မပြိုသောကောင်းကင်၊မကြွေသောကြယ်

Autorstwa SilverQueen947

5.3M 454K 29K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... Więcej

About Story
နေအလင်းစက်
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၈
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၀
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၃
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၄၉
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra
Extra ii
Extra iii
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

Extra iv

13.6K 1K 151
Autorstwa SilverQueen947

အိမ္ရာဝင္းထဲကိုေရာက္ေတာ့ ကြၽန္ေတာ္တို႔ ကားရပ္ရမည့္ေနရာေဘးတြင္ ႏွစ္ေနရာစာလုံးကို ကားအသစ္တစ္စီးကန႔္လန႔္နီးပါး ျဖတ္ရပ္ထားတာေတြ႕သည္။ ကားေနရာၾကည့္ေနရင္း deli လိုက္ပို႔ေနတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ စက္ဘီးထြက္လာရာ ႐ုတ္တရက္ ေရွာင္လိုက္တာနဲ႔ ကားကို သြားျခစ္မိေတာ့သည္။

" အာ ေသပါၿပီ Shit "

ကားထိမိသည္ႏွင့္ ညီ့ကိုၾကည့္ကာ ညီဘာမွျဖစ္မသြားတာ ေသခ်ာမွ ကြၽန္ေတာ္ခ်က္ခ်င္းဆင္းၿပီး ေတာင္းပန္ရန္ျပင္ပါေတာ့သည္။ ကားေဘးမွာရပ္ေနသည္က ကားပိုင္ရွင္နဲ႔ သူ႔သူငယ္ခ်င္း အုပ္စုျဖစ္မည္ထင္။

" ေဟ့ေကာင္ေတြ ထိမိသြားၿပီကြ ကားကိုဘယ္လိုေမာင္း"

" ဟုတ္တယ္ ညီေလးေရ အစ္ကို ဟိုဘက္ကို ေရွာင္ရင္းနဲ႔ ျခစ္မိသြားတာကြာ ေတာင္းပန္ပါတယ္"

ကြၽန္ေတာ္ အယဥ္ေက်းဆုံး ေျပာသည့္တိုင္ တစ္ဖက္ပိုင္ရွင္မွာ ယစ္ေထြေနပုံပင္။ အရက္နံ႔ၾကားမွ အနံ႔တစ္မ်ိဳးကိုလည္း ျပင္းျပင္းထန္ထန္ရေနရာ ေဆးတစ္ခုခုသုံးထားၾကသည္ ျဖစ္မည္။ ငယ္ႏုေသာမ်က္ႏွာကို ခပ္ရင့္ရင့့္ဟန္ပန္ဖမ္းကာ ကြၽန္ေတာ့္ကို ၾကည့္ရင္း အေရွ႕ကိုတိုးလာသည္။ ညီ့ကို အသာလက္ကာျပရင္း မ်က္မွန္တစ္ခ်က္ပင့္ကာ ထပ္ေတာင္းပန္လိုက္သည္။

" မင္းမ်က္လုံးမပါဘူးလား ကားေရာ မေမာင္းတတ္လို႔ ဝင္တိုက္တာလား"

" ကိုယ္ေတာင္းပန္ပါတယ္ ညီေလးရာ ကိုယ္ ကားကိုလည္း ျပန္ျပင္ေပးပါ့မယ္"

" ေနပါဦး မင္းက ဒီကားကို ေတြ႕ကရာေနရာမွာ ျပင္ေပးႏိုင္မယ္ ထင္ေနလို႔လား။ မင္းတို႔သြားေနက် ဝပ္ေရွာ့လိုဟာေတြမွာေလ"

ေကာင္ေလးကိုၾကည့္ရတာ ညီ့ထက္ေတာင္ ငယ့္မည့္အသြင္။ သို႔ေသာ္လည္း ေလသံကေတာ့ မာန္ခ်ီေထာင္လႊားေနသေယာင္။ မူးၿပဲေနတာလည္း ပါမည္ထင္။ ညီ့ကို လွည့္ၾကည့္ေတာ့ အသာရပ္ၾကည့္ေနေသးသည္မို႔ ထပ္တစ္ခါ လက္ကာျပရင္း တားရသည္။ ညီ့စိတ္နဲ႔ကမလြယ္ဘူးမဟုတ္လား။

" မဟုတ္ဘူး ညီေလး ကိုယ္က်သင့္သမွ်ကို တာဝန္ယူေပးႏိုင္ပါတယ္။ ညီေလး အဆင္ေျပတဲ့ေနရာမွာ ျပင္ပါ။ ကိုယ္လိုက္ရွင္းေပးပါ့မယ္"

" မင္းက ဘယ္ေလာက္မ်ား ခ်မ္းသာေနလို႔လဲ။ မင္းစီးထားတဲ့ ကားကိုလည္း ၾကည့္ဦး နစ္ဆန္းအစုတ္ေလးကိုမ်ား။ ငါ့ကားကို ေလွ်ာ္ေပးမယ္လုပ္ေနေသးတယ္။ အာ ေနပါဦး မင္းတို႔ ၅ လႊာက ဟိုအတြဲမဟုတ္လား။ ေဟ့ေကာင္ေတြ ၾကည့္စမ္း ဟုတ္တယ္မဟုတ္လား ဟို အေျခာက္အတြဲ"

ညီက ခ်က္ခ်င္းကို ေရွ႕တိုးလာေတာ့ ကြၽန္ေတာ္ ဖမ္းဆြဲထားလိုက္ရသည္။

" ငါ့ညီ ဒီဟာကိုပဲ အရင္ေျဖရွင္းရေအာင္ကြာ။ အစ္ကိုတို႔ ဘယ္လိုလုပ္ေပးရမလဲလို႔"

" ေျပာၿပီးၿပီေလ ဒါ ခင္ဗ်ားတို႔ မကပ္ႏိုင္တဲ့ ပစၥည္းပါဆိုေန။ ခင္ဗ်ားတို႔ႏွစ္ေယာက္က အင္ဂ်င္နီယာေတြဆိုလား ၾကားဖူးတယ္ ဟုတ္လား ေဟ့ေကာင္ေတြ"

" ေအး အေမတို႔ ေျပာတာပဲကြ အင္ဂ်င္နီယာဆိုလား ဘာဆိုလား"

" ခင္ဗ်ားတို႔ႏွစ္ေယာက္ဝင္ေငြေလး ေသးေသးေလးေလာက္နဲ႔ ဒီကားကို ဘယ္လိုျပင္ႏိုင္မွာတုန္း။ ေျပာရင္ ႏွိမ္တယ္ျဖစ္ဦးမယ္။ အင္ဂ်င္နီယာျဖစ္ေတာ့ေရာ ဘာလုပ္ရမွာလဲ။ ကားအစုတ္ေလး စီးႏိုင္တာေတာင္ ကံေကာင္း။ ရာရာစစ ငါ့ကားကို လာထိရတယ္လို႔။ ေခြးသူေတာင္းစားေတြ မ်က္လုံး မပါတဲ့ေကာင္ေတြ"

" ညီေလး မ႐ိုင္းစိုင္းဘဲနဲ႔ ေအးေဆးပဲ ေျပာၾကရေအာင္ပါ။ ဘယ္လိုတာဝန္ယူေပးရမလဲပဲ ေျပာကြာေနာ္"

" ဘာလုပ္ေပးရမလဲဆိုေတာ့ အင္း ဒီလိုလုပ္ ခင္ဗ်ားတို႔ ႏွစ္ေယာက္မွာ ဘယ္သူက ေယာက်ာ္းလဲ၊ ဘယ္သူက မိန္းမလဲ ေျပာျပ။ အဲဒါဆို မေလ်ာ္နဲ႔ေတာ့ ရၿပီ။ မေလ်ာ္ႏိုင္မယ့္ အတူတူ"

လူငယ္ကား လုံးဝကို မူးရစ္ေထြကြဲေနၿပီး စကားလုံးတို႔၏ အတိမ္အနက္ကို ခ်ိန္ဆႏိုင္ေတာ့ဟန္မတူ။ အစကတည္းက ေမာက္မာ႐ိုင္းစိုင္းသည့္သေဘာရွိလိမ့္မည္ထင္။ မူးရစ္ေနေတာ့ ပိုဆိုးကာ ရန္လိုေနသည္ပင္။ အေပါင္းအပါမ်ားကလည္း အလိုတူအလိုပါ ေျမႇာက္ပင့္ေပးေနသေယာင္ေယာင္။

ကြၽန္ေတာ္ေတြးေနတဲ့ အခိုက္အတန႔္ စကၠန႔္ပိုင္းေလးမွာပင္ ညီက ကြၽန္ေတာ့္လက္ကေန ႐ုန္းၿပီး အေရွ႕ကတစ္ေယာက္ကို ခြပ္ခနဲျမည္ေအာင္ ထိုးခ်လိုက္ၿပီးၿပီ ။

" ေဟ့ေကာင္ မင္းေမငိုးမို႔ ထိုးတာလား ေမႏိုးေတြ ဖ်င္ခံခ်င္ေနတာထင္တယ္ ဟုတ္လား"

ညီက ေနာက္တစ္ခ်က္ ထပ္ထိုးျပန္သည္။ ေဘးနားကေကာင္ေတြကိုနဲ႔ပါ အျပန္အလွန္ တစ္ခ်က္စီ ထိုးေနေတာ့သည္။

ကြၽန္ေတာ္ ညီ့လက္ကို လွမ္းဆြဲလိုက္ေတာ့ ညီက လွည့္ၾကည့္သည္။

" ကိုကို ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ကို မတားပါနဲ႔လား ကိုကို႔ကိုပါ ေစာ္ကားေနတာ ကြၽန္ေတာ္ သည္းမခံႏိုင္ေတာ့ဘူး"

" တားမလို႔မဟုတ္ဘူး ညီဖယ္ေန ... ကိုယ္လုပ္မယ္လို႔ ေျပာမလို႔"

ညီ့ရဲ႕ ဝိုင္းစက္သြားတဲ့ မ်က္လုံးေတာက္ေတာက္ေတြဟာ ခ်စ္စရာလို႔ ဒီအေျခအေနႀကီးထဲမွာေတာင္ ေတြးမိသြားရတာကိုလည္း ကိုယ့္ဘာသာအံ့ဩရပါေသး၏။

ညီ့ကို တစ္ဖက္ျခမ္းလြတ္ရာသို႔ ဆြဲထုတ္လိုက္ၿပီး ကားထဲကိုျပန္ဝင္ကာ ကားကို ဂီယာထိုးကာ ခုန ကားအသစ္ကို တည့္တည့္ဝင္တိုက္လိုက္ေတာ့သည္။ ေနာက္ကို ျပန္ဆုတ္၊ ျပန္ဝိုက္ၿပီး ေနာက္တစ္ခ်က္ ထပ္တိုက္။ ညီကေတာ့ အံ့ဩသလို ေခါင္းခါရမ္းရင္း လက္ခုပ္တီးဟန္ လုပ္ေနသည္။ မ်က္ႏွာထားကေတာ့ တၿပဳံးၿပဳံး။ သိတာေပါ့ သူ႔အၾကည့္က ကိုကိုမိုက္လိုက္တာ ဆိုတာမ်ိဳး။

" ညီေလး မင္း ၾကည့္ထား ကားတိုက္တယ္ဆိုတာ ဒါမ်ိဳးမွေနာ္။ ခုနက မင္းကားကို ျခစ္မိ႐ုံ႔ေလးပဲ ဒါကမွ တကယ္တိုက္တာ"

ေျပာရင္း ေနာက္တစ္ခ်က္ ထပ္တိုက္လိုက္ျပန္ေတာ့သည္။ ကားရဲ႕ မ်က္ႏွာစာအားလုံးကို စိတ္လိုလက္ရ တိုက္ၿပီးေနာက္ သူတို႔အဖြဲ႕လည္း ေၾကာင္အေနပုံပင္။ ဒီလိုတုန႔္ျပန္မႈမ်ိဳးကို ေမွ်ာ္လင့္ထားဟန္မတူ။ စတီယာရင္ကိုေကြ႕ကာ ညီထိုးထားသျဖင့္ ယိုင္ေနေသးေသာ အ႐ိုင္းအစိုင္း ကားပိုင္ရွင္ကို မီးခြက္နားျဖင့္ အသာအယာတစ္ခ်က္တိုးတိုက္လိုက္ၿပီး ကားေရွ႕ဖုံးႏွစ္ခုၾကား ညပ္ေနေအာင္ လုပ္လိုက္သည္။

" ေဟ့ေကာင္ မင္းခုနေျပာတာေလ ငါတို႔အင္ဂ်င္နီယာေတြဆိုတာ ဘာေကာင္ေတြမွ မဟုတ္ဘူးဆိုတာ။ ေအး ငါ့ညီေရ မင္းကို အခုေန ငါအရွိန္ဘယ္ေလာက္နဲ႔ ဘယ္ေလာက္ၾကားမွာတိုက္ဖိခ်လိုက္ရင္ မင္းရဲ႕ ေျခေထာက္ႏွစ္ေခ်ာင္းလုံး အ႐ိုးေတြ တစ္မိနစ္မွာ ဘယ္ေလာက္ႏႈန္းနဲ႔ က်ိဳးသြားမယ္ဆိုတာ ေသခ်ာသိတယ္ကြာ နားလည္လား"

ကြၽန္ေတာ့္ရင္ထဲမွ ေအးခဲေဒါသသည္ တေျမ့ေျမ့ေလာင္ၿပီး စကားလုံးေတြကိုပါ ခဲေသသြားေစေတာ့သည္။ အင္မတန္ေအးသည္ဟု လူတိုင္းမွတ္ခ်က္ေပးရသည့္ ကြၽန္ေတာ္ဟာ တကယ္တမ္း ေဒါသထြက္လာၿပီဆိုရင္ ေသြးေအးသြားၿပီး ရက္စက္သြားတတ္သည္။ ေဒါသေၾကာင့္ ဘာမွ မျမင္ႏိုင္ေတာ့တာမ်ိဳးလည္း ျဖစ္သြားတတ္ျပန္သည္။ ေတာ္ေတာ္ေလး ရွားပါးသည့္ အေျခအေနမ်ိဳးတြင္မွပါ။ သို႔ေသာ္ အဲဒီရွားပါးအခ်ိန္က အခုပင္ ျဖစ္မည္ထင္။

" ဘာေတြျဖစ္ေနၾကတာလဲ ကားတိုက္တာလား။ ဟာ သား ... ငါ့သားကို မင္းကားနဲ႔တိုက္လိုက္တာလား ေဟ့ေကာင္ ငါငိုးမသား ထြက္ခဲ့စမ္း"

ကြၽန္ေတာ္ လီဗာအေပၚ ေျခေထာက္ထပ္တင္လိုက္စဥ္မွာပဲ ညီက မွန္နားကပ္လာၿပီး ေခါင္းရမ္းျပသည္။ ေတာ္ေတာ့ဆိုသည့္ဟန္။ ညီ့ကိုျမင္ေတာ့မွ ကြၽန္ေတာ့္အသိစိတ္က ေခါင္းမွာ ျပန္ကပ္သြားသည္ထင္။ ခ်က္ခ်င္း ေခြၽးေတြျပန္ကာ အန္ခ်င္လာရသည္။

" ကိုကို အဆင္ေျပလား။ ကိုကို ... ကိုကို တံခါးဖြင့္ဦး တံခါးဖြင့္"

႐ုန္းရင္းဆန္ခတ္ျဖစ္ေနတုန္း လုံၿခဳံေရးအေစာင့္မ်ားပါ ေရာက္လာကာ ႐ုံးခန္းထဲသို႔ ဆြဲေခၚသြားခံရေတာ့သည္။

" ဒီေကာင္ေတြ ေန႔ခင္းေၾကာင္ေတာင္ ကားနဲ႔တိုက္ဖို႔ လုပ္တာ ဒီေခြးမသားကို ဆြဲေခၚခဲ့စမ္း"

ကြၽန္ေတာ့္ကို တြဲထူထားရင္းက ညီကလွစ္ခနဲ လွည့္ထိုးေတာ့မေယာင္ လွည့္လိုက္ခ်ိန္

" ေနေန ေတာ္ေတာ့ အထဲမွာ ရွင္းမယ္"

ကြၽန္ေတာ္ လွည့္ၾကည့္လိုက္ေတာ့ ညီ့ပါပါး

" ပါပါး ဒီေကာင္ေတြ ... "

" ငါအကုန္ျမင္တယ္ လာ ကိုဘုန္းကို ေခၚခဲ့။ ေဒါသေလွ်ာ့ဦးလို႔ ေျပာ"

" ေဟ့ေကာင္ ေခြးမသားေတြ မင္းတို႔အကုန္လုံးကို အခ်ဳပ္ထဲထည့္မယ္"

အထိုးခံရသည့္ေကာင္ေလးမ်က္ႏွာက ဖူးေယာင္ကိုင္းကာ ေျခေထာက္ေတြက တုန္ယင္ေနသည္။ အခန႔္မသင့္ရင္ ဖိႀကိတ္ခံလိုက္ရေတာ့မလို႔ကိုး။ ဒီေတာ့မွ အမူးေတြလည္း ေျပသြားဟန္ပင္။

" ထည့္လိုက္ေလ ဘယ္သူက စတာလဲ အရင္ေျပာရေအာင္"

ညီ့ပါပါးက ႐ုံးခန္းထဲက ထိုင္ခုံတစ္ခုမွာ ေအးေအးသက္သာ ဝင္ထိုင္ရင္း လွမ္းေျပာသည္။

" ခင္ဗ်ားက ဘယ္သူလဲ ဪ ဒီအ႐ိုင္းအစိုင္းေကာင္ေတြရဲ႕ အေဖလား"

" အင္း ဟုတ္တယ္ေလ မင္းသားရဲ႕ မ်က္ႏွာေပၚက ေယာင္ကိုင္းေနတဲ့ဒဏ္ရာက ငါ့သားလက္ရာပဲ။ ေနေန မင္း ထိုးခ်က္ေတြ တိုးတက္လာတာပဲ"

" ဒါေတာင္ မထိုးျဖစ္တာ ၾကာၿပီ"

သူတို႔သားအဖႏွစ္ေယာက္က ေဘးခ်င္းကပ္ထိုင္လိုက္ၿပီး ေအးေအးေဆးေဆး စကားေျပာေနသည္မွာ ေဘးနားက လူေတြကိုပင္ ေၾကာင္အသြားေစသည္။

" မင္းတို႔ ဘာေကာင္ေတြလဲေတာ့ မသိေပမယ့္ လူမွားထိမိၿပီေနာ္"

ကားပိုင္ရွင္အေဖကလည္း ေခသူေတာ့ ဟုတ္ဟန္မတူ။ ထိုင္ခုံေပၚ ေျခခ်ိတ္ထိုင္လိုက္ရင္း ေအးစက္စြာ ေျပာလာသည္။

" ဟုတ္လား ... မင္းက ဘာေကာင္လဲေျပာစမ္းပါဦး"

ညီ့ပါပါးက သူ႔ေနာက္တြင္ရပ္ေနသည့္ သူသြားေလရာပါသည့္ ဦးေလးတစ္ေယာက္ဆီက ေဆးလိပ္လွမ္းေတာင္းကာ မီးညႇိရင္းေမးသည္။

အန္ကယ္ဦးေနလင္းဟာ ဟိတ္ဟန္ႀကီးမားသလို အရွိန္အဝါတစ္ခုလည္း ရွိေနသည္မွာ မျငင္းသာ။ သူ႔စကားေျပာဟန္၊ ၾကည့္ဟန္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္ ရွိပုံတို႔က ညီ့ထံတြင္ တစ္ခါတေလျမင္ရေလ့ရွိသည္။

" ေအး မင္းေမးလို႔ ေျပာျပလိုက္ဦးမယ္ ငါက ဒီအိမ္ရာဝင္းရဲ႕ အိမ္ရာမႈးပဲ"

" ဪ ပိုင္ရွင္မ်ားလားလို႔ အိမ္ရာမႈးေလးပဲကိုမ်ား"

ညီ့ပါပါးရဲ႕ ရိသဲ့သည့္အၿပဳံးတြင္ တစ္ဖက္လူမွာ ခံရခက္စြာ။

" မင္းက အိမ္ရာမႈးဆိုတာကို ဘယ္လိုရလာတယ္ထင္လို႔လဲ။ ရခ်င္တိုင္းရတာမ်ိဳးေတာ့မဟုတ္ဘူးကြ။ ဒီအိမ္ရာဝင္းထဲက ပတ္ပတ္လည္ အခန္း ၂၀ ေလာက္ကို ႀကိဳက္တဲ့ေနရာ လက္ညိဳးထိုးလိုက္။ အဲဒါ ငါပိုင္တာပဲ မင္း နားလည္လား"

ႏွစ္ဦးႏွစ္ဖက္ၾကားထဲက ေလထုမွာ ေအးခဲၿငိမ္သက္စြာ။ တစ္ဖက္လူရဲ႕ အရွိန္အဝါကလည္း ျပင္းသည္ပင္။

ဦးေနလင္းက ေဆးလိပ္ကို ဖြာထုတ္လိုက္ရင္း ေမးသည္။

" အဲဒီေတာ့ မင္းဘက္က ဘာလုပ္မယ္ စိတ္ကူးလဲ"

" မင္းသားေရာ မင္းသားေယာက်ားေရာ အဲဒီ ၂ ေကာင္လုံးကို တစ္ခုခုျဖစ္ေအာင္ လုပ္မယ္။ မလုပ္ေစခ်င္ရင္ ငါ့သားကို ေသခ်ာေလး ေတာင္းပန္ေပါ့ ။ ၿပီးရင္ မင္းတို႔ေနေနတဲ့အိမ္ကေန ဖယ္လိုက္ေတာ့။ ငါျပန္ဝယ္လိုက္ၿပီ။ ငါ မထားရင္ မင္းတို႔ေနလို႔မရဘူးဆိုတာ နားလည္လား။ ေကာင္းတာေပါ့ လူလည္းသန႔္သြားတယ္ ေယာက်ာ္းခ်င္းႀကိဳက္တဲ့ ေကာင္ေတြ မရွိေတာ့ဘူးေပါ့။ မင္းမွတ္ထား ငါ့သားအတြက္ ငါပိုက္ဆံဘယ္ေလာက္သုံးရသုံးရ မင္းတို႔ေကာင္ေတြ ေတာင္းပန္လာရတဲ့အထိ လုပ္မွာ"

သြားၾကားထဲက ေလသံျဖင့္ ဖ်စ္ညႇစ္ေျပာေနပုံက ညစ္က်ယ္က်ယ္။

ညီ့ပါပါးက တစ္ခ်က္ရယ္လိုက္ကာ ေနာက္က ဦးေလးကို ဖုန္းလွမ္းေတာင္းေနသည္။ ညီ့ကို ၾကည့္ေတာ့ လက္ပိုက္လ်က္သား ေအးေအးစက္စက္ အေရွ႕ကို ၾကည့္ေနေလရဲ႕။ ကြၽန္ေတာ့္မွာ သာ ဒီအေျခအေနၾကားထဲေရာက္ေနရတာ ႐ုပ္ရွင္ၾကည့္ေနရသလို ဘာလိုလို။

" ဟို Security ေကာင္ေလး မင္းတို႔့ ဒီအိမ္ရာပိုင္ရွင္က ဦးသာေအာင္မဟုတ္လား"

" ဗ်ာ ... ဟုတ္ ဟုတ္ကဲ့"

ဖုန္းနံပါတ္တစ္ခုကို ရွာကာ ဖုန္းေခၚလိုက္သည္။

" ေဟ့ ကိုသာေအာင္ ေအးေဆးပဲ မဟုတ္ရဲ႕"

" ဟာ ကိုေနလင္း ထူးထူးျခားျခားပါလား"

"မဟုတ္ပါဘူး ကိုယ္ မင္းကို ေမးစရာရွိလို႔"

" အဲဒါေၾကာင့္ ထူးဆန္းေနတာေလ။ ကိုေနလင္းကိုယ္တိုင္ဆက္ေနလို႔"

" ေအးကြ ... * * အိမ္ရာဝင္းက မင္းလုပ္တာမလား"

" ဟုတ္တယ္ဗ် ကြၽန္ေတာ္တို႔ လုပ္ငန္းပါ "

" အခန္းလြတ္ေတြ က်န္ေနေသးတယ္လား"

" က်န္ေသးတာေပါ့ ကိုေနလင္းရာ ဟိုဘက္တစ္ျခမ္းဆို လုံးဝအသစ္ေတြေလ အထပ္လည္းျမင့္တယ္"

" ကိုယ္ အဲဒီဘက္က အခန္းနည္းနည္းလိုခ်င္လို႔ အဆင္ေျပလား"

" ေျပာေနရေသးလားဗ်ာ ကိုေနလင္းလိုခ်င္တာပဲ ဘယ္ႏွစ္ခန္းယူမလဲသာေျပာ"

" ဒီဘက္တိုက္ေဟာင္းဘက္က တစ္ျခမ္းလုံး ယူခ်င္တယ္"

ကြၽန္ေတာ့္မွာ ပါးစပ္အေဟာင္းသား။ ညီ့ကိုၾကည့္ေတာ့ သူ႔အေဖလို တစ္ပုံစံတည္း မထီမဲ့ျမင့္ ၿပဳံးေနေလရဲ႕။

" ဟုတ္ကဲ့ ရတာေပါ့ ရတာေပါ့။ ဒါနဲ႔ ဘာလို႔ တိုက္အေဟာင္းလဲ တိုက္အသစ္ေတြယူေရာေပါ့ဗ်ာ"

" အေဟာင္းဆို ရပါၿပီ။ ဒါနဲ႔ က်န္တဲ့တစ္ျခမ္းလုံးမွာ ရင္းႏွီးျမႇဳပ္ႏွံလိုက္ရင္ ကိုယ္က အိမ္ရာမႈးေတြဘာေတြျဖစ္ေလာက္လား"

" ဟားဟားဟား ကိုေနလင္းကေတာ့ စားၿပီဗ်ာ။ ဘာအိမ္ရာမႈးလဲ ရွယ္ယာရွင္ေလာက္ေတာ့လုပ္ပါဗ်ာ ဘယ့္ႏွယ္"

" ဒါဆို ကိုယ့္လူ အခုဒီဘက္လာၿပီး စာခ်ဳပ္ဘာညာလုပ္လိုက္ပါလား။ ကိုယ့္သားအႀကီးေကာင္ကြာ မင္းတို႔အိမ္ရာထဲမွာ ေနေနတာ။ ဒီေန႔ကိုယ့့္အမ်ိဳးသမီးနဲ႔ လာလည္ေတာ့ ကားရပ္တာ အခ်ိဳးမေျပတဲ့ေကာင္ေတြ ရွိလို႔ အဲဒီကားေတြ မျမင္ခ်င္ေတာ့လို႔ကြာ"

ဖုန္းခ်ၿပီးေနာက္ ဦးေနလင္း လွစ္ခနဲၿပဳံးလိုက္ပုံမွာ ေတာ္႐ုံလူမ်ိဳးသာဆို ေမာ္မၾကည့္ႏိုင္ေလာက္သည့္ အရွိန္အဝါမ်ိဳး။ ၾကက္သီးထစရာေကာင္းေလာက္တဲ့ ဩဇာတိကၠမမ်ိဳး။

" ၾကားတဲ့အတိုင္းပဲ ကိုယ္အခု ဒီဘက္တစ္ျခမ္းလုံး ဝယ္္လိုက္ၿပီ။ ဆိုေတာ့ ဒီတစ္ခါ ဖယ္ရမွာ မင္းပဲျဖစ္မယ္ထင္တယ္"

စိုက္ၾကည့္လိုက္ပုံကိုက အားနဲ႔မာန္နဲ႔ နာလန္မထူႏိုင္ေအာင္အထိ ထိုးစိုက္ခ်မည့္အသြင္။

" မင္းႀကိဳက္တဲ့အခန္းထပ္ယူလိုက္။ အဲဒါ ေလ်ာ္ေၾကးပဲ"

" မင္းတို႔ ပိုက္ဆံရွိတိုင္း အဲဒီလို လုပ္လို႔ရတယ္ထင္ေနလား"

" ပိုက္ဆံအေၾကာင္းကို မင္းဘက္က အရင္စေျပာတာလားလို႔ေလ"

" ဒီလိုလုပ္လို႔လည္း ငါေက်ေအးေပးမယ္မထင္နဲ႔"

" မေက်ေအးနဲ႔ေလ ရတာပဲ။ မင္းသားတစ္ဖြဲ႕လုံး ေဆးသုံးထားတယ္။ ေဆးသုံး၊ မူးယစ္ရမ္းကားၿပီး အိမ္ရာဝင္းထဲက ေအးေအးေဆးေဆးေနတဲ့သူေတြကို ျပသနာရွာေနတယ္ဆိုတာရယ္။ ေဆးသုံးထားတာထက္ပိုတယ္ဆိုတာရယ္ကို ေသေသခ်ာခ်ာ ျမင္ေနရမယ့္ CCTV ေတြ ဘယ္ႏွလုံးတပ္ထားတာမွန္း အိမ္ရာမႈးႀကီးက ပိုသိမွာေပါ့ မဟုတ္ဘူးလား "

ေဆးလိပ္ကို ျဖည္းျဖည္းခ်င္းဖြာရႈိက္ၿပီး ေျပာေနပါေသာ္လည္း အညႇိဳးတႀကီး ေခ်ပေနပုံက သိသာလွသည္။ အတင္စီးမခံႏိုင္ပုံ၊ မာနႀကီးပုံတို႔ကေတာ့ ဒီအေဖနဲ႔ ဒီသားဟု ေျပာရမလိုပင္။ သို႔ေသာ္ ညီကေတာ့ စိတ္တိုလာရင္ လက္ကအရင္ေရာက္သြားတတ္တာမ်ိဳးကလြဲလို႔ သူ႔အေဖလိုေတာ့ တစ္ဖက္သားကို ျပားျပားဝပ္သြားေအာင္ ဖိႏွိပ္ေခ်ခ်လိုက္သည့္ ပုံစံမ်ိဳး မရွိေသး။

" မင္းသားကို ကိုယ့္သားအႀကီးေကာင္ထိုးလိုက္တာ ၃ ခ်က္ထင္တယ္။ ႏွာေခါင္း႐ိုးေတာ့ က်ိဳးသြားေလာက္တယ္။ ေဆး႐ုံတက္လိုက္ေလ။ ျပည္တြင္းတက္မလား၊ ျပည္ပတက္မလား ကိုထိုက္ တစ္ခ်က္လုပ္ေပးလိုက္ သူတို႔ကို။ ေဆး႐ုံတက္အနားမွာ ဟိုတယ္ပါ စီစဥ္ေပးလိုက္ဦး။ တစ္ခါတည္း အနားယူရတာေပါ့။ ေက်နပ္လား မင္းတို႔ မေက်နပ္လည္းေျပာေနာ္ ခုနေျပာတဲ့ အစီအစဥ္အတိုင္း ဆက္သြားၾကမယ္ ကိုယ္ကေတာ့ ကိုယ့္သားမွန္ေနတာမို႔လို႔ ဘယ္သြားသြား ေနာက္က လိုက္ခဲ့႐ုံ"

ေအးတိေအးစက္ေလသံကိုၾကားေတာ့ တစ္ခ်ိန္တစ္ခါတုန္းက ညီ့ကို လက္လႊတ္ခဲ့ရပုံကိုပင္ သတိရမိေတာ့မတတ္။ သို႔ေသာ္လည္း အခုခ်ိန္မွာ သူ႔သားဘက္က ဒီလိုမ်ိဳး အစြမ္းကုန္ ရပ္တည္ေပးေနတာျမင္ေတာ့လည္း ရင္မွာဝမ္းသာဝမ္းနည္း။ ညီလိုခ်င္ခဲ့သည့္ ေမတၱာတရားဟာ အခုလို လုံၿခဳံမႈမ်ိဳး မဟုတ္ပါလား။

" ေနာက္တစ္ခုက မင္းကား ခ်က္ဗလက္ေနာ္။ ခ်က္ဗလက္ရႈိး႐ြန္းက မန္ေနဂ်ာက ဘယ္သူ သန႔္ထင္လား ဟုတ္လား ကိုထိုက္"

" ဟုတ္ ဆရာ ကိုသန႔္ထင္ပါ ဆရာ"

" ေအး သူ႔ကို ဖုန္းေခၚလိုက္ ၿပီးရင္ ဒီလိပ္စာေပးၿပီး ဒီေကာင္ေလးကားထက္ျမင့္တဲ့ ေမာ္ဒယ္တစ္စီးလာပို႔ခိုင္းလိုက္။ သူ႔ကားအစုတ္ကိုေတာ့ ေနဦး ကိုဘုန္း မင္းထပ္တိုက္ဦးမလား ေက်နပ္ၿပီလား။ ေနေန မင္းေရာ"

" ေတာ္ၿပီပါပါး သားကားေလး အားကုန္တယ္"

" ေအး ေအး ၿပီးေရာ အဲဒါဆို သူတို႔့ပဲ ယူပါေစေတာ့ အိမ္ခန္း ၂၀ ေတာင္ပိုင္တာပဲ ျပန္ေတာ့ျပင္ႏိုင္မွာပါ"

" ဟိုဘက္က အိမ္ရာမူးေဟာင္းက မင္းနာမည္ဘယ္သူ"

" ေျပာစရာရွိတာ ေျပာပါ"

အားမတန္လို႔ မာန္ေလွ်ာ့ရသည့္တိုင္ ခံျပင္းမႈကိုေတာ့ ေလသံမွာ ဖုံးကြယ္လို႔မရ။ ခုနမာန္ႀကီးခဲ့သူမွာ အခုေတာ့ အသံထက္ျမန္ေအာင္ သက္ေသျပလိုက္သူေရွ႕တြင္ ၿငိမ္သက္လ်က္။

" သားအတြက္ ပိုက္ဆံသုံးတယ္ဆိုတာ ဒါမ်ိဳးကိုေျပာတာ သိလား။ မင္းက ပိုက္ဆံအေၾကာင္းေျပာလြန္းလို႔သာ ကိုယ္လည္း ထည့္ေျပာရတာပါ။ သုံးမယ္ဆိုလည္း ဒီလို ေသခ်ာေလးသုံးေပါ့။ သားသမီးအတြက္ သုံးဖို႔ပဲ ကပ္ေစးမနဲပါနဲ႔ ဟုတ္ၿပီလား"

ရိသဲ့ခနဲ႔သံတိုးသဲ့သဲ့ဟာေတာင္ တစ္ဖက္သားကို ျပန္ေခ်မပႏိုင္ေအာင္ အင္တိုက္အားတိုက္။

" အခု ေလ်ာ္ေၾကးေပးလိုက္ၿပီ မင္းမေက်နပ္တာ ရွိေသးလား"

အေတာ္ေလးၾကာကာမွ သက္ျပင္းေနာက္က ဖြဖြထြက္လာသည့္ အသံ။

"မရွိေတာ့ပါဘူး"

" ေအးဟုတ္ၿပီ ကိုယ္ကေတာ့ ရွိေသးတယ္ မင္းသားနဲ႔အေပါင္းအပါတစ္သိုက္ ကိုယ့္သားေတြကို ပါးစပ္သရမ္းထားတာအတြက္ အခုေတာင္းပန္ပါ"

တစ္ဖက္လူမွာ လက္သီးကိုသာ တင္းတင္းဆုပ္ထားရရွာေတာ့သည္။ ညီ့ကေတာ့ ခပ္မတ္မတ္ရပ္ေနရင္းက စူးစိုက္ၾကည့္ေနၿမဲ။ ဒီလို အားသုံ႔းပုံမ်ိဳးကို မႀကိဳက္သည့္တိုင္။ ဝင္ေျပာလို႔လည္းမရ သူ႔သားကို အရင္ေစာ္ကားၾကတာကိုး။ ျမင္လိုက္ရတဲ့အေဖကလည္း ဒီလိုအေဖမ်ိဳးဆိုေတာ့ ၿပီးပါေလေရာ။

"ကိုယ့္သားေတြဘက္က မင္းတို႔က ေအးေအးေဆးေဆးနဲ႔ ယဥ္ယဥ္ေက်းေက်းေတာင္းပန္ေနပါရဲ႕သားနဲ႔ မင္းတို႔ေကာင္ေတြက စၿပီး စည္းေက်ာ္တာ။ ကိုယ္တို႔ လြန္တာကို ကိုယ္တို႔ ေတာင္းပန္ၿပီးၿပီ ေလ်ာ္ေၾကးလည္း ေပးၿပီးၿပီ။ အခု မင္းတို႔ ကိုယ့္သားႏွစ္ေယာက္ကို ေတာင္းပန္ပါ"

ေတာ္ေတာ္နဲ႔ထြက္မလာရာကေန ကြၽန္ေတာ္တို႔ဘက္ကို မ်က္ႏွာလွည့္ကာ

" ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တို႔လြန္သြားပါတယ္"

" ဒါနဲ႔ မင္း ... ကိုယ္ေျပာျပဦးမယ္ မင္းအေဖေျပာတဲ့ လူမွားထိမိၿပီဆိုတာ ကိုယ့္သားကို ေျပာတာပဲ။

ကိုယ့္သားက ကားအစုတ္ေလး စီးခ်င္စီးမယ္။ အဲဒါ သူ႔လုပ္အားခနဲ႔ သူ႔ဝယ္စီးတာ။ ငါ့ကို သူပူဆာရင္ မင္းတစ္သက္မွာ တစ္ခါပဲ စီးႏိုင္တဲ့ကားမ်ိဳးတင္မဟုတ္ဘူး။ မင္းတစ္သက္လုံးမျမင္ႏိုင္တဲ့ကားမ်ိဳးအထိ သူစီးလို႔ရတယ္။ ဒါေပမဲ့ သူ႔လုပ္စာနဲ႔သူႏိုင္တာကို သူစီးတာ ငါကေတာ့ ဂုဏ္ယူတယ္။ မင္းကေတာ့ မင္းအေဖဝယ္ေပးတဲ့ကားနဲ႔ အလုပ္မရွိအကိုင္မရွိ ေဆးခ်လိုက္၊ ေဆးေရာင္းဝယ္လိုက္၊ အရက္ေသာက္ရမ္းကားလိုက္ပဲ လုပ္ေနေပါ့။ ပုံမွန္ဆို ဒါမ်ိဳးဝင္မပါဘူး မင္းတို႔ေကာင္ေတြက ကိုယ့္သားကို သိပ္ေစာ္ကားေနလြန္းလို႔ ပါရတာ။ ေနာက္တစ္ခါ ကိုယ့္သားကို လာထိဖို႔ နည္းနည္းေလးေတာင္ ေတြးမထားနဲ႔ သေဘာေပါက္လား"

" ဟုတ္ကဲ့"

"ကိုထိုက္ သူတို႔ကို ေဆး႐ုံစရိတ္ စီစဥ္ေပးတဲ့အခါ သိန္းတစ္ရာေလာက္ပိုထည့္ေပးလိုက္။ ပါးစပ္အားေနရင္ မုန႔္ေလးဘာေလးစားၿပီးေန။ ဒီေန႔ဒီအခ်ိန္လိုမ်ိဳး ပါးစပ္သရမ္း အာေခ်ာင္တာမ်ိဳး မလုပ္ဖို႔ေပါ့"

႐ုပ္ရွင္လိုပဲ။ တကယ့္ကို ႐ုပ္ရွင္ဇာတ္ဝင္ခန္းေတြလိုမ်ိဳး။ ညီတို႔က မ်ိဳး႐ိုးစဥ္ဆက္ ခ်မ္းသာႂကြယ္ဝမႈကို မျမင္ဖူးတာမဟုတ္သည့္တိုင္ ဒီလိုေျဖရွင္းႏိုင္ရေလာက္တဲ့ အင္အားမ်ိဳးကိုေတာ့ ၾကက္ေသေသရတာ အမွန္ပင္။ ညီ့ပါပါးေျပာသလို လက္ညိဳးၫႊန္ရာ ေ႐ႊျဖစ္ႏိုင္သည့္တိုင္ ကြၽန္ေတာ့္အနားမွာ ေနထိုင္ဖို႔ ႐ိုးကုပ္တဲ့ ဘဝကို ေ႐ြးခ်ယ္ခဲ့သူကို ဘာစကားမွ ေျပာစရာမရွိေတာ့ပါ။ အၿမဲတမ္းေျပာခဲ့ဖူးသလို ညီက ကြၽန္ေတာ့္ထက္ အစစအရာရာ သာလြန္ေအာင္ ခ်စ္ႏိုင္သူပါပင္။

" ေနေန ... ကိုဘုန္း သြားမယ္။ မင္းတို႔အေမက အေပၚမွာ မင္းတို႔စားဖို႔ ဟင္းခ်က္ေနတာ။ ငါ့မိန္းမ ဟင္းမခ်က္တာၾကာလွၿပီ သူ႔လက္ရာလြတ္သြားလို႔ မျဖစ္ဘူးလာ သြားမယ္ လာ"

႐ုံးခန္းအျပင္ထြက္လာၿပီး ခ်ိဳင့္ခြက္ေနသည့္ ကားနားေရာက္ေတာ့

" ကိုဘုန္း"

" ဟုတ္"

" ခုနက မင္း ကားကို ဝိုက္ၿပီး တိုက္လိုက္တာေလး မိုက္တယ္"

" ဗ်ာ"

ေျပာၿပီးေနာက္ လက္ႏွစ္ဖက္ကို ဟန္ပါပါလႊဲရင္း ထြက္သြားသည့္ ညီ့အေဖေနာက္ အသာေလးလိုက္ခဲ့ရေတာသည္။ ဘာေျပာစရာမွ ေခါင္းထဲမွာ ေပၚမလာေတာ့သလို။

" ပါပါး ဒီနားမွာ ဒိန္ခဲေၾကာ္ ေကာင္းတဲ့ဆိုင္ ကြၽန္ေတာ္ေတြ႕ထားတယ္"

" ေဟ ဟုတ္လား ဒါနဲ႔ မဆီမဆိုင္ ဒိန္ခဲေၾကာ္က ဘာလို႔တုန္း မင့္"

" ပါပါးကို သားခဏေန ကန္ေတာ့မယ့္ ဘလူးေလဘယ္နဲ႔ဆို တအားလိုက္တာလို႔"

" ဒီမိေခ်ာင္းသားကေတာ့ကြာ"

ရယ္ေမာၿပီးထြက္ခြာသြားသည့္ သားအဖႏွစ္ေယာက္ကေတာ့ သားအဖႏွစ္ေယာက္ပါပဲ။ ညီက အသာေလး ေနာက္ျပန္လက္ဆန႔္ထုတ္ကာ လွမ္းေခၚသည္။ ဘယ္အခ်ိန္မဆို ေမ့မထားခဲ့သည့္အတြက္လည္း အၿမဲေက်းဇူးတင္မိရသည္ပင္။

ညီ့လက္ကို အသာအယာ ျပန္ပုတ္လိုက္ၿပီးေနာက္ ကြၽန္ေတာ့္မွာ တစ္ကိုယ္တည္း ခ်မ္းသာသည့္ ေယာကၡမကိုရထားတဲ့ ခံစားခ်က္က ဘယ္လိုမ်ိဳးႀကီးလဲကြာဟု ေတြးေနမိပါေတာ့သည္။

ေ႐ြးခ်ယ္စရာေတြကေတာ့ မ်ားပါတယ္

ဒီဘဝမွာေတာ့

အခ်စ္ရယ္

မင္းကိုပဲ ထပ္ခါထပ္ခါေ႐ြးခ်င္တယ္

- ေနအလင္းစက္

အားလုံးပဲ ေနေကာင္းက်န္းမာၾကဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။ ႏွစ္ေတြအၾကာႀကီးမွာ တစ္ႏွစ္တစ္ခါေလာက္ျပန္ေတြ႕ရတိုင္း ေပ်ာ္မိပါရဲ႕။ အခုထိ ခ်စ္ခင္ေပးၾကလို႔လည္း တကယ္ကို ေက်းဇူးတင္ပါတယ္။

သိတဲ့သူလည္းသိမွာပါ။ ဧရိပ္စာအုပ္တိုက္ကေနၿပီးေတာ့ မၿပိဳေသာေလး ျပန္ထြက္မွာမို႔ ထုံးစံအတို္ငး ဟိုဟိုဒီဒီလာေျပာရတာေပါ့ေလ။

ထုတ္ရတဲ့ကိစၥကလည္း အရင္တစ္ခါကေျပာခဲ့သလို အရင္တိုက္ကိုေနာက္ဆုံးအေနနဲ႔ေပးခဲ့တဲ့ အေရအတြက္က အၿပီးထိ မထုတ္လိုက္ရတာမို႔ မရလိုက္တဲ့သူေတြအတြက္ ျပန္ထုတ္လိုက္တာပါ။

ေဈးကိုလည္း က်ေနာ္ တိုက္နဲ႔အတတ္ႏိုင္ဆုံး ညႇိထားပါတယ္။ အမ်ားႀကီး ေထြေထြထူးထူးလည္း ေျပာင္းလဲသြားတာမ်ိဳးမရွိတာမို႔ ရွိၿပီးသားလူေတြ မဝယ္လည္းရပါတယ္။ မရွိေသးလည္း မဝယ္လို႔ရတယ္။ တအားႀကီး မႀကိဳးစားပါနဲ႔။ဒီမွာ ဖတ္လို႔ရေနတာပဲကို။ ဒီစကားက ပထမဆုံးအႀကိမ္ ထုတ္ကတည္းက ေျပာခဲ့တာပါ။ အခုမွ ထေျပာတာေတာ့ မဟုတ္ဘူးေနာ္။

အေသးစိတ္ကိုေတာ့ တိုက္ဖက္ကပဲ တင္ေပးပါလိမ့္မယ္။ ေစာင့္ၾကည့္ၾကပါဦးလို႔။

ဒါကေတာ့ မသိေသးတဲ့သူေတြအတြက္ လင့္ခ္ေလးပါ။

https://fb.watch/om45NvGx0Q/?mibextid=Nif5oz

အခု ဒီႏွစ္ပိုင္းကိုလည္း စာအုပ္ထဲမွာထည့္ထားေပးမွာပါ။ ဘယ္လိုထည့္ထားေပးတယ္ဆိုတာေတာ့ ေစာင့္ပါဦးလို႔။

အားလုံး က်န္းမာေရးဂ႐ုစိုက္ပါ။ အသည္းမကြဲၾကပါနဲ႔လို႔

ခ်စ္ခင္စြာနဲ႔

အိအိ

******************************************

Uni 

အိမ်ရာဝင်းထဲကိုရောက်တော့ ကျွန်တော်တို့ ကားရပ်ရမည့်နေရာဘေးတွင် နှစ်နေရာစာလုံးကို ကားအသစ်တစ်စီးကန့်လန့်နီးပါး ဖြတ်ရပ်ထားတာတွေ့သည်။ ကားနေရာကြည့်နေရင်း deli လိုက်ပို့နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ စက်ဘီးထွက်လာရာ ရုတ်တရက် ရှောင်လိုက်တာနဲ့ ကားကို သွားခြစ်မိတော့သည်။

" အာ သေပါပြီ Shit "

ကားထိမိသည်နှင့် ညီ့ကိုကြည့်ကာ ညီဘာမှဖြစ်မသွားတာ သေချာမှ ကျွန်တော်ချက်ချင်းဆင်းပြီး တောင်းပန်ရန်ပြင်ပါတော့သည်။ ကားဘေးမှာရပ်နေသည်က ကားပိုင်ရှင်နဲ့ သူ့သူငယ်ချင်း အုပ်စုဖြစ်မည်ထင်။

" ဟေ့ကောင်တွေ ထိမိသွားပြီကွ ကားကိုဘယ်လိုမောင်း"

" ဟုတ်တယ် ညီလေးရေ အစ်ကို ဟိုဘက်ကို ရှောင်ရင်းနဲ့ ခြစ်မိသွားတာကွာ တောင်းပန်ပါတယ်"

ကျွန်တော် အယဉ်ကျေးဆုံး ပြောသည့်တိုင် တစ်ဖက်ပိုင်ရှင်မှာ ယစ်ထွေနေပုံပင်။ အရက်နံ့ကြားမှ အနံ့တစ်မျိုးကိုလည်း ပြင်းပြင်းထန်ထန်ရနေရာ ဆေးတစ်ခုခုသုံးထားကြသည် ဖြစ်မည်။ ငယ်နုသောမျက်နှာကို ခပ်ရင့်ရင့်ဟန်ပန်ဖမ်းကာ ကျွန်တော့်ကို ကြည့်ရင်း အရှေ့ကိုတိုးလာသည်။ ညီ့ကို အသာလက်ကာပြရင်း မျက်မှန်တစ်ချက်ပင့်ကာ ထပ်တောင်းပန်လိုက်သည်။

" မင်းမျက်လုံးမပါဘူးလား ကားရော မမောင်းတတ်လို့ ဝင်တိုက်တာလား"

" ကိုယ်တောင်းပန်ပါတယ် ညီလေးရာ ကိုယ် ကားကိုလည်း ပြန်ပြင်ပေးပါ့မယ်"

" နေပါဦး မင်းက ဒီကားကို တွေ့ကရာနေရာမှာ ပြင်ပေးနိုင်မယ် ထင်နေလို့လား။ မင်းတို့သွားနေကျ ဝပ်ရှော့လိုဟာတွေမှာလေ"

ကောင်လေးကိုကြည့်ရတာ ညီ့ထက်တောင် ငယ့်မည့်အသွင်။ သို့သော်လည်း လေသံကတော့ မာန်ချီထောင်လွှားနေသယောင်။ မူးပြဲနေတာလည်း ပါမည်ထင်။ ညီ့ကို လှည့်ကြည့်တော့ အသာရပ်ကြည့်နေသေးသည်မို့ ထပ်တစ်ခါ လက်ကာပြရင်း တားရသည်။ ညီ့စိတ်နဲ့ကမလွယ်ဘူးမဟုတ်လား။

" မဟုတ်ဘူး ညီလေး ကိုယ်ကျသင့်သမျှကို တာဝန်ယူပေးနိုင်ပါတယ်။ ညီလေး အဆင်ပြေတဲ့နေရာမှာ ပြင်ပါ။ ကိုယ်လိုက်ရှင်းပေးပါ့မယ်"

" မင်းက ဘယ်လောက်များ ချမ်းသာနေလို့လဲ။ မင်းစီးထားတဲ့ ကားကိုလည်း ကြည့်ဦး နစ်ဆန်းအစုတ်လေးကိုများ။ ငါ့ကားကို လျှော်ပေးမယ်လုပ်နေသေးတယ်။ အာ နေပါဦး မင်းတို့ ၅ လွှာက ဟိုအတွဲမဟုတ်လား။ ဟေ့ကောင်တွေ ကြည့်စမ်း ဟုတ်တယ်မဟုတ်လား ဟို အခြောက်အတွဲ"

ညီက ချက်ချင်းကို ရှေ့တိုးလာတော့ ကျွန်တော် ဖမ်းဆွဲထားလိုက်ရသည်။

" ငါ့ညီ ဒီဟာကိုပဲ အရင်ဖြေရှင်းရအောင်ကွာ။ အစ်ကိုတို့ ဘယ်လိုလုပ်ပေးရမလဲလို့"

" ပြောပြီးပြီလေ ဒါ ခင်ဗျားတို့ မကပ်နိုင်တဲ့ ပစ္စည်းပါဆိုနေ။ ခင်ဗျားတို့နှစ်ယောက်က အင်ဂျင်နီယာတွေဆိုလား ကြားဖူးတယ် ဟုတ်လား ဟေ့ကောင်တွေ"

" အေး အမေတို့ ပြောတာပဲကွ အင်ဂျင်နီယာဆိုလား ဘာဆိုလား"

" ခင်ဗျားတို့နှစ်ယောက်ဝင်ငွေလေး သေးသေးလေးလောက်နဲ့ ဒီကားကို ဘယ်လိုပြင်နိုင်မှာတုန်း။ ပြောရင် နှိမ်တယ်ဖြစ်ဦးမယ်။ အင်ဂျင်နီယာဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ ကားအစုတ်လေး စီးနိုင်တာတောင် ကံကောင်း။ ရာရာစစ ငါ့ကားကို လာထိရတယ်လို့။ ခွေးသူတောင်းစားတွေ မျက်လုံး မပါတဲ့ကောင်တွေ"

" ညီလေး မရိုင်းစိုင်းဘဲနဲ့ အေးဆေးပဲ ပြောကြရအောင်ပါ။ ဘယ်လိုတာဝန်ယူပေးရမလဲပဲ ပြောကွာနော်"

" ဘာလုပ်ပေးရမလဲဆိုတော့ အင်း ဒီလိုလုပ် ခင်ဗျားတို့ နှစ်ယောက်မှာ ဘယ်သူက ယောကျာ်းလဲ၊ ဘယ်သူက မိန်းမလဲ ပြောပြ။ အဲဒါဆို မလျော်နဲ့တော့ ရပြီ။ မလျော်နိုင်မယ့် အတူတူ"

လူငယ်ကား လုံးဝကို မူးရစ်ထွေကွဲနေပြီး စကားလုံးတို့၏ အတိမ်အနက်ကို ချိန်ဆနိုင်တော့ဟန်မတူ။ အစကတည်းက မောက်မာရိုင်းစိုင်းသည့်သဘောရှိလိမ့်မည်ထင်။ မူးရစ်နေတော့ ပိုဆိုးကာ ရန်လိုနေသည်ပင်။ အပေါင်းအပါများကလည်း အလိုတူအလိုပါ မြှောက်ပင့်ပေးနေသယောင်ယောင်။

ကျွန်တော်တွေးနေတဲ့ အခိုက်အတန့် စက္ကန့်ပိုင်းလေးမှာပင် ညီက ကျွန်တော့်လက်ကနေ ရုန်းပြီး အရှေ့ကတစ်ယောက်ကို ခွပ်ခနဲမြည်အောင် ထိုးချလိုက်ပြီးပြီ ။

" ဟေ့ကောင် မင်းမေငိုးမို့ ထိုးတာလား မေနိုးတွေ ဖျင်ခံချင်နေတာထင်တယ် ဟုတ်လား"

ညီက နောက်တစ်ချက် ထပ်ထိုးပြန်သည်။ ဘေးနားကကောင်တွေကိုနဲ့ပါ အပြန်အလှန် တစ်ချက်စီ ထိုးနေတော့သည်။

ကျွန်တော် ညီ့လက်ကို လှမ်းဆွဲလိုက်တော့ ညီက လှည့်ကြည့်သည်။

" ကိုကို ဒီတစ်ခါတော့ ကျွန်တော့်ကို မတားပါနဲ့လား ကိုကို့ကိုပါ စော်ကားနေတာ ကျွန်တော် သည်းမခံနိုင်တော့ဘူး"

" တားမလို့မဟုတ်ဘူး ညီဖယ်နေ ... ကိုယ်လုပ်မယ်လို့ ပြောမလို့"

ညီ့ရဲ့ ဝိုင်းစက်သွားတဲ့ မျက်လုံးတောက်တောက်တွေဟာ ချစ်စရာလို့ ဒီအခြေအနေကြီးထဲမှာတောင် တွေးမိသွားရတာကိုလည်း ကိုယ့်ဘာသာအံ့ဩရပါသေး၏။

ညီ့ကို တစ်ဖက်ခြမ်းလွတ်ရာသို့ ဆွဲထုတ်လိုက်ပြီး ကားထဲကိုပြန်ဝင်ကာ ကားကို ဂီယာထိုးကာ ခုန ကားအသစ်ကို တည့်တည့်ဝင်တိုက်လိုက်တော့သည်။ နောက်ကို ပြန်ဆုတ်၊ ပြန်ဝိုက်ပြီး နောက်တစ်ချက် ထပ်တိုက်။ ညီကတော့ အံ့ဩသလို ခေါင်းခါရမ်းရင်း လက်ခုပ်တီးဟန် လုပ်နေသည်။ မျက်နှာထားကတော့ တပြုံးပြုံး။ သိတာပေါ့ သူ့အကြည့်က ကိုကိုမိုက်လိုက်တာ ဆိုတာမျိုး။

" ညီလေး မင်း ကြည့်ထား ကားတိုက်တယ်ဆိုတာ ဒါမျိုးမှနော်။ ခုနက မင်းကားကို ခြစ်မိရုံလေးပဲ ဒါကမှ တကယ်တိုက်တာ"

ပြောရင်း နောက်တစ်ချက် ထပ်တိုက်လိုက်ပြန်တော့သည်။ ကားရဲ့ မျက်နှာစာအားလုံးကို စိတ်လိုလက်ရ တိုက်ပြီးနောက် သူတို့အဖွဲ့လည်း ကြောင်အနေပုံပင်။ ဒီလိုတုန့်ပြန်မှုမျိုးကို မျှော်လင့်ထားဟန်မတူ။ စတီယာရင်ကိုကွေ့ကာ ညီထိုးထားသဖြင့် ယိုင်နေသေးသော အရိုင်းအစိုင်း ကားပိုင်ရှင်ကို မီးခွက်နားဖြင့် အသာအယာတစ်ချက်တိုးတိုက်လိုက်ပြီး ကားရှေ့ဖုံးနှစ်ခုကြား ညပ်နေအောင် လုပ်လိုက်သည်။

" ဟေ့ကောင် မင်းခုနပြောတာလေ ငါတို့အင်ဂျင်နီယာတွေဆိုတာ ဘာကောင်တွေမှ မဟုတ်ဘူးဆိုတာ။ အေး ငါ့ညီရေ မင်းကို အခုနေ ငါအရှိန်ဘယ်လောက်နဲ့ ဘယ်လောက်ကြားမှာတိုက်ဖိချလိုက်ရင် မင်းရဲ့ ခြေထောက်နှစ်ချောင်းလုံး အရိုးတွေ တစ်မိနစ်မှာ ဘယ်လောက်နှုန်းနဲ့ ကျိုးသွားမယ်ဆိုတာ သေချာသိတယ်ကွာ နားလည်လား"

ကျွန်တော့်ရင်ထဲမှ အေးခဲဒေါသသည် တမြေ့မြေ့လောင်ပြီး စကားလုံးတွေကိုပါ ခဲသေသွားစေတော့သည်။ အင်မတန်အေးသည်ဟု လူတိုင်းမှတ်ချက်ပေးရသည့် ကျွန်တော်ဟာ တကယ်တမ်း ဒေါသထွက်လာပြီဆိုရင် သွေးအေးသွားပြီး ရက်စက်သွားတတ်သည်။ ဒေါသကြောင့် ဘာမှ မမြင်နိုင်တော့တာမျိုးလည်း ဖြစ်သွားတတ်ပြန်သည်။ တော်တော်လေး ရှားပါးသည့် အခြေအနေမျိုးတွင်မှပါ။ သို့သော် အဲဒီရှားပါးအချိန်က အခုပင် ဖြစ်မည်ထင်။

" ဘာတွေဖြစ်နေကြတာလဲ ကားတိုက်တာလား။ ဟာ သား ... ငါ့သားကို မင်းကားနဲ့တိုက်လိုက်တာလား ဟေ့ကောင် ငါငိုးမသား ထွက်ခဲ့စမ်း"

ကျွန်တော် လီဗာအပေါ် ခြေထောက်ထပ်တင်လိုက်စဉ်မှာပဲ ညီက မှန်နားကပ်လာပြီး ခေါင်းရမ်းပြသည်။ တော်တော့ဆိုသည့်ဟန်။ ညီ့ကိုမြင်တော့မှ ကျွန်တော့်အသိစိတ်က ခေါင်းမှာ ပြန်ကပ်သွားသည်ထင်။ ချက်ချင်း ချွေးတွေပြန်ကာ အန်ချင်လာရသည်။

" ကိုကို အဆင်ပြေလား။ ကိုကို ... ကိုကို တံခါးဖွင့်ဦး တံခါးဖွင့်"

ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း လုံခြုံရေးအစောင့်များပါ ရောက်လာကာ ရုံးခန်းထဲသို့ ဆွဲခေါ်သွားခံရတော့သည်။

" ဒီကောင်တွေ နေ့ခင်းကြောင်တောင် ကားနဲ့တိုက်ဖို့ လုပ်တာ ဒီခွေးမသားကို ဆွဲခေါ်ခဲ့စမ်း"

ကျွန်တော့်ကို တွဲထူထားရင်းက ညီကလှစ်ခနဲ လှည့်ထိုးတော့မယောင် လှည့်လိုက်ချိန်

" နေနေ တော်တော့ အထဲမှာ ရှင်းမယ်"

ကျွန်တော် လှည့်ကြည့်လိုက်တော့ ညီ့ပါပါး

" ပါပါး ဒီကောင်တွေ ... "

" ငါအကုန်မြင်တယ် လာ ကိုဘုန်းကို ခေါ်ခဲ့။ ဒေါသလျှော့ဦးလို့ ပြော"

" ဟေ့ကောင် ခွေးမသားတွေ မင်းတို့အကုန်လုံးကို အချုပ်ထဲထည့်မယ်"

အထိုးခံရသည့်ကောင်လေးမျက်နှာက ဖူးယောင်ကိုင်းကာ ခြေထောက်တွေက တုန်ယင်နေသည်။ အခန့်မသင့်ရင် ဖိကြိတ်ခံလိုက်ရတော့မလို့ကိုး။ ဒီတော့မှ အမူးတွေလည်း ပြေသွားဟန်ပင်။

" ထည့်လိုက်လေ ဘယ်သူက စတာလဲ အရင်ပြောရအောင်"

ညီ့ပါပါးက ရုံးခန်းထဲက ထိုင်ခုံတစ်ခုမှာ အေးအေးသက်သာ ဝင်ထိုင်ရင်း လှမ်းပြောသည်။

" ခင်ဗျားက ဘယ်သူလဲ ဪ ဒီအရိုင်းအစိုင်းကောင်တွေရဲ့ အဖေလား"

" အင်း ဟုတ်တယ်လေ မင်းသားရဲ့ မျက်နှာပေါ်က ယောင်ကိုင်းနေတဲ့ဒဏ်ရာက ကိုယ့်သားလက်ရာပဲ။ နေနေ မင်း ထိုးချက်တွေ တိုးတက်လာတာပဲ"

" ဒါတောင် မထိုးဖြစ်တာ ကြာပြီ"

သူတို့သားအဖနှစ်ယောက်က ဘေးချင်းကပ်ထိုင်လိုက်ပြီး အေးအေးဆေးဆေး စကားပြောနေသည်မှာ ဘေးနားက လူတွေကိုပင် ကြောင်အသွားစေသည်။

" မင်းတို့ ဘာကောင်တွေလဲတော့ မသိပေမယ့် လူမှားထိမိပြီနော်"

ကားပိုင်ရှင်အဖေကလည်း ခေသူတော့ ဟုတ်ဟန်မတူ။ ထိုင်ခုံပေါ် ခြေချိတ်ထိုင်လိုက်ရင်း အေးစက်စွာ ပြောလာသည်။

" ဟုတ်လား ... မင်းက ဘာကောင်လဲပြောစမ်းပါဦး"

ညီ့ပါပါးက သူ့နောက်တွင်ရပ်နေသည့် သူသွားလေရာပါသည့် ဦးလေးတစ်ယောက်ဆီက ဆေးလိပ်လှမ်းတောင်းကာ မီးညှိရင်းမေးသည်။

အန်ကယ်ဦးနေလင်းဟာ ဟိတ်ဟန်ကြီးမားသလို အရှိန်အဝါတစ်ခုလည်း ရှိနေသည်မှာ မငြင်းသာ။ သူ့စကားပြောဟန်၊ ကြည့်ဟန်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိပုံတို့က ညီ့ထံတွင် တစ်ခါတလေမြင်ရလေ့ရှိသည်။

" အေး မင်းမေးလို့ ပြောပြလိုက်ဦးမယ် ငါက ဒီအိမ်ရာဝင်းရဲ့ အိမ်ရာမှုးပဲ"

" ဪ ပိုင်ရှင်များလားလို့ အိမ်ရာမှုးလေးပဲကိုများ"

ညီ့ပါပါးရဲ့ ရိသဲ့သည့်အပြုံးတွင် တစ်ဖက်လူမှာ ခံရခက်စွာ။

" မင်းက အိမ်ရာမှုးဆိုတာကို ဘယ်လိုရလာတယ်ထင်လို့လဲ။ ရချင်တိုင်းရတာမျိုးတော့မဟုတ်ဘူးကွ။ ဒီအိမ်ရာဝင်းထဲက ပတ်ပတ်လည် အခန်း ၂၀ လောက်ကို ကြိုက်တဲ့နေရာ လက်ညိုးထိုးလိုက်။ အဲဒါ ငါပိုင်တာပဲ မင်း နားလည်လား"

နှစ်ဦးနှစ်ဖက်ကြားထဲက လေထုမှာ အေးခဲငြိမ်သက်စွာ။ တစ်ဖက်လူရဲ့ အရှိန်အဝါကလည်း ပြင်းသည်ပင်။

ဦးနေလင်းက ဆေးလိပ်ကို ဖွာထုတ်လိုက်ရင်း မေးသည်။

" အဲဒီတော့ မင်းဘက်က ဘာလုပ်မယ် စိတ်ကူးလဲ"

" မင်းသားရော မင်းသားယော်ကျားရော အဲဒီ ၂ ကောင်လုံးကို တစ်ခုခုဖြစ်အောင် လုပ်မယ်။ မလုပ်စေချင်ရင် ငါ့သားကို သေချာလေး တောင်းပန်ပေါ့ ။ ပြီးရင် မင်းတို့နေနေတဲ့အိမ်ကနေ ဖယ်လိုက်တော့။ ငါပြန်ဝယ်လိုက်ပြီ။ ငါ မထားရင် မင်းတို့နေလို့မရဘူးဆိုတာ နားလည်လား။ ကောင်းတာပေါ့ လူလည်းသန့်သွားတယ် ယောကျာ်းချင်းကြိုက်တဲ့ ကောင်တွေ မရှိတော့ဘူးပေါ့။ မင်းမှတ်ထား ငါ့သားအတွက် ငါပိုက်ဆံဘယ်လောက်သုံးရသုံးရ မင်းတို့ကောင်တွေ တောင်းပန်လာရတဲ့အထိ လုပ်မှာ"

သွားကြားထဲက လေသံဖြင့် ဖျစ်ညှစ်ပြောနေပုံက ညစ်ကျယ်ကျယ်။

ညီ့ပါပါးက တစ်ချက်ရယ်လိုက်ကာ နောက်က ဦးလေးကို ဖုန်းလှမ်းတောင်းနေသည်။ ညီ့ကို ကြည့်တော့ လက်ပိုက်လျက်သား အေးအေးစက်စက် အရှေ့ကို ကြည့်နေလေရဲ့။ ကျွန်တော့်မှာ သာ ဒီအခြေအနေကြားထဲရောက်နေရတာ ရုပ်ရှင်ကြည့်နေရသလို ဘာလိုလို။

" ဟို Security ကောင်လေး မင်းတို့ ဒီအိမ်ရာပိုင်ရှင်က ဦးသာအောင်မဟုတ်လား"

" ဗျာ ... ဟုတ် ဟုတ်ကဲ့"

ဖုန်းနံပါတ်တစ်ခုကို ရှာကာ ဖုန်းခေါ်လိုက်သည်။

" ဟေ့ ကိုသာအောင် အေးဆေးပဲ မဟုတ်ရဲ့"

" ဟာ ကိုနေလင်း ထူးထူးခြားခြားပါလား"

"မဟုတ်ပါဘူး ကိုယ် မင်းကို မေးစရာရှိလို့"

" အဲဒါကြောင့် ထူးဆန်းနေတာလေ။ ကိုနေလင်းကိုယ်တိုင်ဆက်နေလို့"

" အေးကွ ... * * အိမ်ရာဝင်းက မင်းလုပ်တာမလား"

" ဟုတ်တယ်ဗျ ကျွန်တော်တို့ လုပ်ငန်းပါ "

" အခန်းလွတ်တွေ ကျန်နေသေးတယ်လား"

" ကျန်သေးတာပေါ့ ကိုနေလင်းရာ ဟိုဘက်တစ်ခြမ်းဆို လုံးဝအသစ်တွေလေ အထပ်လည်းမြင့်တယ်"

" ကိုယ် အဲဒီဘက်က အခန်းနည်းနည်းလိုချင်လို့ အဆင်ပြေလား"

" ပြောနေရသေးလားဗျာ ကိုနေလင်းလိုချင်တာပဲ ဘယ်နှစ်ခန်းယူမလဲသာပြော"

" ဒီဘက်တိုက်ဟောင်းဘက်က တစ်ခြမ်းလုံး ယူချင်တယ်"

ကျွန်တော့်မှာ ပါးစပ်အဟောင်းသား။ ညီ့ကိုကြည့်တော့ သူ့အဖေလို တစ်ပုံစံတည်း မထီမဲ့မြင့် ပြုံးနေလေရဲ့။

" ဟုတ်ကဲ့ ရတာပေါ့ ရတာပေါ့။ ဒါနဲ့ ဘာလို့ တိုက်အဟောင်းလဲ တိုက်အသစ်တွေယူရောပေါ့ဗျာ"

" အဟောင်းဆို ရပါပြီ။ ဒါနဲ့ ကျန်တဲ့တစ်ခြမ်းလုံးမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ကိုယ်က အိမ်ရာမှုးတွေဘာတွေဖြစ်လောက်လား"

" ဟားဟားဟား ကိုနေလင်းကတော့ စားပြီဗျာ။ ဘာအိမ်ရာမှုးလဲ ရှယ်ယာရှင်လောက်တော့လုပ်ပါဗျာ ဘယ့်နှယ်"

" ဒါဆို ကိုယ့်လူ အခုဒီဘက်လာပြီး စာချုပ်ဘာညာလုပ်လိုက်ပါလား။ ကိုယ့်သားအကြီးကောင်ကွာ မင်းတို့အိမ်ရာထဲမှာ နေနေတာ။ ဒီနေ့ကိုယ့်အမျိုးသမီးနဲ့ လာလည်တော့ ကားရပ်တာ အချိုးမပြေတဲ့ကောင်တွေ ရှိလို့ အဲဒီကားတွေ မမြင်ချင်တော့လို့ကွာ"

ဖုန်းချပြီးနောက် ဦးနေလင်း လှစ်ခနဲပြုံးလိုက်ပုံမှာ တော်ရုံလူမျိုးသာဆို မော်မကြည့်နိုင်လောက်သည့် အရှိန်အဝါမျိုး။ ကြက်သီးထစရာကောင်းလောက်တဲ့ ဩဇာတိက္ကမမျိုး။

" ကြားတဲ့အတိုင်းပဲ ကိုယ်အခု ဒီဘက်တစ်ခြမ်းလုံး ဝယ််လိုက်ပြီ။ ဆိုတော့ ဒီတစ်ခါ ဖယ်ရမှာ မင်းပဲဖြစ်မယ်ထင်တယ်"

စိုက်ကြည့်လိုက်ပုံကိုက အားနဲ့မာန်နဲ့ နာလန်မထူနိုင်အောင်အထိ ထိုးစိုက်ချမည့်အသွင်။

" မင်းကြိုက်တဲ့အခန်းထပ်ယူလိုက်။ အဲဒါ လျော်ကြေးပဲ"

" မင်းတို့ ပိုက်ဆံရှိတိုင်း အဲဒီလို လုပ်လို့ရတယ်ထင်နေလား"

" ပိုက်ဆံအကြောင်းကို မင်းဘက်က အရင်စပြောတာလားလို့လေ"

" ဒီလိုလုပ်လို့လည်း ငါကျေအေးပေးမယ်မထင်နဲ့"

" မကျေအေးနဲ့လေ ရတာပဲ။ မင်းသားတစ်ဖွဲ့လုံး ဆေးသုံးထားတယ်။ ဆေးသုံး၊ မူးယစ်ရမ်းကားပြီး အိမ်ရာဝင်းထဲက အေးအေးဆေးဆေးနေတဲ့သူတွေကို ပြသနာရှာနေတယ်ဆိုတာရယ်၊ ဆေးသုံးထားတာထက်ပိုတယ်ဆိုတာရယ်ကို သေသေချာချာ မြင်နေရမယ့် CCTV တွေ ဘယ်နှလုံးတပ်ထားတာမှန်း အိမ်ရာမှုးကြီးက ပိုသိမှာပေါ့ မဟုတ်ဘူးလား "

ဆေးလိပ်ကို ဖြည်းဖြည်းချင်းဖွာရှိုက်ပြီး ပြောနေပါသော်လည်း အညှိုးတကြီး ချေပနေပုံက သိသာလှသည်။ အတင်စီးမခံနိုင်ပုံ၊ မာနကြီးပုံတို့ကတော့ ဒီအဖေနဲ့ ဒီသားဟု ပြောရမလိုပင်။ သို့သော် ညီကတော့ စိတ်တိုလာရင် လက်ကအရင်ရောက်သွားတတ်တာမျိုးကလွဲလို့ သူ့အဖေလိုတော့ တစ်ဖက်သားကို ပြားပြားဝပ်သွားအောင် ဖိနှိပ်ချေချလိုက်သည့် ပုံစံမျိုး မရှိသေး။

" မင်းသားကို ကိုယ့်သားအကြီးကောင်ထိုးလိုက်တာ ၃ ချက်ထင်တယ်။ နှာခေါင်းရိုးတော့ ကျိုးသွားလောက်တယ်။ ဆေးရုံတက်လိုက်လေ။ ပြည်တွင်းတက်မလား၊ ပြည်ပတက်မလား ကိုထိုက် တစ်ချက်လုပ်ပေးလိုက် သူတို့ကို။ ဆေးရုံတက်အနားမှာ ဟိုတယ်ပါ စီစဉ်ပေးလိုက်ဦး။ တစ်ခါတည်း အနားယူရတာပေါ့။ ကျေနပ်လား မင်းတို့ မကျေနပ်လည်းပြောနော် ခုနပြောတဲ့ အစီအစဉ်အတိုင်း ဆက်သွားကြမယ် ကိုယ်ကတော့ ကိုယ့်သားမှန်နေတာမို့လို့ ဘယ်သွားသွား နောက်က လိုက်ခဲ့ရုံ"

အေးတိအေးစက်လေသံကိုကြားတော့ တစ်ချိန်တစ်ခါတုန်းက ညီ့ကို လက်လွှတ်ခဲ့ရပုံကိုပင် သတိရမိတော့မတတ်။ သို့သော်လည်း အခုချိန်မှာ သူ့သားဘက်က ဒီလိုမျိုး အစွမ်းကုန် ရပ်တည်ပေးနေတာမြင်တော့လည်း ရင်မှာဝမ်းသာဝမ်းနည်း။ ညီလိုချင်ခဲ့သည့် မေတ္တာတရားဟာ အခုလို လုံခြုံမှုမျိုး မဟုတ်ပါလား။

" နောက်တစ်ခုက မင်းကား ချက်ဗလက်နော်။ ချက်ဗလက်ရှိုးရွန်းက မန်နေဂျာက ဘယ်သူ သန့်ထင်လား ဟုတ်လား ကိုထိုက်"

" ဟုတ် ဆရာ ကိုသန့်ထင်ပါ ဆရာ"

" အေး သူ့ကို ဖုန်းခေါ်လိုက် ပြီးရင် ဒီလိပ်စာပေးပြီး ဒီကောင်လေးကားထက်မြင့်တဲ့ မော်ဒယ်တစ်စီးလာပို့ခိုင်းလိုက်။ သူ့ကားအစုတ်ကိုတော့ နေဦး ကိုဘုန်း မင်းထပ်တိုက်ဦးမလား ကျေနပ်ပြီလား။ နေနေ မင်းရော"

" တော်ပြီပါပါး သားကားလေး အားကုန်တယ်"

" အေး အေး ပြီးရော အဲဒါဆို သူတို့ပဲ ယူပါစေတော့ အိမ်ခန်း ၂၀ တောင်ပိုင်တာပဲ ပြန်တော့ပြင်နိုင်မှာပါ"

" ဟိုဘက်က အိမ်ရာမူးဟောင်းက မင်းနာမည်ဘယ်သူ"

" ပြောစရာရှိတာ ပြောပါ"

အားမတန်လို့ မာန်လျှော့ရသည့်တိုင် ခံပြင်းမှုကိုတော့ လေသံမှာ ဖုံးကွယ်လို့မရ။ ခုနမာန်ကြီးခဲ့သူမှာ အခုတော့ အသံထက်မြန်အောင် သက်သေပြလိုက်သူရှေ့တွင် ငြိမ်သက်လျက်။

" သားအတွက် ပိုက်ဆံသုံးတယ်ဆိုတာ ဒါမျိုးကိုပြောတာ သိလား။ မင်းက ပိုက်ဆံအကြောင်းပြောလွန်းလို့သာ ကိုယ်လည်း ထည့်ပြောရတာပါ။ သုံးမယ်ဆိုလည်း ဒီလို သေချာလေးသုံးပေါ့။ သားသမီးအတွက် သုံးဖို့ပဲ ကပ်စေးမနဲပါနဲ့ ဟုတ်ပြီလား"

ရိသဲ့ခနဲ့သံတိုးသဲ့သဲ့ဟာတောင် တစ်ဖက်သားကို ပြန်ချေမပနိုင်အောင်အင်တိုက်အားတိုက်။

" အခု လျော်ကြေးပေးလိုက်ပြီ မင်းမကျေနပ်တာ ရှိသေးလား"

အတော်လေးကြာကာမှ သက်ပြင်းနောက်က ဖွဖွထွက်လာသည့် အသံ။

"မရှိတော့ပါဘူး"

" အေးဟုတ်ပြီ ကိုယ်ကတော့ ရှိသေးတယ် မင်းသားနဲ့အပေါင်းအပါတစ်သိုက် ကိုယ့်သားတွေကို ပါးစပ်သရမ်းထားတာအတွက် အခုတောင်းပန်ပါ"

တစ်ဖက်လူမှာ လက်သီးကိုသာ တင်းတင်းဆုပ်ထားရရှာတော့သည်။ ညီ့ကတော့ ခပ်မတ်မတ်ရပ်နေရင်းက စူးစိုက်ကြည့်နေမြဲ။ ဒီလို အားသုံ့းပုံမျိုးကို မကြိုက်သည့်တိုင်။ ဝင်ပြောလို့လည်းမရ သူ့သားကို အရင်စော်ကားကြတာကိုး။ မြင်လိုက်ရတဲ့အဖေကလည်း ဒီလိုအဖေမျိုးဆိုတော့ ပြီးပါလေရော။

"ကိုယ့်သားတွေဘက်က မင်းတို့က အေးအေးဆေးဆေးနဲ့ ယဉ်ယဉ်ကျေးကျေးတောင်းပန်နေပါရဲ့သားနဲ့ မင်းတို့ကောင်တွေက စပြီး စည်းကျော်တာ။ ကိုယ်တို့ လွန်တာကို ကိုယ်တို့ တောင်းပန်ပြီးပြီ လျော်ကြေးလည်း ပေးပြီးပြီ။ အခု မင်းတို့ ကိုယ့်သားနှစ်ယောက်ကို တောင်းပန်ပါ"

တော်တော်နဲ့ထွက်မလာရာကနေ ကျွန်တော်တို့ဘက်ကို မျက်နှာလှည့်ကာ

" တောင်းပန်ပါတယ် ကျွန်တော်တို့လွန်သွားပါတယ်"

" ဒါနဲ့ မင်း ... ကိုယ်ပြောပြဦးမယ် မင်းအဖေပြောတဲ့ လူမှားထိမိပြီဆိုတာ ကိုယ့်သားကို ပြောတာပဲ။

ကိုယ့်သားက ကားအစုတ်လေး စီးချင်စီးမယ်။ အဲဒါ သူ့လုပ်အားခနဲ့ သူ့ဝယ်စီးတာ။ ငကိုယ့်ကို သူပူဆာရင် မင်းတစ်သက်မှာ တစ်ခါပဲ စီးနိုင်တဲ့ကားမျိုးတင်မဟုတ်ဘူး။ မင်းတစ်သက်လုံးမမြင်နိုင်တဲ့ကားမျိုးအထိ သူစီးလို့ရတယ်။ ဒါပေမဲ့ သူ့လုပ်စာနဲ့သူနိုင်တာကို သူစီးတာ ကိုယ်ကတော့ ဂုဏ်ယူတယ်။ မင်းကတော့ မင်းအဖေဝယ်ပေးတဲ့ကားနဲ့ အလုပ်မရှိအကိုင်မရှိ ဆေးချလိုက်၊ ဆေးရောင်းဝယ်လိုက်၊ အရက်သောက်ရမ်းကားလိုက်ပဲ လုပ်နေပေါ့။ ပုံမှန်ဆို ဒါမျိုးဝင်မပါဘူး မင်းတို့ကောင်တွေက ကိုယ့်သားကို သိပ်စော်ကားနေလွန်းလို့ ပါရတာ။ နောက်တစ်ခါ ကိုယ့်သားကို လာထိဖို့ နည်းနည်းလေးတောင် တွေးမထားနဲ့ သဘောပေါက်လား"

" ဟုတ်ကဲ့"

"ကိုထိုက် သူတို့ကို ဆေးရုံစရိတ် စီစဉ်ပေးတဲ့အခါ သိန်းတစ်ရာလောက်ပိုထည့်ပေးလိုက်။ ပါးစပ်အားနေရင် မုန့်လေးဘာလေးစားပြီးနေ။ ဒီနေ့ဒီအချိန်လိုမျိုး ပါးစပ်သရမ်း အာချောင်တာမျိုး မလုပ်ဖို့ပေါ့"

ရုပ်ရှင်လိုပဲ။ တကယ့်ကို ရုပ်ရှင်ဇာတ်ဝင်ခန်းတွေလိုမျိုး။ ညီတို့က မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝမှုကို မမြင်ဖူးတာမဟုတ်သည့်တိုင် ဒီလိုဖြေရှင်းနိုင်ရလောက်တဲ့ အင်အားမျိုးကိုတော့ ကြက်သေသေရတာ အမှန်ပင်။ ညီ့ပါပါးပြောသလို လက်ညိုးညွှန်ရာ ရွှေဖြစ်နိုင်သည့်အခြေအနေကို ထားရစ်ခဲ့ပြီး ကျွန်တော့်အနားမှာ နေထိုင်ဖို့ ရိုးကုပ်တဲ့ ဘဝကို ရွေးချယ်ခဲ့သူကို ဘာစကားမှ ပြောစရာမရှိတော့ပါ။ အမြဲတမ်းပြောခဲ့ဖူးသလို ညီက ကျွန်တော့်ထက် အစစအရာရာ သာလွန်အောင် ချစ်နိုင်သူပါပင်။

" နေနေ ... ကိုဘုန်း သွားမယ်။ မင်းတို့အမေက အပေါ်မှာ မင်းတို့စားဖို့ ဟင်းချက်နေတာ။ ငါ့မိန်းမ ဟင်းမချက်တာကြာလှပြီ သူ့လက်ရာလွတ်သွားလို့ မဖြစ်ဘူးလာ သွားမယ် လာ"

ရုံးခန်းအပြင်ထွက်လာပြီး ချိုင့်ခွက်နေသည့် ကားနားရောက်တော့

" ကိုဘုန်း"

" ဟုတ်"

" ခုနက မင်း ကားကို ဝိုက်ပြီး တိုက်လိုက်တာလေး မိုက်တယ်"

" ဗျာ"

ပြောပြီးနောက် လက်နှစ်ဖက်ကို ဟန်ပါပါလွှဲရင်း ထွက်သွားသည့် ညီ့အဖေနောက် အသာလေးလိုက်ခဲ့ရတောသည်။ ဘာပြောစရာမှ ခေါင်းထဲမှာ ပေါ်မလာတော့သလို။

" ပါပါး ဒီနားမှာ ဒိန်ခဲကြော် ကောင်းတဲ့ဆိုင် ကျွန်တော်တွေ့ထားတယ်"

" ဟေ ဟုတ်လား ဒါနဲ့ မဆီမဆိုင် ဒိန်ခဲကြော်က ဘာလို့တုန်း မင့်"

" ပါပါးကို သားခဏနေ ကန်တော့မယ့် ဘလူးလေဘယ်နဲ့ဆို တအားလိုက်တာလို့"

" ဒီမိချောင်းသားကတော့ကွာ"

ရယ်မောပြီးထွက်ခွာသွားသည့် သားအဖနှစ်ယောက်ကတော့ သားအဖနှစ်ယောက်ပါပဲ။ ညီက အသာလေး နောက်ပြန်လက်ဆန့်ထုတ်ကာ လှမ်းခေါ်သည်။ ဘယ်အချိန်မဆို မေ့မထားခဲ့သည့်အတွက်လည်း အမြဲကျေးဇူးတင်မိရသည်ပင်။

ညီ့လက်ကို အသာအယာ ပြန်ပုတ်လိုက်ပြီးနောက် ကျွန်တော့်မှာ ချမ်းသာသည့် ယောက္ခမကိုရထားတဲ့ ခံစားချက်က ဘယ်လိုမျိုးကြီးလဲကွာဟု တစ်ကိုယ်တည်း တွေးနေမိပါတော့သည်။

-----------

ရွေးချယ်စရာတွေကတော့ များပါတယ်

ဒီဘဝမှာတော့
အချစ်ရယ်
မင်းကိုပဲ ထပ်ခါထပ်ခါရွေးချင်တယ်

- နေအလင်းစက်

အားလုံးပဲ နေကောင်းကျန်းမာကြဖို့ပဲ မျှော်လင့်ပါတယ်။ နှစ်တွေအကြာကြီးမှာ တစ်နှစ်တစ်ခါလောက်ပြန်တွေ့ရတိုင်း ပျော်မိပါရဲ့။ အခုထိ ချစ်ခင်ပေးကြလို့လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။

သိတဲ့သူလည်းသိမှာပါ။ ဧရိပ်စာအုပ်တိုက်ကနေပြီးတော့ မပြိုသောလေး ပြန်ထွက်မှာမို့ ထုံးစံအတိုင်း ဟိုဟိုဒီဒီလာပြောရတာပေါ့လေ။

ထုတ်ရတဲ့ကိစ္စကလည်း အရင်တစ်ခါကပြောခဲ့သလို အရင်တိုက်ကိုနောက်ဆုံးအနေနဲ့ပေးခဲ့တဲ့ အရေအတွက်က အပြီးထိ မထုတ်လိုက်ရတာမို့ မရလိုက်တဲ့သူတွေအတွက် ပြန်ထုတ်လိုက်တာပါ။

ဈေးကိုလည်း ကျနော် တိုက်နဲ့အတတ်နိုင်ဆုံး ညှိထားပါတယ်။ အများကြီး ထွေထွေထူးထူးလည်း ပြောင်းလဲသွားတာမျိုးမရှိတာမို့ ရှိပြီးသားလူတွေ မဝယ်လည်းရပါတယ်။ မရှိသေးလည်း မဝယ်လို့ရတယ်။ တအားကြီး မကြိုးစားပါနဲ့။ဒီမှာ ဖတ်လို့ရနေတာပဲကို။ ဒီစကားက ပထမဆုံးအကြိမ် ထုတ်ကတည်းက ပြောခဲ့တာပါ။ အခုမှ ထပြောတာတော့ မဟုတ်ဘူးနော်။

အသေးစိတ်ကိုတော့ တိုက်ဖက်ကပဲ တင်ပေးပါလိမ့်မယ်။ စောင့်ကြည့်ကြပါဦးလို့။

ဒါကတော့ မသိသေးတဲ့သူတွေအတွက် လင့်ခ်လေးပါ။

https://fb.watch/om45NvGx0Q/?mibextid=Nif5oz

အခု ဒီနှစ်ပိုင်းကိုလည်း စာအုပ်ထဲမှာထည့်ထားပေးမှာပါ။ ဘယ်လိုထည့်ထားပေးတယ်ဆိုတာတော့ စောင့်ပါဦးလို့။

အားလုံး ကျန်းမာရေးဂရုစိုက်ပါ။ အသည်းမကွဲကြပါနဲ့လို့

ချစ်ခင်စွာနဲ့

အိအိ 

 

Czytaj Dalej

To Też Polubisz

17.4K 1.4K 20
ကိုယ့္ဆံုး႐ႈံးမႈက မင္းဆိုတဲ့ျဖစ္တည္မႈေၾကာင့္ထိုင္တန္ခဲ့တယ္..... ကိုယ့်ဆုံးရှုံးမှုက မင်းဆိုတဲ့ဖြစ်တည်မှုကြောင့်ထိုင်တန်ခဲ့တယ်..... BL #KAISOO
135K 7.5K 45
" ငယ္ရယ္ ကုိကုိေလ...ငယ့္ကုိသာ ဆုံး႐ႈံးရမွန္းသိရင္ ကုိကုိေ႐ွ႕ဆက္မတုိးခဲ့ပါဘူး " # ၾကယ္လင္းထက္ " ကုိကုိ ကုိယ့္ကုိကုိယ္ အျပစ္မတင္ပါနဲ႔ ဒီလုိ မျဖစ္ႏုိင...
240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
40K 1.1K 40
အချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလ...