Unicode
ဆေးရုံကို အမောတကောရောက်လာတဲ့သူ့ကို လူတွေဟာအထူးအဆန်းတစ်ခုလိုငေးကျန်ရစ်ကြသည်။ သူ့ပုံစံဟာဘယ်အတိုင်းအတာထိ ရုပ်ပျက်နေမလဲဆိုတာသူသိပါသည်။ သို့ပေမယ့်လည်းမတတ်နိုင်။ အတွေးထဲပြန်ဝင်လာတဲ့ အမေနဲ့အဖေ့ရဲ့ပုံရိပ်တွေကသူ့ကိုအကြီးအကျယ်ခြောက်လန့်နေသည်။ ဆုံးရှုံးဖူးတဲ့လူမှသိတဲ့ဒဏ်ရာမို့ ကိုယ်ချင်းစာပေးဖို့ နားလည်ပေးဖို့ကိုလည်း သူမမျှော်လင့်ခဲ့ဖူးပါ။ မိဘတွေကိုတစ်နေ့ထဲမှာဆုံးရှုံးခဲ့ဖူးတဲ့သူ့အတွက်တော့ အလတ်ကောင်ရဲ့သတင်းဟာ အကြိမ်ကြိမ်ငရဲကိုဆင်းလိုက်သလိုပါပဲ။ ထပ်ပြီးတော့ မဖြစ်ပါရစေနဲ့။ ဖြစ်ခွင့်မပေးဘူး။ သူ့ကြောင့်ဆိုရင်ပိုပြီးတောင်မဖြစ်စေရဘူး။ သူ့ကြောင့်နဲ့ သူ့မိသားစုထိခိုက်မှာမျိုးလုံးဝမဖြစ်စေရဘူး။
“အလတ်ကောင်...”
တံခါးဖွင့်ဖွင့်ချင်း မြင်ရတဲ့အလတ်ကောင်ကဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေသည်။ မရမကမေ့ပစ်နေသည့်ကြားမှတိုးဝင်လာတဲ့ပုံရိပ်တွေကသူ့ကြောက်စိတ်ကိုအားပေးအားမြှောက်ပြုသည်။
“သမီး တိုးတိုး ခုနလေးမှ ပြန်အိပ်ပျော်သွားတာ ဆေးသွင်းထားလို့လေ လာလာ အပြင်မှာသွားပြောရအောင်နော်”
“ကြီးမေ...”
“လာပါကွယ် လာ”
ကြီးမေကိုမြင်တာနဲ့ငိုချင်စိတ်ကဘယ်လိုမှထိန်းမရ။
“အလတ်ကောင် အလတ်ကောင် ဘယ်လိုနေသေးလဲဟင် ကြီးမေ”
“ သက်သာသွားပါပြီကွယ် စိတ်မပူတော့နဲ့နော်။ ငါ့သမီးလေးလည်း ပင်ပန်းလိုက်တာ”
“ဘယ်လိုဖြစ်တာလဲ ဟင် ကြီးမေ အမြဲတမ်းပုံမှန်သွားနေကျကလေးက ဘယ်လိုဖြစ်တာလဲဟင်”
“ကားကရုတ်တရက်ကြီးလမ်းကြားကထွက်လာတာတဲ့။ ရှောင်ပေမယ့် စက်ဘီးနဲ့ချိတ်မိသွားတယ်တဲ့။ ကံသီပေလို့ပေါ့။ တည့်သာတိုက်မိရင် မတွေးရဲပါဘူးသမီးရယ်။စက်ဘီးပေါ်ကအရှိန်နဲ့ပြုတ်ကျတော့ ညာဘက်လက်ကနည်းနည်းအက်သွားတယ်။ ခေါင်းကတော့နှစ်ချက်ချုပ်ရတယ်။ သွေးလွန်သွားလို့ အခြေအနေကနည်းနည်းစိုးရိမ်သွားရတာ။ တော်သေးတယ်။သွေးအလှူရှင်အမြန်ရလို့။ ခုနလေးမှအိပ်ပျော်သွားတာ”
“တော်ပါသေးတယ် တော်ပါသေးတယ်ကြီးမေရယ်~~”
မဒီဟင်းလုံးချငိုမိတော့ ကြီးမေကပုခုံးကိုခပ်ဖွဖွပုတ်ပေးသည်။
“မဒီကြောက်နေတာကြီးမေရဲ့ သတင်းကြားလိုက်ထဲက~~မဒီ~~အမေနဲ့အဖေ့ကိုပြေးမြင်သွားတာ~~မဒီမတွေးရဲဘူးကြီးမေ~~မဒီသေသွားမှာ သိလား မဒီသေသွားမှာ~~”
“သမီးရယ်~~ကြီးမေကိုကြည့်စမ်း အလတ်ကောင်ကိုကယ်လိုက်နိုင်တယ်လေ သမီးရှင်သန်ဖို့အကြောင်းတရားတွေရှိသေးတယ်~~ပင်ပန်းလည်း သမီးရှင်သန်ရဦးမယ်လေ ကြီးမေတစ်ယောက်လုံးရှိပါသေးတယ်~~ကြီးမေကငါ့သမီးကိုတစ်ယောက်တည်းရင်ဆိုင်ရအောင်ပစ်မထားပါဘူး အားတင်းထားစမ်းကွယ်~~”
သူ့လက်တွေကိုဆုပ်ကိုင်ရင်း ကြီးမေပြောတော့ သူ့ရဲ့ရှင်သန်ခြင်းကိုမျှော်လင့်တဲ့လူတွေဟာ မိသားစုပါပဲ။ ဒီလူတွေကိုကာကွယ်ဖို့ ဘာတွေကိုရင်းရမလဲဆိုတာလည်း သူကိုယ်တိုင်မရေမရာနဲ့။ ငါ့မိသားစုကို ထိခိုက်လာတဲ့ ဘယ်သူမဆို ဘာကြီးပဲဖြစ်ဖြစ် ပြန်လက်တုန့်ပြန်ဖို့နှစ်ခါပြန်မစဉ်းစားဘူးဆိုတာ သက်သေပြမယ်။ ငါ့နှလုံးသားငါရင်းရမယ်ဆိုရင်တောင်ရင်းပစ်လိုက်မှာ။
“မဒီ..”
အလတ်ကောင်ကို ရေပတ်တိုက်ပြီးလို့ အခန်းထဲကပြန်ထွက်အလာ အခန်းရှေ့မှာထိုင်စောင့်နေသူကြောင့် မဒီ့မျက်နှာဟာဒေါသတွေနဲ့အတူဝမ်းနည်းခြင်းတွေပါရောယှက်ကုန်သည်။
“ဘာလာလုပ်တာလဲ မင်းကိုတို့မတွေ့ချင်ဘူး ပြီးတော့ဒါမင်းလာရမယ့်နေရာမဟုတ်ဘူး”
“မဒီ ဘယ်လိုကြီးပြောလိုက်တာလဲ”
“ကြားတဲ့အတိုင်းပဲ တို့မင်းကို ဒီ့ထက်စိတ်မဆိုးချင်ဘူး”
“ဒါကိုယ်လုပ်တာမဟုတ်ဘူးလေကွာ ကိုယ်မလုပ်တဲ့အရာတစ်ခုအတွက် ခုလိုဆက်ဆံခံနေရတာ မဟုတ်သေးဘူး မဟုတ်သေးပါဘူးကွာ ကိုယ်ရှင်းပြတာလေးတော့နားထောင်ပေးပါဦး ကိုယ်တောင်းပန်ပါတယ်မဒီရယ်”
“.....”
“မာမီမဟုတ်ဘူးတဲ့ ဒီကိစ္စကမာမီမသိဘူးတဲ့”
“အဲ့ဒါကိုယုံပေးရမှာလား မင်းမာမီမဟုတ်ရင်တောင်မင်းအဖိုးရှိသေးတယ်။ သူကိုယ်တိုင် ခေါ်ပြောခဲ့တာ~~မင်းနဲ့မခွဲနိုင်ခဲ့လို့ ~~မင်းကိုလက်မလွှတ်ပေးခဲ့လို့ ငါ့မိသားစုကို ထိခိုက်လာတာ။ မိသားစုဝင်ကိုမင်းလည်းဆုံးရှုံးဖူးပါတယ်~~မင်းသိမှာပါ”
တောင်းပန်ပါတယ်ရှိုင်း။ မင်းကိုဒီလိုမှမပြောရင်မင်းထွက်သွားမှာမဟုတ်ဘူးမလား။ မင်းမလုပ်တဲ့အပြစ်အတွက် မင်းကိုအပြစ်တင်ရတာ အားနာပါတယ်။ ဘယ်လိုလုပ်မလဲ မင်းမိသားစု အပေါ်ထားတဲ့မုန်းခြင်းရော မင်းအပေါ်ထားမိတဲ့ ချစ်ခြင်းရော အကုန်လုံးရောပြွန်းနေလို့။
“ကိုယ်ဖေဖေ့ကိုဆုံးရှုံးရတဲ့နာကျင်မှုကို ကိုယ်အသိဆုံးပါ။ ဒါကြောင့်မို့ မဒီ့နာကျင်မှုဆိုကိုယ့်ထက်အဆပေါင်းများစွာသာမှန်းသိပါတယ်။ ကိုယ်လက်မလျှော့ဘူး။ မင်းဘယ်လိုပြောပြော လက်မလျှော့ဘူး။ ဒီနေ့မရရင်နောက်နေ့ နောက်နေ့မဟုတ်ရင်လည်းကွာ နောက်ထပ်ရက်တွေအများကြီး။ မင်းကိုယ့်ကို အမြင်ရှင်းလာအောင် ကိုယ်ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်မှာ။ မင်းမှတ်ထားဖို့က မင်းကိုလက်လျှော့လိုက်ဖို့ ကိုယ့်မှာအစီအစဉ်မရှိဘူးဆိုတာပဲ။ နားလိုက်ဦး ကိုယ်ပြန်တော့မယ်”
ရုံးကအပြန်တန်းရောက်လာပုံပေါ်သည့်ရှိုင်းပုံစံကနွမ်းလျလှသည်။ ကုတ်အင်္ကျီကို လက်ကကိုင်လို့ တရွေ့ရွေ့ထွက်ခွာသွားတဲ့ကျောပြင်ဟာဒီလောက်ဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ဘယ်ထင်ပါ့မလဲ။ နာကျည်းတယ်ဆိုပေမယ့် ရှိုင်းကိုမှမဟုတ်တာ။ ပါးပြင်ပေါ်ကျဆင်းလာတဲ့မျက်ရည်တွေအတွက်တော့ ခပ်ကြမ်းကြမ်းဖယ်ရှားလိုက်တာကသာအကောင်းဆုံးဖြစ်သည်။
“သမီးငယ် မျက်ကွင်းတွေညိုနေသလိုပဲ နေမကောင်းဘူးလား”
ထမင်းဝိုင်းမှာ မေမေ့အမေးကြောင့် ခေါင်းအသာယမ်းပြကာ မေမေ့စိတ်တိုင်းကျအဖြေသာပြန်ပေးမိသည်။
“နွေး အိပ်တာနောက်ကျနေလို့ပါ အလုပ်ကမပျက်တော့လေ မနက်ဖြန်ကိုခန့် ၁၁လပြည့်နော်မေမေ နွေးဆွမ်းချိုင့်သွားပို့ပြီးရင် ဘုရားခဏသွားမလို့”
“အလုပ်ကတော့ရော”
“ခွင့်ယူထားတယ်မေမေ နွေးအပေါ်တက်တော့မယ်နော် ဖေဖေရုံးကပြန်လာရင် လှမ်းခေါ်လိုက်နော်မေမေ နွေးဆင်းခဲ့မယ်”
“အေးပါကွယ် အေးပါ”
ထမင်းဝိုင်းကလေးလံတဲ့ခြေလှမ်းတွေနဲ့အပေါ်ထပ်ဆီ တရွေ့ရွေ့။ အခန်းတံခါးဖွင့်လိုက်တာနဲ့ စီးကျလာတဲ့မျက်ရည်တွေက သနားညှာတာမှုမဲ့စွာ။ ကုတင်ဘေးကကိုခန့်နဲ့သူ့ရဲ့ဓာတ်ပုံလေး။ မှတ်မှတ်ရရ တွဲတောင်မတွဲရသေးတဲ့အချိန် နွေးမွေးနေ့မှာ ကိုခန့်ကမွေးနေ့ကိတ်လေးဝယ်ပေးခဲ့တာ။
“ကိုကို~~~နင်အမြဲကြားချင်တဲ့နာမ်စားမလား~~ငါ့ကိုအစောကြီးနင်ခွဲသွားမှန်းသိရင်ငါအမြဲခေါ်ခဲ့တယ်~~ငါ့ကိုနင်ထားသွားတာမနက်ဖြန်၁၁လပြည့်မှာဟ~~အချိန်တွေကငါ့ကိုဘာမှမကုစားနိုင်ဘူး~~နင့်အတွက် ငါ့ကိုယ်ငါအတွက် သူတို့ကိုပေးမပျော်ဘူးဆိုတာ ယုံထားပေး ငါလေ ငါကလေ~~သူတို့ကို အမှုန့်ချေပစ်မှာ~~”
ငိုလိုက်။ဒေါသထွက်လိုက်။ နာကျင်လိုက်နဲ့အရာရာဟာ သူ့အတွက်တော့နာကျင်စရာတွေချည်းပြည့်နှက်နေတာပါပဲ။
အလတ်ကောင်ဆေးရုံမှာရှိနေတဲ့နေ့တိုင်း ရှိုင်းရောက်ရောက်လာတတ်သည်။ အမြဲတမ်းအသနားခံမျက်ဝန်းတွေနဲ့မဒီ့ကိုငေးနေမြဲဖြစ်သည်။ မဒီ့မှာလည်း အမြဲရှောင်လွှဲရင်း နောက်ကွယ်ကျမှမျက်ရည်ကျရလေ့ရှ်ိသည်။
“ကြီးမေ”
ဆေးရုံဝရံတာမှာရပ်နေတဲ့ရှိုင်းက လက်ထဲတွင်လည်းအထုတ်တွေနဲ့။
“အော် ရှိုင်း”
“မဒီနဲ့ကြီးမေဖို့ မနက်စာ နန်းကြီးသုပ်ကလေ မဒီကြိုက်တယ်။ ကိုယ်လာပို့တယ်ဆိုရင်မစားမှာစိုးလို့ ကြီးမေဝယ်လာတာလို့ပဲပြောပေးပါနော်”
“မဒီလည်းဘာဖြစ်တယ်မသိပါဘူး အစကရှိုင်းဆိုတာနဲ့သဲသဲလှုပ် ခုကျတော့လည်းသူမဟုတ်သလိုပဲ မထုံတထေ့နဲ့”
ကြီးမေလေသံအရာကြီးမေကိုပြန်မပြောထားဘူးဆိုတာသိသာစေသည်။ မင်းလွန်ဆွဲနေရမှာသိပါတယ်။ ကိုယ့်ဘက်ပဲသာအောင် သက်သေပြရင်းလွန်ကူဆွဲပေးမှာ။ ခုတော့လည်း ငေးရရုံပေါ့။
“ကိုယ်သွားမယ်နော်ကြီးမေ”
“အေးအေးဂရုစိုက်သွား”
အခန်းထဲလှမ်းဝင်လာတဲ့ကြီးမေလက်ထဲကအထုပ်တွေ။ ဒါဟာဘယ်သူ့လက်ချက်လည်းဆိုတာ မဒီသိပါသည်။ ခုနကပဲ နံရံအကွယ်ကနေကြားခဲ့ရပြီကော။ အလတ်ကောင်အတွက် ဆေးသွားဝယ်ပြီးအပြန် အခန်းရှေ့နားအရောက် ကြားရတဲ့စကားသံတွေကြောင့်သူတိတ်တိတ်ကလေးနားထောင်နေခဲ့လိုက်သည်။
“ကြီးမေအောက်ဆင်းရင်းဝယ်လာတာ ရော့ ဒါသမီးဖို့နန်းကြီးသုပ် ဒါကအအေး ရေဘူးလည်းဝယ်လာတယ် ကြိုက်တာသာသောက် ”
ကြီးမေပြင်ပေးလာတဲ့နန်းကြီးသုပ်ဟာ သူ့ရှေ့တွင်ဖွယ်ဖွယ်ရာရာ။ သူကြိုက်တတ်တဲ့ ကော်ဖီအအေးဘူးလေးကလည်း သူ့ရှေ့တွင်အဆင်သင့်။
“ဟဲ့သမီး စားလေ”
“ဟုတ်ကဲ့ကြီးမေ”
နန်းကြီးသုပ်တစ်လုပ်ပါးစပ်ထဲခွံ့လိုက်တဲ့အချိန်မှာပဲ အစပ်အဟပ်မတည့်တဲ့အရသာကြောင့် ဒါဝယ်လာတာမဟုတ်မှန်းသဘောပေါက်လိုက်ပါသည်။ သိလိုက်တဲ့ချက်ချင်း သူ့အမြင်တွေဟာဝေဝေဝါးဝါး။
“အသုပ်လေးကောင်းသားဟဲ့ ဒါနဲ့သမီး ရှိုင်းကိုစကားမပြောတော့ဘူးလား သူ့ခမျာသနားပါတယ်ကွယ် ”
“.......”
ကြီးမေစကားတွေဟာသူ့ရင်ကိုလောင်ကျွမ်းစေတဲ့လောင်စာပမာ။ ရင်ထဲကမီးတောက်အားအရှိန်အဟုန်ဖြင့်တောက်လောင်စေသည်။ နန်းကြီးသုပ်ကို အငမ်းမရစားရင်း ဝမ်းနည်းမှုကိုမြိုချနေရသည်။ တိတ်တိတ်လေးခိုးကြည့်တုန်းက မြင်လိုက်ရတဲ့ လက်ကပလာစတာက ဒီအသုပ်အတွက်နဲ့တဲ့လား။
“ဖြေးဖြေးစားပါမဒီရယ်..?”
“အရ..အရသာရှိလွန်းလို့ပါကြီးမေ~”
အနောက်ကရှိုက်လိုက်သံကိုကြီးမေမကြားပါစေနဲ့။
တံခါးပေါက်ဘေးနံရံကိုအကွယ်ယူလို့ တိတ်တိတ်လေးကြည့်နေခဲ့သူတစ်ယောက်ဟာလည်းရှိနေခဲ့ပါသည်။ လက်ထဲက လီလီပန်းစည်းလေးကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း။ ထိုဆုပ်ကိုင်ထားသောလက်မှာတော့ အနာကပ်ပလာစတာတွေနှင့်။
“ဒေါ်ဆွေမြင့်”
“ဝှါးးးရှင်..အယ်..မမလေး!”
မနက်အစောကြီးမီးဖိုချောင်ထဲရောက်လာသူအားမြင်မိတော့အိပ်ချင်စိတ်တွေပါပြေသွားရသည်။
“နန်းကြီးသုပ်ဘယ်လိုလုပ်ရတာလဲ”
“ရှင်? မမလေးစားချင်လို့လား ကျွန်မပြင်ပေးမှာပေါ့ ခဏလေးစောင့်”
ချည်တုံချတုံနဲ့အရှေ့လျှောက်အနောက်လျှောက်ကာ တစ်ခုခုပြောဖို့ကြံနေသလိုပဲ။
“ကိုယ့်ဖို့မဟုတ်ဘူး”
“....??”
“အာ..ဒီလိုလေ ဟို ကိုယ်သိချင်တာ ဘယ်လိုလုပ်ရလဲလို့”
“....”
ကြောင်တောင်တောင်ကြီးကြည့်နေတဲ့ဒေါ်ဆွေမြင့်ကြောင့် စိတ်တွေမရှည်တော့။
“ဒေါ်ဆွေမြင့် ကိုယ်စိတ်မရှည်တော့ဘူး ခုပြောမှာလားမပြောဘူးလား”
“ပြော...ပြောပါ့မယ်မမလေးရယ်”
ဒေါ်ဆွေမြင့်ပြောသမျှတစ်ဆင့်ချင်းမှတ်နေပေမယ့် တစ်ဆင့်ကျော်သွားရင်ဦးနှောက်ကဖြတ်ချပစ်သည်။ ဘယ်နေရာမှာဘယ်လောက်တော်တော် ဒီနေရာမှာတော့ သူအတော်လေးညံ့ပါသည်။
“အာ့! သေပြီ ”
လှီးတာတော့ကြက်သွန်ပဲ။တကယ်ထိသွားတာတော့လက်ဖြစ်နေတယ်။ အဆင်ပြေနေတာကခုနကကြက်သွန်ပျောက်ခြင်းမလှပျောက်သွားတာပါပဲ။
“မမလေး ကျွန်မပဲလုပ်ပေးပါ့မယ် အကောင်းဆုံးဖြစ်စေရမယ်လေ”
“တိတ်! ပြောစရာရှိတာသာပြောပါ ကိုယ့်အတွက်တကယ်အရေးကြီးတာ ကိုယ်တိုင်ပဲလုပ်ချင်တယ်”
“ဒါပေမယ့်လက်က...”
“ဘာမှမဖြစ်ဘူး ရေဆေးလိုက်မယ်”
ပုသေးကတော့ မီးဖိုချောင်ထဲပျံ့လွင့်လာမည့်ကြက်သွန်တွေကိုလိုက်ကောက်ဖို့အဆင်သင့်ဖြစ်နေပြီ။
“ဟ! အာ့ ပူတယ်ဟ!”
“မမလေးနောက်ဆုတ် နောက်ဆုတ် ရေမစစ်ပဲထည့်တာကို”
“ကြိုပြောလေ”
ပြောပြရကျိုးနပ်အောင်လည်း ဒီလိုချိုသာသေးတာကို။
“ဟား ဟား နောက်ဆုံးတော့ပြီးသွားပြီ ဟားဟား မြည်းကြည့်မလား”
ဒေါ်ဆွေမြင့်ကပြုံးပြုံးလေးဖြင့်
“တော်ပါပြီ တော်ပါပြီမမလေးရယ် ကျွန်မမြင်ရရုံနဲ့ဗိုက်ဝပြီ”
“ဟိုကလေးမ”
“ဟာ ခုမှသတိရတယ် အိပ်ယာခင်းတွေလဲရမယ့်နေ့ပဲ သွားပြီနော်မမလေး”
နောက်ဆုံး စားပွဲအနားမတ်တပ်ရပ်ကျန်ရစ်ခဲ့သူမှာ သူတစ်ယောက်သာရှိတော့သည်။
“တောင်းစားရင်တောင် ငါကလည်းမကျွေးပါဘူး ဒါကမဒီ့အတွက် ဟင်းဟင်း”
ကျဆင်းလာတဲ့မျက်ရည်တွေက မဒီ့တုန့်ပြန်မှုအပေါ်ကျေနပ်မိလို့ပျော်မိလို့ဆိုတာ သူကိုယ်တိုင်ပဲသိပါသည်။ တံခါးဝနား ပန်းစည်းလေးအသာချပြီး ပြန်လှည့်ထွက်ခဲ့သည်။ ဆေးရုံ လှေကားအနားအရောက် အရှိန်နဲ့ ဝင်တိုက်လိုက်တာကြောင့် လူကယိုင်ထွက်သွားသည်။
“အာ့!”
“တောင်း တောင်းပန်ပါတယ် ဘာဖြစ်သွားသေးလဲဟင်”
အစကဒေါသနဲ့တုန့်ပြန်ဖို့ဆိုပေမယ့် ထိုအသံလှိုင်းနားစည်ကိုဖြတ်သန်းသွားပြီးနောက် ထူးဆန်းစွာသူ့ဒေါသတွေဟာ ပျော်ခြင်းမလှပျောက်ဆုံးသွားတော့သည်။ အထူးဆန်းဆုံးက သူ့နှလုံးသားလို့မဆိုနိုင်တဲ့သူ့နှလုံးသား။ နှလုံးခုန်သံဟာပြင်းပြင်းထန်ထန်ကိုကျယ်လောင်လာသလိုပင်။
“ရပါတယ်”
“တောင်းပန်ပါတယ်ရှင် ကျွန်မလည်းလောနေလို့ပါ”
အသားဖြူဖြူ ဆံမှိတ်အတိလေးနှင့် မျက်နှာနုနု။ မျက်လုံးတွေက အရောင်မဲ့နေတာမျိုး။ သူဘာကြောင့်သတိထားမိလိုက်လဲမသိမေယ့် မဆိုင်တာမို့ ခေါင်းအသာညိတ်ပြပြီးနောက်လှည့်ထွက်ခဲ့လိုက်သည်။ ဘာကြောင့်မှန်းမသိ စိတ်ထဲမှာ ဆို့နင့်စွာ ဝမ်းနည်းနေမိသည်။ခြေလှမ်းတွေရဲ့အင်အားတွေဟာ ချက်ချင်းပျောက်ဆုံးသွားသလိုပင်။ တစ်နေရာရာမှာတွေ့ဖူးတာလား။ ရင်းနှီးနေတဲ့ခံစားချက်က တစ်ခုခုတော့တစ်ခုခုပဲ။
“ငါတို့ရဲ့ဒုတိယမြောက်တွေ့ဆုံမှုပါရှိုင်းခက်သွယ် မင်းဘဝထဲကို ပျော်စရာတွေ အများကြီးသယ်လာပေးမှာမို့ ပျော်ဖို့သာပြင်ထားလိုက်ပါ see you next time ”
ပေးဆပ်ချိန်တန်ရင်ပေးဆပ်ရတယ်တဲ့။ ဒါလောကနိယာမပဲ။ ကောင်းတာတစ်ခုလုပ်ရင်ကောင်းတာတစ်ခုပြန်ရသလိုပဲ ဆိုးတာတစ်ခုအတွက်လည်းဆိုးတာတဲ့တစ်ခုပြန်ရောက်လာမှာကိုရှောင်လွှဲလို့မရဘူးလေ။
“ဟယ်လို.အောင်ခန့် ”
“မမလေး အလှူရှင်စုံစမ်းလို့ရပြီ”
တဒင်္ဂအချိန်တွေရပ်တန့်သွားသလိုပဲ။ အချိန်တွေနောက်ကျသွားပေမယ့် တစ်ဖက်လူရဲ့ အနာဂတ်ကိုတော့ သူအလဟသမလုပ်ပစ်လိုက်ချင်။
“ဘယ်သူလဲ”
“နာမည်က ခန့်လွန်းသော် civil engineering နဲ့ကျောင်းပြီးထားပြီး အင်္ဂလန်နိုင်ငံအထိပညာတော်သင်ပါဖူးတယ်။ သူပြန်ရောက်လာတာတစ်နှစ်ဝန်းကျင်လောက်ပဲရှိဦီးမယ်မမလေး။ ပြီးတော့ သူက...”
အောင်ခန့်ရဲ့ပြတ်တောင်းပြတ်တောင်းလေသံကိုသူစိတ်မရှည်နိုင်တော့။
“ဘာဖြစ်လဲ ပြောလေ”
“သူက BK Group Bago breach ကတာဝန်ခံပါမမလေး”
“ဘာ!”
သူ့ခြေထောက်တွေတောင်မခိုင်ချင်တော့။ ဘယ်လိုဖြစ်ပြီးဒီလောက်တိုက်တိုက်ဆိုင်ဆိုင်။ တာဝန်ခံအဟောင်းတွေအကုန်ထုတ်ပစ်လိုက်ပြီး အသစ်တွေပြန်ခန့်တုန်းက အကုန်သူရွေးခဲ့ရတာ။ သူ့လက်သူ့ခြေနဲ့ လူတစ်ယောက်ရဲ့ဘဝကို ရပ်တန့်ဖို့အဲ့ကတည်းကများရွေးချယ်ခဲ့မိသလား။ ဒီလိုဖြစ်သွားခဲ့ရင်တောင် သူမရည်ရွယ်ခဲ့တာတော့တကယ်ပါ။ သေဖို့ကိုပဲရွေးချင်ခဲ့တာလည်း တကယ်ပါ။
“မမလေး ဟယ်လိုမမလေး”
“သူ့မိသားစုဝင်တွေနဲ့ ငါတွေ့လို့ရမလား အောင်ခန့်”
“ရတော့ရလောက်ပေမယ့် အဲ့အန်တီကဒီမှာမရှိဘူး”
“ဘယ်ရောက်နေလို့လဲ”
“လွန်ခဲ့တဲ့၃လလောက်ကပဲ စစ်ကိုင်းချောင်မှာမယ်သီလဝတ်သွားပြီမမလေး”
“ဟင်”
“အမေတစ်ခု သားတစ်ခုပါမမလေး အဲ့အစ်ကိုဆုံးပြီးကတည်းက စစ်ကိုင်းချောင်ကိုသွားတာပဲတဲ့ ခုကတော့မယ်သီလပါဝတ်လိုက်တယ်ပြောတယ်”
အချိန်တွေပါရပ်တန့်သွားသလိုမျိုး။ သူအသက်ရှင်ဖို့တခြားလူတွေရဲ့ဘဝတွေမှာအခက်အခဲဆိုတာထက်ကျော်လွန်တဲ့ပူပန်မှုမျိူးသူလုပ်လိုက်မိပြီ။ သူ့ကြောင့်ပေါ့။
“ငါတွေ့မှဖြစ်မှာပါ ငါတွေ့ချင်တယ် တကယ်လို့ အဲ့ဒီ့အထိဆိုတော့လည်း အဲ့ဒီ့အထိပေါ့”
“ဟုတ်ကဲ့မမလေးစီစဉ်လိုက်ပါ့မယ်”
အနည်းဆုံးတော့ ဆုံးရှုံးမှုတွေအတွက်သူမရည်ရွယ်ခဲ့ရင်တောင်အကြောင်းအရာကသူဖြစ်နေတာမို့တောင်းပန်သင့်ပါသည်။ မဒီ့ကို သက်သေပြနိုင်ဖို့ ခက်နွေကိုစုံစမ်းပေးဖို့အကူအညီတောင်းထားတာတွေဟာ ဒီနေ့ညနေသိရမှာပဲ။ ဘယ်သူလဲဘာကြောင့်လဲဆိုတာကိုပေါ့။
ဆေးရုံကားပါကင်ကနေ ကားအနက်လေးထွက်ခွာသွားတာကိုငေးကြည့်နေမိသည်။ တကယ်တမ်းထင်နေတဲ့စိတ်ထက် မဟုတ်ပါစေနဲ့ဆုတောင်းသံဟာ ပိုကျယ်နေတဲ့အကြောင်း ကာယကံရှင်ကလွဲပြီးဘယ်သိနိုင်ပါ့မလဲ။
“ရှိုင်းကိုဘာလို့စကားမပြောတာလဲသမီး”
ကြီးမေအသံကြားလိုက်တော့ သူခိုးလူမိသွားသလို တွန့်ခနဲ။ လိုက်ကာကိုဖြန့်ချင်ယောင်ဆောင်ကာ ရှောင်ထွက်ဖို့ကြိုးစားမိသည်။
“မဒီ...သံသယဆိုတာ အစမမွှေးသင့်တဲ့မီးနော်သမီး တခြားလူလောင်မလောင်မသိပေမယ့် ကိုယ်ကိုယ်တိုင်ကတော့အရင်လောင်ရတယ်။”
မဒီတစ်ကိုယ်လုံးတောင့်တင်းသွားမိသည်။ ကြီးမေဟာ ဘာကိုသိထားလို့ သံသယကိုမမွေးမြူဖို့ပြောနေရတာလဲ။
“မဒီလောင်ရတာကိစ္စမရှိပါဘူး ကြီးမေ ဒါပေမယ့် ဘယ်လိုမီးမျိုးကမှ မဒီ့မိသားစုကိုထိပါးလာမှာကိုတော့မလိုချင်ဘူး အဖြစ်မခံနိုင်ဘူး”
“အလတ်ကောင်ကို ရှိုင်းကခုလိုဖြစ်စေတယ်လို့သမီးထင်နေတာလား”
“ဟင့်အင်း ရှိုင်းမဟုတ်ဘူး သူ့မိသားစုပါကြီးမေ”
“သမီးတိုးတိုးပြော..ကြီးမေကိုပြောပြ ဘာတွေဖြစ်လဲဆိုတာ”
ကြီးမေကိုကလေးတစ်ယောက်လိုပြန်တိုင်မိတော့ ကြီးမေရဲ့ပူပန်မှုတွေ ရေချိန်မြင့်မားလာသည်။ ဒါပေမယ့်ရှိုင်းနဲ့မဆိုင်ပါဘူးဆိုတဲ့စကားကိုခဏခဏထည့်ပြောနေမိခြင်းအပေါ် သူ့ကိုယ်သူမြင်ပြင်းကပ်လှပါသည်။
“ရှိုင်းကသဘောဖြူတဲ့ကလေးပါ ဂရုစိုက်ခံချင်လို့ဆိုးနေတဲ့ကလေး ဒါပေမယ့်သူ့မိသားစုကဒီလောက်အောက်တန်းကျမယ်လို့ကြီးမေထင်တောင်မထင်ထားဘူး”
“မဒီအမှန်သိရအောင်ကိုလုပ်မှာ”
အိမ်ပေါ်ရောက်ရောက်ချင်းဖုန်းထဲ message တစ်ခုဝင်လာသည်။ဖွင့်ကြည့်မိတော့မှ သူခက်နွေကိုအကူအညီတောင်းထားတဲ့ကိစ္စ ကားမောင်းတဲ့လူကိုရော ကားရောကိုရှာတွေ့ပြီမို့ ချက်ချင်း ရဲစခန်းကိုလိုက်သွားရသည်။အရေးကြီးသက်သေတွေတော့အပ်ရဦးမယ်မလား။
“မမလေး”
သူ့ခြေလှမ်းနောက်ကိုအမှီပြေးလိုက်လာတဲ့ ဒေါ်ဆွေမြင့်ကြောင့်မျက်မှောင်ကျုံ့မိလိုက်သည်။
“ဥက္ကဌကြီးခေါ်ခိုင်းလိုက်ပါတယ် ခုချက်ချင်းလာခဲ့ပါတဲ့”
တလိပ်လိပ်တက်လာတဲ့ဒေါသတွေကို လေမှုတ်ထုတ်လျှော့ချရသည်။ ပြီးနောက်ဒေါ်ဆွေမြင့်ဘက်လှည့်ရင်း တစ်လုံးချင်းပြောလိုက်သည်။
“သက်သေသွားအပ်စရာရှိတယ် မလာနိုင်ဘူးလို့ ပြန်ပြောလိုက်”
ထို့နောက် လျှပ်စစ်မီးရောင်တွေနှင့်ထိန်ထိန်ညီးနေသည့် ခြံကျယ်ကြီးအတွင်းမှ ကားအနက်ကလေး ပြန်ထွက်ခွာသွားလေတော့သည်။
“ဘာ! မူးနေလို့ဟုတ်လား လူမဆန်တဲ့အကောင်! အဲ့ဒါအပြစ်မဲ့တဲ့ကလေးကွ! ခွေးသူေ-ာင်းစား မင်းသေတာကိစ္စမရှိပေမယ့်ခုဆေးရုံရောက်သွားတာက အပြစ်မဲ့တဲ့ကလေး!”
စခန်းဝရောက်ရောက်ချင်းခက်နွေအသံနက်ကြီးကြားလိုက်ရတော့ ဒေါသကဆောင့်တက်လိုက်တာမှဒိန်းခနဲပဲ။
“ဘယ်ကောင်ခိုင်းတာလဲ!”
“ဘယ်..ဘယ်သူမှမခိုင်းပါဘူး ကျွန်..ကျွန်..ကျွန်တော်မူးနေလို့ပါ..”
“ဒီ!..”
“တော်ကြတော့ ဒါရဲစခန်းပါဗျာ အေးအေးဆေးဆေးရှင်းကြပါ”
“မရှင်းနိုင်ဘူး×2”
ခက်နွေရဲ့အသံရော သူ့အသံရောတစ်ပြိုင်နက်တည်းထွက်သွားတော့ အသံကဟိန်းခနဲ။
“ဒါဆိုလည်း ခင်ဗျားတို့ကိုထိန်းသိမ်းရလိမ့်မယ်”
ထိုအခါမှလျှော့ချကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကြသည်။
“လမ်းမှာတပ်ထားတဲ့ CCTV ရော ကားက ကင်မရာရောအကုန်လုံးကတကယ့်ကိုမူးပြီးမောင်းလို့ဖြစ်တာပါ ကျွန်တော်တို့စုံစမ်းပြီးပါပြီ။ ဥပဒေအရကျွန်တော်တို့ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။”
“ဥပဒေ ဥပဒေ အဲ့ဥပဒေအပေါ်ငွေအားနဲ့တက်ထိုင်နေတဲ့လူတွေအများကြီး နောက်ကွယ်ကခိုင်းတာဆိုဘယ်လိုလုပ်မလဲ”
ခက်နွေအသံမာဆက်ဆက်နဲ့မေးတော့ ရဲမှူးကြီးဆိုသူကဒေါသကိုကြိတ်မှိတ်မြိုချနေရဟန်ဖြစ်လာသည်။
“ဒီမှာခင်ဗျားတို့သိပ်တရားလွန်နေပြီ”
“သဘောပြောပြတာပါ ”
“ကဲပြော ခင်ဗျားတို့ကနစ်နာသူရဲ့မိသားစုဝင်လား”
“မဟုတ်ဘူး မိတ်ဆွေတွေ ဘယ်လိုပဲဖြစ်ဖြစ် ဒီ့လူ့ကိုအရေးယူမှာ”
“နစ်နာသူထက်ပိုဆိုးနေသလိုပဲခင်ဗျားတို့က”
ရဲမှူးစကားကြားတော့ ခက်နွေနဲ့အကြည့်ဆုံမိပြီး နှစ်ယောက်သား သက်ပြင်းချမိသည်။ အကြောင်းအကြောင်းတွေရှိတာ ရဲမှူးမှမသိတာ။ ပုံစံကြည့်ရတာ နောက်ကွယ်မှာတစ်ယောက်ယောက်ရှိနေမယ့်ပုံပဲ။ရဲစခန်းထဲကထွက်လာပြီး ကားအနားရောက်တော့ ငနွေကစကားစသည်။
“ငရှိုင်း ငါစိတ်ထဲထင့်နေတယ်”
“ဘာလဲ ငါ့အဖိုးနောက်ကွယ်မှာရှိနေမှာကိုလား”
“အင်း ဒီလူ့ကိုငါစည်းရုံးကြည့်တယ် ဘယ်လိုမှမရဘူး ကျွန်တော်မူးနေလို့ပါ ကျွန်တော်မူးလို့ဖြစ်တာပါကလွဲပြီးဘာမှကိုမပြောဘူး။ သူကတက္ကစီသမားကွာ owner ကိုကားပြန်အပ်ရတယ်။ အဲ့ကားကအဲ့ဒီပိုင်ရှင်ဆီမှာပဲရှိနေတာ။ ခုမင်းသက်ကိုတိုက်တဲ့ကားကဘာလိုင်စင်မှမရှိဘူး။ အထဲကကောင်တွေကိုလည်းမယုံဘူး။ ငွေပုံပေးလိုက်ရင် သူခိုးကိုတောင်သခင်ကြီးပြေးခေါ်မယ့်ကောင်တွေ”
“နောက်ကွယ်မှာတစ်ယောက်ယောက်တော့ရှိနေမှာပဲ ချီးပဲ! စိတ်ညစ်တယ် မဒီ့ကို ငါသက်သေပြနိုင်တော့မှာကို”
“လာလေစိတ်ညစ်ပြေအောင် ဘီယာသွားသောက်မယ်လေ friend”
“တော်စမ်းဘုရားမကြိုက်နတ်မကြိုက်တာတွေမလုပ်ဘူး သွားတော့မယ်”
“အောင်းမားး ဖြစ်ရသေးတယ် ခုအိမ်ပြန်တော့မှာပေါ”
သူကသာမေးနေတာ ရှိုင်းကတော့ ကားစက်နှိုးမပျက်။
“မေးနေတာဖြေလေ”
“မင်းဘိုးအေ ငါကအိမ်မပြန်တော့ဘယ်သွားရမှာလဲ”
“ဒီ...”
ဟိုကဖြင့် ဝူးခနဲမောင်းထွက်သွားသောကားနဲ့အတူ သူ့ကိုပြက်ရယ်ပြုသွားချေပြီ။ ဒီတော့အားရပါးရတစ်ခွန်းပဲပြောလိုက်မိသည်။
“လဒ!”
အခန်းအတွင်းအေးစက်စက်အဲကွန်းလေက ပုံမှန်မဟုတ်တာသေချာနေသည်။ အမှောင်ချထားတဲ့အခန်းမို့ ပိုပြီးအေးစက်နေသယောင်ခံစားရစေသည်။
“သွား~~သွား~~သွားပြီ ငါ့~~ငါ့အကြောင်း ပြောလိုက်ပြီလား~~ငါ့အကြောင်းထုတ်ပြောလိုက်ပြီလား~~ အားးး~~”
“ခလွမ်း!”
စားပွဲပေါ်က ဖန်ခွက်တွေ မီးအိမ်တွေအကုန်အစိတ်စိတ်အမြွှာမြွှာ။
“ဟင့်အင်း ဟင့်အင်းမဖြစ်ရဘူး!”
ထိုစဉ်အမည်မသိ message တစ်စောင်ရောက်ရှိလာသည်။
// မင်းနောက်ကွယ်မှာ ငါရှိနေလို့ မင်းသက်သာသွားတာ။ ဘယ်လိုလဲကျေးဇူးပြန်မဆပ်ချင်ဘူးလား။//
******
ပျော်ရွှင်စွာနဲ့ update ပါ ။ အလုပ်ရသွားပါပြီ။
Zawgyi
အလတ်ကောင်...
ကြီးမေ...
လာပါကွယ် လာ
မဒီ..
.....
အလုပ်ကတော့ရော
အေးပါကွယ် အေးပါ
ကြီးမေ
အော် ရှိုင်း
အေးအေးဂရုစိုက်သွား
ဟဲ့သမီး စားလေ
ဟုတ်ကဲ့ကြီးမေ
.......
ဖြေးဖြေးစားပါမဒီရယ်..?
ဒေါ်ဆွေမြင့်
ဝှါးးးရှင်..အယ်..မမလေး!
ကိုယ့်ဖို့မဟုတ်ဘူး
....??
....
အာ့! သေပြီ
ဒါပေမယ့်လက်က...
ဟ! အာ့ ပူတယ်ဟ!
ကြိုပြောလေ
ဟိုကလေးမ
အာ့!
ရပါတယ်
ဟယ်လို.အောင်ခန့်
ဘယ်သူလဲ
ဘာဖြစ်လဲ ပြောလေ
ဘာ!
မမလေး ဟယ်လိုမမလေး
ဘယ်ရောက်နေလို့လဲ
ဟင်
မမလေး
စခန်းဝရောက်ရောက်ချင်းခက်နွအေသံနက်ကြီးကြားလိုက်ရတော့ ဒေါသကဆောင့်တက်လိုက်တာမှဒိန်းခနဲပဲ။
ဘယ်ကောင်ခိုင်းတာလဲ!
ဒီ!..
မရှင်းနိုင်ဘူး2
ခက်နွရေဲ့အသံရော သူ့အသံရောတစ်ပြိုင်နက်တည်းထွက်သွားတော့ အသံကဟိန်းခနဲ။
ခက်နွအေသံမာဆက်ဆက်နဲ့မေးတော့ ရဲမှူးကြီးဆိုသူကဒေါသကိုကြိတ်မှိတ်မြိုချနေရဟန်ဖြစ်လာသည်။
သဘောပြောပြတာပါ
မေးနေတာဖြေလေ
ဒီ...
လဒ!
ခလွမ်း!
******