ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)

Par _ImFoodie

85.5K 12K 136

TRANSLATION NOVEL HAMSTER Plus

Description 🐹
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5🐹
Chapter 6 🐹
Chapter 7🐹
Chapter 8🐹
Chapter 9🐹
Chapter 10🐹
Chapter 11🐹
Chapter 12🐹
Chapter 13🐹
Chapter 14🐹
Chapter 15🐹
Chapter 16 🐹
Chapter 17🐹
Chapter 18 🐹
Chapter 20🐹
Chapter 21🐹
Chapter 22🐹
Chapter 23🐹
Chapter 24🐹
Chapter 25🐹
Chapter 26🐹
Chapter 27🐹
Chapter 28🐹
Chapter 29🐹
Chapter 30🐹
Chapter 31🐹
Chapter 32🐹
Chapter 33🐹
Chapter 34 🐹
Chapter 35 🐹
Chapter 36🐹
Chapter 37🐹
Chapter 38 🐹
Chapter 39 🐹
Chapter 40 🐹
Chapter 41 🐹
Chapter 42 🐹
Chapter 43🐹
Chapter 43 🐹
Chapter 44 🐹
Chapter 45 🐹
Chapter 46 🐹
Chapter 47 🐹
Chapter 48 🐹
Chapter 49 🐹
Chapter 50 🐹
Chapter 51🐹
Chapter 52🐹
Chapter 53🐹
Chapter 54🐹
Chapter 55🐹
Promotion 💥
Chapter 56🐹
Chapter 57🐹
Chapter 58🐹
Chapter 59🐹
Chapter 60🐹
Chapter 61🐹
Chapter 62🐹
Chapter 63🐹
Chapter 64🐹
Chapter 65🐹
Chapter 66🐹
Chapter 67🐹
Chapter 68🐹
Chapter 69🐹
Chapter 70🐹
Chapter 71🐹
Chapter 72🐹
Chapter 73🐹
Chapter 74🐹
Chapter 75🐹
Chapter 76🐹
Chapter 77🐹
Chapter 78🐹
Chapter 79🐹
Chapter 80🐹
Chapter 81🐹
Chapter 82🐹
Chapter 83🐹
Chapter 84🐹
Chapter 85🐹

Chapter 19🐹

952 139 0
Par _ImFoodie


🐹 အခန်း ၁၉ ဝူယိလေး ဓားစာခံဖြစ်ခဲ့တယ်

ရှောင်ဝူယိသည် အကူအညီတောင်းခံသည့် စကားကို မျက်လုံးများ နီရဲလျက်နှင့် ခေါင်းညိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ကောင်ကလေး၏လက်အား ဖျစ်ညှစ်ထားမိသည်။ သူ၏အကူအညီ တောင်းခံမှုအား လက်ခံသည်ကို မြင်တွေ့ပြီးနောက် ကောင်ကလေး လုံးလုံးလျားလျား သတိလစ်သွားလေသည်။

ရှောင်ဝူယိ မျက်ရည်သုတ်ပြီးသည်နှင့် စတော်ဘယ်ရီအိတ်အား ချက်ချင်းယူလိုက်ပြီး လမ်းတစ်လျှောက်ရှိ ဆေးဆိုင်ကြီးများမှ သိမ်းယူခဲ့သည့် ဆေးပစ္စည်းမှန်သမျှအား စိတ်ဖြင့် စတင်ထုတ်ယူလိုက်သည်။ သေးငယ်သည့် စတော်ဘယ်ရီအိတ်လေးအတွင်းမှ ဆေးဝါးများ ထုတ်ယူနေသည်မှာ ဆေးပစ္စည်းပေါင်းများစွာ ပါဝင်သည့် တောင်ပူစာလေးတစ်ခု ဖြစ်လာသည်။

ဤတစ်ကြိမ်တွင်မူ ဆေးကျောင်းသားများသည် တုန်လှုပ်ဟန်ဆောင်ဖို့ရန်ပင် ဂရုမစိုက်တော့ဘဲနှင့် ရှောင်ဝူယိ ထုတ်ယူလာသည့် ပစ္စည်းများထဲမှ အသုံးဝင်နိုင်မည့် အရာများကို လျင်မြန်စွာ ‌ရွေးချယ်ပြီးနောက် ကောင်ကလေးအား အရေးပေါ်ကုသမှုပေးလေသည်။

ကျောင်းအုပ်ယွမ်သည် သူ၏မြေးနှင့် အသက်တူတူလောက်ရှိမည့် ကလေးငယ်အားကြည့်ကာ မျက်ရည်များ စီးကျလာသည်။ မည်ကဲ့သို့သော ခွေးတိရိစ္ဆာန်ကောင်မှ ငယ်ရွယ်လွန်းသည့် ကလေးငယ်အား ဤသို့ပြုမူခဲ့သည်ကို သူမတွေးနိုင်တော့လောက်အောင် ရှိနေသည်။

ရှောင်ဝူယိသည် သူ၏နေရာလွတ်ထံမှ ဆေးပစ္စည်းများ ထုတ်ယူပြီးနောက်တွင် ချက်ချင်း မတ်တတ်ရပ်ကာ ရွာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။ ရှဲ့ကျွင်းနှင့် ညီငယ်လေးများသည်လည်း အလျင်စလို လိုက်ပါသွားကြသည်။ ဓားဖြင့်အချက်ပေါင်းများစွာ ထိုးစိုက်ခံသင့်သော တရားခံမှာ ရွာထဲတွင် ပုန်းအောင်းနေဆဲဖြစ်သည်ကို အမှတ်ရသည့်အခါတွင် အံတင်းတင်းကြိတ်ထားမိသည်။

ဝူဝမ်ယွီသည်လည်း လိုက်ပါသွားချင်သည့်တိုင် ကောင်ကလေးမှာ လှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက် ကျန်လူများအား ကာကွယ်ပေးဖို့ရန် သူမ နေခဲ့ရသည်။ အဆုံးတွင် ရှောင်ဝူယိနောက်သို့ ရှဲ့ကျွင်း၊ လျှိုတာ့ရှန်နှင့် ညီငယ်လေးများသာ လိုက်ပါသွားကြပြီး ကောင်ငယ်လေးအား ကူညီစောင့်ရှောက်ရန် ကျန်လူအားလုံး နေခဲ့ကြသည်။

ရှောင်ဝူယိတို့သည် ရွာလယ်ရှိ ရှန်းယန်မူလတန်းကျောင်းအား ရှာဖွေရန် အချိန်သိပ်မကြာလိုက်ချေ။

မကြာမီမှာပင် မှောင်မဲနေသည့် အခန်းလေးထဲတွင် သော့ပိတ်ခံထားရသည့် နာနာသည် ရှောင်ဝူယိတို့အား အာရုံခံမိသည်ကြောင့် ကလေးများမှာ အော်ဟစ်ငိုကြွေးမိကြသည်။

သူတို့အားလုံး ကယ်တင်ခြင်းခံရတော့မည်ပင်။
……

မုန့်ကွမ်းယောင်သည် ဤကဲ့သို့သော ရွာပျက်လေးထဲမှ တောင်တစ်လုံးအား ရှာတွေ့ကြလိမ့်မည်ဟု စိတ်ကူးခဲ့ဖူးခြင်း မရှိချေ။ ကနဦးတွင် သာမန်ရှင်သန်သူ တစ်ဦးအသွင် ဟန်ဆောင်လိုခဲ့သော်လည်း ထိုသူများအား နှုတ်ဆက်ဖို့ရန် ထွက်လာသည်နှင့် သူ့ထံသို့ ပုဆိန်တစ်လက် ပျံသန်းလာလေသည်။

ကံကောင်းစွာဖြင့် သူ၏ပထမဆုံး တုံ့ပြန်ချက်မှာ စွမ်းရည်ကို အသုံးချလိုက်ခြင်းဖြစ်ပြီး ပုဆိန်အား တားဆီးနိုင်သည် ဆိုရုံမျှသာဖြစ်သည်။

မုန့်ကွမ်းယောင်သည် လျှပ်တပြက်အတွင်းမှာပင် အရာအားလုံးကို နားလည်သိရှိလိုက်ပြီး အိမ်ထဲတွင် သိမ်းဝှက်ထားသည့် ယုန်ပေါက်များအား ဆဲရေးလိုက်သည်။

လေထုထဲတွင် အနက်ရောင်အပါချာတစ်ခု ထွက်ပေါ်လာပြီး လျှို့တာရှန်၏ ပုဆိန်အား ချိတ်ပိတ်လိုက်သည်။ လျှိုတာ့ရှန်သည် သူ၏လက်အားမြှောက်ကာဖြင့် ပုဆိန်အား အကြိမ်ပေါင်းများစွာ ပြန်လည်ဆွဲယူသော်လည်း ကျရှုံးခဲ့သည်။ လျှိုတာ့ရှန်သည် အဝေးတွင်ရှိသည့် ထိုလူကိုသာ စိုက်ကြည့်နေမိသည်။

သွင်ပြင်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် မုန့်ကွမ်းယောင်၏ မျက်နှာမှာ ရိုးသားပုံရပြီး လူသားများနှင့် တိရစ္ဆာန်များအား အန္တရာယ်ပေးမည့်ဟု မထင်ရချေ။ ထိုကဲ့သို့ သွင်ပြင်ရှိသည့် အသက် ၃၀ အရွယ် လူများမှာ ယုံကြည်စိတ်ချဖို့ရန် အလွန်လွယ်ကူလှသည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် မုန့်ကွမ်းယောင်၏ သွင်ပြင်တစ်ခုလုံးအား ထိတ်လန့်ဖွယ်ရာ ဖြစ်ပေါ်စေသည်။

“ရောက်လာတာနဲ့ လူတွေကို နှုတ်ဆက်တာကတော့ ကောင်းပါတယ်.. ဒါပေမဲ့လည်း ကျောင်းထဲမှာ အကြမ်းဖက်တာကို ခွင့်ပြုမထားဘူးနော်..”

မုန့်ကွမ်းယောင်သည် သူ၏ခွန်အားအပေါ် အလွန်ယုံကြည်စိတ်ချဟန်ဖြင့် ရှဲ့ကျွင်းတို့အား အထက်စီးဆန်စွာ စိုက်ကြည့်လာသည်။ သူ၏ ပြစ်မှုများ ဖော်ထုတ်ခံရမည်ကိုပင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပုံရသည်။

ရှဲ့ကျွင်းမှာ မုန်းတီးမှုကြောင့် သွားများပင် ကိုက်ခဲလာသည်။ ထိုလူမှာ လူကောင်းမဟုတ်ကြောင်း စတွေ့သည့်အချိန်မှစကာ ပြောနိုင်လေသည်။ မည်သည့်စကားမျှ မဆိုဘဲနှင့် သူ၏တူအား ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။

“မင်း.. ခွေးသူတောင်းစား.. မျိုးမစစ်ကောင်..”

“ကျောင်းထဲမှာ ဆဲရေးခွင့်မပြု..!”

မုန့်ကွမ်းယောင်သည် နောက်ထပ် စွမ်းရည်ပိုင်ရှင်အား ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ သူ၏လက်အား ခပ်နှေးနှေး မြှောက်လိုက်ပြီးနောက် အနက်ရောင်အပါချာတစ်ခုသည် ရှဲ့ကျွင်း၏ လက်နက်အား တိုက်ရိုက် ချုပ်နှောင်လိုက်ပြန်သည်။

“စွမ်းရည်ပိုင်ရှင်နှစ်ယောက်ကို တစ်ချိန်တည်းတွေ့ရတာ တကယ်ပျော်စရာကောင်းတာပဲ..”

ရှဲ့ကျွင်းသည် သူ၏တူအား ပြန်ခေါ်နိုင်ခြင်း မရှိပေ။ သူ၏စွမ်းအင်မှာ ချုပ်နှောင်ခံထားရပုံပေါ်ပြီး ထိုအရာအား ထပ်မံဆွဲယူနိုင်ခြင်း မရှိတော့ချေ။

မုန့်ကွမ်းယောင်သည် ထိုနက်လက်နှစ်ခုအား စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်နေသည်။ သူ၏ စွမ်းရည်ထက် ထိုစွမ်းရည်များအပေါ် ပိုမိုကာ စိတ်ဝင်စားနေပုံရသည်။

ရှဲ့ကျွင်း၏အနောက်တွင် ရပ်နေကြသော ညီငယ်လေးများမှာ အနည်းငယ် စိုးရိမ်လာကြသည်။

“အစ်ကိုကြီး.. ဒါက အာကာသစွမ်းရည်ရဲ့ မျိုးကွဲတစ်ခုပဲဖြစ်ရမယ်.. သူက တားမြစ်ကန့်သတ်တဲ့ အမျိုးအစား..”

အခြားတစ်ဘက်ရှိ မုန့်ကွမ်းယောင်မှာ ထိုစကားလုံးအသစ်များအား ကြားသည့်အခါတွင် ရှဲ့ကျွင်းတို့ရှိရာသို့ မကြည့်ဘဲမနေနိုင်ချေ။ မုန့်ကွမ်းယောင် ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

“မင်းကြည့်ရတာ အတော်လေး သိထားပုံပဲ..”

ရှဲ့ကျွင်းတို့၏ တားဆီးပိတ်ပင်ခြင်း ခံထားရသော ရှောင်ဝူယိသည် ထိုလူ၏ ဆိုးဝါးလှသည့် ညည်းညူပြောဆိုသံများကို နားထောင်ရင်း စိတ်အနှောင့်အယှက်ဖြစ်လာသည်။ လေထုထဲတွင် ကျောက်တုံးကြီးတစ်ခု ပေါ်လာပြီး ထိုလူထံသို့ ဝင်တိုးလာသည်။ မုန့်ကွမ်းယောင်သည် သူ့ထံသို့လာနေသည့် ကျောက်တုံးအား ခံစားမိပုံရသည့်အတွက် ကျောက်တုံးအား တားဆီးရန်အလို့ငှာ သူ၏လက်နှစ်ဘက်လုံး အားသွားစေရန်အတွက် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်၏ လက်နက်များအား အလျင်စလို လွှင့်ချပြီးနောက် အ‌ဝေးသို့ ခုန်ထွက်လိုက်သည်။

ထိုအခြင်းအရာအား မြင်သည့်အခါ ရှောင်ဝူယိ စိုးရိမ်လာမိသည်။ ကျောက်တုံးတစ်တုံးဖြင့် မလုံလောက်ခြင်းကြောင့် သူ၏နေရာလွတ်အတွင်းရှိ ကျောက်တုံးကြီးများဖြင့် မုန့်ကွမ်းယောင်အား အဆက်မပြတ် ပစ်ပေါက်တော့သည်။ ထိုလူသည် ဉာဏ်များသည့် မြွေတစ်ကောင်ကဲ့သို့ ဖမ်းဆီးခံရခြင်းမှ ကင်းဝေးစေရန်အတွက် သူ၏စွမ်းရည်ကို အသုံးချကာဖြင့် တိုက်ခိုက်မှုများအား ရှောင်တိမ်းလေသည်။

ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် သူတို့၏ လက်နက်များအား ပြန်ခေါ်လိုက်ကြပြီး ထပ်မပစ်တော့ချေ။ ညီငယ်လေးများသည်လည်း နောက်မှလိုက်ကာ မုန့်ကွမ်းယောင်၏ လမ်းကြောင်အား ပိတ်ဆို့ဖို့ရန် ကြိုးစားနေကြသည်။

သို့သော်လည်း သူတို့၏ ထွက်ခွာမှုသည် ရှောင်ဝူယိ၏ တည်ရှိမှုအား ‌ပေါ်ထွက်လာစေသည်။ မုန့်ကွမ်းယောင်သည် ကောင်ငယ်လေး၏ မျက်နှာလေးအား မြင်သည့်အခါ သူ၏မျက်လုံးများတွင် အလိုလောဘတို့ ပေါက်ကွဲထွက်လာကာ ညစ်ညမ်းမှုတို့ ရိပ်ခနဲ ပေါ်လာသည်။

ကျောင်းရှေ့ကွင်းပြင်တွင် ကျောက်တုံးကြီးများ အဆက်မပြတ် ကျဆင်းလို့နေပြီး ကျယ်လောင်သည့် ဆူညံသံများ ထွက်ပေါ်လာသည်။ သို့သော်လည်း မုန့်ကွမ်းယောင်မှာ အသက်ရှူကြပ်ခြင်းမှအပ ထိခိုက်ခြင်း မရှိချေ။

နှစ်ဘက်စလုံးမှာ မတိုးသာ မဆုတ်သာ အခြေအနေတွင် ရှိနေကြပြီး မည်သူကမျှ အသာစီးရနေခြင်း မရှိပေ။

မည်းမှောင်နေသည့် အခန်းငယ်လေးထဲတွင် သော့ပိတ်ခံထားရသည့် ကလေး ၄ ယောက်မှာ စိုးရိမ်ပူပန်စွာဖြင့် တံခါးအား ထိတ်ထိတ်ပျာပျာ ထုရိုက်ကြပြီး သူတို့အား ကူညီကာ လွှတ်ပေးစေချင်ကြသည်။ သို့သော်လည်း ထိုအချိန်မှာပင် မုန့်ကွမ်းယောင်သည် အခွင့်ကောင်း ရှာတွေ့သွားပုံရသည်။ ခြေတစ်လှမ်း ရှေ့တက်ပြီးနောက် ရှောင်ဝူယိထံသို့ ပြေးသွားလိုက်သည်။ ရှောင်ဝူယိ မရှောင်တိမ်းခင်မှာပင် အနက်ရောင်အပါချာသည် ရှောင်ဝူယိအား ဖမ်းမိသွားသည်။

ရှောင်ဝူယိ ရုန်းထွက်နိုင်ရန် ကြိုးစားသော်လည်း လှုပ်ရှားနိုင်ခြင်း မရှိကြောင်း သိလိုက်ရသည်။ မုန့်ကွမ်းယောင်၏ အာကာသစွမ်းရည်ထံမှ မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ လုံးလုံးလျားလျား ချုပ်နှောင်ခံလိုက်ရသည်ကြောင့် ရှောင်ဝူယိသည် မုန့်ကွမ်းယောင်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“မင်းက မကောင်းဆိုးဝါးပဲ..”

မုန့်ကွမ်းယောင်မှာ ရှောင်ဝူယိနောက်တွင် ပုန်းနေသည်။ ဘေးကင်းသည့် ဆူပူကြိမ်းမောင်းမှုအား ကြားသည့်အခါတွင် လှောင်ရယ်လိုက်ပြီးနောက် ဝူယိ၏ လည်ပင်းအား အိတ်ဆောင်ဓားဖြင့် ထောက်လိုက်ကာ ရှဲ့ကျွင်းတို့အား ခြိမ်းခြောက်ခြင်းပြုလေသည်။

“မင်းတို့ ဒီနေရာကို ထပ်လာရဲမယ်ဆိုရင် ငါသူ့ကို သတ်ပစ်မယ်..”

ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် အခြေအနေမဟန်ကြောင်း ခံစားမိသည်။ သူတို့ ပစ်လွှတ်လိုက်သည့် တူနှင့် ပုဆိန်အား လမ်းတစ်ဝက်မှာပင် အလျင်စလို ပြန်လည်ခေါ်ယူလိုက်ရသည်။ ဖမ်းချုပ်ထားခြင်း ခံရပြီး လှုပ်ရှားနိုင်ခြင်း မရှိသည့် ရှောင်ဝူယိအားကြည့်ကာ အံများတင်းတင်းကြိတ်လျက်နှင့် မျက်လုံးထဲတွင် ဒေါသများပြည့်လာသည်။

မှောင်မည်းနေသည့် အခန်းလေးထဲတွင် နာနာသည် ထိုမြင်ကွင်းအား မျက်ရည်များဖြင့် ကြည့်နေလေသည်။

“ကိုကို... ဘယ်လိုလုပ်ကြမလဲ.. ကိုကိုလှလှလေး ဖမ်းခံလိုက်ရပြီ..”

ထိုစကားအားကြားသည့်အခါ ကောင်လေးသုံးယောက်မှာ ဖျော့တော့သွားကြသည်။

လူတိုင်း အလျင်စလို မလုပ်ရဲသည်ကို မြင်သည့်အခါတွင် မုန့်ကွမ်းယောင်မှာ အဆောင်လက်ဖွဲ့တစ်ခုအား ရှာတွေ့လိုက်သလို ခံစားမိသည်။ ရှောင်ဝူယိ၏နောက်တွင် မတ်တတ်ရပ်နေရင်းဖြင့် နူးညံ့ချောမွေ့သည့် မျက်နှာလေးအား သေသေချာချာ ကြည့်လိုက်သည်။ ကြည်လင်နေသည့် မျက်လုံးနက်နက် တစ်စုံသည် သူ၏ ရက်စက်ခြင်း၌ သာယာလိုသော လိင်စိတ်ဆန္ဒအား နိုးကြွလာစေသည်။ ဤကောင်လေးနှင့် ပျော်ပါးရမည်ဆိုပါက ယခင်ကလေးများထက် ပိုမိုကျေနပ်ဖွယ် ကောင်းပေလိမ့်မည်။

ကျေးလက်တောရွာမှ ကလေးများနှင့် နှိုင်းစာလျှင် ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာပုံရသည့် သခင်ငယ်လေးမှာ အလုံးစံသန့်ရှင်းလို့နေပြီး လူတိုင်း၏ ဖျက်ဆီးလိုစိတ်အား လှုံ့ဆော်ပေးနိုင်သည်။

မုန့်ကွမ်းယောင်သည် ညစ်ညမ်းသည့် အလိုလောဘများဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ ရှဲ့ကျွင်းတို့အား ကြည့်လိုက်ပြီး အထက်စီးဆန်စွာ၊ စဉ်းလဲစွာ ရယ်မောလိုက်သည်။

“မင်းတို့က ငါ့ကို လက်ဆောင်ကြီးကြီးတစ်ခု ပေးလိုက်တာပဲ.. အခုလေးတင်ပဲ ငါ့ရဲ့အရုပ်လေးတွေ ကုန်သွားမှာကို စိုးရိမ်နေခဲ့တာလေ..”

ထိုစကားအား ကြားလိုက်ရသည့် ရှဲ့ကျွင်းတို့မှာ ဒေါသများဖြင့် ပေါက်ကွဲလုနီးနီး ဖြစ်လာကြသည်။

သို့သော်လည်း သူတို့ လှုပ်ရှားမှု မပြုခင်မှာပင် ဧရာမ အနက်ရောင်စွမ်းအင်စက်ကွင်းတစ်ခု ပေါ်လာကာ သူတို့အားလုံးကို ချုပ်နှောင်လိုက်သည်။ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်၏ စွမ်းရည်များလည်း ကန့်သတ်ခံလိုက်ရပြီး ပုဆိနှင့် တူကိုလည်း အသုံးပြုနိုင်စွမ်း မရှိတော့ချေ။

စွမ်းအင်စက်ကွင်းသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး သူတို့၏ အသားများကိုပင် ဖျစ်ညှစ်လုနီးနီး ဖြစ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မည်ဖြစ်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်မှ ရုန်းကန်နိုင်ခြင်း မရှိတော့ချေ။

သို့သော်လည်း ထိုအချိန်မှာပင် မုန့်ကွမ်းယောင်သည် ရုတ်တရက် တစ်စုံတစ်ခုအား သတိရမိပုံပေါ်သည်။ အပါချာအား ဖြေလျှော့လိုက်ပြီးနောက် သူ၏နဖူးအားရိုက်ကာဖြင့် ရယ်မောလိုက်သည်။

“အာ.. မဖြစ်မနေလုပ်ရမယ့် ကိစ္စကို မေ့တော့မလို့.. ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်းကောင်းတယ်ဆိုတော့ အရင်ဆုံး နည်းနည်းပါးပါး ကိုယ်လက်လှုပ်ရှားမှု မလုပ်ဘဲ မင်းတို့ကို သတ်ပစ်လိုက်ရင် ငါ့အတွက် အရမ်းဆုံးရှုံးသွားလိမ့်မယ်..”

ရှဲ့ကျွင်းတို့သည် အဆိုပါ လှောင်ပြောင်အရှက်ခွဲသည့် စကားလုံးများကို ကြားသည့်အခါ မီးတောင်သဖွယ် ပေါက်ကွဲမတတ်ပင် ဖြစ်လာကြသည်။ မုန့်ကွမ်းယောင်သည် ဤကျောင်းအား သူ၏ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီမှာပင် မုန့်ကွမ်းယောင်သည် ဤကျောင်းမှ ကျောင်းသား အရေအတွက် မည်မျှလောက်အထိ သတ်ဖြတ်ခဲ့သည်ကိုပင် မသိနိုင်ပေ။ တောင်ခြေတွင် အခြားသော အရွယ်ရောက်ပြီးသည့် ရွာသားများပင် ရှိနိုင်သေးသည်။

ရှဲ့ကျွင်းတို့၏ ဒေါသတကြီး အမူအရာများမှာ မုန့်ကွမ်းယောင်အား ရယ်မောလာစေပြီး အခြားသူများ၏ သေခြင်းနှင့် ရှင်ခြင်းအပေါ် ထိန်းချုပ်နိုင်သည့် ခံစားချက်အား ပိုမိုကာ နှစ်ခြိုက်လာမိသည်။ သူ၏ လက်တစ်ဘက်အား မြှောက်လိုက်သည်နှင့် အနက်ရောင်စွမ်းအင်စက်ကွင်းထဲမှ သစ်ကိုင်းတစ်ခု ထွက်လာပြီး သူ၏လက်ပေါ်သို့ ရောက်ရှိလာသည်။ မုန့်ကွမ်းယောင်သည် တိုက်ပွဲတွင် အပြတ်အသတ် အနိုင်ရကာ ပစ္စည်းများအား သိမ်းဆည်းလာသကဲ့သို့ ရှောင်ဝူယိနှင့် ရှဲ့ကျွင်းတို့အား မှောင်မည်းနေသည့် အခန်လေးအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

ရှဲ့ကျွင်းတို့သည် အခန်းအတွင်းသို့ တွန်းပို့ခံရပြီးသည်နှင့် အခန်းထောင့်တွင် ခွေနေကြသည့် ကလေး ၄ ယောက်အား မြင်လိုက်ရသည်။ ကလေးများသည် မုန့်ကွမ်းယောင်အား အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြပြီး အသံတစ်သံမျှပင် မထွက်ရဲကြပုံပင်။

အကြည့်ဖြင့်သာ လူသတ်နိုင်မည်ဆိုလျှင် ရှဲ့ကျွင်းတို့သည် မုန့်ကွမ်းယောင်အား ဓားချက်ပေါင်း တစ်ထောင်ခန့်မျှ ထိုးစိုက်သတ်ဖြတ်ပြီးနှင့်လေပြီ။

ရှောင်ဝူယိသည် အခန်းထောင့်ရှိ ကလေးများအား ကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် မောင်နှမ နှစ်ယောက်ပေါ်တွင် အချိန်အနည်းငယ် ရစ်ဝဲလျက်ရှိသည်။ အထူးသဖြင့် ကောင်မလေးအပေါ်တွင် ဖြစ်သည်။

သေးငယ်ကာ ပန်းကလေးများလို ချစ်စဖွယ်ကောင်းလှသည်။

မုန့်ကွမ်းယောင်သည် ထောင့်ကပ်နေသည့် ကလေး ၄ ယောက်အား ကြည့်လိုက်သည်။ သူ့ထဲတွင် ‘အရုပ်အသစ်’ ရှိလာပြီ ဖြစ်သည့်အတွက် ထိုသတ္တဝါလေးများအား ချော့မြှူနေဖို့ရန် မလိုအပ်တော့ချေ။ ဤကလေးများထံမှ လှည့်စားခံလိုက်ရသည်ဆိုသော အတွေးသည် သူ့အားဒေါသတကြီး ဖြစ်လာစေသည်။ ထို့ကြောင့် အခန်းအတွင်းသို့ ဝင်လာသည်နှင့် သံသယဖြစ်ဖွယ် အကောင်းဆုံးသော ခန်းခန်းအား ဆွဲထုတ်လိုက်သည်။

“အဲဒီ အတတ်ကောင်းတွေက မင်းလုပ်တာပဲဖြစ်မှာ.. ဟုတ်တယ်မလား..”

မုန့်ကွမ်းယောင်သည် ခန်းခန်း၏ မျက်နှာအား ရိုက်လိုက်သည်။ ထိုရိုက်ချက်ကြောင့် ခန်းခန်း၏ သွားတစ်ချောင်း အဝေးသို့ လွှင့်ထွက်သွားပြီး နှုတ်ခမ်းထောင့်တွင် သွေးများစီးကျလာလေသည်။

လူသိရှင်ကြား နှိပ်စက်ညှင်းပန်းသည့် မြင်ကွင်းအား ကြည့်နေရသည့်သူများမှာ မျက်လုံးများ ရဲရဲနီလာကြသည်။

ရှောင်ဝူယိသည် အဆက်မပြတ် ရုန်းကန်ကာ ခန်းခန်းရှိရာသို့ ပြေးသွားလိုသည်။ သူ၏ရင်ထဲတွင် မကြုံစဖူး ဒေါသများ ပြည့်နှက်လျက်ရှိပြီး နာကျင်နေသည့် ကောင်လေးအားကြည့်ကာ မျက်လုံးများ နီရဲလာသည်။ ထိုအချိန်မှာပင် သူ၏စိတ်ထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ကိုကို မကြောက်ပါနဲ့.. သားတို့ ကိုကို့ကို ကယ်မှာပါ..”

ရှောင်ဝူယိသည် နှိပ်စက်ခံနေရသည့် ကောင်လေးအား မော့ကြည့်လိုက်သည်။ ထိုကောင်လေး၏ မျက်လုံးထဲတွင် အဆုံးမဲ့ခွန်အားနှင့် စိတ်အားထက်သန်မှုတို့ ရှိနေလေသည်။

ဤအချိန်အတွင်းမှာပင် မုန့်ကွမ်းယောင်၏ ရက်စက်ခြင်း၌ သာယာတတ်သော စိတ်ဆန္ဒတို့ အပြည့်အဝ နိုးထလာသည်။ ရိုးရှင်းသည့် ရိုက်ချက်တစ်ချက်မှာ သူ၏စွမ်းအင်အား အသုံးပြုရန်ပင် မလိုအပ်ချေ။ ထို့ကြောင့် မုန့်ကွမ်းယောင်သည် သူ၏စွမ်းရည်အား အသက်သွင်းလိုက်ပြီးနောက် ခန်းခန်းအား ချည်နှောင်ကာ လေထဲတွင် တွဲလျားကျစေသည်။ သူ၏စွမ်းရည်အား မာကြောသည့် ကြိုးတစ်ခုသဏ္ဌာန် ဖြစ်ပေါ်ပြောင်းလဲလိုက်ပြီး ခန်းခန်းအား ရက်စက်စွာ ရိုက်နှက်တော့သည်။

ခန်းခန်းသည် မုန့်ကွမ်းယောင်အား အမုန်းတရားများ ပြည့်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး အံတင်းတင်းကြိတ်ကာ အသံတစ်သံမျှပင် ထွက်မလာချေ။ အခန်းထောင့်ရှိ ကလေး ၃ ယောက်သည် ကြောက်ရွံ့မှုကြောင့် မျက်ရည်များ ကျဆင်းလာပြီး ရှဲ့ကျွင်းတို့မှာ ဒေါသအမျက်ခြောင်းခြောင်း ထွက်လာကြသည်။

အမုန်းတရားများ ပြည့်နှက်နေသည့် အကြည့်များအောက်တွင် မုန့်ကွမ်းယောင်မှာ သူ၏ ညှင်းပန်းမှုကြောင့် ဖြစ်ပေါ်လာသည့် အသက်ရှူသံညင်းညင်းနှင့် နီမြန့်နေသည့် မျက်နှာကြောင့် အလွန်အမင်း သာယာမှုကို ခံစားနေလေသည်။ သို့သော်လည်း ထိုအခိုက်အတံ့မှာပင် မမြင်နိုင်သည့် ခပ်ချွန်ချွန် အရာတစ်ခုသည် သူ၏ဦးနှောက်ထဲသို့ ထိုးစိုက်ဝင်ရောက်လာသည်။

မုန့်ကွမ်းယောင် ချက်ချင်းဆိုသလို အော်ဟစ်ကာဖြင့် သူ၏ဦးခေါင်းအား လက်ဖြင့်အုပ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။

သို့သော်လည်း စီစဉ်ထားသကဲ့သို့ မုန့်ကွမ်းယောင်မှု အသိစိတ်ပျောက်သွားခြင်း မရှိချေ။ ခန်းခန်း၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့ကာ သွေးမရှိတော့‌ဘဲ ကြောင်အသွားလေသည်။

“ဘယ်လိုဖြစ်ပြီး...”

မုန့်ကွမ်းယောင် တဖြည်းဖြည်းချင်း ထလာပြီးနောက် ခန်းခန်း၏ မျက်နှာအား ကြမ်းတမ်းစွာ ရိုက်လိုက်သည်။

“ရှစ်! တကယ်ကို စွမ်းရည်ပိုင်ရှင်ပဲ.. ဒီလောင်ဇီမှာသာ စွမ်းရည်တိုးမြှင့်နိုင်စွမ်း ရှိမနေဘူးဆိုရင် မင်းက ငါ့ကို အရူးလုပ်ကောင်းလုပ်နိုင်မှာပေါ့..”

“ဒီနေ့တော့ လောင်ဇီက မင်းကို အရူးလုပ်ခွင့် မပေးတော့ဘူး..”

ခန်းခန်းသည် မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများအား ပိတ်လိုက်သည်။ သို့သော်လည်း မုန့်ကွမ်းယောင်မှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား သတိရသွားပုံပေါ်သည်။ အခန်းထောင့်တွင်ရှိသည့် နာနာအား ဆွဲခေါ်ကာ မိစ္ဆာတစ်ကောင်ကဲ့သို့ ခြောက်ခြားဖွယ် ရယ်မောလိုက်သည်။

“မင်းက အမြဲတမ်း မင်းညီမလေးကို အရမ်းကာကွယ်ပေးခဲ့တယ်လေ.. သူက ကလေးလေးပဲ ရှိသေးတာ ဆိုတော့လည်း မင်းရှေ့မှပဲ သူ့ကို သတ်ရတာပေါ့..”

“အားးးးး မလုပ်ပါနဲ့.. ကိုကို.. ညီမလေးကို ကယ်ပါဦး..”

အခန်းလေးအတွင်း၌ မျှော်လင့်ချက်မဲ့သည့် အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာသည်။

“ခွေးသူတောင်းစား..”

ရှဲ့ကျွင်းတို့သည် မျက်ရည်များစီးကျလျက် အော်ဟစ်ဆဲရေးကြလေသည်။

Continuer la Lecture

Vous Aimerez Aussi

137K 514 39
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
267K 10.4K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
53.6K 7.4K 28
Eng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင...
919 88 5
بە دڵێکی فراوان و مێشکیکی کراوە ھەنگاو بنێ بۆ ناو پەرتووکەکەم