ကျောင်းပိတ်ရက်မို့ ကိုရိန်းဆီ အစောကြီး ထွက်လာခဲ့လိုက်သည်။ အမေကတော့ ပိတ်ရက်တောင် သူ့ စွပ်ပြုတ်ဆိုင်ကို မကူညီပေးလို့ ပူညံလျက် ကျန်နေခဲ့၏။
"ကိုရိန်းရာ သွားရအောင်နော်"
ကိုရိန်း လက်ကို အတင်းဆွဲကာ နားပူနားဆာ လုပ်တော့ နှာခေါင်းရှုံ့ပြီး မျက်နှာမဲ့ပြသည်။ ထို့နောက် လက်ကို အတင်းခါချပြီး သူ မလိုက်ချင်ပါကြောင်း ဆန္ဒပြ၏။
"မင်း ကြိုက်တဲ့ Twice အဖွဲ့ရဲ့ concert ကျရင်လည်း အဖော်လိုက်ပေးမယ်လေ"
ဒီလိုပြောမှ မျက်လုံးတွေ ဝင့်ကာ ကြည့်သည်။ ကိုရိန်းက Twice အဖွဲ့ဝင် Nayeon ကိုဆို အရူးအမူးမို့ ဒီလိုပြောမှ အဆင်ပြေလိမ့်မည်။
"ဆရာ ဟာရူရဲ့ ပြခန်းက ဒီနေ့ တစ်ရက် နောက်ဆုံးပါဆို... အရင်ရက်ကကျ ကျောင်းဖွင့်လို့ဆိုပြီး မလိုက်ပေးဘူး။ အခုကျတော့လည်း ပိတ်ရက်မို့ နားဦးမယ်တဲ့ မင်းပဲ နားနေလိုက်"
အင်တင်တင် လုပ်နေသည့် ကိုရိန်းကို တစ်ခါပြန်ပြီး စိတ်ကောက်မည် ကြံတော့ ဆံပင်တွေ ထိုးဖွလျက် အနားကို ရောက်လာသည်။
"မင်း ကတိနဲ့ မင်းနော်... Concert လိုက်ခဲ့ပေးရမှာ"
"အင်း အင်း"
ခေါင်း တဆတ်ဆတ် ညိတ်ကာ ပြောတော့မှ အင်္ကျီသွားလဲသည်။ ပန်းချီပြခန်းလေး တစ်ခါ လိုက်ဖို့ကို နှစ်ပေါက်အောင် ပြောရတာမျိုး...
.
.
ဆရာ ဟာရူရဲ့ ပြပွဲက ဆိုးလ်ရဲ့ အဆင်မြင့် ကွန်ဒိုမှာ ဖြစ်သည်။ သုံးရက်တိုင်တိုင် ကျင်းပသည်မို့ ဒီနေ့ဟာ နောက်ဆုံးရက် ဖြစ်သည်။
နံရံမှာ လွတ်နေသည့် နေရာတချို့ကြောင့် စိတ်မကောင်းတောင် ဖြစ်မိသေးသည်။ နောက်ဆုံးရက်မို့ ပန်းချီကားတွေက သိပ်မစုံတော့ပါ။
တချို့ကို ဝယ်ယူပြီးသွားပြီမို့ အခုက အနည်းငယ်သာ ကျန်တော့သည်။ ဆရာ ဟာရူက ကိုရီးယားမှာ သာမက အနောက်နိုင်ငံတွေအထိပါ အောင်မြင်သည့် ပန်းချီဆရာ တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် သူ့ ပြပွဲတွေဆို လူတွေက တအုန်းအုန်းနဲ့ သိပ်များပါသည်။
ပန်းချီကားပေါင်း ရာကျော်ပါဝင်ပြီး အကုန်လုံးကလည်း ဂန္ဓဝင် လက်ရာတွေ ဖြစ်၏။
"ကိုရိန်း ဒီပန်းချီက မလှဘူးလား"
"အော လှပါတယ်"
ကိုရိန်းကို ကြည့်ကာ နှာခေါင်းရှုံ့မိလိုက်သေးသည်။ ကိုရိန်းက ဒီလိုပဲ ပန်းချီအမြင်၊ ခံစားမှု မရှိသည်မို့ အထူးအဆန်းတော့ မဖြစ်မိပါ။
ဒီလိုနေရာတွေ ခေါ်လာတိုင်း ကိုရိန်းက အပေါ်ယံမျှသာ ကြည့်ပြီး ပျင်းလာလျှင် တစ်နေရာမှာ သွားထိုင်နေတတ်၏။
ကိုရိန်းကို ပြသည့် ပန်းချီကားက ရေနတ်သမီးပန်းခင်းကြီး ဖြစ်သည်။ ရွှေဝါရောင် ပန်းခင်းကြီးရယ်၊ ကောင်းကင်ပြာကြီးရယ် ပြီးတော့ လူတစ်ယောက်ရယ်...
ဆရာ ဟာရူက ရေဆေး ပန်းချီတွေသာ ဆွဲလေ့ရှိပေမယ့် ဒီပန်းချီကတော့ ဆီဆေးပန်းချီ (oil painting) ဖြစ်သည်။
ထို့ကြောင့် canvas ပေါ်မှာ ဆေးသားတွေက ထူထပ်နေကာ အရောင်တွေလည်း လွင့်နေ၏။ ဆေးသားအထူကြီးနဲ့ ဆရာရဲ့ ဂန္ဓဝင် လက်ရာတွေထဲက တစ်ခုဖြစ်သည်။ ပြီးတော့ ကျွန်တော် သဘောကျပါသည့် ရေနတ်သမီးပန်းရဲ့ ပန်းချီကားပေါ့...
"ဒီနေ့ စာမလုပ်ရဘူးလား"
အနောက်ဘက်မှ ထွက်လာသည့် ရင်းနှီးနေသည့် ဒီအသံကြောင့် ပုခုံးတွေ တုန်တက်သွားကာ လှည့်ကြည့်လိုက်မိသည်။
ထင်ထားသည့်အတိုင်း ဆရာ ဖြစ်နေသည်မို့ အံ့အားသင့်မိရင်း အနောက်ကို ဆုတ်မိတော့ ခြေလှမ်းတွေက ယိုင်ကျ၏။
ပန်းချီကားတွေအနား ကပ်မရအောင် အနီရောင် ဖဲကြိုးတွေ တားထားသည်မို့ ဝင်တိုက်မိကာ အနောက်ကို ယိုင်ကျသွားတော့သည်။
ထိုအချိန် ပုခုံးပေါ် ရောက်လာသည့် လက်တစ်ဖက်ရယ်၊ လက်ချောင်းတွေပေါ် ထိတွေ့လာသည့် အထိအတွေ့တွေရယ်...
ထို့နောက် အနည်းငယ် ဝိုင်းစက်သွားသည့် မျက်ဝန်းအိမ်ကလေး တစ်စုံကလည်း ကျွန်တော့်ထံ စိုးရိမ်တကြီး ကြည့်လို့နေပါသည်။
"ရရဲ့လား... ဆရာက လန့်အောင် လုပ်မိပြန်ပြီ"
ပုခုံးပေါ်က လက်ကို ဖယ်ပေးလာပြီး လက်ချောင်းတွေ ဆုပ်ကိုင်ထားသည်ကိုလည်း ဖြည်းဖြည်းချင်း လွှတ်ပေးသည်။ ထို့နောက် အနောက်ကို နည်းနည်းလေး ဆုတ်ကာ ရပ်ကြည့်လို့နေပါသည်။
"မင်းရဲ့ ဆံပင်တွေ ပွကုန်ပြီလေ"
"ဟုတ်... ဟုတ်ကဲ့ပါ"
ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်တွေကို သပ်တင်ကာ အဲဒီလူဘက် ပြန်ကြည့်လိုက်မိသည်။ သူကတော့ ပန်းချီကားကို လှမ်းကြည့်နေပါသည်။
ထိုအခါမှ လူမိတော့မလို ကျယ်ကျယ်လောင်လောင် ခုန်သွားခဲ့သည့် နှလုံးသားအပေါ် ညာဘက်လက်နဲ့ အုပ်ကိုင်ပြီး နှစ်သိမ့်ပေးရသည်။
အကျယ်ကြီး ခုန်နေလို့ မဖြစ်ပါ... ဒီလိုနဲ့ လူတွေ သတိထားမိသွားလျှင်၊ ဆရာသာ သိသွားလျှင် ဆက်ဖြစ်လာမည့် အကြောင်းအရာတွေကို မတွေးဝံ့သေးပါဘူး။
"ရွှေဝါရောင် နှင်းပန်းလေး ပဲလား"
"ဗျာ..."
"ရေနတ်သမီးပန်းကို ဒီလိုလည်း ခေါ်တယ်လေ ကလေးလေးရဲ့... "
"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားလိုက်ပါ့မယ်"
ဆရာက ကျွန်တော့်ဘက် လှည့်ကြည့်ကာ ကလေးလေး လို့ ခေါ်ပြီး ပြုံးရယ်ပြသည်မို့ ဘယ်ဘက် ရင်အုံလေးပေါ်က လက်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားပြီး ရင်ဘတ်ပေါ်မှာ ပိုပြီး ဖိထားလိုက်မိသည်။
နှလုံးသားလေးတော့ ခုန်ရလွန်းလို့ မောကုန်လျှင် သိပ်ဒုက္ခများရဦးမည်။
"မင်းက ဒီပန်းကို သိပ် သဘောကျသလား"
ပန်းကို တစ်လှည့်၊ ကျွန်တော့်ကို တစ်လှည့် ကြည့်ကာ မေးလာပါသည်။
"လူငယ်တစ်ယောက် အထူးသဖြင့် ယောက်ျားလေး တစ်ယောက်က အခုလို ပန်းကို စွဲစွဲလမ်းလမ်း သဘောကျနေတာ မြင်ရတော့ ထူးဆန်းတယ်လို့ ထင်မိတယ်"
ကျွန်တော့် လည်ဂုတ်ကို ပွတ်ကာ ရယ်လိုက်မိသည်။ ဆရာကတော့ ကျွန်တော် ဘာလုပ်လုပ် လိုက်ကြည့်နေသည်မို့ အနေရတော့ သိပ်ခက်ပါ၏။
"ဟုတ်ကဲ့ ဒီပန်းက လှလို့ပါ။ ပြီးတော့ တခြားအကြောင်းလည်း ရှိလို့ပါ။ လျှို့ဝှက်ချက်မို့ ပြောပြလို့တော့ မရပါဘူး ဆရာ"
"ဟုတ်ပါပြီ ကလေးရဲ့... ဆရာက ဒီလောက်တော့ သိတတ်ပေးရမှာပေါ့"
ဆရာက ပုခုံးနှစ်ဖက် လှုပ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ရယ်လာပါသည်။ ကလေးတစ်ယောက်က လျှို့ဝှက်ချက် ထားသည်ဆိုပြီး သဘောကျလို့ ရယ်နေခြင်း ဖြစ်၏။
"မင်း တစ်ယောက်တည်းလား ဘယ်လိုပြန်မလဲ"
"ကိုရိန်းလည်း ပါလာပါတယ်။ ကို... ကိုရိန်း ဟေ့ကောင် လာဦး"
ကိုရိန်းကို အနီးအနားမှာ တစ်ချက်ရှာကြည့်တော့ မလှမ်းမကမ်းက ထိုင်ခုံမှာ ထိုင်ကာ ဂိမ်းဆော့နေ၏။ ကျွန်တော့်ကိုတော့ အခက်တွေ့အောင် တစ်ယောက်တည်း ထားရစ်ခဲ့ပြီး သူကတော့ ဂိမ်းဆော့ကာ သာယာနေသည်။
မျက်လုံးပြူး မျက်ဆံပြူးဖြင့် လှမ်းခေါ်တော့ ဖုန်းပိတ်ကာ ချက်ချင်း ရောက်လာသည်။
"ဆရာက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ"
"ပန်းချီ ပြခန်း နောက်ဆုံးရက်ဆိုလို့လေကွာ"
ပန်းချီပြခန်းကို လာမှတော့ ပန်းချီကားတွေ လာကြည့်တာပေါ့ဟု ကိုရိန်းကို စိတ်ထဲကနေ အပြစ်တောင် ပြောမိသေးသည်။
"ဆရာတို့ ပြန်ကြတော့မလား"
ကိုရိန်းရော ကျွန်တော်ရောက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရပ်လို့ နေသည်မို့ ဆရာက ဆက်ပြီး ပြော၏။
"ဆရာ လိုက်ပို့်မယ်လေ... ဒီလိုမှ အလေလိုက်ပြီး ဂိမ်းဆိုင် ဝင်လို့ မရမှာပေါ့ မဟုတ်ဘူးလား"
ကိုရိန်းကတော့ ခေါင်းကုပ်လျက် ဆရာ့အနောက် ပါသွားရှာသည်။ ပြခန်းက အပြန် ဂိမ်းဆိုင် လိုက်ပို့မည်ဟု ကတိပေးထားခဲ့သည်မို့ ကျွန်တော်ကတော့ ရယ်ချင် ချင် ဖြစ်နေရသည်။
ကိုရိန်းကလည်း မျက်နှာ မသာမယာနဲ့ ဆရာ့ကားပေါ် တက်လာသည်။ ဆရာက ကားမောင်းပြီး ကျွန်တော်တို့က အနောက်မှာ ထိုင်ရပါသည်။
ဒါဟာ ပထမဆုံး အကြိမ် ဆရာ့ Porsche ကားအဖြူလေး အပေါ်မှာ လိုက်စီးဖူးခြင်း ဖြစ်၏။
ဆရာက ကားမောင်လျှင်လည်း တည်ငြိမ်နေ၏။ ဆရာ မောင်းသည့် ကားလေးကလည်း အရှိန်နှုန်း မှန်မှန်နဲ့ ကတ္တရာလမ်းေပါ်မှာ ငြိမ့်ငြိမ့်ကလေး သွားသည်။
ကားရဲ့ မှန်ဘောင်တွေကို တို့ထိမိပြီး သဘောတကျ ပြုံးလိုက်မိသည်။ ပြီးနောက် နောက်ကြည့်မှန်မှ တစ်ဆင့် မြင်နေရသည့် ဆရာ့ မျက်ဝန်းတွေကိုလည်း ခိုးကြည့်ရင်းပေါ့...
"ဆရာ ဘယ်ကို မောင်းရမလဲ"
လိပ်စာကို မပြောပြရသေးသည်မို့ ခပ်မြန်မြန်သာ ပြန်ဖြေလိုက်ရသည်။ တစ်အောင့်ကြာတော့ ကျွန်တော့် အိမ်ရှေ့ကို ရောက်သည်။
အမေက စွပ်ပြုတ်ဆိုင်ကနေ ပြန်မလာသေးသည်မို့ အိမ်မှာက တံခါးပိတ်ထားဆဲ... အဖေကလည်း သူ့မိတ်ဆွေတွေနဲ့ တွေ့စရာ ရှိသည်။
ကိုရိန်းနဲ့ အတူတူ ဆင်းလာလိုက်ပြီး ကျွန်တော့်အိမ်နဲ့ ကိုရိန်းအိမ်ကို ပြောပြလိုက်မိသည်။ ဆရာက စာကို သေချာလုပ်ဖို့ ပြောပြီး ထွက်သွားတော့သည်။
"ဂိမ်းဆိုင် သွားမယ်"
"ဟမ်... မရပါဘူး ဆရာက စာကျက်ဖို့ ပြောသွားတာ မကြားဘူးလား"
ခြံတံခါးကို ဖွင့်မည်ပြင်တော့ ကိုရိန်းက အတင်းဆွဲထားသည်။
"မင်းနဲ့ ပြောထားတဲ့ အထဲ ဂိမ်းဆိုင် သွားမှာလည်း ပါတယ်နော်"
"မသိတော့ဘူးလို့ ဆရာက စာကျက်ရမယ်လို့ ပြောထားတယ်"
"အခု တစ်မျိုး တော်ကြာ တစ်မျိုးနဲ့"
"ဆရာ့စကား နားထောင်မလို့ပါ"
"အော အော မသိရင် ငါကပဲ လူဆိုးကြီးကျလို့"
ကိုရိန်းကတော့ စိတ်ကောက်ကာ ဟိုဘက်ခြံထဲ ဝင်သွားတော့သည်။
.
.
"Taehyung ရယ် ဆရာ ကိုယ်တိုင် လာပို့တာကို အိမ်ထဲ ခေါ်တာ မဟုတ်ဘူး။ အခုတော့ အားနာဖို့ ကောင်းလိုက်တာ... ဒီအရွယ်ပဲ ရောက်နေပြီ ဒီလောက်လေးတော့ သိတတ်မှပေါ့"
အမေက ညစာအတွက် ပြင်ဆင်နေရင်း မီးဖိုခန်းကနေ တတွတ်တွတ်နဲ့ ပြောနေသည်မို့ အဖေကလည်း သတင်းစာကြီး ကိုင်ကာ နားပူနေကြောင်း မျက်နှာအရိပ်အကဲ ပြသည်။
"ကျွန်တော် ရောပဲ"
အဖေ့ကို တိုးတိုးလေး ပြန်ပြောလိုက်ပေမယ့် အမေကတော့ ထုံးစံအတိုင်း နှုတ်က တတွတ်တွတ်ပြောနေဆဲ...
"အစ်ကို မင်ဆူကတော့ သူတို့ သားကို အင်္ဂလိပ်စာ သင်တန်း ပို့နေတယ်လို့ ပြောတယ်။ Taehyung အတွက်ရော ဘယ်လိုလုပ်ချင်လဲ... အဖော်လည်း ရှိတုန်း အစ်ကို မင်ဆူ့သားနဲ့ အတူတူ ထားမလား"
ဦးလေး မင်ဆူက အဖေ့ရုံးက လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။ ဦးလေး မင်ဆူ့ သားက ကျွန်တော်နဲ့ ရွယ်တူပေမယ့် ကြီးကြီးကျယ်ကျယ်မို့ အမြဲတမ်း သတ်ဖြတ်နေရသည်။
အဲလိုလူနဲ့ အတူ မတက်ချင်သည်မို့ အဖေ့ဘက်လှည့်ကာ ခေါင်းခါပြရသည်။
"ဒီလိုတော့ ရမလားကွ... အခုခေတ်မှာ ပညာက တစ်မျိုးတည်း တတ်နေလို့ မရဘူး။ အဖေတို့ ရုံးမှာဆို အဘက်ဘက်က ပြည့်စုံတာကိုမှ ရွေးကြတာ။ မင်းလည်း အခု ကတည်းက ကြိုလုပ်ထားသင့်တယ်"
အဖေ့စကားကိုတော့ မငြင်းဆန်ချင်ပါ။ မှန်နေသည်မို့ ခေါင်းသာ ညိတ်လိုက်မိသည်။
"မင်းတို့ ဆရာက အသင်အပြ ကောင်းတယ်ဆို... ဆရာဂျွန့်ကို အကူအညီတောင်းကြည့်ပါ့လား"
အမေက ဝင်ထောက်သည်မို့ မျက်လုံးလေး ဝင့်ကြည့်လိုက်မိသည်။ ဆရာ... ဆရာ့ကို ကျွန်တော့်ရဲ့ သီးသန့် အင်္ဂလိပ်ဆရာအဖြစ် ပြောနေခြင်း..
"ကိုရိန်းကိုလည်း အတူတူ တက်ခိုင်းမှာ သေချာတယ်။ ကိုရိန်းတို့ အမေကလည်း ဆရာတစ်ယောက် ရှာနေတာလေ"
"ဟုတ်ကဲ့"
ပဲခေါက်ဆွဲကို တစ်ဇွန်းစာ ခပ်ပြီး ပြုံးပြုံးကြီးနဲ့ ပါးစပ်ထဲ ထိုးသိပ်ထည့်လိုက်မိသည်။ ဆရာနဲ့ အတူတူ စာသင်ရမည် မဟုတ်ပါလား...
ကျောင်းမှာလည်း တွေ့ရမည်၊ ကျူရှင်မှာရော... အခု အိမ်မှာပါ တွေ့ရဦးမည်မို့ ရင်ဘတ်ထဲမှာ ပန်းကလေးတွေ ပွင့်နေလေပြီ။
ညစာ စားပြီးတော့ ကိုရိန်းဆီ ဖုန်းခေါ်လိုက်မိသည်။
"ကိုရိန်းရေ... ဆရာ့ကို ငါတို့ အင်္ဂလိပ်ဆရာအဖြစ် ငှားမလို့တဲ့လေ။ မင်း အမေဆီကို မနက်ဖြန် ဖုန်းဆက်ပြီး ငါ့အမေက ပြောမှာတဲ့"
"ဟမ် အခုလည်း ငါတို့ အင်္ဂလိပ်ဆရာပဲကိုး"
"မင်းကလည်း သိပ်ပြောရခက်တာပဲ။ ငါပြောတာက အင်္ဂလိပ်ဘာသာစကား သင်တန်းအတွက် ပြောနေတာ... ဆရာ့ကို အကူအညီတောင်းတော့မှာတဲ့လေ။ ပျော်စရာ မကောင်းဘူးလား"
ကျွန်တော့် အသံက တက်တက်ကြွကြွမို့ ကိုရိန်းက လှောင်ရယ်ပါသည်။
"မင်းပဲ ပျော်နေပြီ မဟုတ်လား"
"ဟုတ်တယ် အရမ်းပျော်နေတယ်။ ဆရာ့ကိုလည်း လွမ်းနေတယ်"
"ဘာမှလည်း မဆိုင်ဘဲ"
ကိုရိန်းက သိပ်အပြစ်ပြောချင်ရှာသေးသည်။ သူ မချစ်သေးလို့သာ အခုလို ပြောနေတာ ဖြစ်၏။
ချစ်လာတဲ့ တစ်နေ့တော့ ကျွန်တော့်လို အရူးအမူး ဖြစ်နေလျှင် အပြစ်ကို ပြောပစ်ရဦးမည်။
အခုတော့ နောက်လာမည့် နေ့ရက်တွေအတွက် ရင်ခုန်ရင်း ဒီတစ်ညတော့ အိပ်ပျော်နိုင်ဖို့ အတော်လေး ကြိုးစားရပါဦးမည်။
.
.
ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်။
အဆင်ရော ပြေကြပါရဲ့လားနော်... Comments တွေလည်း ဖတ်ချင်သေးလို့ပါလေ။
VictoryKimTae
November 10, 2023
Zawgyi
ေက်ာင္းပိတ္ရက္မို႔ ကိုရိန္းဆီ အေစာႀကီး ထြက္လာခဲ့လိုက္သည္။ အေမကေတာ့ ပိတ္ရက္ေတာင္ သူ့ စြပ္ျပဳတ္ဆိုင္ကို မကူညီေပးလို႔ ပူညံလ်က္ က်န္ေနခဲ့၏။
"ကိုရိန္းရာ သြားရေအာင္ေနာ္"
ကိုရိန္း လက္ကို အတင္းဆြဲကာ နားပူနားဆာ လုပ္ေတာ့ ႏွာေခါင္းရႈံ႕ၿပီး မ်က္ႏွာမဲ့ျပသည္။ ထို႔ေနာက္ လက္ကို အတင္းခါခ်ၿပီး သူ မလိုက္ခ်င္ပါေၾကာင္း ဆႏၵျပ၏။
"မင္း ႀကိဳက္တဲ့ Twice အဖြဲ႕ရဲ႕ concert က်ရင္လည္း အေဖာ္လိုက္ေပးမယ္ေလ"
ဒီလိုေျပာမွ မ်က္လုံးေတြ ဝင့္ကာ ၾကည့္သည္။ ကိုရိန္းက Twice အဖြဲ႕ဝင္ Nayeon ကိုဆို အ႐ူးအမူးမို႔ ဒီလိုေျပာမွ အဆင္ေျပလိမ့္မည္။
"ဆရာ ဟာ႐ူရဲ႕ ျပခန္းက ဒီေန႔ တစ္ရက္ ေနာက္ဆုံးပါဆို... အရင္ရက္ကက် ေက်ာင္းဖြင့္လို႔ဆိုၿပီး မလိုက္ေပးဘူး။ အခုက်ေတာ့လည္း ပိတ္ရက္မို႔ နားဦးမယ္တဲ့ မင္းပဲ နားေနလိုက္"
အင္တင္တင္ လုပ္ေနသည့္ ကိုရိန္းကို တစ္ခါျပန္ၿပီး စိတ္ေကာက္မည္ ႀကံေတာ့ ဆံပင္ေတြ ထိုးဖြလ်က္ အနားကို ေရာက္လာသည္။
"မင္း ကတိနဲ႔ မင္းေနာ္... Concert လိုက္ခဲ့ေပးရမွာ"
"အင္း အင္း"
ေခါင္း တဆတ္ဆတ္ ညိတ္ကာ ေျပာေတာ့မွ အကႌ်သြားလဲသည္။ ပန္းခ်ီျပခန္းေလး တစ္ခါ လိုက္ဖို႔ကို ႏွစ္ေပါက္ေအာင္ ေျပာရတာမ်ိဳး...
.
.
ဆရာ ဟာ႐ူရဲ႕ ျပပြဲက ဆိုးလ္ရဲ႕ အဆင္ျမင့္ ကြန္ဒိုမွာ ျဖစ္သည္။ သုံးရက္တိုင္တိုင္ က်င္းပသည္မို႔ ဒီေန႔ဟာ ေနာက္ဆုံးရက္ ျဖစ္သည္။
နံရံမွာ လြတ္ေနသည့္ ေနရာတခ်ိဳ႕ေၾကာင့္ စိတ္မေကာင္းေတာင္ ျဖစ္မိေသးသည္။ ေနာက္ဆုံးရက္မို႔ ပန္းခ်ီကားေတြက သိပ္မစုံေတာ့ပါ။
တခ်ိဳ႕ကို ဝယ္ယူၿပီးသြားၿပီမို႔ အခုက အနည္းငယ္သာ က်န္ေတာ့သည္။ ဆရာ ဟာ႐ူက ကိုရီးယားမွာ သာမက အေနာက္ႏိုင္ငံေတြအထိပါ ေအာင္ျမင္သည့္ ပန္းခ်ီဆရာ တစ္ေယာက္ ျဖစ္သည္။
ထို႔ေၾကာင့္ သူ့ ျပပြဲေတြဆို လူေတြက တအုန္းအုန္းနဲ႔ သိပ္မ်ားပါသည္။
ပန္းခ်ီကားေပါင္း ရာေက်ာ္ပါဝင္ၿပီး အကုန္လုံးကလည္း ဂႏၶဝင္ လက္ရာေတြ ျဖစ္၏။
"ကိုရိန္း ဒီပန္းခ်ီက မလွဘူးလား"
"ေအာ လွပါတယ္"
ကိုရိန္းကို ၾကည့္ကာ ႏွာေခါင္းရႈံ႕မိလိုက္ေသးသည္။ ကိုရိန္းက ဒီလိုပဲ ပန္းခ်ီအျမင္၊ ခံစားမႈ မရွိသည္မို႔ အထူးအဆန္းေတာ့ မျဖစ္မိပါ။
ဒီလိုေနရာေတြ ေခၚလာတိုင္း ကိုရိန္းက အေပၚယံမွ်သာ ၾကည့္ၿပီး ပ်င္းလာလွ်င္ တစ္ေနရာမွာ သြားထိုင္ေနတတ္၏။
ကိုရိန္းကို ျပသည့္ ပန္းခ်ီကားက ေရနတ္သမီးပန္းခင္းႀကီး ျဖစ္သည္။ ေရႊဝါေရာင္ ပန္းခင္းႀကီးရယ္၊ ေကာင္းကင္ျပာႀကီးရယ္ ၿပီးေတာ့ လူတစ္ေယာက္ရယ္...
ဆရာ ဟာ႐ူက ေရေဆး ပန္းခ်ီေတြသာ ဆြဲေလ့ရွိေပမယ့္ ဒီပန္းခ်ီကေတာ့ ဆီေဆးပန္းခ်ီ (oil painting) ျဖစ္သည္။
ထို႔ေၾကာင့္ canvas ေပၚမွာ ေဆးသားေတြက ထူထပ္ေနကာ အေရာင္ေတြလည္း လြင့္ေန၏။ ေဆးသားအထူႀကီးနဲ႔ ဆရာရဲ႕ ဂႏၶဝင္ လက္ရာေတြထဲက တစ္ခုျဖစ္သည္။ ၿပီးေတာ့ ကြၽန္ေတာ္ သေဘာက်ပါသည့္ ေရနတ္သမီးပန္းရဲ႕ ပန္းခ်ီကားေပါ႔...
"ဒီေန႔ စာမလုပ္ရဘူးလား"
အေနာက္ဘက္မွ ထြက္လာသည့္ ရင္းႏွီးေနသည့္ ဒီအသံေၾကာင့္ ပုခုံးေတြ တုန္တက္သြားကာ လွည့္ၾကည့္လိုက္မိသည္။
ထင္ထားသည့္အတိုင္း ဆရာ ျဖစ္ေနသည္မို႔ အံ့အားသင့္မိရင္း အေနာက္ကို ဆုတ္မိေတာ့ ေျခလွမ္းေတြက ယိုင္က်၏။
ပန္းခ်ီကားေတြအနား ကပ္မရေအာင္ အနီေရာင္ ဖဲႀကိဳးေတြ တားထားသည္မို႔ ဝင္တိုက္မိကာ အေနာက္ကို ယိုင္က်သြားေတာ့သည္။
ထိုအခ်ိန္ ပုခုံးေပၚ ေရာက္လာသည့္ လက္တစ္ဖက္ရယ္၊ လက္ေခ်ာင္းေတြေပၚ ထိေတြ႕လာသည့္ အထိအေတြ႕ေတြရယ္...
ထို႔ေနာက္ အနည္းငယ္ ဝိုင္းစက္သြားသည့္ မ်က္ဝန္းအိမ္ကေလး တစ္စုံကလည္း ကြၽန္ေတာ့္ထံ စိုးရိမ္တႀကီး ၾကည့္လို႔ေနပါသည္။
"ရရဲ႕လား... ဆရာက လန္႔ေအာင္ လုပ္မိျပန္ၿပီ"
ပုခုံးေပၚက လက္ကို ဖယ္ေပးလာၿပီး လက္ေခ်ာင္းေတြ ဆုပ္ကိုင္ထားသည္ကိုလည္း ျဖည္းျဖည္းခ်င္း လႊတ္ေပးသည္။ ထို႔ေနာက္ အေနာက္ကို နည္းနည္းေလး ဆုတ္ကာ ရပ္ၾကည့္လို႔ေနပါသည္။
"မင္းရဲ႕ ဆံပင္ေတြ ပြကုန္ၿပီေလ"
"ဟုတ္... ဟုတ္ကဲ့ပါ"
ဖ႐ိုဖရဲ ျဖစ္ေနသည့္ ဆံပင္ေတြကို သပ္တင္ကာ အဲဒီလူဘက္ ျပန္ၾကည့္လိုက္မိသည္။ သူကေတာ့ ပန္းခ်ီကားကို လွမ္းၾကည့္ေနပါသည္။
ထိုအခါမွ လူမိေတာ့မလို က်ယ္က်ယ္ေလာင္ေလာင္ ခုန္သြားခဲ့သည့္ ႏွလုံးသားအေပၚ ညာဘက္လက္နဲ႔ အုပ္ကိုင္ၿပီး ႏွစ္သိမ့္ေပးရသည္။
အက်ယ္ႀကီး ခုန္ေနလို႔ မျဖစ္ပါ... ဒီလိုနဲ႔ လူေတြ သတိထားမိသြားလွ်င္၊ ဆရာသာ သိသြားလွ်င္ ဆက္ျဖစ္လာမည့္ အေၾကာင္းအရာေတြကို မေတြးဝံ့ေသးပါဘူး။
"ေရႊဝါေရာင္ ႏွင္းပန္းေလး ပဲလား"
"ဗ်ာ..."
"ေရနတ္သမီးပန္းကို ဒီလိုလည္း ေခၚတယ္ေလ ကေလးေလးရဲ႕... "
"ဟုတ္ကဲ့ ကြၽန္ေတာ္ မွတ္ထားလိုက္ပါ႔မယ္"
ဆရာက ကြၽန္ေတာ့္ဘက္ လွည့္ၾကည့္ကာ ကေလးေလး လို႔ ေခၚၿပီး ၿပဳံးရယ္ျပသည္မို႔ ဘယ္ဘက္ ရင္အုံေလးေပၚက လက္ကို က်စ္က်စ္ဆုပ္ကိုင္ထားၿပီး ရင္ဘတ္ေပၚမွာ ပိုၿပီး ဖိထားလိုက္မိသည္။
ႏွလုံးသားေလးေတာ့ ခုန္ရလြန္းလို႔ ေမာကုန္လွ်င္ သိပ္ဒုကၡမ်ားရဦးမည္။
"မင္းက ဒီပန္းကို သိပ္ သေဘာက်သလား"
ပန္းကို တစ္လွည့္၊ ကြၽန္ေတာ့္ကို တစ္လွည့္ ၾကည့္ကာ ေမးလာပါသည္။
"လူငယ္တစ္ေယာက္ အထူးသျဖင့္ ေယာက္ေက်ားလး တစ္ေယာက္က အခုလို ပန္းကို စြဲစြဲလမ္းလမ္း သေဘာက်ေနတာ ျမင္ရေတာ့ ထူးဆန္းတယ္လို႔ ထင္မိတယ္"
ကြၽန္ေတာ့္ လည္ဂုတ္ကို ပြတ္ကာ ရယ္လိုက္မိသည္။ ဆရာကေတာ့ ကြၽန္ေတာ္ ဘာလုပ္လုပ္ လိုက္ၾကည့္ေနသည္မို႔ အေနရေတာ့ သိပ္ခက္ပါ၏။
"ဟုတ္ကဲ့ ဒီပန္းက လွလို႔ပါ။ ၿပီးေတာ့ တျခားအေၾကာင္းလည္း ရွိလို႔ပါ။ လွ်ိဳ႕ဝွက္ခ်က္မို႔ ေျပာျပလို႔ေတာ့ မရပါဘူး ဆရာ"
"ဟုတ္ပါၿပီ ကေလးရဲ႕... ဆရာက ဒီေလာက္ေတာ့ သိတတ္ေပးရမွာေပါ႔"
ဆရာက ပုခုံးႏွစ္ဖက္ လႈပ္သည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္လာပါသည္။ ကေလးတစ္ေယာက္က လွ်ိဳ႕ဝွက္ခ်က္ ထားသည္ဆိုၿပီး သေဘာက်လို႔ ရယ္ေနျခင္း ျဖစ္၏။
"မင္း တစ္ေယာက္တည္းလား ဘယ္လိုျပန္မလဲ"
"ကိုရိန္းလည္း ပါလာပါတယ္။ ကို... ကိုရိန္း ေဟ့ေကာင္ လာဦး"
ကိုရိန္းကို အနီးအနားမွာ တစ္ခ်က္ရွာၾကည့္ေတာ့ မလွမ္းမကမ္းက ထိုင္ခုံမွာ ထိုင္ကာ ဂိမ္းေဆာ့ေန၏။ ကြၽန္ေတာ့္ကိုေတာ့ အခက္ေတြ႕ေအာင္ တစ္ေယာက္တည္း ထားရစ္ခဲ့ၿပီး သူကေတာ့ ဂိမ္းေဆာ့ကာ သာယာေနသည္။
မ်က္လုံးျပဴး မ်က္ဆံျပဴးျဖင့္ လွမ္းေခၚေတာ့ ဖုန္းပိတ္ကာ ခ်က္ခ်င္း ေရာက္လာသည္။
"ဆရာက ဒီကို ဘယ္လိုလုပ္ ေရာက္ေနတာလဲ"
"ပန္းခ်ီ ျပခန္း ေနာက္ဆုံးရက္ဆိုလို႔ေလကြာ"
ပန္းခ်ီျပခန္းကို လာမွေတာ့ ပန္းခ်ီကားေတြ လာၾကည့္တာေပါ႔ဟု ကိုရိန္းကို စိတ္ထဲကေန အျပစ္ေတာင္ ေျပာမိေသးသည္။
"ဆရာတို႔ ျပန္ၾကေတာ့မလား"
ကိုရိန္းေရာ ကြၽန္ေတာ္ေရာက တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ရပ္လို႔ ေနသည္မို႔ ဆရာက ဆက္ၿပီး ေျပာ၏။
"ဆရာ လိုက္ပို့္မယ္ေလ... ဒီလိုမွ အေလလိုက္ၿပီး ဂိမ္းဆိုင္ ဝင္လို႔ မရမွာေပါ႔ မဟုတ္ဘူးလား"
ကိုရိန္းကေတာ့ ေခါင္းကုပ္လ်က္ ဆရာ့အေနာက္ ပါသြားရွာသည္။ ျပခန္းက အျပန္ ဂိမ္းဆိုင္ လိုက္ပို႔မည္ဟု ကတိေပးထားခဲ့သည္မို႔ ကြၽန္ေတာ္ကေတာ့ ရယ္ခ်င္ ခ်င္ ျဖစ္ေနရသည္။
ကိုရိန္းကလည္း မ်က္ႏွာ မသာမယာနဲ႔ ဆရာ့ကားေပၚ တက္လာသည္။ ဆရာက ကားေမာင္းၿပီး ကြၽန္ေတာ္တို႔က အေနာက္မွာ ထိုင္ရပါသည္။
ဒါဟာ ပထမဆုံး အႀကိမ္ ဆရာ့ Porsche ကားအျဖဴေလး အေပၚမွာ လိုက္စီးဖူးျခင္း ျဖစ္၏။
ဆရာက ကားေမာင္လွ်င္လည္း တည္ၿငိမ္ေန၏။ ဆရာ ေမာင္းသည့္ ကားေလးကလည္း အရွိန္ႏႈန္း မွန္မွန္နဲ႔ ကတၱရာလမ္းေပၚမွာ ၿငိမ့္ၿငိမ့္ကေလး သြားသည္။
ကားရဲ႕ မွန္ေဘာင္ေတြကို တို႔ထိမိၿပီး သေဘာတက် ၿပဳံးလိုက္မိသည္။ ၿပီးေနာက္ ေနာက္ၾကည့္မွန္မွ တစ္ဆင့္ ျမင္ေနရသည့္ ဆရာ့ မ်က္ဝန္းေတြကိုလည္း ခိုးၾကည့္ရင္းေပါ႔...
"ဆရာ ဘယ္ကို ေမာင္းရမလဲ"
လိပ္စာကို မေျပာျပရေသးသည္မို႔ ခပ္ျမန္ျမန္သာ ျပန္ေျဖလိုက္ရသည္။ တစ္ေအာင့္ၾကာေတာ့ ကြၽန္ေတာ့္ အိမ္ေရွ႕ကို ေရာက္သည္။
အေမက စြပ္ျပဳတ္ဆိုင္ကေန ျပန္မလာေသးသည္မို႔ အိမ္မွာက တံခါးပိတ္ထားဆဲ... အေဖကလည္း သူ့မိတ္ေဆြေတြနဲ႔ ေတြ႕စရာ ရွိသည္။
ကိုရိန္းနဲ႔ အတူတူ ဆင္းလာလိုက္ၿပီး ကြၽန္ေတာ့္အိမ္နဲ႔ ကိုရိန္းအိမ္ကို ေျပာျပလိုက္မိသည္။ ဆရာက စာကို ေသခ်ာလုပ္ဖို႔ ေျပာၿပီး ထြက္သြားေတာ့သည္။
"ဂိမ္းဆိုင္ သြားမယ္"
"ဟမ္... မရပါဘူး ဆရာက စာက်က္ဖို႔ ေျပာသြားတာ မၾကားဘူးလား"
ၿခံတံခါးကို ဖြင့္မည္ျပင္ေတာ့ ကိုရိန္းက အတင္းဆြဲထားသည္။
"မင္းနဲ႔ ေျပာထားတဲ့ အထဲ ဂိမ္းဆိုင္ သြားမွာလည္း ပါတယ္ေနာ္"
"မသိေတာ့ဘူးလို႔ ဆရာက စာက်က္ရမယ္လို႔ ေျပာထားတယ္"
"အခု တစ္မ်ိဳး ေတာ္ၾကာ တစ္မ်ိဳးနဲ႔"
"ဆရာ့စကား နားေထာင္မလို႔ပါ"
"ေအာ ေအာ မသိရင္ ငါကပဲ လူဆိုးႀကီးက်လို႔"
ကိုရိန္းကေတာ့ စိတ္ေကာက္ကာ ဟိုဘက္ၿခံထဲ ဝင္သြားေတာ့သည္။
.
.
"Taehyung ရယ္ ဆရာ ကိုယ္တိုင္ လာပို႔တာကို အိမ္ထဲ ေခၚတာ မဟုတ္ဘူး။ အခုေတာ့ အားနာဖို႔ ေကာင္းလိုက္တာ... ဒီအရြယ္ပဲ ေရာက္ေနၿပီ ဒီေလာက္ေလးေတာ့ သိတတ္မွေပါ႔"
အေမက ညစာအတြက္ ျပင္ဆင္ေနရင္း မီးဖိုခန္းကေန တတြတ္တြတ္နဲ႔ ေျပာေနသည္မို႔ အေဖကလည္း သတင္းစာႀကီး ကိုင္ကာ နားပူေနေၾကာင္း မ်က္ႏွာအရိပ္အကဲ ျပသည္။
"ကြၽန္ေတာ္ ေရာပဲ"
အေဖ့ကို တိုးတိုးေလး ျပန္ေျပာလိုက္ေပမယ့္ အေမကေတာ့ ထုံးစံအတိုင္း ႏႈတ္က တတြတ္တြတ္ေျပာေနဆဲ...
"အစ္ကို မင္ဆူကေတာ့ သူတို႔ သားကို အဂၤလိပ္စာ သင္တန္း ပို႔ေနတယ္လို႔ ေျပာတယ္။ Taehyung အတြက္ေရာ ဘယ္လိုလုပ္ခ်င္လဲ... အေဖာ္လည္း ရွိတုန္း အစ္ကို မင္ဆူ့သားနဲ႔ အတူတူ ထားမလား"
ဦးေလး မင္ဆူက အေဖ့႐ုံးက လုပ္ေဖာ္ကိုင္ဖက္ ျဖစ္သည္။ ဦးေလး မင္ဆူ့ သားက ကြၽန္ေတာ္နဲ႔ ရြယ္တူေပမယ့္ ႀကီးႀကီးက်ယ္က်ယ္မို႔ အၿမဲတမ္း သတ္ျဖတ္ေနရသည္။
အဲလိုလူနဲ႔ အတူ မတက္ခ်င္သည္မို႔ အေဖ့ဘက္လွည့္ကာ ေခါင္းခါျပရသည္။
"ဒီလိုေတာ့ ရမလားကြ... အခုေခတ္မွာ ပညာက တစ္မ်ိဳးတည္း တတ္ေနလို႔ မရဘူး။ အေဖတို႔ ႐ုံးမွာဆို အဘက္ဘက္က ျပည့္စုံတာကိုမွ ေရြးၾကတာ။ မင္းလည္း အခု ကတည္းက ႀကိဳလုပ္ထားသင့္တယ္"
အေဖ့စကားကိုေတာ့ မျငင္းဆန္ခ်င္ပါ။ မွန္ေနသည္မို႔ ေခါင္းသာ ညိတ္လိုက္မိသည္။
"မင္းတို႔ ဆရာက အသင္အျပ ေကာင္းတယ္ဆို... ဆရာဂြၽန္႔ကို အကူအညီေတာင္းၾကည့္ပါ႔လား"
အေမက ဝင္ေထာက္သည္မို႔ မ်က္လုံးေလး ဝင့္ၾကည့္လိုက္မိသည္။ ဆရာ... ဆရာ့ကို ကြၽန္ေတာ့္ရဲ႕ သီးသန္႔ အဂၤလိပ္ဆရာအျဖစ္ ေျပာေနျခင္း..
"ကိုရိန္းကိုလည္း အတူတူ တက္ခိုင္းမွာ ေသခ်ာတယ္။ ကိုရိန္းတို႔ အေမကလည္း ဆရာတစ္ေယာက္ ရွာေနတာေလ"
"ဟုတ္ကဲ့"
ပဲေခါက္ဆြဲကို တစ္ဇြန္းစာ ခပ္ၿပီး ၿပဳံးၿပဳံးႀကီးနဲ႔ ပါးစပ္ထဲ ထိုးသိပ္ထည့္လိုက္မိသည္။ ဆရာနဲ႔ အတူတူ စာသင္ရမည္ မဟုတ္ပါလား...
ေက်ာင္းမွာလည္း ေတြ႕ရမည္၊ က်ဴရွင္မွာေရာ... အခု အိမ္မွာပါ ေတြ႕ရဦးမည္မို႔ ရင္ဘတ္ထဲမွာ ပန္းကေလးေတြ ပြင့္ေနေလၿပီ။
ညစာ စားၿပီးေတာ့ ကိုရိန္းဆီ ဖုန္းေခၚလိုက္မိသည္။
"ကိုရိန္းေရ... ဆရာ့ကို ငါတို႔ အဂၤလိပ္ဆရာအျဖစ္ ငွားမလို႔တဲ့ေလ။ မင္း အေမဆီကို မနက္ျဖန္ ဖုန္းဆက္ၿပီး ငါ႔အေမက ေျပာမွာတဲ့"
"ဟမ္ အခုလည္း ငါတို႔ အဂၤလိပ္ဆရာပဲကိုး"
"မင္းကလည္း သိပ္ေျပာရခက္တာပဲ။ ငါေျပာတာက အဂၤလိပ္ဘာသာစကား သင္တန္းအတြက္ ေျပာေနတာ... ဆရာ့ကို အကူအညီေတာင္းေတာ့မွာတဲ့ေလ။ ေပ်ာ္စရာ မေကာင္းဘူးလား"
ကြၽန္ေတာ့္ အသံက တက္တက္ႂကြႂကြမို႔ ကိုရိန္းက ေလွာင္ရယ္ပါသည္။
"မင္းပဲ ေပ်ာ္ေနၿပီ မဟုတ္လား"
"ဟုတ္တယ္ အရမ္းေပ်ာ္ေနတယ္။ ဆရာ့ကိုလည္း လြမ္းေနတယ္"
"ဘာမွလည္း မဆိုင္ဘဲ"
ကိုရိန္းက သိပ္အျပစ္ေျပာခ်င္ရွာေသးသည္။ သူ မခ်စ္ေသးလို႔သာ အခုလို ေျပာေနတာ ျဖစ္၏။
ခ်စ္လာတဲ့ တစ္ေန႔ေတာ့ ကြၽန္ေတာ့္လို အ႐ူးအမူး ျဖစ္ေနလွ်င္ အျပစ္ကို ေျပာပစ္ရဦးမည္။
အခုေတာ့ ေနာက္လာမည့္ ေန႔ရက္ေတြအတြက္ ရင္ခုန္ရင္း ဒီတစ္ညေတာ့ အိပ္ေပ်ာ္ႏိုင္ဖို႔ အေတာ္ေလး ႀကိဳးစားရပါဦးမည္။
.
.
ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္။
အဆင္ေရာ ေျပၾကပါရဲ႕လားေနာ္... Comments ေတြလည္း ဖတ္ခ်င္ေသးလို႔ပါေလ။
VictoryKimTae
November 10, 2023