခ်ိန္မျဖန္းခ်င္ေပ။

မူရင္းဝတၳဳထဲ၌ ေမာ့လင္းအင္ပါယာဟာ နယ္ေျမက်ယ္ျပန႔္ၿပီး ဖြံ႕ၿဖိဳးေသာနည္းပညာႏွင့္ အားေကာင္းသည့္စစ္တပ္လည္းရွိသည္။ စၾကဝဠာတစ္ခုလုံးကေလးစားရသည့္ ဧကရာဇ္တစ္ေယာက္ရွိၿပီး တခ်ိန္တည္းမွာပဲ မေကာင္းတဲ့ဘက္ျခမ္းအားဖုံးကြယ္ထားသည္။ ႐ိုးရာထုံးတမ္းမ်ားေၾကာင့္ ေမာ့လင္းဟာ ေခတ္ေနာက္ျပန္ဆြဲသည့္ ဥပေဒမ်ားကိုလိုက္နာကာ ႏွစ္ေပါင္းေထာင္နဲ႔ခ်ီမေျပာင္းမလဲရွိခဲ့သည္။

လူတန္းစားခြဲျခားမႈကလည္း ျပင္းထန္လြန္းသည္။ ေအာက္ေျခလူတန္းစားမ်ားက အထက္တန္းစားျဖစ္မည့္လမ္းကို ကုပ္တြယ္ထားၾကသည္။ မင္းမ်ိဳးစိုးမ်ိဳးမ်ားက မ်ိဳးဆက္သန႔္စင္ေရးထုံးတမ္းကို ယုံၾကည္ၾကသည္။

သန႔္စင္ေရးကို အဓိကတန္ဖိုးထားသူမ်ားမွာ ေတာင္ဝင္မိသားစုျဖစ္သည္။ မိသားစုတြင္းသို႔ လက္ထပ္ထိမ္းျမား၍ ဝင္လာၾကသည့္ ဧကရီမ်ားႏွင့္ မင္းသမီးမ်ားဟာ ေဆြႀကီးမ်ိဳးႀကီးမ်ားမွဆင္းသက္လာသူမ်ားျဖစ္ၿပီး ေမြးဖြားလာေသာကေလးက ေငြေရာင္ဆံႏြယ္မ်ားရွိမွသာ ဆက္ခံသူအျဖစ္သတ္မွတ္ခံရသည္။ မ်ိဳးဆက္တိုင္းမွာ ေငြေရာင္ဆံႏြယ္ရွိသည့္မင္းသားမ်ားသာေ႐ြးခ်ယ္ခံရၿပီး ေငြေရာင္ဆံႏြယ္ရွိသည့္ကေလးကို ေမြးဖြားေပးႏိုင္သည့္ မိဖုရားသာ အျမင့္ဆုံးရာထူးကိုရရွိသည္။

ေမာ့လင္းအင္ပါယာ၏ ေတာ္ဝင္မိသားစုဟာ ထိုကဲ့သို႔႐ူးသြပ္မႈမ်ိဳးရွိေနရျခင္းမွာ စိတ္စြမ္းအင္ေၾကာင့္ျဖစ္သည္။

ေဆြႀကီးမ်ိဳးႀကီးမ်ားဟာ ေမြးဖြားလာခ်ိန္၌ ပိုင္ဆိုင္သည့္စိတ္စြမ္းအင္ေၾကာင့္ သူတို႔၏ရာထူးကိုထိန္းသိမ္းထားႏိုင္သည္။ ေတာ္ဝင္မိသားစုဟာ အားအေကာင္းဆုံး စိတ္စြမ္းအင္ကိုပိုင္ဆိုင္ထားၿပီး အမ်ိဳးဇာတ္နိမ့္သူမ်ားကေတာ့ ဘာမွမပိုင္ဆိုင္ဘဲ နိမ့္က်သည့္အလုပ္မ်ားကိုသာ လုပ္ရသည္။

အိမ္ေရွ႕မင္းသားရာထူးယွဥ္ၿပိဳင္ရန္အတြက္ မ်ိဳးဆက္တိုင္း၏မိဖုရားမ်ားသည္ စိတ္ပင္ပန္းစြာျဖင့္ ေပၚတင္ေရာမသိမသာပါတိုက္ခိုက္ၾကကာ သူတို႔လက္မ်ားကိုေသြးႏွင့္အညစ္အေၾကးမ်ားစြန္းထင္းရန္ မတုံ႔ဆုတ္ခဲ့ၾကေပ။

ေမာ့လင္းရဲ႕နန္းတြင္းဟာ ေမွာင္မိုက္ေသာမုန္တိုင္းတစ္ခုလိုပင္။ ထိုေနရာ၌ေနထိုင္သူတိုင္းဟာ အေႏွးႏွင့္အျမန္ ၎၏သားေကာင္မ်ား ျဖစ္ၾကရသည္။

ပုလႅင္ေပၚတက္လွမ္းႏိုင္ၿပီး အင္ပါယာ၏ဧကရာဇ္ျဖစ္လာျခင္းကသာ ကေလးတစ္ေယာက္ကို ထိုမုန္တိုင္းမွရွင္သန္ေစႏိုင္တယ္။

ဧကရာဇ္အသစ္ေမြးဖြားလာခ်ိန္မွာေတာ့ မုန္တိုင္းေနာက္တစ္ႀကိမ္ေပၚလာဦးမွာျဖစ္ၿပီး ေၾကကြဲစရာျဖစ္ရပ္မ်ားႏွင့္ ေသဆုံးျခင္းမ်ားလည္း ကပ္ပါလာဦးမည္ျဖစ္သည္။

ထိုသို႔အေျခအေနမ်ား၌ အိုဇာေမြးဖြားလာခဲ့သည္။

သူဟာဧကရီ၏တစ္ဦးတည္းေသာကေလးျဖစ္ၿပီး ေမြးဖြားလာခ်ိန္၌ သူ၏ေငြေရာင္ဆံပင္မ်ားက ေသြးသန႔္စင္မႈကိုေဖာ္ျပေနတာေၾကာင့္ အိပ္ခန္းတစ္ခုလုံးဝမ္းသာသြားခဲ့ရၿပီး သူ႔အားပုလႅင္အတြက္တိုက္ခိုက္ရန္ အရည္အခ်င္းေပးအပ္ခဲ့သည္။

ခဏအတြင္းမွာပဲ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ႐ုတ္ခ်ည္းအဆုံးသတ္သြားရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဝမ္းဆြဲသည္၏ ေမွာ္ပစၥည္းက မင္းသားသစ္ေလးထံ၌ စိတ္စြမ္းအင္တစ္ခုမွ မခံစားမိေသာေၾကာင့္ပင္။ ထို႔အျပင္ သူ႔ေျခေထာက္၌ အခ်ိန္ႏွင့္အမွ် ဆိုး႐ြားလာမည့္ အမည္မသိေရာဂါတစ္ခုကလည္းရွိေန‌ေသးသည္။ မၾကာခင္၌ မင္းသားငယ္ေလးဟာလမ္းေလွ်ာက္ႏိုင္ေတာ့မွာမဟုတ္ေပ။

သူဟာစြန႔္ပစ္ပစၥည္းတစ္ခုထက္မပိုေပ။

မင္းသားငယ္ေလးကို ဘယ္သူမွမႏွစ္သက္ခဲ့ၾကေပ။ သူ႔အား ပုလႅင္အတြက္တိုက္ခိုက္ရာ၌သာ သုံးႏိုင္သည္။ အိပ္ရာေပၚ၌လွဲေနသည့္ ဧကရီက အမူအရာမဲ့စြာေျပာသည္။

"သူ႔ကိုစြန႔္ပစ္မိုင္းတြင္းၿဂိဳလ္ထဲပို႔လိုက္"

ေငြေရာင္ဆံပင္ႏွင့္မင္းသားကိုေမြးႏိုင္ရန္ ဧကရီကအလြန္အမင္းႀကိဳးပမ္းခဲ့သည္။ ကေလးကယခုကဲ့သို႔ သုံးစားမရျဖစ္သြားသည့္အတြက္ တိုက္႐ိုက္မသတ္လိုက္တာကပင္ ေနာက္ဆုံးေသာၾကင္နာမႈျဖစ္သည္။

ေမြးဖြားခါစမင္းသားငယ္ေလးဟာ နန္းေတာ္မွဖယ္ရွားခံလိုက္ရၿပီး မိုင္းတြင္းၿဂိဳလ္သို႔အပို႔ခံလိုက္ရသည္။

ထိုၿဂိဳလ္၌ လူမႈအသိုင္းအဝိုင္းမွ အနိမ့္က်ဆုံးသူမ်ား ေနထိုင္ၾကသည္။ ကေလးေတြဟာ ထိုေနရာသို႔ မၾကာခဏစြန႔္ပစ္ခံရတတ္ၿပီး ဆာေလာင္မႈကိုမခ်က္ျပဳတ္ၾကဘဲ ထိုသနားစရာေကာင္စုတ္ေလးမ်ားကိုသာစားၾကသည္။ ေမြးကင္းစေလးေတြဟာ ထိုေနရာ၌ တာရွည္မခံၾကေပ။

သို႔ေသာ္ မင္းသားငယ္ေလးစီသို႔ မေကာင္းသည့္ရည္႐ြယ္ခ်က္ႏွင့္ ခ်ဥ္းကပ္ၾကသူမ်ားဟာ ေဖာ္ျပ၍မရႏိုင္တဲ့နည္းလမ္းျဖင့္ ေသဆုံးသြားၾကသည္။ သူ႔အားကာကြယ္ေပးသူမရွိခဲ့ေပမဲ့ သူ႔ရဲ႕ေၾကာက္စရာေကာင္းလွသည့္ စိတ္စြမ္းအင္ကသတိမထားမိဘဲ ခုခံမႈတစ္ခုျဖစ္သြားကာ ထိုလူမ်ားကိုတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ေမွာ္ပစၥည္းကသူ၏စိတ္စြမ္းအင္ကို မစမ္းသပ္ႏိုင္ခဲ့ျခင္းမွာ မရွိလို႔မဟုတ္ဘဲ စမ္းသပ္ႏိုင္သည့္ ပမာဏထက္ေက်ာ္လြန္ေနျခင္းေၾကာင့္ျဖစ္သည္။ ပမာဏအမွန္ကိုစမ္းသပ္ႏိုင္သည့္နည္းလမ္မရွိသည့္အတြက္ ဘာမွထြက္မလာခဲ့ျခင္းေပ။

ဧကရီဟာ သူမ၏ကေလးေပ်ာက္ဆုံးသြားၿပီး အခိုးခံလိုက္ရတာပါဟု ခင္ပြန္းအား ငိုယိုေျပာသည္။

ဧကရာဇ္က သူမအားႏွစ္သိမ့္ေပးေပမဲ့ ကေလးအားရွာရန္ေတာ့မႀကိဳးစားခဲ့ေပ။ ခြန္အားက်ဆင္းလာသည့္ မ်ိဳး႐ိုးျမင့္မိသားစုတစ္စုကို ေတြ႕ရွိသြားၿပီး တစ္မိသားစုလုံးကိုထိုအတြက္အျပစ္တင္ကာ သတ္ျဖတ္ခဲ့သည္။ ကိစၥဟာထိုသို႔ၿပီးသြားခဲ့သည္။

အသက္ရွင္သန္ႏိုင္ေရးအတြက္ မိုင္းတြင္းၿဂိဳလ္ေပၚမွ မင္းသားငယ္ေလးဟာ သူ႔အနားမွလူမ်ားကိုသူ႔အတြက္အစားေရစာရွာေဖြေပးရန္ လွည့္စားခဲ့သည္။ ခက္ခဲမႈမ်ားႏွင့္ တစ္ေန႔ထက္တစ္ေန႔ႀကီးျပင္းလာခဲ့သည္။

ႏွစ္အခ်ိဳ႕ၾကာၿပီးတဲ့ေနာက္မွာ သူေဌးတစ္ေယာက္က မိုင္းတြင္းၿဂိဳလ္ကိုဝယ္ခဲ့ၿပီး စိတ္စြမ္းအင္အားေကာင္းလြန္းလွသည့္ မင္းသားကိုမေတာ္တဆေတြ႕ရွိသြားသည္။ သူ႔အားအိုဇာဟုအမည္ေပးကာ အိမ္သို႔ေခၚယူေမြးစားခဲ့သည္။

သူေဌးကသူ႔ရဲ႕ မသန္စြမ္းတဲ့ေျခေထာက္ေတြႏွင့္ပတ္သတ္ၿပီး မစိုးရိမ္ပါ။ စိတ္စြမ္းအင္သာ လုံလုံေလာက္ေလာက္အားေကာင္းေနမယ္ဆိုရင္ သူ႔ခႏၶာကိုယ္ကေအာင္ျမင္မႈလမ္းေၾကာင္းမွာ အတားအဆီးတစ္ခုျဖစ္လာမည္မဟုတ္ေပ။

အိုဇာအသက္ဆယ့္ငါးႏွစ္၌ သူေဌးကသူ႔ရဲ႕ေမြးစားသားကို အင္ပါယာ၏အေကာင္းဆုံးအဖြဲ႕အစည္းျဖစ္သည့္ စစ္တကၠသိုလ္၌ စက္မႈဘာသာရပ္ကို သင္ၾကားေစသည္။ စက္မႈဘာသာရပ္က ခႏၶာကိုယ္ကိုသိပ္မသုံးရဘဲ စိတ္စြမ္းအင္ျဖင့္ စက္မ်ားကိုထိန္းခ်ဳပ္ႏိုင္ဖို႔သာလိုသည္။

အိုဇာတကၠသိုလ္သို႔ေရာက္ၿပီးေနာက္မွာ က်ိနင္းက 'ေမာ့လင္းဧကရာဇ္' ဝတၳဳထဲသို႔ဝင္လာခဲ့သည္။ သူ႔ရဲ႕ကိုယ္ေရးအခ်က္အလက္က အိုဇာရဲ႕အတန္းေဖာ္ျဖစ္ၿပီး လွ်ိဳ႕ဝွက္အခ်က္အလက္ကေတာ့ သူကမင္းသားျဖစ္သည္။

အမွန္တိုင္းဆိုရလွ်င္ က်ိနင္းကမင္းသားအစစ္မဟုတ္ေပ။ သူဟာေတာ္ဝင္ေသြးမဟုတ္။ သူ႔ရဲ႕အမည္ခံအေမက ဧကရာဇ္၏မိဖုရားျဖစ္သည္။ သို႔ေသာ္သူမကသူ၏အေဒၚျဖစ္ၿပီး သူကေတာ့သူမအစ္မ၏ကေလးျဖစ္သည္။

မိဖုရားခ်ဳံဟာဧကရာဇ္၏ႏွစ္သက္ခံရသည့္မိဖုရားျဖစ္ေပမဲ့ ကံမေကာင္းစြာပဲသူမကကိုယ္ဝန္မေဆာင္ႏိုင္ေပ။

သူမ၏ဘဝတစ္ေလွ်ာက္လုံးကိုေသးႏုပ္သည့္ မိဖုရားအျဖစ္ႏွင့္သာ မကုန္ဆုံးခ်င္သည့္အတြက္ ကိုယ္ဝန္ရွိဟန္ေဆာင္ကာ သူမအစ္မ၏ကေလးကိုနန္းတြင္းသို႔ေခၚလာၿပီး ဧကရာဇ္၏ကေလးဟုလိမ္ညာခဲ့သည္။

က်ိနင္း၏အႀကီးမားဆုံးျပစ္ခ်က္က သူ႔မွာဆံပင္အနက္ေရာင္ေတြရွိေနျခင္းပင္။ သို႔ေသာ္ အားေကာင္းသည့္ စိတ္စြမ္းအင္ေတာ့ရွိသည္။ မိဖုရားကပိုေကာင္းတဲ့တစ္ေယာက္ကိုမရွာႏိုင္သည့္အတြက္ သူ႔ဆံပင္မ်ားကိုေငြ ေရာင္သို႔ေျပာင္းေစသည့္ တရားမဝင္သည့္ေဆးမ်ားကို ပုံမွန္တိုက္သည္။ ေတာ္ဝင္မိသားစုမွဆင္းသက္လာသူမ်ားသာ ဤထူးျခားသည့္ေငြေရာင္ဆံပင္မ်ားရွိသည့္အတြက္ မ်ိဳးဆက္စာေမးပြဲကိုေအာင္ျမင္သြားခဲ့သည္။

က်ိနင္းအသက္ႀကီးလာသည့္အခါ တရားမဝင္ေဆးမ်ားက အာနိသင္နည္းသထက္နည္းလာခဲ့ၿပီး တစ္ခါတစ္ရံဆို လုံးဝအလုပ္မျဖစ္ေတာ့ေပ။ မိဖုရားခ်ဳံခမ်ာအလြန္စိတ္ေသာကေရာက္ေနရေပမဲ့ သူမ လုပ္ႏိုင္ခဲ့တာဘာမွ်မရွိေပ။

ေဆးေတြလုံးလုံးအလုပ္မလုပ္ေတာ့မွာကိုစိုးရိမ္သည့္အတြက္ က်ိနင္းစစ္တကၠသိုလ္တက္သည့္အခါ မိဖုရားခ်ဳံကသူ႔အားမင္းသားအျဖစ္မဝင္ေစခဲ့ေပ။ သူမမိသားစုနာမည္ေအာက္မွ ေတာ္ဝင္မ်ိဳးႏြယ္တစ္ေယာက္အျဖစ္ေနေစခဲ့သည္။ တကၠသိုလ္၏ ဝင္ခြင့္စစ္ေဆးခ်က္က က်ိနင္းအားေတာ္ဝင္မ်ိဳးႏြယ္အျဖစ္အသိအမွတ္ျပဳမွာမဟုတ္သည့္အတြက္ သူမ၏အလိမ္အညာေတြေပၚသြားႏိုင္ေလသည္။ ထို႔ေၾကာင့္၎ဟာမွန္ကန္သည့္ဆုံးျဖတ္ခ်က္ျဖစ္ခဲ့သည္။

မိဖုရားခ်ဳံကဧကရာဇ္ကို မင္းသားေလးအာဏာရွင္ဆန္သြားမွာကိုစိုးရိမ္သည့္အတြက္ သူ႔ရဲ႕ေတာ္ဝင္ဂုဏ္ပုဒ္ကိုမမွီခိုဘဲ ျပင္ပေလာကကိုေလ့လာေတြ႕ႀကဳံသင့္ေၾကာင္း ရွင္းျပခဲ့သည္။

မင္းသားမွာကိုယ္ပိုင္ေတာ္ဝင္အမည္ရွိေပမဲ့ ကိုယ္ေရးအခ်က္အလက္ကိုဖုံးကြယ္ရန္ အိုဇာႏွင့္မေတြ႕ဆုံခင္ေလာက္ကပင္ က်ိနင္းဟုအမည္ေျပာင္းခဲ့သည္။

မူရင္းဝတၳဳထဲမွမင္းသားက အိုဇာကိုမုန္းတီးသည့္ ဗီလိန္တစ္ေယာက္ျဖစ္သည္။ မိဖုရား၏အလိုလိုက္ျခင္းကိုခံရၿပီး ေမာက္မာသည့္သူျဖစ္သည္။ သူဟာအိုဇာကို အံ့ဩေလာက္စရာအရည္အခ်င္းရွိသည့္ သာမန္လူတစ္ေယာက္ဟုေတြးထားသည့္အတြက္ သူ႔အတြက္ဆူးေညႇာင့္တစ္ခုထက္မပိုေပ။ အိုဇာကိုရွင္းပစ္ရန္ ယုတ္မာသည့္လုပ္ရပ္မ်ားကိုလုပ္ခဲ့သည္။

က်ိနင္းပထမဆုံးဝင္ေရာက္သြားခ်ိန္၌ မင္းသားကရက္စက္သည့္လုပ္ရပ္မ်ားကို လုပ္ေဆာင္ၿပီးျဖစ္ကာ အိုဇာကလက္တုံ႔ျပန္ေတာ့မည့္အခ်ိန္မွာျဖစ္သည္။

ထိုအခ်ိန္၌ က်ိနင္းေသခ်င္သြားသည္။ ထိုအခ်ိန္မ်ိဳး၌ အိုဇာကိုဆြဲေဆာင္ရမည္မွာ ေတြးေတာင္မေတြးၾကည့္ႏိုင္ပါ။ သူႏွင့္အိုဇာ၏ဆက္ဆံေရး ေျပာင္းျပန္ျဖစ္သြားသည့္ ေန႔ဟာသိပ္မၾကာခင္မွာပဲေရာက္လာခဲ့သည္။ ထိုေန႔၌ က်ိနင္းဟာမင္းသားအတုျဖစ္ေၾကာင္း အိုဇာသိသြားခဲ့သည္။

တကၠသိုလ္၏ေသြးစစ္ေဆးခ်က္၌ အိုဇာကေတာ္ဝင္ေသြးျဖစ္ေၾကာင္းေပၚလာခဲ့ၿပီးေနာက္ အိုဇာကိုဧကရီကမွတ္မိသြားကာ သူ၏မင္းသားရာထူးကိုျပန္လည္ရရွိၿပီးျဖစ္သည္။

သူမကအိုဇာကိုစြန႔္ပစ္ခဲ့သည့္အတြက္ ေနာက္ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ေနာက္ထပ္ကေလးမေမြးႏိုင္ခဲ့ေပ။ မိဖုရားေလာက္မရဲတင္းသည့္အတြက္ တျခားသူရဲ႕ကေလးကိုလည္း သူ႔ကေလးမလုပ္ႏိုင္ေပ။ အိုဇာမွာအားေကာင္းသည့္စိတ္စြမ္းအင္ရွိေၾကာင္းေတြ႕ရသည့္အခါ အိမ္ေရွ႕မင္းသားေနရာအတြက္ေမွ်ာ္လင့္ခ်က္မ်ား ျပန္လည္ေတာက္ပလာခဲ့သည္။ အိုဇာကထိုေနရာအတြက္ ယွဥ္ၿပိဳင္ႏိုင္သည္ဟုေမွ်ာ္လင့္သည့္အတြက္ အလ်င္အျမန္ပဲအိုဇာကိုအသိအမွတ္ျပဳခဲ့သည္။

အိုဇာနန္းတြင္းသို႔ျပန္လည္ေရာက္ရွိလာသည့္အခါ သူ႔ရဲ႕အတန္းေဖာ္က်ိနင္းက မင္းသားတစ္ပါးျဖစ္သည့္အျပင္ ညီအစ္ကိုတဝက္ေတာ္‌ေၾကာင္းသိလိုက္ရသည္။ သို႔ေသာ္ ဝတၳဳေနာက္ပိုင္း၌ က်ိနင္းကအတုျဖစ္ေၾကာင္းရွာေတြ႕သြားၿပီး သူ၏ေသျခင္းရွင္ျခင္းကိုလက္ထဲ၌ခ်ဳပ္ကိုင္ႏိုင္ခဲ့သည္။

ထိုျပစ္မႈဟာအလြန္ဆိုး႐ြားလြန္းသည့္အတြက္ မိဖုရားခ်ဳံရဲ႕တစ္မိသားစုလုံးေသသြားႏိုင္သည္။ ဝတၳဳထဲမွမင္းသားတုကအလြန္ေၾကာက္႐ြံ႕လြန္းသည့္အတြက္ အိုဇာ့အားဒူးေထာက္အသနားခံခဲ့သည္။ ထိုစဥ္ကက်ိနင္း၌ဇာတ္လမ္းကိုေျပာင္းလဲႏိုင္သည့္ အာဏာမရွိေသးတာေၾကာင့္ မူရင္းအတိုင္းပဲ အိုဇာထံသြားကာအသနားခံခဲ့ရသည္။

"မင္းကငါ့ခြင့္လႊတ္မႈကိုလိုခ်င္တယ္ ၿပီးေတာ့မင္းရဲ႕သ႐ုပ္မွန္ကိုကူၿပီးဖုံးေပးထားရမယ္?"

အိပ္ခန္းထဲ၌ အိုဇာကဝွီးခ်ဲေပၚမွာထိုင္ကာ လက္ထဲမွာသားေရၾကာပြတ္ကိုကိုင္ထားရင္း က်ိနင္းအားၾကည့္ေနသည္။ အၿပဳံးမမည္သည့္အၿပဳံးမ်ိဳးၿပဳံးရင္း "ေကာင္းၿပီ"

"တကယ္လား အစ္ကိုေတာ္? တကယ္ကြၽန္ေတာ့္ကိုခြင့္လႊတ္ေပးတာလား?"

အိုဇာအား အစ္ကိုေတာ္ဟုေခၚကာ အလြန္စိတ္အားထက္သန္ေနသည့္ ေမွ်ာ္လင့္ခ်က္အမူအရာကိုျပထားသည္။ မင္းသားအတုက ယခုလိုဘြဲ႕နာမည္တပ္ေခၚရတာအမုန္းဆုံးေပမဲ့ က်ိနင္းကေတာ့လြယ္လြယ္ကူကူပဲေခၚလိုက္သည္။

မူရင္းခႏၶာကိုယ္က အိုဇာကိုဆိုးဆိုး႐ြား႐ြား ဆက္ဆံထားသည့္အတြက္ ခြင့္လႊတ္မွာမဟုတ္ဘူးဆိုတာက်ိနင္းသိသည္။

အိုဇာကၾကင္နာတတ္သည့္သူလုံးဝမဟုတ္ေပ။ တျခားသူေတြသူ႔အေပၚဘာလုပ္ခဲ့တယ္ဆိုတာ မွတ္ထားၿပီး အဆေပါင္းေထာင္နဲ႔ခ်ီျပန္ေပးဆပ္ခိုင္းသည္။ မူရင္းဝတၳဳထဲ၌ သူ႔အားစြန႔္ပစ္ခဲ့သည့္အတြက္ ေမြးအေမေတာင္ဆိုး႐ြားစြာအဆုံးသတ္ခဲ့ရသည္။ က်ိနင္းဆိုေျပာမေနနဲ႔ေတာ့။

"ဒါေပမဲ့မင္းတစ္ခုေတာ့နားလည္ထားရမယ္ ေရွာင္နင္း"

ေငြေရာင္ဆံႏြယ္ႏွင့္မင္းသားကခပ္ဖြဖြရယ္သည္။ သူ႔ရဲ႕အၿပဳံးကေတာက္ပေနသည္။ 'က်ိနင္း'ဆိုသည့္အမည္က မင္းသားအတုရဲ႕နာမည္အတုျဖစ္ေပမဲ့ ထိုနာမည္ႏွင့္ပိုၿပီးက်င့္သားရသည္။ မင္းသားအတု၏နာမည္အစစ္ကိုသိေပမဲ့ သူ႔ရဲ႕ေခၚနည္းကိုေတာ့ေျပာင္းမွာမဟုတ္ေပ။

"ေျပာပါ အစ္ကိုေတာ္" က်ိနင္းေျပာလိုက္သည္။

အိုဇာကက်ိနင္း၏ေကာ္လာမွဆြဲကာသူ႔ေျခေထာက္၌ ဒူးေထာက္ခိုင္းလိုက္သည္။

လက္ထဲမွၾကာပြတ္ကိုသုံးကာ က်ိနင္းရဲ႕ေမးေစ့ကိုညင္သာစြာေမာ့လိုက္သည္။ အစိမ္းေရာင္ေရကန္လိုမ်က္လုံးမ်ားကၿပဳံးေနၿပီး သူ႔အသံကႏွစ္လိုဖြယ္ေကာင္းေနသည္။ သို႔ေသာ္ေျပာလာသည့္စကားမ်ားကေတာ့ေအးစက္လွ၏။

"မင္းအေမကမင္းကိုမသင္ၾကားေပးခဲ့ေတာ့ ငါကပဲသင္ေပးမယ္ တစ္ခုခုကိုေတာင္းခ်င္ရင္ သူနဲ႔ညီမွ်တဲ့တစ္ခုခုကိုလည္းေပးရမယ္ေလ။ မင္းငါ့ကိုဘာေပးမွာလဲ?"

"အစ္ကိုေတာ္ေျပာသမွ် ကြၽန္ေတာ္အေကာင္းဆုံး..."

မူရင္းဝတၳဳထဲမွစာေၾကာင္းမ်ားအတိုင္းက်ိနင္းေျပာလိုက္သည္။ သို႔ေသာ္ဆုံးေအာင္ေတာင္မေျပာရေသးခင္ ၾကာပြတ္က႐ိုက္ခ်လိုက္သည့္အတြက္ နာက်င္စြာေအာ္ဟစ္လိုက္ရၿပီး ၾကမ္းျပင္ေပၚသို႔ပုံက်သြားသည္။

"ကိုယ့္ေနရာကိုယ္သိ ငါ့ကိုအစ္ကိုေတာ္လို႔မေခၚနဲ႔"

အိုဇာကသူ႔ကိုအထက္စီးဆန္စြာၾကည့္ေနၿပီး သူ၏မ်က္လုံးေသမ်ားကခံစားခ်က္ကင္းမဲ့ေနသည္။

"ေတာင္းပန္ပါတယ္ အရွင့္သားအိုဇာ..." က်ိနင္းနာက်င္မႈကိုသည္းခံကာ ေခါင္းငုံ႔အ႐ိုအေသေပးလိုက္သည္။

"စိတ္မေကာင္းစရာပဲ ငါလိုခ်င္တာကိုမင္းမေပးႏိုင္မွာစိုးတယ္" အိုဇာကၿပဳံးရင္းေျပာသည္ "ဘာလို႔ဆိုငါလိုခ်င္တာကတစ္ခုထဲပဲ ေမာ့လင္းရဲ႕ပုလႅင္"

"..."

"အဲ့ဒါကလြဲရင္ မင္းမွာရွိတာေတြအကုန္ တန္ဖိုးမရွိဘူး"

ေခ်ာေမာသည့္မင္းသားကသူ႔ရဲ႕ေခါင္းကိုေမာ့လိုက္သည္ "မင္းငါ့ကိုေပးႏိုင္သည့္တစ္ခုတည္းေသာအရာက မင္းကိုယ္တိုင္ပဲ အဲ့လိုဆိုရင္ေတာင္မွ ငါ့ရဲ႕ခြင့္လႊတ္မႈကိုေတာင္းခံခ်င္တုန္းပဲလား?"

"...ကြၽန္ေတာ္ဆႏၵရွိပါတယ္ အရွင့္သားအိုဇာ" က်ိနင္းမွာေ႐ြးစရာမရွိတာေၾကာင့္ အံႀကိတ္ရင္းသာျပန္ေျဖလိုက္ရသည္။

"ဒါဆိုအခုကစၿပီးမင္းကငါ့အပိုင္ပဲ"

အိုဇာကေအာက္ကိုနည္းနည္းကိုင္းလိုက္ၿပီး က်ိနင္းကိုေျမေပၚမွဆြဲထူေပးသည္။ သူ႔ရဲ႕မ်က္လုံးထဲသို႔ၿပဳံးရင္းစိုက္ၾကည့္ကာ "ငါတို႔ေရွ႕ေလွ်ာက္အဆင္ေျပမယ္လို႔ေမွ်ာ္လင့္တယ္ ေရွာင္နင္း"

ဒီလိုဆက္ဆံေရးမ်ိဳးတည္ေဆာက္လိုက္ရလို႔ အိုဇာတစ္ေယာက္သာေပ်ာ္ႏိုင္သည္။ က်ိနင္းကေတာ့ေပ်ာ္ရ ေလာက္ေအာင္႐ူးမေနပါ။

ထိုအခ်ိန္မွစ၍ အိုဇာကၿပီးျပည့္စုံစြာျပဳလုပ္ထားသည့္မ်က္ႏွာဖုံးကို ဖယ္ပစ္လိုက္ၿပီး သူ႔ရဲ႕စ႐ိုက္အစစ္အမွန္ကိုျပသလာခဲ့သည္။ တေျဖးေျဖးႏွင့္ထိုလူဟာ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းမွန္း က်ိနင္းသိလာရသည္။

ေမြးမိခင္ထံမွစြန႔္ပစ္ခံလိုက္ရၿပီး ရက္စက္လွသည့္မိုင္းတြင္းၿဂိဳလ္၌ႀကီးပ်င္းလာရတာေၾကာင့္ အိုဇာထံမွာေလးလံလွသည့္ စိတ္ပိုင္းဆိုင္ရာအရိပ္မ်ားရွိေနသည္။ သူ႔ရဲ႕စိတ္အေျခအေနကမတည္ၿငိမ္တာေၾကာင့္ စိတ္စြမ္းအင္ကိုထိန္းခ်ဳပ္ႏိုင္စြမ္းမဲ့သြားတတ္သည္။

အိုဇာထိန္းခ်ဳပ္ႏိုင္စြမ္းမဲ့သြားတာကို က်ိနင္းအႀကိမ္ေပါင္းမ်ားစြာ ႀကဳံဖူးသည္။ သူ႔ရဲ႕စိတ္စြမ္းအင္က မိုင္းတြင္းၿဂိဳလ္မွေနထိုင္သူမ်ား၊ ပုံပ်က္ပန္းပ်က္မေကာင္းဆိုးဝါးမ်ား၊ အင္ပါယာ၏ဧကရီသူ႔အေမအျဖစ္သို႔ ရစ္ပတ္ရႈပ္ေထြးသြားတတ္သည္။

ေပၚလာသည့္ပုံရိပ္ေယာင္မ်ားကို အိုဇာကိုယ္တိုင္သတ္ပစ္ခဲ့သည္။ သူ႔အေမပင္ပါဝင္သည္။ သူမကသူ႔ကိုစြန႔္ပစ္ခဲ့သည့္အတြက္ သူမအားအမုန္းဆုံးျဖစ္သည္။ သူမေပၚလာတိုင္း သူ၏လက္ျဖင့္ လည္ပင္းညႇစ္ေလ့ရွိကာ ထိုသည္မွာပုံရိပ္ေယာင္ကိုယ္တိုင္အေငြ႕ပ်ံသြားသည္အထိပင္။

တစ္ခါတစ္ေလပုံရိပ္ေယာင္ေတြေပ်ာက္သြားရင္ေတာင္ အိုဇာကစိတ္လြတ္ေနတတ္သည္။ ထိုအခ်ိန္မ်ိဳး၌ က်ိနင္းကသူ႔လက္၌ခံစားရေတာ့သည္။ ကံေကာင္းစြာျဖင့္ က်ိနင္းကိုမမွတ္မိရေလာက္သည္အထိေတာ့ စိတ္မလြတ္ဖူးေပ။ မဟုတ္ပါက က်ိနင္းကိုပါသတ္ပစ္ႏိုင္ေခ်ရွိသည္။

ဤစိတ္ပ်က္စရာဆက္ဆံေရးႀကီးအတိုင္းသာဆက္သြားေနလွ်င္ ဒီတစ္ဘဝလုံးအိုဇာသူ႔ကို ခ်စ္မိလာမွာမဟုတ္ဟု က်ိနင္းထင္သည္။ ေနာက္ဆုံးေ႐ြးခ်ယ္စရာအျဖစ္ က်ိနင္းအလြန္ျပင္းထန္လြန္းသည့္လမ္းေၾကာင္းကို ေ႐ြးခ်ယ္လိုက္ရသည္

သူ႔ဘက္ကအိုဇာကိုအရင္ခ်စ္မိေၾကာင္းဟန္ေဆာင္ရေတာ့မည္ : Stockholm syndrome

T/N note

( Stockholm syndrome = ျပန္ေပးဆြဲခံရျခင္းသို႔မဟုတ္ ဆိုး႐ြားစြာဆက္ဆံခံရၿပီးေနာက္ က်ဴးလြန္ခံရသူမွ က်ဴးလြန္သူအေပၚ၌ျဖစ္ေပၚလာေသာ ယုံၾကည္မႈ သို႔မဟုတ္ ခ်စ္ခင္စြဲလန္းမႈ )

အိပ္ခန္းအလြတ္ထဲ၌ ဧကရာဇ္ဟာ သူ႔ေရွ႕မွပုံရိပ္ေလးကို ဖက္တြယ္ထားသည္။

၎ဟာသူ႔ရဲ႕စိတ္စြမ္းအင္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ပုံရိပ္ေယာင္ေလးျဖစ္တယ္ဆိုတာ သိေသာ္လည္း ထိုပုံရိပ္ဟာအစစ္ဟု ထင္မွတ္ရေလာက္ေအာင္ လက္ေတြ႕ဆန္လြန္းေနတာေၾကာင့္ ပုံရိပ္ေယာင္ေလးထံမွ ေႏြးေထြးမႈကိုေတာင့္တေနမိသည္။

ထိုသူဟာသူခ်စ္ေသာသူျဖစ္သည္။

ထို႔အျပင္ထိုသူဟာလည္း သူခ်စ္သေလာက္ သူ႔ကိုခ်စ္ခဲ့သည္။

သူအရင္ကဘယ္သူ႔ကိုမွ မခ်စ္ႏိုင္ေလာက္ဟုေတြးခဲ့သည္။ ဘယ္သူကမွလည္း သူ႔ရဲ႕အစစ္အမွန္ကို ခ်စ္ႏိုင္မွာမဟုတ္ဟု ထင္ခဲ့သည္။ ထိုသူ က်ိနင္း တစ္ေယာက္သာလွ်င္ ဤတစ္ေလာကလုံးမွခြၽင္းခ်က္ျဖစ္သည္။

မူလအစ၌ သူတို႔၏ဆက္ဆံေရးက ဆိုး႐ြားခဲ့သည္။ က်ိနင္းဟာ သူ႔ကိုမုန္းလြန္းသည့္အတြက္ အႀကိမ္ႀကိမ္ေထာင္ေခ်ာက္ဆင္ခဲ့သည္။ ထို႔ေၾကာင့္ သူ႔ရဲ႕အားနည္းခ်က္ကိုဖမ္းဆုပ္မိခ်ိန္မွာ သူ႔အားဆိုး႐ြားစြာႏိုပ္စက္ရန္ မတြန႔္ဆုတ္ခဲ့ေပ။

သို႔ေသာ္ ဘယ္အခ်ိန္ကစတင္ခဲ့မွန္းမသိေပမဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ တိတ္တဆိတ္ေျပာင္းလဲသြားခဲ့သည္။ က်ိနင္းကသူ႔ကိုအမုန္းတရားေတြႏွင့္ျပည့္ေနေသာ မ်က္လုံးေတြနဲ႔မၾကည့္ေတာ့။ ထိုအစား မ်က္လုံးေတြဟာ အမည္မသိခံစားခ်က္တစ္ခုခုကို ဖုံးကြယ္ထားသလို တျဖည္းျဖည္းရႈပ္ေထြးလာခဲ့သည္။

၎ဟာ ႐ြံ႕ႏြံထဲမွ အဖိုးတန္လြန္းသည့္ ပန္းေလးတစ္ပြင့္ ဖူးပြင့္လာခဲ့သလိုပင္။ သူေတာင္မသိလိုက္ခင္မွာ အမုန္းမွအခ်စ္သို႔ေျပာင္းလဲသြားခဲ့သည္။

...သူကသူ႔ကိုႀကိဳက္တယ္တဲ့လား?

က်ိနင္းအေတြးေတြကို သူပထမဆုံးသတိထားမိခ်ိန္၌ အိုဇာအလြန္အံ့ဩခဲ့ရသည္။

သူ႔အားလူေတြ'ႀကိဳက္' ၾကတာႏွင့္မစိမ္းသက္ပါ။ သူ႔ေျခေထာက္မွာျပႆနာရွိေနေပမဲ့ သူဟာ႐ုပ္ေခ်ာသည္၊ စိတ္စြမ္းအင္အားေကာင္းသည္၊ မင္းသားတစ္ပါးျဖစ္သည္။ သူ႔အေမဟာလည္း အင္ပါယာ၏ဧကရီျဖစ္ၿပီး မိန္းကေလးအမ်ားစုဟာ သူ႔ရဲ႕စ႐ိုက္လကၡဏာအတုမွာဆြဲေဆာင္ခံၾကရသည္။ သူတို႔ကျပက္ရယ္ျပဳစရာေကာင္းသည္ဟု ေတြးထင္ခဲ့သည္။

သူ႔အားမည္သူမွမႀကိဳက္ႏိုင္ေပ။

သူဟာကမာၻႀကီးထံမွ စြန႔္ပစ္ခံထားရသူတစ္ေယာက္။ သူ႔ရဲ႕စိတ္အေျခအေနက မေသခ်ာ၊ ခံစားခ်က္မဲ့၍ ရက္စက္သည္။ သူဟာထိန္းခ်ဳပ္မႈေအာက္မွလြတ္သြားတတ္သည့္ ေၾကာက္စရာ၊ သနားစရာေကာင္းသည့္ အ႐ူးတစ္ေယာက္။ သူ႔အေမကိုယ္တိုင္ေတာင္ သူ႔အေပၚခ်စ္ခင္ၾကင္နာမႈမရွိတာ ဘယ္သူကမ်ား သူ႔ရဲ႕စစ္မွန္သည့္ပုံစံကိုခ်စ္ႏိုင္မွာတဲ့လဲ?

သို႔ေသာ္လည္း ထိုသူကခ်စ္ခဲ့ပုံေပၚသည္။

က်ိနင္းသူ႔ကိုခ်စ္ခဲ့ႏိုင္လား?

သူ႔ရဲ႕စ႐ိုက္အမွန္ကိုလည္းေတြ႕ၿပီး သူ႔စီမွထပ္ခါထပ္ခါႏွိပ္စက္ခံရတာေတာင္ သူ႔ကိုခ်စ္မိႏိုင္တာလား? ဘယ္လိုျဖစ္ႏိုင္မွာလဲ?

ဒါဟာေထာင္ေခ်ာက္တစ္ခုမဟုတ္ဘူးလား?

မေကာင္းသည့္အေတြးေတြႏွင့္ အိုဇာဟာက်ိနင္းကိုေစ့ေစ့စပ္စပ္ၾကည့္ရႈစစ္ေဆးခဲ့သည္။ ဒါဟာအစစ္အမွန္ျဖစ္ေၾကာင္းေသခ်ာသည္အထိ ဆက္တိုက္စစ္ေဆးခဲ့သည္။ က်ိနင္းနားကိုကပ္သြားသည့္အခ်ိန္တိုင္း က်ိနင္းဟာရွက္ေသြးျဖာၿပီး အလ်င္အျမန္အေဝးကို အၾကည့္လႊဲသြားတတ္သည္။

ထင္ရွားပါတယ္။

က်ိနင္းဟာတကယ္ပဲသူ႔ကိုသေဘာက်ခဲ့တယ္။

...ထိုသို႔အျပဳအမူမ်ိဳးကို သူဘယ္လိုတုံ႔ျပန္ရပါ့မလဲ?

အၿမဲတမ္းတည္ၿငိမ္ၿပီး တြက္ခ်က္တတ္သည့္အိုဇာဟာ ရွက္႐ြံစြာထြက္ေျပးသြားသည့္ က်ိနင္းရဲ႕ေနာက္ေက်ာကိုၾကည့္ရင္း ရွားပါးစြာပင္ မိန္းေမာေတြေဝေနခဲ့သည္။

သူဟာၿငိမ္ၿငိမ္ေလးထိုင္ၿပီး က်ိနင္းရဲ႕စိတ္အေျခအေနကိုခြဲျခမ္းစိတ္ျဖာၾကည့္ေပမဲ့ ဘာေၾကာင့္က်ိနင္းသူ႔အားခ်စ္မိသည္ကိုနားမလည္ႏိုင္ေပ။

သူ႔အားႏိုပ္စက္သည့္သူတစ္ေယာက္ကို တကယ္ႀကီးခ်စ္မိသြားခဲ့သည့္ က်ိနင္းကိုရယ္ေမာေလွာင္ေျပာင္သင့္ေပသည္။

အေရးႀကီးဆုံးကေတာ့ သူဟာက်ိနင္းရဲ႕အေမွာင္ဆုံးလွ်ိဳ႕ဝွက္ခ်က္ကို ဖမ္းဆုပ္မိခဲ့သည္ပင္။ ေမာ့လင္းအင္ပါယာ၌ လိင္တူခ်စ္ျခင္းဟာ ျပင္းထန္ေသာျပစ္မႈတစ္ခုျဖစ္သည္။ ေတာ္ဝင္မိသားစုအတြက္ေတာ့ လုံးဝကိုမလုပ္အပ္ေသာအရာျဖစ္သည္။ မည္သူပဲျဖစ္ပါေစ ေတာ္ဝင္မိသားစုရဲ႕ဂုဏ္သိကၡာကို ထိန္းသိမ္းရန္ တိတ္တဆိတ္ကြပ္မ်က္ခံရလိမ့္မည္။

သို႔ေသာ္ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ အိုဇာဟာစက္ဆုပ္မႈမရွိဘဲ ေသးငယ္ေသာတုံ႔ျပန္မႈေလးသာရွိသည္။ ၾကည့္ရတာ... က်ိနင္းသူ႔ကိုႀကိဳက္သည့္အေပၚ အထင္အျမင္ေသးတာမ်ိဳးမရွိေပ။

...မဟုတ္ဘူး။

မင္းသားဟာမ်က္လုံးမ်ားကိုမွိတ္ကာ ပင္ပန္းမႈအနည္းငယ္ႏွင့္အတူ နားထင္ကိုဖိေနမိသည္။ သူ႔ရဲ႕ေနာက္ဆုံးစိတ္စြမ္းအင္မတည္ၿငိမ္မႈေၾကာင့္မ်ားလားဟု ထင္ေနမိသည္။

အတိတ္၌သူဘယ္ေလာက္က်ိနင္းကိုမုန္းတီးခဲ့ေၾကာင္း ထင္ရွားပါသည္။ ျဖစ္ႏိုင္တာက ဒီရက္ပိုင္းအတြင္း က်ိနင္းကအရမ္းနာခံေနတာေၾကာင့္ သူ႔ကိုဘယ္ေလာက္မုန္းေၾကာင္းေမ့သြားတာျဖစ္လိမ့္မည္။

သူ႔ကိုယ္သူ ထိုခံစားခ်က္အား အမွတ္ရေစခ်င္မိသည္။

သူ႔ရဲ႕ေနာက္ထပ္စိတ္စြမ္းအင္တိုင္ခိုက္မႈ၌ အိုဇာကလက္ေပၚေမးတင္ကာ သားေရၾကာပြတ္၏အစြန္းျဖင့္ က်ိနင္း၏ေမးေစ့ကို ေမာ့လိုက္ၿပီးခိုင္းေစလိုက္သည္ "လာခဲ့ ငါ့ကိုအစ္ကိုေတာ္လို႔ေခၚ"

"...?"

က်ိနင္းထိတ္လန႔္သြားၿပီး သူ႔အားတုန႔္ဆုတ္ေနသည့္မ်က္လုံးမ်ားျဖင့္ၾကည့္ေနသည္။

အိုဇာကေတာ့တည္ၿငိမ္ေနပုံရကာ "စကားနားမေထာင္ဘူးလား ေရွာင္နင္း?"

"ေတာင္းပန္ပါတယ္..." က်ိနင္းႏႈတ္ခမ္းေတြကိုဖြင့္ၿပီးေနာက္ အိုဇာ့မ်က္ႏွာထံမွအၾကည့္လႊဲလိုက္သည္။ ရွက္႐ြံ႕မႈကိုဖုံးကြယ္ရန္ ေခါင္းကိုငုံ႔လိုက္ကာ တိုးတိုးေျပာသည္ "...အစ္ကိုေတာ္"

"..."

ခဏကာတိတ္ဆိတ္သြားၿပီးေနာက္ အိုဇာကေျပာသည္။

"ေနာက္တစ္ေခါက္"

"အစ္ကိုေတာ္..."

"ေနာက္တစ္ေခါက္"

...အသုံးမဝင္ေပ။

ထိုနည္းလမ္းဟာက်ိနင္းအေပၚ၌႐ြံရွာမႈကို ျပန္လည္ႏိုးဆြဖို႔မစြမ္းေဆာငိႏိုင္႐ုံသာမက အတြင္းထဲ၌စြဲလန္းမႈတစ္ခုျဖစ္ေပၚလာခဲ့သည္။

အိုဇာေျပာင္းလဲမႈအေပၚ၌အနည္းငယ္ စိတ္တိုမိသည္။ ထိန္းခ်ဳပ္မႈေအာက္မွလြတ္ေျမာက္ေနသည့္ခံစားခ်က္ကိုမုန္းသည္။ အထူးသျဖင့္ စိတ္စြမ္းအင္တိုက္ခိုက္မႈမရွိေနခ်ိန္၌ျဖစ္သည္။ ဒါကဘယ္တုန္းကမွမျဖစ္ခဲ့သင့္ေပ။

က်ိနင္းကိုခဏေလာက္မေခၚဘဲေနခဲ့ၿပီး တကၠသိုလ္မွာလည္းအတတ္ႏိုင္ဆုံး မေတြ႕မိေအာင္ေရွာင္ေနခဲ့သည္။

သူ႔ကိုယ္သူအလုပ္မ်ားေအာင္ထားထားေပမဲ့ ေကာင္ေလးကိုေရွာင္ေနေလ သူနားေနခ်ိန္၌ ထိုေကာင္ေလးထံသို႔ သူ႔အေတြးေတြေရာက္သြားတာကို မတားႏိုင္ခဲ့ေပ။

ညတစ္ည၌ အိုဇာအိပ္မက္မက္သည္။

အိုဇာဟာသူ႔အိပ္မက္ေတြကို မႏွစ္သက္ခဲ့ေပ။ သူတို႔ကအၿမဲေမွာင္မိုက္ၿပီး ေၾကာက္စရာေကာင္းသည္။ သို႔ေသာ္ဒီတစ္ခုကေတာ့မတူပါ။ ႏူးညံ့သာယာသည့္အိပ္မက္ေလးျဖစ္သည္။

အိပ္မက္ထဲ၌ သူ႔ႏွလုံးသားဟာ သူ႔ေရွ႕၌ေကာင္ေလးတစ္ေယာက္ရပ္ေနတာေၾကာင့္ ေပါ့ပါးကာေပွ်ာ္႐ႊင္ေနခဲ့သည္။

"အစ္ကိုေတာ္..."

ေကာင္ေလးကမ်က္လုံးမ်ားမွိတ္ကာ ေခါင္းေလးကိုအနည္းငယ္ေမာ့ထားရင္း တိုးတိုးေျပာသည္။

႐ုတ္တရက္ခံစားခ်က္မ်ားျပင္းထန္လာၿပီး အိုဇာဟာေကာင္ေလးရဲ႕ ပန္းေရာင္ႏႈတ္ခမ္းမ်ားကို နမ္းမိေတာ့မလိုပင္။

"!"

အိုဇာဟာ႐ုတ္တရက္ အိပ္မက္မွႏိုးလာခဲ့ၿပီး ကုတင္ေပၚမွာထိုင္ေနသည္။ ႏႈတ္ခမ္းကိုကိုင္ကာ အနည္းငယ္ေမာေနသလို လက္ထိပ္မ်ားကတုန္ယင္ေနခဲ့သည္။

ေနာက္ဆုံးမွာေတာ့က်ိနင္းတစ္ေယာက္ပဲ ေျပာင္းလာသြားတာမဟုတ္ေၾကာင္း သတိျပဳမိသြားသည္။

သူလည္းပဲမူမမွန္ေတာ့ေပ။

စာေရးသူ၌ေျပာစရာရွိပါသည္:

အိုဇာ : လူတစ္ေယာက္ကိုႀကိဳက္ခ်င္ဟန္ေဆာင္ဖို႔မျဖစ္ႏိုင္တာေၾကာင့္ သူငါ့ကိုတကယ္ပဲႀကိဳက္တာျဖစ္လိမ့္မယ္

က်ိနင္း : မင္းကတုံးလြန္းတာပဲ မင္းကိုႀကိဳက္ခ်င္ဟန္ေဆာင္ၿပီး သြားေတြႀကိတ္ေျခမိတဲ့အထိ ဘယ္ေလာက္မုန္းေၾကာင္းျပေပးမယ္

TBC 🐣

ဖတ္ရတာအဆင္ေျပၾကရဲ႕လားရွင့္ စာအသြားအလာကနားလည္လြယ္ရဲ႕လား










Continue Reading

You'll Also Like

90.8K 15.6K 53
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - Update- Three episodes per week This nov...
52.9K 7.1K 67
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...
297K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024